Main menu

Background

သက်သာချောင်ချိရေး ပုံစံသစ်

Sun, 11/18/2012 - 07:25 -- Anonymous (not verified)

အိန္ဒိယအစိုးရက လျော့လျော့ပေါ့ပေါ့သတ် မှတ်ထားသည့် စံနှုန်းများဖြင့် အကဲဖြတ်သည့်တိုင် မရှိ  ဆင်းရဲသားများသို့ ငွေကြေးဖြင့်မဟုတ်ဘဲ ပစ္စည်းဖြင့် အထောက်အပံ့ပေးသည့် အစီအစဉ် များ (Benefits in kind)မှာ လေလွင့်ဆုံးရှုံးမှုနှင့် အချည်းနှီးဖြစ်မှုများကြောင့် မျက်နှာပျက်စရာ ဖြစ် နေသည်။ စားနပ်ရိက္ခာခွဲတမ်းထဲမှ ငါးပုံနှစ်ပုံသည် ဗျူရိုကရက် ဝန်ထမ်းများ၊ ခွဲတမ်းရိက္ခာရောင်းချ ပေးသည့် ဆိုင်ပိုင်ရှင်များ၊ ဖြန့်ချိရေး ကိုယ်စား လှယ်များ စသည့် ဝိသမသမားများ၏အိတ်ကပ်ထဲ ရောက်ကုန်သည်။ ချက်ပြုတ်ရန် ထုတ်ပေးသည့် သဘာဝဓာတ်ငွေ့ဘူးပေါင်း သန်း ၁၄၀ ခန့်သည် အကူအညီမလိုအပ်ဘဲ ရနေသူများနှင့် မှောင်ခိုကုန် သည်များ လုပ်ကြံဖန်တီးထားသည့် အကူအညီ လက်ခံရယူသူအတုများ (Ghost recipients)  ထံမှ နှစ်စဉ်ထွက်နေသည် ဟုဆိုသည်။ မော်တော် ယာဉ်မောင်းသူများနှင့် စီးပွားရေးလုပ်ငန်းများက ဈေးချိုချိုဖြင့် ဝယ်ယူရရှိနိုင်သော ဒီဇယ်ဆီကို ဖောဖောသီသီ သုံးနေကြသည်။ ဒီဇယ်ဈေးချိုရန် အတွက် အစိုးရက ဒေါ်လာသန်းပေါင်း ၂၇၀၀ ခန့် စိုက်ထုတ်ပြီး အထောက်အပံ့ပေးထားရသည်။

စားနပ်ရိက္ခာနှင့်  လောင်စာဆီအတွက် အထောက်အပံ့တို့ကဲ့သို့ ပစ္စည်းဖြန့်ဝေပေးသည့် နည်းလမ်းထက် ငွေသား ထုတ်ပေးခြင်းဖြင့် ကူညီ ထောက်ပံ့ခြင်းသည် မသမာမှုများ လျော့ပါးသွား သည့်အပြင် ပိုမိုအကျိုးရှိကြောင်း အခြားနိုင်ငံများ တွင် တွေ့ခဲ့ရပြီးဖြစ်သည်။ သို့သော်လည်း အိန္ဒိယ နိုင်ငံ၏ လူဦးရေ သန်း ၁၂၀၀ ထဲမှ အများအပြား မှာ ခိုင်လုံသော သက်သေခံအထောက်အထား မရှိကြပေ။ ဘဏ်စာရင်းလည်း မဖွင့်နိုင်ကြသဖြင့် ငွေသားလွဲှပြောင်းပေးရန်မှာ လက်တွေ့ မဖြစ်နိုင် ပေ။ သို့သော်လည်း ယခုတော့ နည်းပညာအကူ အညီကြောင့် အိန္ဒိယနိုင်ငံသား သန်းပေါင်းများ စွာကို မျက်စိသူငယ်အိမ်စိစစ်ခြင်းကဲ့သို့ ဇီဝတိုင်း တာနည်း  (Biometric) အရ မှတ်ပုံတင်ခြင်းဖြင့် ဘဏ်စာရင်းဖွင့်ပေးနိုင်ပြီဖြစ်သည်။ ၂၀၁၄ ခုနှစ် ကုန်တွင် နိုင်ငံသား သန်း ၆၀၀ အထိ ဘဏ်စာရင်း ဖွင့်ပေးနိုင်လိမ့်မည်ဟု နည်းပညာအထောက်အကူ ပေးနေသည့် ဘီလျံနာသူဌေး နန္ဒာနီလေး ကာနီက မျှော်မှန်းထားသည်။ ငွေသားထောက်ပံ့သည့်နည်းလမ်းသည် မရှိ ဆင်းရဲသားများ သက်သာချောင်ချိရေးလုပ်ငန်းကို ပုံစံသစ်ပြောင်းလိုက်ခြင်းဖြစ်သည်။ ဝေငှပေးသည့် ငွေကို သမီးမိန်းကလေးများ ကျောင်းထားပေးခြင်း ကဲ့သို့ အကျိုးဖြစ်ထွန်းမည့်ကိစ္စများအတွက် အသုံး ပြုနိုင်ပါက လူမှုရေးအဆင့်မြှင့်တင်ပေးရာ ရောက် သည်။ ထိုကဲ့သို့ စည်းကမ်းသတ်မှတ်ချက်ဖြင့် ငွေ သားထောက်ပံ့ခြင်းနည်းလမ်းသည် ဘရာဇီးလ်၊ မက္ကစီကို စသည့် အခြားနိုင်ငံများတွင် အောင်မြင် လျက်ရှိသည်။ အိန္ဒိယနိုင်ငံမှာပင် ထောက်ပံ့သည့် ငွေသားရရှိသူ အမျိုးသမီးအချို့သည် ကိုယ်ဝန် ဆောင်ကာလ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ဆေး ရုံတက် မီးဖွားခြင်းတို့အတွက် သုံးစွဲကြောင်း တွေ့ရသည်။ရှေ့ပြေးစမ်းသပ်လေ့လာခဲ့သည့် ကာလ တစ်နှစ်ပြည့်ခဲ့ပြီးနောက် အိန္ဒိယဝန်ကြီးချုပ် မန်မို ဟန်ဆင်းက မိမိတို့အစိုးရအဖွဲ့အနေဖြင့် အကျိုး ခံစားခွင့်ရှိသူများ၏ ဘဏ်စာရင်းသို့ အီလက် ထရွန်းနစ်ငွေလွဲှ စနစ်ဖြင့် ထောက်ပံ့ငွေများကို စတင်လွဲှပေးတော့မည်ဖြစ်ကြောင်း  ထုတ်ဖော် ပြောကြားခဲ့သည်။ အာဏာရ နိုင်ငံရေးပါတီ၏ ခေါင်းဆောင် ဆိုနီယာဂန္ဒီကလည်း လောင်စာဆီ အတွက် အစိုးရက အထောက်အပံ့ေ ပးနိုင်တော့ မှာ မဟုတ်ကြောင်းနှင့် ငွေသားထုတ်ပေးသည့် သက်သာချောင်ချိရေးအစီအစဉ်ကို ပိုမိုကျယ်ပြန့် စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့က ဒေလီမြို့တွင်ကျင်းပခဲ့သည့် လူထု အစည်းအဝေးတွင် ပြောကြားခဲ့သည်။ လောင်စာ ဆီထောက်ပံ့ကြေး လျှော့ချလိုက်လျှင် အစိုးရတွင် အသုံးစရိတ်များစွာ သက်သာသွားမည်ဖြစ်သည်။ ချက်ပြုတ်ရာနှင့် မီးထွန်းရာတွင် အသုံးပြုသည့် ရေနံဆီအတွက် ထောက်ပံ့ကြေး မပေးတော့လျှင်  ဆင်းရဲသားမိသားစုတိုင်းသ့ို ဒေါ်လာ ၇၀ စီ ထုတ် ပေးနိုင်သည်ဟု ဒေလီမြို့မှ ပညာရှင်အုပ်စုက တွက်ချက်ခန့်မှန်းထားသည်။သက်သာချောင်ချိရေးပုံစံသစ် ပြောင်းလဲ မည့်အပေါ် ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ် ခဲ့သည်။ စမ်းသပ်လေ့လာစဉ်အခါက ငွေသား ထုတ်ပေးခြင်းသည် စားနပ်ရိက္ခာ ဖြန့်ဝေစဉ်က ထက် အထောက်ပံ့ခံ အိမ်ထောင်စုများတွင် ပိုမို ကောင်းမွန်စွာ စားသောက်လာနိုင်ကြသည်ဟု ဆို သော်လည်း ဆင်းရဲနွမ်းပါးသူများ သည် ငွေကြေးကို စနစ်တကျ သုံးစွဲတတ်ကြသူများ မဟုတ်ဟုဆို သည်။ စားနပ်ရိက္ခာနှင့်  လောင်စာဆီဈေးကွက် မှာ ပြိုင်ဆိုင်မှုနည်းပါးသဖြင့်  ကြားပွဲစားများ ကောင်းစား ဖို့ ဖြစ်သွားလိမ့်မည်ဟု ဝေဖန်ကြ သည်။ မည်သို့ဆိုစေ ဝန်ကြီးချုပ်မန်မိုဟန်ဆင်း ကတော့ ငွေသားလွှဲပြောင်းပေး သည့် အစီအစဉ် ကို  အဆင့်သုံးဆင့်ဖြင့် အကောင်အထည်ဖော် သွားမှာဖြစ်သည်။ အငြိမ်းစားလစာနှင့် ပညာသင် ထောက်ပံ့ကြေး  စသည့်  လက်ရှိဘဏ္ဍာရေး အထောက်အပံ့များကို စောင့်ကြည့်စစ်ဆေးရန်နှင့် မသမာမှုမပြုလုပ်နိုင်စေရန် ဇီဝတိုင်းတာနည်းဖြင့် ချိတ်ဆက်မည်။ ဓာတ်မြေသြဇာနှင့် လောင်စာ ဆီတို့အတွက် အထောက်အပံ့များ ကို ငွေသား ထောက်ပံ့ခြင်းနည်းဖြင့် အစားထိုးမည်။ ဆင်းရဲ သားများတွင် သုံးစွဲရန် ငွေသားရရှိမည်ဖြစ်၍ ဈေး ချိုချိုဖြင့် ရောင်းချပေးနေသည့်  ဂျုံနှင့် သကြား ခွဲတမ်းစနစ်ကို ဖျက်သိမ်းသွားမည်ဖြစ်သည်။ထို့အပြင် ငွေသားထောက်ပံ့ရာ၌ ထိုငွေကို မည်သည့်ကိစ္စများတွင် သုံးစွဲရန်ဖြစ်ကြောင်း စည်း ကမ်းသတ်မှတ်ပေးနိုင်မည်ဆိုပါက ပိုမိုအကျိုးရှိ မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က သတိပြုမိပြီးဖြစ် သည်။ နာမည်ဆိုးထွက်ခဲ့သော အိန္ဒိယနိုင်ငံ၏ ဆင်းရဲသား လူထုသက်သာချောင်ချိရေး အစီ အစဉ်မှာ ယခုတော့ နည်းပညာ အကူအညီဖြင့် မော်ကွန်းသစ် ထိုးနိုင်ပေတော့မည်။Ref; The Economist.