Main menu

Background

ဘဏ်စာရင်း မထားသူများ

Wed, 12/12/2012 - 04:22 -- Anonymous (not verified)

ဘဏ်မှာငွေစာရင်းမရှိလျှင် နေထိုင်ဖို့မလွယ် သော အမေရိကန်၌ အင်တာနက်အွန်လိုင်းဖြင့် အသုံးစရိတ်များ ပေးချေရှင်းလင်းနိုင်ပြီး၊ ဘဏ် အပ်ငွေကို မိုဘိုင်းလ်ဖုန်းဖြင့် အဝေးမှလှမ်းထုတ် လာနိုင်သဖြင့် အိမ်ထောင်စုအချို့က ဘဏ်စာရင်း ဖွင့်မထားကြတော့ပေ။ အမေရိကန်တွင်  ဘဏ် စာရင်း ဖွင့်မထားသူ အတော်များများရှိလာသည် မှာ အံ့သြဖွယ်ဖြစ်နေသည်။ နိုင်ငံလူဦးရေ၏ သုံးပုံ တစ်ပုံခန့်အထိ အခြေခံဘဏ္ဍာရေးဝန်ဆောင်မှု များကို အသုံးမပြုကြချေ။ ဘဏ္ဍာရေးဝန်ဆောင် မှုကို အသုံးမပြုဘဲ နေထိုင်ခြင်းမှာ  အဆင်မပြေ ဖြစ်ရုံသာမက စရိတ်လည်းပိုကုန်သည်။ ဘဏ်တွင် စာရင်းဖွင့်ထားပြီး ချက်လက်မှတ်ဖြင့် ငွေအပေး အယူလုပ်လျှင် တစ်နှစ်အတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၁၂၀ ထက် မပိုချေ။ လစာထုတ်ပေး သည့် ချက်လက်မှတ်၊ လူမှုရေး အကျိုးခံစားခွင့် အတွက် ထုတ်ပေးသည့်ချက်လက်မှတ်တို့အတွက် ငွေသားထုတ်ပေးသည့်ချက်လက်မှတ် ဝန်ဆောင် မှု လုပ်ငန်းများ  (Check-cashing services)  တွင် ငွေထုတ်ယူခြင်း၊ စာတိုက်  ငွေပို့လွှာများ (Money orders)ဖြင့်ပေးချေခြင်း ပြုမည်ဆိုပါက တစ်နှစ်လျှင် ဘဏ္ဍာရေးစရိတ် ဒေါ်လာ ၅၀၀ ကျော်အထိ ကုန်ကျနိုင်သည်။

