Main menu

Background

အေဒီဘီမြင်သော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု

Mon, 11/26/2012 - 08:14 -- Anonymous (not verified)

ဆက်ဆံရေးရောင်နီဦး ၂၀၁၁ ခုနှစ်မှစ၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ ရေးလမ်းကြောင်း ကို လျှောက်လှမ်းလာ ခဲ့တာ မြန်မာနိုင်ငံသည်  နိုင်ငံတကာ မီဒီယာများတွင် လူအလွန်စိတ်ဝင်စား၍ ရေပန်းစားနေခဲ့ သည်။ နိုင်ငံတကာ မှသာမက ကမ္ဘာ့အဖွဲ့အစည်းများ၊ ဒေသဆိုင် ရာအဖွဲ့အစည်းများနှင့် ပညာရှင်များ၊ သုတေသီများကပါ စိတ်ဝင် တစား စောင့်ကြည့်နေခဲ့ကြသည်။ တစ်နှစ်ကျော်ကြာချိန်တွင် လေ့ လာတွေ့ရှိချက်များ၊ သုံးသပ်ချက်များ အများအပြားထွက်ရှိလာကြ သည်။ ပြုပြင်ပြောင်းလဲမှုများ၏ အားသာချက်၊ အားနည်းချက်များ ကို ထောက်ပြကြသည်။ အလားအလာတို့ကို မှန်းဆကြသည်။ အာရှ ဒေသမှ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) သည်လည်း စီးပွားရေးဖွံ့ဖြိုး မှုအလားအလာကောင်းများရှိနေသာ မြန်မာနိုင်ငံကို ယခင်ကာလ များကထက်ပို၍ စေ့စေ့စပ်စပ်လေ့လာနေခဲ့သည်ကို တွေ့နေရသည်။

