Main menu

Background

အာဖရိက-တရုတ် စီးပွားဆက်ဆံရေး

Mon, 12/03/2012 - 04:59 -- Anonymous (not verified)

တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်လာ ခြင်းသည် အာဖရိကနိုင်ငံများအတွက် ကောင်း မလား၊ ဆိုးမလားဆိုသည်ကို  အတွေ့အကြုံရင့် ကျက်သည့် လေ့လာဆန်းစစ်သူများပင် ယတိပြတ် မပြောနိုင်ကြသေးပေ။ တရုတ်နိုင်ငံ၏ မဟာဗျူဟာ မှာ မိမိကိုယ်ကျိုးအတွက်သာဖြစ်သည်။ ပြည်သူ လူထုမလိုလားသော အစိုးရများကို ဖေးမထောက် ကူခြင်းဖြင့် အာဖရိက၏အဖိုးတန်တွင်းထွက်သယံ ဇာတများကို ရယူရန်သာဖြစ်သည် ဟု ဝေဖန်ကြ သည်။ တရုတ်ကို  လိုလားထောက်ခံသူများက တော့ အာရှမဟာအင်အားကြီးနိုင်ငံသည် သတိ ကြီးစွာဖြင့် ကြားနေရပ်တည်လျက် စီးပွားရေးလုပ် ငန်းကိုသာဦးစားပေးသည့်နိုင်ငံဖြစ်သည်။အန္တရာယ် ကြီးမားသော အထောက်အကူပေးမှုများအပေါ် မှီခိုအားကိုးမှု မပြုစေဘဲ စီးပွားရေးဖွံ့ဖြိုးမှုကို ဦး စားပေးသည်ဟု ဆိုကြသည်။

