Main menu

Background

အိန္ဒိယရူပီးတန်ဖိုး ထပ်မံကျဆင်းပါက ပဲဈေးနှုန်းထပ်မံမြင့်တက်နိုင်၊ လတ်တလော ဝယ်လိုအားနည်းလို့ ပဲလက်ကားဈေးများ ကျဆင်းနေဆဲ

Mon, 12/03/2012 - 07:03 -- Anonymous (not verified)

အိန္ဒိယရူပီး တန်ဖိုးများထပ်မံကျဆင်းပါက အိန္ဒိယပြည် တွင်း ပဲဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်ကြောင်း ခန့်မှန်းကြပါ တယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်း ဖို့ပြည်ပကပဲမျိုးစုံတန်ချိန် ၃ သန်းဝန်းကျင် တင်သွင်းနေရတာ ဖြစ်လို့ ရူပီးတန်ဖိုးဆက်ပြီးကျဆင်းနေရင် ပြည်ပက တင်သွင်း ပဲတွေ ဈေး ဆက်ပြီး မြင့်တက်နိုင်တယ်လို့ သုံးသပ်ကြခြင်း ဖြစ်ပါတယ်။

ဒါပေမဲ့ လတ်တလော လက်ကားဈေးကွက်တွေမှာ တော့ ဝယ်လိုအားနည်းတာကြောင့် ကုလားပဲ၊ မတ်ပဲနဲ့ ပဲတီ စိမ်းဈေးတွေကအေးနေပြီး ပဲစင်းငုံကတော့ ဈေးဆက်ပြီး ကျ ဆင်းနေတယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးကွ က်တွေကို ဝင်လာတဲ့ အရည်အသွေးနိမ့်ပဲအသစ်တွေကြောင့်လည်း ဈေး ကျဆင်းနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တင် သွင်းပဲတွေ အဆက်မပြတ်ဝင်ရောက်လာတာကြောင့် လည်း ဈေးကွက်အတွင်း ပဲရရှိနိုင်မှု များနေတယ်လို့ သိရပါတယ်။ ဈေးကွက်အချို့ကို ပဲစင်းငုံအသစ်ဝင်ရောက်မှုရှိလာပြီ ဖြစ်ပေမဲ့ ဒီဇင်ဘာလလောက်မှသာ များများ ဝင်ရောက်မယ် လို့ သိရပါတယ်။ ပဲစိုက်ပျိုးမှု နှောင့်နှေးတာကြောင့် လက်ရှိ ဆောင်းပဲစိုက်ပျိုးမှုက ပြီးခဲ့တဲ့နှစ်ထက် လျော့ကျနေပါတယ်။ မွန်ဘိုင်းဈေးကွက် နိုဝင်ဘာလ ၃၀ ရက်မှာတော့ နိုင်ငံစုံက ပဲစင်းငုံဈေး အနည်းငယ် မြင့်တက်လာခဲ့ပါတယ်။ ပဲအားလုံးထဲ မှာတော့ မြန်မာပဲစင်းငုံဈေးအမြင့်ဆုံးဖြစ်ပြီး မာလာဝီပဲစင်းငုံ ကတော့ ဈေးအနိမ့်ဆုံးဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ပဲစိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၈၅ ဒသမ ၁၀ သိန်းရှိပြီး ယခင်နှစ် ကာလတူဟက်တာ ၉၂ ဒသမ ၄၉ သိန်းဖြစ်လို့ ပြီးခဲ့တဲ့နှစ်ထက် ၈ ရာခိုင်နှုန်းခန့်ကျ ဆင်းခဲ့တယ်လို့ သိရပါတယ်။ ပဲတစ်မျိုးချင်းအနေနဲ့ ကုလားပဲ စိုက်ပျိုးမှုက ၁၃ ရာခိုင်နှုန်းခန့်၊ ပဲနီလေးမှာ ၃၅ ရာခိုင်နှုန်း၊ မတ်ပဲက ၁၃ ရာခိုင်နှုန်းခန့်နဲ့ ပဲတီစိမ်းက ၂၇ ရာခိုင်နှုန်းခန့်ထိ ပြီးခဲ့တဲ့နှစ်ထက် လျော့ကျကြောင်း သိရပါတယ်။ ဆောင်းပဲ စိုက်ပျိုးမှု လျော့ကျတာကြောင့် လာမယ့်ကာလတွေမှာ ပဲနီ လေးဈေးမြင့်တက်မယ်မှန်းပေမဲ့ ကနေဒါနဲ့ သြစတြေးလျက တင်သွင်းမှုများနေခြင်းက ဈေးနှုန်းကို ဖိအားဖြစ်စေနိုင်တယ် လို့လည်း သုံးသပ်ကြပါတယ်။ မွန်ဘိုင်းဆိပ်ကမ်းကို အောက် တိုဘာလ ၁၅ ရက်မှ ဒီဇင်ဘာလ ၃ ရက်အတွင်း ဝင်ရောက် မယ့် ပဲလုံးတန်ချိန် ၅၆၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။ နိုင်ငံတကာဈေးကွက်အနေနဲ့ သြစတြေးလျ ဒေစီ ကုလားပဲဖြူလုံးကြီး ထွက်ရှိမှုများနေတာကြောင့် ကနေဒါ၊ ဥရောပနဲ့ အမေရိကန်မှာ ပဲဝါလေး ဈေးကွက်အေးနေ ကြောင်း သိရပါတယ်။ ကနေဒါပဲစိမ်းလုံးဈေးကွက်မှာ ကုန်သည်နဲ့ စိုက်ပျိုးသူ ဈေးကွက်အကြား ဈေးနှုန်းစံချိန် တင်ခဲ့ကြောင်း သိရပါတယ်။ အဓိက ပဲစိမ်းလုံးတင်ပို့နိုင်ငံ များဖြစ်တဲ့ ကနေဒါ၊ အမေရိကန်နဲ့ အာဂျင်တီးနားတို့မှာ ပဲလုံး ထုတ်လုပ်မှုလျော့ကျပြီး လက်ကျန်နည်းတာကြောင့် လူစား သုံးရန် အဆင့် အရည်အသွေးကောင်း ပဲရောင်းချမှုမှာ ၃ နှစ် ဆက်တိုက်အနေနဲ့ လျော့ကျနေကြောင်း သိရပါတယ်။ယမင်းခင်