၂၀၁၁ ခုနှစ် အေဒီဘီ၏ လေ့လာမှုတစ်ခုတွင် မြန်မာနိုင်ငံ သည် တစ်နှစ်လျှင် ပျမ်းမျှစီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းရရှိ၍ ဝင်ငွေအဆင့်အတန်း အလယ်အလတ်ရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်လာနိုင် သည်။ တွေ့ကြုံလာရနိုင်သည့် ဖွံ့ဖြိုးရေးစိန် ခေါ်ချက်များကို ကျော်လွှားနိုင်ခဲ့ပါလျှင် ၂၀၃၀ ခုနှစ်အရောက်၌ တစ်ဦးကျဝင်ငွေ သုံးဆအထိတိုးလာနိုင်သည်ဟု သုံးသပ်ပြထား သည်။ ၁၉၆၀ ခုနှစ် အလယ်ကာလများက စတင်ထူထောင်ခဲ့သော အေဒီဘီအဖွဲ့ကြီးတွင် အဖွဲ့ဝင်အဖြစ် ၁၉၇၃ ခုနှစ်ကတည်းက မဝင် ရောက်ခဲ့ သည့် မြန်မာနိုင်ငံသည် အဖွဲ့ကြီးနှင့် ဆက်သွယ်ဆောင် ရွက်မှု အားပျော့နေခဲ့သည်မှာကြာမြင့်ခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင် မူ အစိုးရသစ်၏ စစ်မှန်သော ပြုပြင်ပြောင်းလဲ မှုများကြောင့် နိုင်ငံတကာမှ နွေးထွေးသောဆက် ဆံရေးကိုတစ်ဖန်ပြန်လည်ရရှိနေပြီဖြစ်ရာ  မြန်မာ နိုင်ငံနှင့် အေဒီဘီတို့ ဆက်ဆံရေးသည်လည်း ၂၀၁၂ ခုနှစ်မှစ၍အားကောင်းလာမည်ဟုမျှော် လင့်နိုင်သည်။ အေဒီဘီနှင့် မြန်မာနိုင်ငံကြားတွင် ၁၉၈၈ ခုနှစ်ကတည်းက တင်ရှိနေသော ကြွေးမြီ ဒေါ်လာ သန်း ၅၀၀ ကိစ္စ၊  ထပ်မံထုတ်ချေးပေး နိုင်မည့် အခြေအနေများ စသဖြင့် ဆွေးနွေးစရာ များစွာရှိနေ၏။
သုတေသနမျက်လုံးများနှင့် အေဒီဘီ မြန်မာနိုင်ငံ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ အေဒီဘီ၏ ဒုဥက္ကဋ္ဌ စတိဗ်ဂရော့က လည်း ထောက်ပြထားသည်။ မြန်မာနိုင်ငံသည် အာရှဒေသတွင်းရှိ အခြားသော ဖွံ့ဖြိုးမှုအရှိန်ရနေ သည့်နိုင်ငံများကို လိုက်မီနိုင်ရန်အတွက် မျိုးဆက်နှင့်ချီ၍ အားထုတ် လုပ်ဆောင်ရန်လိုသည်ဟု ထောက်ပြသည်။ ထို့ပြင် ၎င်းင်းက စီးပွားရေး ကဏ္ဍအတွက် အရေးကြီးသည့် အခြေခံအဆောက်အဦများ မပြည့် စုံမှုနှင့် အားနည်းလျက်ရှိသော လူမှုအဖွဲ့အစည်းများနှင့် သက်ဆိုင် သည့်စိန်ခေါ်မှု များကို အလျင်အမြန် ဖြေရှင်းနိုင်ရေး လိုအပ်သည် ဟုဆိုထားသည်။ အေဒီဘီ၏ လေ့လာမှုများထဲတွင်လည်း အရေး ကြီးသည့်စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍများတွင် ခိုင်မာသောဥပဒေများရေးဆွဲ အတည်ပြုရေးနှင့် လုပ် ကိုင်ဆောင်ရွက်နိုင်မည့် ကဏ္ဍအလိုက် နည်းဗျူဟာများ ရေးဆွဲရန် လိုကြောင်းကိုလည်း ပြောဆိုဝေဖန် သုံးသပ်ပြထားသည်ကို တွေ့ရ ပြန်သည်။အေဒီဘီအဖို့   မြန်မာနိုင်ငံအတွက်  ပေးစရာအကြံဉာဏ်  များစွာရှိနေသည့်  သဘောရှိနေသည်။  အေဒီဘီမှ ထုတ်ဝေသော Myanmar in Transation  အစီရင်ခံစာထဲတွင်  မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးမှု လမ်းကြောင်းကို ပြည်တွင်းအားထုတ် မှုများအပြင် ထပ်ဆင့်ဖြည့်ဆည်းလုပ်ဆောင်သင့်သည့် နည်းလမ်း သုံးသွယ်အဖြစ် ဒေသတွင်းပေါင်းစည်းအင်အားရယူခြင်း၊ အားလုံး ပါဝင်ဆောင်ရွက်နိုင်ခြင်းနှင့်  သဘာဝပတ်ဝန်း ကျင်  ရေရှည်တည် တံ့အောင် ထိန်းသိမ်းခြင်းတို့ ပါဆောင်ရွက်ရန် လိုသည်ဟုလည်း ထပ်မံအကြံပြုထားသည်။ ထိုအစီရင်ခံစာထဲမှာပင် အကျိုးဖြစ်ထွန်း အားကောင်းစေနိုင်ရန် လိုသည့် သော့ချက်ကျသော  ဖွံ့ဖြိုးမှုအစီ အစဉ်များကို အကြံပြုထားသည်။ ၎င်းအစီအစဉ်များမှာ မေခရို စီးပွာရေး ဝန်းကျင်တည်ငြိမ်မှုရလာစေရန် ပံ့ပိုးပေးခြင်း (တည်ငြိမ် သော မက်ခရိုစီးပွားရေးပတ်ဝန်းကျင်သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကာလ ရှည်ဖွံ့ဖြိုးမှုအတွက် အခြေခံများကို ပံ့ပိုးပေးနိုင်သည်။ ခိုင်မာသော မက်ခရိုစီးပွားရေးပေါ်လစီ၏ အဓိကအစိတ်အပိုင်းများမှာ နိမ့်ကျ ၍ တည်ငြိမ်သော ငွေဖောင်းပွမှု၊ ပျော့ပျောင်း၍ ဈေးကွက်အခြေခံ သော ငွေလဲနှုန်းနှင့်ရေရှည်ခံသော ဘဏ္ဍာရေး အခြေအနေများ ဖြစ်သည်။) -     ရင်းနှီးမြှုပ်နှံမှုအတွက် အရင်းအမြစ်များကို  ရွှေ့ပြောင်း ခြင်း (ပြည်တွင်းနှင့် ပြည်ပမှ စုဆောင်းငွေတိုးတက်မှု သည် ပုဂ္ဂလိက ကဏ္ဍနှင့် ပြည်သူပိုင်ကဏ္ဍနှစ်ရပ်လုံး အတွက်အရေးကြီးသည်။ အစိုးရ၏ ရငွေပမာဏမြင့်မား လာမှုနှင့် ထိရောက်သော ဘဏ္ဍာရေးကိရိယာများသည် လည်းဖွံ့ဖြိုးမှုအတွက် ရေရှည်ခိုင်မာေ သာ  ငွေကြေးအရင်း အနှီးအတွက် အထောက်အကူရလာစေသည်။) -    အခြေခံအဆောက်အအုံနှင့် လူသားအရင်းအနှီး တိုးတက် စေရန် ဆောင်ရွက်ခြင်း (ပညာရေး၊  ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံဖြစ်သည့်  အဓိကဧရိယာများရှိ အခက်အခဲများကို  ဖယ်ရှားခြင်းသည် လူသားအရင်းအနှီး တိုးတက်စေရန်အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ပြီး အပြန်အလှန်ဆက်စပ်မှု ကိုမြင့်မားလာစေသည်။) -     စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေစဉ် စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများ ဖြန့်ကြက် လုပ်ဆောင် ခြင်း (အခြေခံထုတ်လုပ်မှုကဏ္ဍအပြင် အခြားသော စီးပွား ရေးလုပ်ဆောင်ချက်များကို တိုးချဲ့လုပ်ဆောင်ခြင်းသည် ထုတ်လုပ်နိုင်စွမ်းနှင့် ထုတ်ကုန်တန်ဖိုးတို့ကို မြင့်မားစေ သည်။ သို့သော် လယ်ယာ၊ သားငါးနှင့် သဘာဝသယံ ဇာတ အခြေခံလုပ်ငန်းတို့ကိုလည်း ၎င်းတို့၏ တိုးချဲ့ထုတ် လုပ်နိုင်စွမ်း အလားအလာများကြောင့် လျစ်လျူမရှုသင့် ပေ။) -    ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံတော်၏ အခန်းကဏ္ဍကို လျှော့ချခြင်း။ (စီးပွားရေးလုပ်ဆောင်ချက်များကို ထိန်း ချုပ်ခြင်းနှင့် အစိုးရ၏ပိုင်ဆိုင်မှုများ ထပ်မံလျှော့ချခြင်း သည် ယှဉ်ပြိုင်လုပ်ကိုင်ခြင်းများကို တိုးပွားစေပြီး ရင်းနှီး မြှုပ်နှံမှုပမာဏကို တိုးတက်မှုရှိစေသည်။) -    အစိုးရအင်စတီကျူးရှင်းများ ခိုင်မာစေရန် ဆောင်ရွက် ခြင်း (အင်စတီကျူးရှင်းများ ၎င်းင်းတို့၏  စွမ်းရည်တည် ဆောက်ရေးအတွက် အချိန်ယူဆောင်ရွက်ရသော်လည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ထိရောက်သော အစိုးရ အင်စတီကျူးရှင်းများက ကောင်းစွာအထောက်အကူပေး နိုင်သည်။ စီမံအုပ်ချုပ်မှုနှင့် စည်းမျဉ်းစည်းကမ်းများကို ပျိုးထောင်ပေးခြင်း၊ သယံဇာတများ  စီမံခန့်ခွဲပေးခြင်း၊ အထူးသဖြင့် အစိုးရကဏ္ဍမှ ဝန်ထမ်းများ၏ လုပ်ကိုင်နိုင် စွမ်းတို့ မြှင့်တင်ဆောင်ရွက်ပေးခြင်းများကိုလည်း အထူး အလေးပေး အာရုံစိုက်ရန်လိုသည်) တို့ဖြစ်သည်။လက်မနှေးသင့်၊ ရက်မရွေးသင့်မြန်မာနိုင်ငံသည် ဒေသတွင်းစီးပွားရေး တစ်ရှိန်ထိုး တိုးတက် လာနေသည့် စီးပွားရေးအင် အားကြီးနိုင်ငံကြီး နှစ်နိုင်ငံကြားတွင် မဟာဗျူဟာကျစွာ တည်ရှိနေနိုင်ခြင်းဟူသည့် သဘာ၀ ကပေးထားသည့် အခွင့်အလမ်းလက်ဆောင်ကို ရရှိ ထားပြီးဖြစ်ရာ ထိုအခြေအနေကို  နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အကျိုးရှိရှိ  အသုံးချတတ်နိုင်ရေးကို သတိပြုမိရန်လိုသည်။ ထိ့ုပြင် အာဆီယံအဖွဲ့ကြီးနှင့် တရုတ်နိုင်ငံတို့ကြား၊ အာဆီယံအဖွဲ့ကြီးနှင့် အိန္ဒိယ နိုင်ငံတို့ကြား ရေကြောင်း၊ ကုန်းကြောင်း ချိတ်ဆက်မှု ပိုမိုအားကောင်းလာေ စရန်  ပေါင်းကူးပေးနိုင်သော ထူးခြားသည့် အခြေအနေကို အသုံးချလျက် အခွင့် အလမ်းသစ်အမျိုးမျိုးကို ရယူဖမ်းဆုပ်လာနိုင်စရာက လည်းရှိနေသည်။ ပြည်တွင်းစီးပွားရေးပြုပြင်ပြောင်း လဲမှုကို လုပ်ဆောင်နေစဉ် အတွင်းမှာပင် တရုတ်၊ အိန္ဒိယ၊ အာဆီယံ နိုင်ငံများ၏ အနာဂတ်ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်နိုင်မှုများ ကို လေ့လာ၍ ၎င်းတို့၏  ဖြစ်ထွန်းလာမှုအပေါ် အခွင့်ကောင်းရယူနိုင် ရေးအတွက် နိုင်ငံတကာနှင့် ဆက်စပ်မှုရှိသည့် မဟာဗျူဟာမြောက် စီမံကိန်းများကို ရေးဆွဲပြင်ဆင်ထားရန် လိုနေပြီဖြစ်သည်။ အေဒီဘီ ၏အမြင်များသည် အသုံးပြုရန် သင့်တော်သည့် အကြံပြုချက်များ ဖြစ်နေသောကြောင့် လိုတိုးပိုလျော့၍ အဆီအလျော်တည့်စွာ သုံး နိုင်ခဲ့ပါလျှင် ...။