Main menu

Background

အိန္ဒိယဈေးကွက်များအတွင်း ပဲဝင်ရောက်မှုရှိနေပြီး၊ ဝယ်လိုအားနည်းလို့ ပဲဈေးများကျဆင်း၊ ကုလားပဲအထွက် ၆ ရာခိုင်နှုန်းတိုးမယ်လို့ ပထမအကြိမ်ခန့်မှန်း

Mon, 12/10/2012 - 07:38 -- Anonymous (not verified)

အိန္ဒိယဈေးကွက်တွေကို ပြည်တွင်းထွက် ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းများဝင်ရောက်မှုရှိသလို ပြည်ပကတင်သွင်း ပဲတွေ လည်း ရောက်ရှိနေတဲ့အပြင် ဝယ်လိုအားနည်းပါးနေတဲ့ အတွက် ပဲဈေးများအကျဘက်မှာ ရှိနေတယ်လို့ သိရပါတယ်။ တောင်သူတွေက ကုလားပဲစိုက်ဧရိယာတိုးချဲ့လာခြင်းနဲ့ တင် သွင်းမှုပိုမိုဖွယ်ရှိခြင်းတို့ကြောင့် ကုလားပဲဈေးကျဆင်း နေပါ တယ်။ ဒါ့အပြင် လာမယ့်သီတင်းပတ်တွေမှာ တင်သွင်းပဲတွေ ပိုမိုဝင်ရောက် လျက်ရှိခြင်းကလည်း ဈေးနှုန်းဆက်ပြီး အကျ ဘက်ဆင်းဖို့ ဖြစ်နေပါတယ်။ မတ်ပဲနဲ့ ပဲတီစိမ်းကို ပဲခွဲစက်၊ ကုန်သည်နဲ့လှောင်လက်တွေ အဝယ်မရှိလို့ ဈေးအေးနေပြီး၊ ပဲစင်းငုံမှာလည်း ထုတ်လုပ်ရာဒေသတွေ က ရောင်းချမှု ကောင်းနေတဲ့အတွက် ဒေသကုန်သည်များ အဝယ်နည်းပြီး ဈေးကျဆင်းနေ ပါတယ်။

