Main menu

Background

ဈေးမြင့်သော ပဲများအစား ဈေးချိုသော ပဲဝါများကိုသာ အိန္ဒိယတင်သွင်းမှု မြင့်မားလာ

Sun, 11/18/2012 - 07:02 -- Anonymous (not verified)

အိန္ဒိယအနေနဲ့ ပြည်ပမှပဲဝယ်ယူတင်သွင်းမှုအပေါ် မှီခိုနေမှုကို လျှော့ချဖို့နဲ့ ပြည်တွင်းပဲ ထုတ်လုပ်မှု မြင့်မားစေဖို့ ရည်ရွယ်ပြီး ပဲတင်သွင်းမှုအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံဖို့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကုန်ကျစရိတ် နဲ့ ဈေးနှုန်း များ ကော်မရှင် (CACP)က အဆိုပြုတင်သွင်းထားတယ်လို့ သိရတယ်။ ဒါ့အပြင် ပြည်ပ ကိုပဲတင်ပို့မှုကို လည်း ပြန်လည်ခွင့်ပြုဖို့ ထောက်ခံတင်ပြထားကြောင်း၊ လက် ရှိမှာ အိန္ဒိယက ပဲတင်သွင်းမှုအပေါ် အခွန်လုံးဝေ ကာက်ခံခြင်းမရှိတဲ့အပြင် ပြည်ပကို ပဲအမျိုးအစားအချို့တင်ပို့မှုကိုလည်း ပိတ်ပင်ထားကြောင်း၊  ပဲတင်ပို့မှု ကို ၂၀၁၃ ခုနှစ် မတ်လအထိ ပိတ်ပင်ထားမှာဖြစ်ကြောင်း သိရတယ်။

ဒါပေမဲ့ ကုလားပဲဖြူလုံးကြီးတင်ပို့မှုကိုတော့ ခွင့်ပြုထားကြောင်း၊ ဒါ့အပြင် အော်ဂဲနစ်ပဲတွေနဲ့ ပဲရာဇာ တင်ပို့မှုကိုလည်း တန်ချိန် ၁၀၀၀၀ အထိ ခွင့်ပြုထား ကြောင်း သိရတယ်။ ယခုနှစ် မုတ်သုန်ရာသီစိုက်ပျိုးတဲ့ ပဲအထွက်နှုန်းအပါအဝင် အိန္ဒိယရဲ့ ပဲထုတ်လုပ်မှုနှစ်နှစ် ဆက်တိုက်ကျဆင်းနေလျက်ရှိတယ်။ ဒါပေမဲ့လည်း ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှု မျှော်မှန်းထားသလောက် မြင့်မားမလာခဲ့ကြောင်း၊ လက်ရှိ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ် အစဖြစ်တဲ့ ဧပြီလမှစပြီး ပဲစင်းငုံ၊ ပဲရာဇာအပါအဝင် ပဲမျိုးစုံတင်သွင်းမှုနှေးကွေးခဲ့ကြောင်း၊ ၂၀၁၂ ဧပြီမှ စက်တင်ဘာလအထိ ၆ လတာ ကာလအတွင်း ပဲမျိုးစုံတန်ချိန်  ၁၂ သိန်းသာ တင်သွင်းခဲ့ရာ ၂၀၁၁ ခုနှစ် အလား တူကာလအတွင်း တင်သွင်းမှု တန်ချိန် ၄ ဒသမ ၇ သိန်းနဲ့ ယှဉ်ရင် လျော့နည်းလာခဲ့ ကြောင်း သိရတယ်။ အခြားပဲတွေအစား ဈေးအနိမ့်ဆုံးဖြစ်တဲ့ ပဲဝါများတင်သွင်းမှုသာများခဲ့ကြောင်း၊ တစ်တန်ကို ၄၂၅ - ၄၅၀ ဒေါ်လာသာရှိရာ ၎င်းင်းတို့ကိုဈေးကြီးတဲ့ ပဲတွေနဲ့ ရောနှော စားသုံးမှုပြုလာကြကြောင်း၊ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံ တို့လိုမျိုး ပဲတွေမှာ တစ်တန်ကို ၆၅၀ ဒေါ်လာထက် ပိုမိုကြောင်း၊ ၂၀၁၁ - ၁၂ ဘဏ္ဍာနှစ်အတွင်း ပြည်ပမှတင် သွင်းတဲ့ ပဲတန်ချိန် ၃၃ သိန်းမှာ ပဲဝါတန်ချိန် သိန်း ၂၀ ပါဝင်ရာ စုစုပေါင်း တင် သွင်းမှုရဲ့ ၆၀ ရာခိုင်နှုန်းရှိကြောင်း အစိုးရမှထုတ်ပြန်တဲ့စာရင်းအရ သိရတယ်။ အိန္ဒိယမှာ တင်သွင်းတဲ့ ပဲများဈေးမြင့်ရခြင်း အဓိကအကြောင်းရင်းတွေမှာ ရူပီးငွေတန်ဖိုး အားနည်းခြင်း၊ ကုန်သည်များ ၊ လှောင်လက်များနဲ့ ဈေးကစားသူများ က ပဲတွေကို သိုလှောင်ကာ ဈေးကစားကြခြင်းနဲ့ ပြောင်း ၊ ဂျုံနဲ့ ပဲပုပ်ဈေးနှုန်းတွေက မြင့်မားလာခြင်းတို့လည်းပါဝင်တယ်လို့ သိရတယ်။ ပဲဈေးမြင့်လာတာနဲ့ အမျှ ပြည် တွင်း ဝယ်လိုအားလည်း နည်းလာတယ်။ တကယ်လို့ တင်သွင်းမှုအပေါ် အခွန်  ၁၀ ရာခိုင်နှုန်းကောက်ခံပါကပဲဈေးနှုန်းပိုမိုမြင့်မားကာ တင်သွင်းမှုအပေါ် အားကိုးမှု လျော့နည်းလာနိုင်ကြောင်း သုံးသပ်ကြတယ်။Source:thehindubusinessline.com,ပပ