တရုတ်နိုင်ငံသည် ကုန်သွယ်မှုနှင့်  အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းဖြင့် အာ ဖရိကတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ပေးခဲ့သည်မှာ ဧကန်ဖြစ်သည်။  အာဖရိက တိုက်တစ်ဝန်း တွင် မော်တော်ကားလမ်းများ၊ မီးရ ထားလမ်းများ၊ သင်္ဘောဆိပ်များ၊  လေဆိပ်များ၊ တည်ဆောက်ပေးခဲ့သည်။ အနောက်နိုင်ငံ အလှူ ရှင်များ ဆောင်ရွက်ပေးရန်  မဝံ့မရဲဖြစ်ခဲ့သော အလွန်အရေးပါသည့် ကွက်လပ်များကို ဖြည့်ဆည်း ပေးခြင်းဖြင့် စီးပွားဖွံ့ဖြိုးရေးအတွက်  အဟန့် အတားများကို ဖယ်ရှားပေးခြင်းဖြစ်သည်။ မိုင် ပေါင်း ၈၄၀ ရှည်လျားသည့် ဘင်ဂျဲလားမီးရထား လမ်းကို ပြန်လည်တည်ဆောက်ေ ပးခြင်းဖြင့် အင်ဂို လန်နိုင်ငံ၏ အတ္တလန်တစ် ကမ်းရိုးတန်းဒေသကို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဇမ်ဘီယာနိုင်ငံ တို့ကို ဆက်သွယ်စေနိုင်ခဲ့သည်။ တရုတ်နိုင်ငံ ငွေ ကြေးအကူ အညီဖြင့် ဖောက်လုပ်ခဲ့သော လမ်းများ သည် အီသီယိုပီးယား ကုန်းတွင်းပိုင်းဒေသနှင့် အေဒင် ပင်လယ်ကွေ့တွင်ရှိသော အချက်အခြာ ကျသည့် ဂျီဘိုးတီး (Djibouti) ဆိပ်ကမ်းမြို့သို့ သယ်ယူပို့ဆောင်ရေးတွင် အချိန်ကုန်သက်သာစေ သည်။ မွေးမြူရေးတိရစ္ဆာန်များ တင်ပို့ရောင်းချရန် လွယ်ကူအဆင်ပြေသွားစေသည်။တရုတ်နှင့် အာဖရိကအကြား နှစ်ဖက်ကုန် သွယ်မှုတန်ဖိုးသည် ၂၀၀၀ ပြည့်နှစ်က ဒေါ်လာ ၉ ဘီလီယံသာ ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၁၆၀ ဘီလီယံသို့ ရောက်ရှိလာသဖြင့် မြန်မြန်ဆန် ဆန် တိုးတက်လာခြင်းဖြစ်သည်။ သို့သော်လည်း တရုတ်-အာဖရိကကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းမှာ သဘာဝသယံဇာတများအပေါ် အခြေပြုထားဆဲ ဖြစ်သည်။ သို့ဖြစ်ရာ ဆာဟာရသဲကန္တာရတစ်ပိုင်း အာဖရိကနိုင်ငံများထဲမှ  ရေနံအများဆုံး တင်ပို့ ရောင်းချသည့် နိုက်ဂျီးရီးယားနှင့် အင်ဂိုလာနိုင်ငံ တို့ကို နမူနာထားပြီးကြည့်လျှင်  သဘာဝသယံ ဇာတ  တင်ပို့ရောင်းချခြင်းဖြင့် အာဖရိကတိုက်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေနိုင် မှာမဟုတ်ပေ။ ရေနံနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း တို့သည် လုပ်အားလိုအပ်မှု နည်းပါးသော လုပ်ငန်း များသာဖြစ်၍  စီးပွားဖွံ့ဖြိုးမှုကို ကိန်းဂဏန်းဖြင့် ဖော်ပြရာတွင်   အမြင်ကောင်းနေသော်လည်း အလုပ်အကိုင်များ ဖန်တီးပေးရေးကို ကျယ်ကျယ် ပြန့်ပြန့် ဖြစ်မလာစေနိုင်ပေ။၁၉၆၀ ပြည့်လွန်နှစ်များက နယ်သာလန် နိုင်ငံနှင့် ယနေ့နော်ဝေနိုင်ငံတို့တွင် ကြုံတွေ့နေရ သလို ရေနံနှင့်သတ္တု သယံဇာတ အမြောက်အမြား ရှိနေခြင်းကြောင့်   ပြည်တွင်းသုံးငွေတန်ဖိုးကို ကမောက်ကမဖြစ်စေသည်။ လယ်ယာထွက်ကုန်ကဲ့ သို့ အခြားပို့ကုန်ရောင်းဈေးများကို မြင့်တက်စေသ ဖြင့် ပြည်ပသို့တင်ပို့ရောင်းချရန် ခက်ခဲသွားစေ သည်။ ရေနံနှင့် တွင်းထွက်သယံဇာတ ရောင်းရငွေ များကို သတိကြီးစွာဖြင့် စီမံခန့်ခွဲနိုင်ခြင်းမရှိခဲ့လျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ဆိုးကျိုးသက် ရောက်စေနိုင်သည့် အကျင့်ပျက်ခြစားမှုများ ပိုမို ကြီးထွားလာစေနိုင်သည်။ အထူးသဖြင့် တရုတ် နိုင်ငံသည် သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ် ငန်းများ ပွင့်လင်းမြင်သာဖြစ်ရေး  လုပ်ငန်းစဉ် (Extractive Industries Transparency Initiative, EITI) ကို ယနေ့အထိ ထောက်ခံသည့် နိုင်ငံ မဟုတ်သေးပေ။ ထိုအစီအစဉ်မှာ သဘာ၀ သယံဇာတများ ကြီးကြပ်ခန့်ခွဲရေးတွင် ပွင့်လင်းမြင် သာဖြစ်ရေးနှင့် တာဝန်ယူမှုရှိရေးတို့ ကို မြှင့်တင်ရန် နိုင်ငံ အများ   ညှိနှိုင်းဆောင်ရွက်ထားခြင်းဖြစ် သည်။ထို့ပြင် ကမ္ဘာ့အရေးကိစ္စများတွင် အာဖရိက တိုက်အတွက် တရုတ်နိုင်ငံက ရှေ့ဆောင်ရှေ့ရွက် ပြုခဲ့သည့် သက်သေသာဓကမရှိခဲ့ခြင်းအပေါ် ေ၀ ဖန်ပြောဆိုကြသည်။ ရာသီဥတု ပြောင်းလဲမှုနှင့် နိုင်ငံရပ်ခြားဈေးကွက်များ သို့ ပိုမိုဝင်ရောက်နိုင်ရေး တို့သည် အာဖရိကအတွက်အရေးပါသော ပြဿ နာများဖြစ်သည်။ အာဖရိကပြင်ပဈေးကွက်များ တွင် အာဖရိကထုတ်ကုန်များ ပိုမိုတိုးမြှင့်ရောင်းချ နိုင်ရေးအတွက်  တရုတ်နိုင်ငံက ထိထိရောက် ရောက် တွန်းအားပေးဆောင်ရွက်မှု  အနည်း အကျဉ်းသာ တွေ့ရသည်ဟု အာဖရိကတိုးတက် ရေး အဖွဲ့အစည်းအဝေး (Africa Progress Panel) တွင် ဝေဖန်ခဲ့ကြသည်။ တောင်အာဖရိက နှင့် အာဖရိက ကုန်ထုတ်နိုင်ငံများက မိမိတို့၏ အဝတ်အထည်လုပ်ငန်းများသည် တရုတ်အဝတ် အထည်လုပ်ငန်းများ၏ ထိုးနှက်မှုကို ခံနေကြရ သည်ဟုပင် တိုင်ကြားခဲ့ကြသည်။ အာဖရိကနိုင်ငံများ အခွင့်အရေးရစေမည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ တွင်လည်း တရုတ်နိုင်ငံက ထဲထဲဝင်ဝင် ဆောင် ရွက်ပေးခဲ့ခြင်းမရှိချေ။ အထူးသဖြင့် ဆူဒန်နိုင်ငံတွင် အစုအပြုံလိုက် သတ်ဖြတ်ညှဉ်းပန်းမှုများဖြစ်ပွားခဲ့ သည့် ဒါဖောအရေးတွင် နိုင်ငံတကာ ပါဝင်ဆောင် ရွက်ရေးအဆိုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာဖြင့် ပယ်ချခဲ့ခြင်းအတွက် တရုတ်နိုင်ငံ အပေါ် အပြင်းအထန် ဝေဖန်ရှုတ်ချခဲ့ကြသည်။ မည်သို့ဆိုစေ အာဖရိကသို့  တရုတ်ဝင်ရောက် လာခြင်းသည် အပြောင်းအလဲများ မြန်ဆန်စွာဖြစ် ပေါ်စေခဲ့သည်။ ယင်းပြောင်းလဲမှုကိုပင် အာဖရိက အတွက် အခွင့်အလမ်းကြီးတစ်ရပ်အဖြစ် ယူဆနိုင် စရာရှိပေသည်။            Ref; The Economist.