Main menu

Background

မြန်မာ့စီးပွားရေးအလားအလာ အာဆီယံပေါင်းစည်းမှုနှင့် ဒေသတွင်း ပထဝီစီးပွားရေးစဉ်းစားနိုင်မှ

Wed, 12/05/2012 - 04:25 -- Anonymous (not verified)

စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ် ဆောင်နေသော မြန်မာနိုင်ငံ၏  ယနေ့ ကာလ အချိန်အခါသည် ၂၀၁၅ ခုနှစ် တွင် စတင်ပေါ်ထွန်းလာမည့် အာဆီ ယံအဖွဲ့ကြီး၏ အာဆီယံစီးပွားရေး အ သိုက်အဝန်း  (ASEAN Economic Community-AEC)  အတွက်ပြင်ဆင် ဆောင်ရွက်ရမည့် အချိန်ကာလဖြစ်နေ သည်။ အကောင်အထည်စတင်ဖော် သည့်ကာလမှာမူ အတွေ့အကြုံနုနယ် သေးသည့် ဒီမိုကရေစီ နိုင်ငံ ရေးနှင့်ကျင့် သားမရသေး သည့်  ဈေးကွက် စီးပွား ရေးစနစ်တို့ကိုလက်တွေ့ကျင့်သုံး နေရ သည့် ဒီမိုကရေစီအခင်းအကျင်း ဒုတိယ သက်တမ်းကာလဖြစ် သည်။ ထိုနှစ်မှစ၍  အာဆီယံလွတ်လပ်သော ကုန်သွယ် ရေး နယ်မြေ (ASEAN Free Trade Area-AFTA) ကို အပြည့်အဝပါဝင် အကောင်အထည်ဖော်ရင်း တစ်ပြိုင် နက်ပါဝင်ပတ်သက်ရဦးမည့် အစီအစဉ် တစ်ခုလည်းရှိနေ သည်။ထိုအစီအစဉ် မှာ တရုတ်-အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီမှု(  China-ASEAN Free Trade Area- CAFTA) ဖြစ်သည်။ ထို့ကြောင့်  အစိုး ရသစ်၏၎င်းသက်တမ်း ကာလတစ် လျှောက်ပြုပြ င်ပြောင်းလဲမှု များသည် နိုင်ငံ၏ ပြည်တွင်းစီးပွားရေး အခြေ အနေများအတွက် သာမက  ၂၀၁၅ ခုနှစ်တွင် ပါဝင်ပတ်သက်ရတော့မည့် ဒေသတွင်း စီးပွားရေးအထူးအစီအစဉ် များ အတွက်ပါပြင်ဆင်သည့် အနေ အထားဖြစ်လာသဖြင့် အတွင်း၊ အပြင် ရှုထောင့် နှစ်မျိုးစလုံးမှကျယ် ကျယ်ပြန့် ပြန့်ထည့်သွင်း စဉ်းစားလုပ်ဆောင် ထား နိုင်မှ အနာဂတ် ကာလတွင်နိုင်ငံ၏ ရင် ဆိုင်နိုင်စွမ်း၊ ယှဉ်ပြိုင်နိုင်စွမ်းမှာ အ တော်အသင့်အနေ အထား ဖြင့်ရှိနေ ပေလိမ့်မည်။

 
အသင့်ပြင်ဆင်ရေးအလေးပေးမည် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC)ဖြစ် ပေါ်လာရေးအတွက်  လိုအပ်သည့် အစီအမံများနှင့်အတူ   ပြည်တွင်း တွင်လုပ်ဆောင်ပေးရမည့် အပြောင်း အလဲတို့ကိုသဘောတူညီချက်များ အရ အရေးယူဆောင်ရွက် လုပ်ဆောင်ခဲ့ပြီး သည်များရှိသကဲ့သို့ ဆက်လက် ဆောင် ရွက်ဆဲအစီအမံများ လည်းရှိနေသည်။အစိုးရသစ်၏ လက်ရှိလုပ်ဆောင် နေ သောနိုင်ငံရေးစီးပွားရေးပြုပြင် ပြောင်း လဲရေးများသည် လည်းပြည်တွင်း တွင် လိုအပ်သော လုပ်ဆောင်ချက်များ အတွက်တွန်းအားကိုဖြစ်စေသည်။မူဝါဒ ပိုင်း ပြင်ဆင်မှု