Main menu

Background

အိန္ဒိယနိုင်ငံတောင်သူများရဲ့ ပဲရောင်းဈေးက အစိုးရရဲ့ အနိမ့်ဆုံး ထောက်ပံ့ဈေး အောက်ရောက်နေ

Mon, 11/12/2012 - 04:01 -- Anonymous (not verified)

အိန္ဒိယအစိုးရ ပြည်တွင်းဝယ်လိုအား ပြည့်မီဖို့ ပဲမျိုးစုံ တင်သွင်းမှုကို ငွေကြေးထောက်ပံ့မှုတွေနဲ့ ဂရုတစိုက် ဆောင် ရွက်နေတဲ့ အချိန်မှာ ပဲတောင်သူတွေရဲ့ ယခုနှစ် ပဲအရည် အသွေးက အစိုးရဝယ်ယူဖို့ သတ်မှတ်ထားတဲ့ အရည် အချင်း မမီတဲ့အတွက် အနိမ့်ဆုံး ထောက်ပံ့ဈေး (MSP)ထက် လျော့ပြီး၊ တောင်သူများက ၎င်းတို့ပဲတွေ ရောင်းချနေရတယ် လို့ သိရပါတယ်။ မဟာရပ်ရှတရာပြည်နယ် လတ္တာခရိုင်မှာ လယ်ယာထွက်ကု န်ဈေးကွက် ရှာဖွေရေးကော်မတီ  (APMC) မှ ဈေးနှုန်းမြင့်တက်ဖို့ တောင်သူများ MSP ဈေးအော က် လျော့ပြီး၊ ရောင်းချနေရခြင်း မှ လွတ်မြောက်ဖို့ သဘောတူ တူညီချက်တစ်ခု ရေးဆွဲနေကြောင်း သိရပါတယ်။

လတ္တာဟာ မဟာရပ်ရှတရာမှာ ပဲရောင်းဝယ်ရေး အတွက် အရေးပါတဲ့ စင်တာဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်း  (APMC) စင်တာများစွာမှာ မတ်ပဲဈေးက ဗဟိုအစိုးရရဲ့MSP အောက် ၂၀ ရာခိုင်နှုန်းရောက်နေပါတယ်။ လတ္တာ  (APMC)  ဟာ ယခုတစ်ပတ်မှာ MSP အောက်ဈေးနဲ့ မတ်ပဲရောင်းဝယ် မှုကို ရပ်တန့်ခဲ့ပါတယ်။ ဒါပေမယ့် တောင်သူများနဲ့ ကုန်သည် များဟာ MSP ဈေးထက်လျော့ပြီး၊ မတ်ပဲ ရောင်းချခွင့်ကို တောင်းဆိုနေကြပါတယ်။ မတ်ပဲ ရောင်းချဖို့ ခွင့်ပြုချက် ငြင်း ပယ်ခြင်းဟာ တောင်သူတွေအတွက် ဒီပါဝလီပွဲတော်မှာ ပုဂ္ဂလိက ငွေချေး ငှားရမ်းသူထံမှ ငွေချေးဖို့ တွန်းပို့နေတယ်လို့ လတ္တာ  (APMC) အတွင်းရေးမှူး MG  Gunjakar  မှ ပြောကြား ပါတယ်။ လတ္တာမှာရှိတဲ့ အစိုးရဝယ်ယူရေးစင်တာဟာ ပျမ်းမျှ အရည်အသွေး FAQ မတ်ပဲ ၃၇၅ တန်သာ ဝယ်ယူ ထား သေးတယ်လို့ ဆိုပါတယ်။ လတ္တာမှာ လက်ရှိမတ်ပဲ ဝင်ရောက် မှုက အရည်အသွေးပြဿနာ ဖြစ်နေတယ်။ ဗဟိုအစိုးရရဲ့FAQ စံနှုန်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ လယ်ယာထွက်ကုန် ဈေးကွက်ရှာဖွေရေး ဒါရိုက်တာ Kishor  Toshnial မှ ပြောကြားပါတယ်။ ယခုမတ်ပဲအရည်အသွေးက သိုလှောင်ရုံ အစီအစဉ်အရ သိုလှောင်ဖို့ မသင့်တော်ဘူး။ တောင်သူတွေ ကို ဈေးကွက်အတွင်း ၎င်းတို့မတ်ပဲများ မယူလာဖို့ အကြံပြုပေ မယ့် ၎င်းတို့က အတင်းအကျပ် သယ်လာကြတယ်လို့လဲ ဆိုပါတယ်။ တောင်သူ ၈၀ ရာခိုင်နှုန်းကျော်ဟာ မတ်ပဲများကို လတ္တာ (APMC)  ကို သယ်လာကြတယ်။ ဒါ့အပြင် လတ္တာ ထက် ဈေးပိုနိမ့်တဲ့ ကာနာတာကာကလည်း သယ်လာကြ တယ်လို့ Gunjakar  မှ ပြောကြားပါတယ်။ လတ္တာမှာ မတ်ပဲဈေးက တစ်တန် ရူပီး ၃၈၅၀၀ (ကန်ဒေါ်လာ ၇၀၇)သာရှိလို့ MSP ဈေး ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၇၉၀)ထက်လျော့ကျပါတယ်။ လတ္တာနဲ့နီးတဲ့ ဂူဘာကာမှာ မတ်ပဲဈေးက ရူပီး ၃၃၅၀၀ (ကန်ဒေါ်လာ ၆၁၅)ရှိတယ်လို့ သိရပါတယ်။ယမင်းခင်Source: busninessline