Main menu

Background

ခေါင်းမော့ရင်ကော့ လက်မထောင်ဝင်လာတဲ့ မိုးစိုက်ကြက်သွန်နီ

Wed, 12/12/2012 - 04:14 -- Anonymous (not verified)

၂၀၁၂ ခုနှစ် နိုဝင်ဘာတစ်လလုံး နယ်ကနေ ပခုက္ကူကို ကြက်သွန်နီအဝင်ဟာ ၄၂၉၂၅၀ ပိဿာဝင်ပါတယ်။  ပခုက္ကူ ကနေ ရန်ကုန်ကို အထွက် ၃၂၉၅၅၀ ပိဿာ၊ မန္တလေးကို ၅၅၁၂၅ ပိဿာ အထွက်ရှိတော့ အထွက်စုစုပေါင်း ၃၈၄၆၇၅ ပိဿာ၊ ပခုက္ကူမှာ နိုဝင်ဘာလကုန် အကျန်ပိဿာ ၄၄၅၇၅ ပိဿာကျန်ပါတယ်။ ဝါဆို၊ ကထိန်အလှူ မင်္ဂလာဆောင်တွေ မှာ စားကြအသုံးပြုကြမှာဆိုတော့ ဒီလက်ကျန်လည်းကုန်မှာ ပါ။ ဆိုလိုချင်တာက ကြက်သွန်နီ အဟောင်းလက်ကျန် မရှိ သလောက်လို့ပြောရမှာပါ။ ရှိနေတဲ့ ကြက်သွန်နီအဟောင်းက လည်း အညှောင့်ထွက်၊ အူချောင်၊ အရည်ပျော်ဆိုတာ ဖြစ် နေပါပြီ။ သဲသောင်တွေမှာစိုက်တဲ့၊ လှောင်လို့ရတဲ့ကြက် သွန်နီတွေ သက်တမ်း ကုန်ဆုံးသွားချိန်မှာ အဟောင်းကုန် အသစ်ဝင်တဲ့ သဘောတရားအရ မိုးတွင်းမှာစိုက်တဲ့ ဥစိုက် ကြက်သွန်တွေ အစားထိုး ဝင်ရောက်လာပါတယ်။ ဒါက သဘာ၀ တရားပါ။ ဆောင်း စိုက်ကြက်သွန် လက်ကျန်အနည်း၊ အသစ်ဝင်လာတဲ့ မိုးစိုက်ကြက်သွန်တွေဟာ ခေါင်းမော့ရင် ကော့ လက်မထောင်ဝင်လာတယ်လို့ ပြောရမှာပါ။

တစ်ပတ်အတွင်း နေ့အလိုက်ဈေးနှုန်းနဲ့ အဝင်ပိဿာကို ကြည့်ရင် - ၂၀၁၂        ထိပ်စ    လတ်စ    အောက်စ    အဝင်        ဒီဇင်ဘာ    (ကျပ်)    (ကျပ်)    (ကျပ်)      ပိဿာ (ကျပ်) ၁             ၁၀၅၀       ၉၀၀      ၈၀၀     ၂၅၀၀ ၂            ၁၃၂၅       ၁၁၀၀     ၇၀၀     ၂၀၀၀ ၃             ၁၃၀၀     ၁၂၀၀    ၁၁၀၀     ၄၅၀၀ ၄             ၁၅၀၀     ၁၄၀၀    ၁၃၀၀     ၈၀၀၀ ၅             ၁၂၀၀     ၁၁၀၀    ၁၀၀၀     ၃၅၀၀၀ ၆              ၉၀၀       ၆၀၀     ၃၀၀       ၃၀၀၀၀ လက်လီအနေနဲ့ တစ်ပိဿာ ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်ထိ ဝယ်ယူစားသုံးတာကိုတွေ့ရပါတယ်။ ပခုက္ကူကို အများဆုံးဝင်ရောက်နေတာကတော့ ရေစကြိုနယ်က စိုက်ပျိုး ထွက်ရှိတဲ့ မိုးစိုက်ကြက်သွန်တွေဖြစ်ပါတယ်။ ကြက်သွန် အဟောင်းနဲ့ အဝင်မရှိတာကို လေ့လာ သတိထားမိပါတယ်။ အထက်မှာဖော်ပြထားတဲ့ ကုန်ဈေးနှုန်းနဲ့ အဝင်တွေကိုကြည့် ရင် အဝင်နည်းတုန်းက ဈေးမြောက်နေတဲ့ကြက်သွန်နီဟာ အဝင်များတဲ့နေ့တွေ မှာ ဈေးအောက်ဆင်းသွားတာတွေ့ရပါ တယ်။ အရောင်းအဝယ်လောကဖြစ်တတ်တဲ့ သဘာဝတရား အရပစ္စည်းနည်းရင် ဈေးတက်ပေမဲ့ ပစ္စည်းအဝင်များရင် ဈေး ကျတတ်ပါတယ်။ ရှေ့လျှောက်လည်း အဝင်များ လာနိုင်သလို ဈေးနှုန်းလည်း သင့်တင့် လျောက်ပတ်သလို ဖြစ်လာမှာပါလို့ သုံးသပ်ကြပါ တယ်။ ဆောင်းမှာ စိုက်မဲ့ကြက်သွန်တွေအတွက် လည်း ပေါက်မြို့၊ ဆိပ်ဖြူမြို့နယ်တွေ မှာ မြေတွေပြင်ကြ၊ ပျိုး ထောင်ကြဆိုသလို လုပ်ဆောင်နေကြပြီဖြစ်ကြောင်း သတင်း များလည်း ရရှိပါတယ်။ ဘာဘဲပြောပြော ဈေးကွက်ကို ဝင် ရောက်လာတဲ့ မိုးစိုက်ကြက်သွန်နီသစ်ဟာ ခေါင်းမော့ရင် ကော့ လက်မထောင်ဝင်လာတယ်ဆိုတာကတော့ မငြင်းနိုင် တာ အမှန်ပါ။မြင့်ဦး-ပခုက္ကူ