များနှင့်အတူ စီးပွားရေး အခြေခံ အဆောက်အအုံပိုင်း၌လည်း ဖြည့်ဆည်းပံ့ပိုးမှုများ ပြုလုပ်လျက်ရှိ ရာရနိုင်သမျှ ပြည်တွင်း၊ ပြည်ပ အရင်း အနှီးများဖြင့်အကောင်အထည်ဖော် လျက်ရှိသည်ကိုတွေ့နေရသည်။ မြန်မာနိုင်ငံ အနောက်ဖက်ရှိ ရခိုင် ပြည်နယ် စစ်တွေမြို့အနီး  အိန္ဒိယ သမုဒ္ဒရာ ကမ်းခြေတွင် တည်ဆောက် နေသော ရေနက် ဆိပ်ကမ်းနှင့် တရုတ် နိုင်ငံ အနောက်တောင်ပိုင်း ကုန်းတွင်း ပိတ် ဒေသဖြစ်သည့် ယူနန်ပြည်နယ် သို့စွမ်းအင် တင်ပို့ရေးနှင့် ကုန်သွယ် ရေး စြင်္ကံလမ်း ဖြစ်လာမည့် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းများနှင့် အတူ ကားလမ်း၊ ရထားလမ်းပါရှိသည့် စီမံကိန်း၊ အိန္ဒိယသမုဒ္ဒရာ၊ အိန္ဒိယ နိုင်ငံ အရှေ့ဖက်ကမ်းခြေနှင့် အိန္ဒိယ နိုင်ငံ အရှေ့ဖက် ကုန်းတွင်းပိတ် ဒေသများ အကြား သယ်ယူပို့ဆောင်ရေး စြင်္ကံ လမ်းဖြစ်လာမည့် ကုလားတန် မြစ် ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း နှင့်မြန်မာနိုင်ငံ တောင်ပိုင်းရှိ မလက္ကာ ရေလက်ကြားထက်အချိန်ကုန်၊ စရိတ် ကုန်သက်သာကာ ကုန်သွယ်မှုပိုမိုအား ကောင်းလာနိုင်သည့် ကားလမ်း၊ ရထား လမ်းများအပါအဝင် အကြီးစားစက်မှု ဇုန်နှင့် ခေတ်မီရေနက် ဆိပ်ကမ်းဖြစ် လာမည့် ထားဝယ်ဒေသ ဖွံ့ဖြိုးရေးစီမံ ကိန်းများသည် ပြည်တွင်းစီးပွာရေး ဖွံ့ဖြိုးမှုအတွက် သာမက ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှု အတွက်ပါ အထောက်အကူ ရလာနိုင်မည့် မဟာ စီမံကိန်းကြီးများဖြစ်သည်။
မျှော်လင့်ချက် မနက်ဖြန် သေချာ ရန်လိုသည် မြန်မာနိုင်ငံသည် ပထဝီအနေ အထားအရ  စီးပွားရေး၊  ကုန်သွယ်ရေး အကွက်အကွင်း အလွန် ကျသော အနေအထားတွင် ရှိနေသည်ကို အား လုံးက မြင်နေကြသည်။ ရုတ်ချည်း စီးပွားရေး အင်အားကြီးထွားလာလျက် လာမည့်နှစ်များ အတွင်း ကမ္ဘာ့ စီးပွား ရေးကို အဓိက မောင်းနှင်သူများ ဖြစ်မည့် ဘရစ် (BRIC  ) ဟု အတို ကောက်အခေါ် ဘရာဇီး(လ်) (Brazil)၊ ရုရှား ( Russia)၊ အိန္ဒိယ   (India)၊ တရုတ် (China)  နိုင်ငံတို့ထဲတွင် ပါဝင်သော တရုတ်နိုင်ငံ၊  အိန္ဒိယနိုင်ငံ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်   အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်၏။ ထိုနိုင်ငံများမှ  အခွင့်အလမ်း များ အများပြားဆုံး   ရရှိနိုင်သကဲ့သို့    ကိုယ်တိုင် ပါဝင်နေသည့်    အာဆီယံ အဖွဲ့ကြီးနှင့် ဆက်စပ် အခွင့်အလမ်း