ကာနာတာကာနဲ့ မဟာရပ်ရှတရာမှ ပဲစင်းငုံအသစ်တွေ ဝင်ရောက်နေပြီဖြစ်လို့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ပဲစင်းငုံတစ် တန် ရူပီး ၂၅၀၀ (ကန်ဒေါ်လာ ၄၆ ) ခန့် ကျဆင်းခဲ့ပါတယ်။ နဗားရှီးဗားဆိပ်ကမ်းမှာ ဒီဇင်ဘာလ ပို့ရမယ့် မြန်မာပဲစင်းငုံ လီမွန် CNF  ဈေးက တစ်တန်ကန်ဒေါ်လာ ၆၅၀-၆၆၀ ရှိပြီး၊ မာလာဝီပဲစင်းငုံ ဖြူသစ်က ကန်ဒေါ်လာ ၅၈၅-၅၉၅၊ အနီက ကန်ဒေါ်လာ ၅၇၀-၅၇၅၊ တန်ဇန်းနီးယား ပဲစင်းငုံသစ်က ကန်ဒေါ်လာ ၆၀၀-၆၀၅ ရှိလို့ မြန်မာပဲစင်းငုံလီမွန်က ကန်ဒေါ်လာ ၅၀-၆၀ ပိုမိုနေတာတွေ့ရပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အိန္ဒိယဆောင်းပဲစိုက်ပျိုး မှု ဟက်တာ ၁၀၂ ဒသမ ၄၉ သိန်းရှိပြီး၊ ပြီးခဲ့တဲ့ နှစ်ကာလတူ စိုက်ပျိုးမှုဟက်တာ ၁၀၉ ဒသမ ၅၆ သိန်းနဲ့ယှဉ်ရင် ၆ ဒသမ ၅၄ ရာခိုင်နှုန်း လျော့နည်းနေတယ်လို့ သိရပါတယ်။ ကုလားပဲ စိုက်ပျိုးမှုက ၄ ဒသမ ၂ ရာခိုင်နှုန်း၊ မတ်ပဲစိုက်ပျိုးမှုက ၂၇ ဒသမ ၅ ရာခိုင်နှုန်း၊ပဲတီစိမ်းက ၈ ရာခိုင်နှုန်းအသီးသီး လျော့ နည်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ ဒါပေမဲ့ ဗဟိုအစိုးရရဲ့ ပထမအကြိမ် ခန့်မှန်းချက်အရကုလားပဲထွက်ရှိမှုက ၆ ရာခိုင် နှုန်း တိုးပြီး တန်ချိန် ၉၇ ဒသမ ၆ သိန်းရှိမယ်လို့ဆိုပါတယ်။ လယ်ယာထွက်ကုန် ကုန်ကျစရိတ်နဲ့ ဈေးနှုန်းကော်မရှင် (CACP) က ပြည်တွင်းထုတ်လုပ်မှုကို တွန်းအားပေးဖို့ ပဲမျိုးစုံ တင်သွင်းခွန် ၁၀ ရာခိုင်နှုန်းကောက်ခံရေး အကြံပြုထား ကြောင်းသိရပါတယ်။ ၂၀၁၂-၁၃ ဧပြီလမှ စက်တင်ဘာလ အထိ ပထမ ၆ လအတွင်း ပဲတင်သွင်းမှုတန်ချိန် ၁၂ သိန်းခန့် ရှိကြောင်းသိရပါတယ်။ နိုင်ငံတကာဈေးကွက်မှာလည်း ပဲဈေးများအေးနေရပါ တယ်။ ကနေဒါနိုင်ငံမှာ ယခုနှစ် ပဲလုံး ထုတ်လုပ်မှုက ပြီးခဲ့တဲ့ နှစ် ထွက်ရှိမှုတန်ချိန် ၂၅ ဒသမ ၀၂ သိန်းမှ ၁၃ ရာခိုင်နှုန်း တိုးပြီး၊ တန်ချိန် ၂၈ ဒသမ ၃ သိန်းထိရှိမယ်လို့ ခန့်မှန်းထားပါ တယ်။ ပဲရာဇာထုတ်လုပ်မှုက ပြီးခဲ့တဲ့နှစ်ထွက်ရှိတဲ့တန်ချိန် ၁၅-၂၃ သိန်းထက် ၃ ဒသမ ၂၈ ရာခိုင်နှုန်းလျော့ကျပြီး၊ တန်ချိန် ၁၄ ဒသမ ၇၃ သိန်းခန့်ရှိမယ်လို့ ခန့်မှန်းထား ကြောင်းသိရပါတယ်။ သြစတြေးလျနိုင်ငံရဲ့ ကုလားပဲဖြူ လုံးကြီး ထုတ်လုပ်မှုက ၂၀၁၁-၁၂ မှာ တန်ချိန် ၄၈၅၀၀၀ ရှိရာမှ ၂၀၁၂-၁၃ မှာ တန်ချိန် ၇၄၆၀၀၀ ကို စံချိန် တိုးမယ်လို့ခန့်မှန်းထားပြီး၊ ပဲလုံး စုစုပေါင်း ထုတ်လုပ်မှုက ယခင်နှစ်ထွက်ရှိမှုတန်ချိန် ၃၄၂၀၀၀ ထက်လျော့ပြီး၊ ယခုနှစ်မှာ တန်ချိန် ၃၃၇၀၀၀ ကို အနည်းငယ်ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ သြစတြေးလျ ပဲရာဇာစုစုပေါင်း ထုတ် လုပ်မှုက ပြီးခဲ့တဲ့နှစ်မှာ  တန်ချိန် ၂၈၈၀၀၀ ရှိရာမှ ယခုနှစ်မှာ တန်ချိန် ၁၈၉၀၀၀ ကို သိသိသာသာ ကျဆင်းမယ်လို့ ခန့်မှန်း ထားကြောင်းသိရပါတယ်။                    ယမင်းခင်