များကိုလည်း ရရှိနိုင်သည့် အနေအ ထားတွင် ရှိနေသည်။ ထိုသို့ဖွံ့ဖြိုးမှု အရှိန်ယူနေသော အာဆီယံအဖွဲ့ကြီး နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမိုနီးကပ်စွာရှိနေချိန်၊ တစ်နေ့တခြား စီးပွားရေး အင်အား အလျင်အမြန်ကြီး ထွားလာနေသည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့နှင့် ဆက်ဆံရေးအားကောင်း နေချိန်တွင်မဟာ ဗျူဟာကျသည့် တည် နေရာ အနေအထား၊ ပေါများလှ သည့် သဘာဝအရင်းအမြစ်များကို ထိ ရောက်စွာ အသုံးပြု၍ အခွင့်အလမ်း ကောင်းများ ရရှိနိုင်ရေး အားထုတ်နိုင် စွမ်းရှိမှုမှာလွန်စွာ အရေးကြီးသည်။  မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှု လုပ် ဆောင်ချိန်တွင် ကမ္ဘာ့စီးပွားရေး ကျ ဆင်းနေချိန်နှင့် တိုက်ဆိုင်သော်လည်း သယံဇာတ ပိုင်ဆိုင်မှုနှင့် ပထဝီရေမြေ အနေအထားတို့အရ အလားအလာ ကောင်းများကို များစွာ မြင်တွေ့နေရ သည်။
အနာဂတ်အတွက်လိုအပ်သမျှ မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ ကြီးက ရည်မှန်းထားသော တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှု ဒေသကြီး ဖြစ်ထွန်းမှု ကို ထိရောက်စွာ အသုံးချလျက် အာဆီယံ ပင်မ ဆက်သွယ်ရေး ကွန်ရက်ကြီးမှ တစ်ဆင့် အခြားသော နိုင်ငံတကာ စီးပွားရေး ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက်နိုင် ရေးကို အလေး အနက် သဘောထားရန်လိုသည်။ ထိုအခြေအနေအတွက် ပြည် တွင်း ကုန်ထုတ် စွမ်းအားစုများ အားကောင်းလာရေး၊  ထုတ်လုပ်မှု အားကောင်းလာရေး အားမွေးထားရန် လိုသည်။ ပြုပြင် ပြောင်း လဲမှုများ၏ အကျိုးတရားများကြောင့် စီးဝင်လာနိုင် သည့် ဖွံ့ဖြိုးမှု အကူအညီများ၊ အတိုးနှုန်းနည်းသော ချေးငွေ များနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ (FDI)ကို အတိုင်းအတာ ပမာဏ တစ်ခုအထိ ကုန်ထုတ်မှုကဏ္ဍ အားကောင်းစေရေး အားထုတ်မှုအပိုင်းတွင် အသုံးပြုရန်လိုသည်။ လက်ရှိ အခြေအနေတွင် ထို ကဏ္ဍအတွက် အားထည့် လုပ်ဆောင်မှုမှာ နှေးကွေးလျက် ရှိနေသည်။ ၂၀၁၁ခုနှစ်မှ စခဲ့သည့် အစိုးရသစ်၏ ငါးနှစ်တာကာလ ပြုပြင်ပြောင်းလဲမှုများ၊ ကြိုတင်ပြင်ဆင် မှုများသည်လည်း မြန်မာ နိုင်ငံ အနာဂတ် စီးပွားရေး ဖြစ်ထွန်းမှုများအတွက် လွန်စွာ အရေး ကြီးသည်ကို သဘောပေါက်ထားရမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံ ဖွံ့ဖြိုးရေး အတွက် အရေးကြီးသည့် နိုင်ငံတကာ ဆက်ဆံရေးပိုင်းကို  အလေးအနက်ထားလျက်   မြန်မာနိုင်ငံ  အတွက် အထောက် အကူ ဖြစ်စေမည့် နိုင်ငံတို့နှင့် ဆက်ဆံရေးကိုလည်းဂရုတစိုက် ဆောင်ရွက်လျက်ရှိရန် လိုသည်။ အစိုးရ သစ်၏ နိုင်ငံတကာနှင့်  ဆက်ဆံရေး ကြိုးစားအားထုတ်မှုမှာ ကြားဖြတ်ရွေးကောက် ပွဲ အလွန် မကြာသေးခင်ကာလများက အမေရိကန်၊ အီးယူ၊ ယူကေ၊ နော်ဝေနိုင်ငံများ၊ အခြားသော အနောက် နိုင်ငံ များနှင့် ဆက်ဆံရေး ပြန်လည်ဖြစ်ထွန်းခဲ့ရာ အိမ်နီးချင်း စီးပွားရေး အင်အား ကြီး တရုတ်နိုင်ငံပင် အံသြသင့်မှုများ၊ အာရုံစိုက်မှုများ ရှိလာရသည် အထိ ဖြစ် ခဲ့ရသည်။
အချိန် မနှောင်းသေးသရွေ့... မြန်မာနိုင်ငံသည်၂၀၁၃ ခုနှစ်မှစ အိမ်ရှင်နိုင်ငံအဖြစ် အပြည့် အ၀ တာဝန်ယူလုပ်ဆောင်ရမည့် ကြီးကျယ် ခမ်းနားသောဖြစ်ရပ် ကြီးများရှိရာ ၂၀၁၃ ခုနှစ်တွင် (၁၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲတော်ကို လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဌ တာဝန်ကို ယူ၍ ဒေသဆိုင်ရာ၊ နိုင်ငံတကာ ဆွေးနွေးပွဲများ လက်ခံ ကျင်းပပေးရခြင်းတို့ကို လည်းကောင်း လုပ်ဆောင်ရမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် တွင် အာဆီယံ လွတ်လပ် သော ကုန်သွယ်ရေးနယ်မြေကို လည်းကောင်း၊ တရုတ်-အာဆီ ယံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှုကို လည်း ကောင်းပါဝင်၍ အပြည့်အဝပါဝင် ပတ် သက်ရတော့မည်။ အစိုးရ သစ်၏ သက်တမ်းထက်ဝက်သည်ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများ၊ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်အတွက် လှုပ် ရှားမှုများဖြင့် များပြားလှသော တာဝန်ဝတ္တရားများနှင့်အတူ ဖြတ်သန်းခဲ့ရပြီး၊ ကျန်သက်တမ်း ထက်ဝက်သည် ကိုယ်တိုင် ပါဝင် လှုပ်ရှားရမည့် အချိန်အခါ ဖြစ်ရာလက်ရှိ ဆောင်ရွက်မှုများ သည် တက်သုတ်ရိုက် ဆောင်ရွက်ရသည့် အနေအထားနှင့် ရှိနေသည်။ ထို့ ကြောင့် စွမ်းဆောင်ရည်ရှိရှိနှင့် ထိထိရောက်ရောက် ရှိစေရန် အဆက်မပြတ် သတိကပ်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်။ လက်ရှိ ပြင်ဆင် မှုပိုင်းတွင် အရှိန်နှေး နေသေးသည့် ထုတ်လုပ်မှု ကဏ္ဍအတွက် ပိုမိုအားထည့် လုပ်ဆောင်မှုများလည်း လိုနေပေ သည်။ ကျန်ရှိနေသေးသော အချိန်များအတွင်း အနာဂတ်စီးပွား ရေး အခွင့်အလမ်းတို့ သေချာစေရေး သံန္နိဌာန်ချ၍ မမေ့မလျော့ လုပ်ဆောင်ရန်မှတစ်ပါး အခြားမရှိတော့ပြီ ဖြစ်သည်။