"ပိုက်ဆံမရှိတဲ့သူတွေမှာ စရိတ်ပိုကုန်တယ်" ဟု နယူးယောက်စီးတီး၊ တောင်ပိုင်းနယ်မြေတွင်  ဝင်ငွေနည်းသူများအတွက် ဝန်ဆောင်မှုပေး ရန် ဖွင့်ထားသည့်   CheckSpring ဘဏ်၏ ဒုဥက္ကဋ္ဌ၊ ဘရိုင်ယန်ဘလိတ်က ဆိုသည်။ တောင်ပိုင်းနယ် မြေမှ လူလတ်တန်းစားများထဲမှာပင် တစ်နှစ်ဝင် ငွေ ဒေါ်လာ ၁၅၀၀၀ အောက်သာရရှိသူဦးရေက အတော်များနေသည်။ ပြည်ထောင်စုအပ်ငွေ အာ မခံ ကော်ပိုရေးရှင်း (FDIC) ၏ လေ့လာချက်အရ ဝင်ငွေနည်းသူအများစုအနေဖြင့် ဘဏ်ဝန်ဆောင် မှုကို အသုံးမပြုချင်ကြပေ။ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၅၀၀၀ အောက်သာရရှိသည့် အိမ်ထောင်စုများ အနက် ၂၈ ရာခိုင်နှုန်းတွင် ဘဏ်စာရင်း မရှိကြ ချေ။ နောက်ထပ် ၂၂ ရာခိုင်နှုန်းမှာ ဘဏ်ဝန် ဆောင်မှုကို အပြည့်အ၀ အသုံးမပြုနိုင်ကြပေ။အလုပ်လက်မဲ့များ၊   အထက်တန်းပညာ မသင်ခဲ့ရသူများနှင့် အသက် ၂၅ နှစ်အောက် အရွယ်များတွင်လည်း ဘဏ်ဝန်ဆောင်မှု အသုံး နည်းသည့်ရာခိုင်နှုန်း မြင့်မားနေသည်။  ထို့ပြင် အာဖရိကနွယ်ဖွား အမေရိကန်များ၊ ဌာနေအမေ ရိကန်ခေါ် အင်ဒီးယန်းနွယ်ဖွားများ၊  လက်တင် အမေရိက နွယ်ဖွားအမေရိကန်(ဟစ်စ်ပါးနစ်) များ သည်လည်း လူဖြူ အမေရိကန်နှင့် အာရှနွယ်ဖွား အမေရိကန်များထက် ဘဏ်ဝန်ဆောင်မှုအသုံးမပြု သူ အချိုးအစားပိုများသည်။ လူလတ်တန်းစားနှင့် အလုပ်လက်ရှိ အမေရိကန်များထဲမှ ၅ ရာခိုင်နှုန်း တွင်လည်း ဘဏ်စာရင်းမရှိကြချေ။ ယင်းတို့အထဲ မှ ၂၀ ရာခိုင်နှုန်းသည်  လွယ်ကူအဆင်ပြေမှု ကြောင့် ပြင်ပမှ ဘဏ္ဍာရေးဝန်ဆောင်မှုများကို အသုံးပြုကြသည်။အတော်အတန် ပိုက်ဆံရှိသူတို့က အချိန်ကုန် မခံနိုင်သဖြင့် ချက်လက်မှတ်ဖြင့် ငွေပေးချေရန် ဘဏ္ဍာရေး ဝန်ဆောင်ခကို အကုန်အကျ ခံနိုင် သည်။ အများစုကတော့ ပေးချေစရာရှိတာ မှန် သမျှကို ဘဏ်မဟုတ်သည့် ဘဏ္ဍာရေးဝန်ဆောင် မှုလုပ်ငန်းများကို အားကိုးကြသည်။ နယူးယောက် တွင် ပြင်ပဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းအထိ ဝန်ဆောင်ခယူခွင့်ပြု ထားသည်။ ဝင်ငွေဒေါ်လာ ၁၅၀၀၀ ရရှိသူတစ်ဦး က လစာထုတ်ပေးသည့်ချက်လက်မှတ်ကို ချက် လက်မှတ်ဝန်ဆောင်မှုလုပ်ငန်းတွင်သာ ငွေသား ထုတ်ယူမည်ဆိုပါက တစ်နှစ်လျှင် ဝန်ဆောင် စရိတ် ၂၈၆ ဒေါ်လာ ကုန်မည်ဖြစ်သည်။ စာတိုက် ငွေပို့လွှာတစ်စောင်အတွက် ၁ဒသမ ၁၅ ဒေါ်လာ ကုန်ကျမည်ဖြစ်ရာ  တစ်လလျှင်သုံးကြိမ်ငွေပေး ချေ မည်ဆိုက တစ်နှစ်အတွက် နောက်ထပ် ၄၁ ဒေါ်လာကုန်ကျဦးမည်ဖြစ်သည်။ ငွေကြိုတင်ဖြည့် တင်းရသည့် လက်ငင်းငွေချေကတ်ပြား  (Debit card) ဖြင့် ငွေကြေးသုံးစွဲမည်ဆိုပါက ဝန်ဆောင် စရိတ်မှာ တစ်နှစ်အတွက် ဒေါ်လာ ၅၀၀ ကျော် ကုန်ကျမည်ဖြစ်သည်။ ဘဏ်စနစ်ပြင်ပတွင် ငွေ ချေးယူမည်ဆိုပါက တစ်နှစ်ပေးရမည့်အတိုးမှာ ၅၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းကျော်အထိရှိသဖြင့် ကြောက်ခမန်းလိလိ ဖြစ်သည်။ဘဏ်များက အမြတ်များများရနိုင်မည့် ဝန် ဆောင်မှုကိုသာ  ဆောင်ရွက်ပေးချင်ကြသည်။ ဘဏ်ဝန်ဆောင်မှုကို  အကြိမ်များများ အသုံးပြု နိုင်မည့် ငွေကြေးတတ်နိုင်သူများအတွက်သာ ဦး စားပေးလိုကြသည်။ ဝင်ငွေနည်းသူများနေထိုင်ရာ နယ်မြေတွင် ဘဏ်ခွဲမဖွင့်လိုကြပေ။ ထို့ကြောင့် ဘဏ်ဝန်ဆောင်မှုကို နယ်မြေတိုင်းမှာ မရနိုင်ပေ။ လစာစားဝန်ထမ်းများသည် ငွေသားထုတ်ယူရန် အတွက် ဘဏ်တွင် အချိန်ပေးတန်းစီ မစောင့်နိုင် သဖြင့် ချက်ချင်းငွေထုတ်ပေးသည့် ချက်လက်မှတ် ဝန်ဆောင်မှုလုပ်ငန်းများကို မလွဲှမရှောင်သာ အား ကိုးကြရသည်။ အချို့ကတော့ဘဏ်များကို စိတ် မချသောကြောင့်ဖြစ်သည်။ ဘဏ်စာရင်းတွင် ငွေ လက်ကျန် မလုံလောက်သဖြင့် ချက်လက်မှတ်ကို ငြင်းပယ်ခံရ (Bounce) လျှင်ဖြစ်စေ၊ တစ်ခုခု မှား ယွင်းမှုကြောင့်ဖြစ်စေ ဘဏ်ဆောင်ရွက်ခ ၂၅ ဒေါ်လာပေးရမည်ကို စိုးရိမ်ကြသည်။ လစာပေး ချက်လက်မှတ်များကို ဘဏ်သို့ တိုက်ရိုက်အပ်နှံ မည်ဆိုလျှင် ငွေသားအဖြစ်ထုတ်ယူရာ၌ ပိုမိုမြန် ဆန်နိုင်သည့်အပြင်   လစဉ်ဝန်ဆောင်ခလည်း သက်သာနိုင်သည်။ သို့ရာတွင် အီလက်ထရောနစ် ဘဏ်ငွေလွှဲစနစ်ကို စိတ်မချသူများက စက္ကူချက် လက်မှတ်ကိုသာ ပိုပြီးနှစ်သက်ကြသည်။ အချို့က မူ ဘဏ္ဍာရေးအကြောင်း နားမလည်ကြသဖြင့် ဘဏ်များက မည်သို့ဝန်ဆောင်မှုပေးသည်၊ ဘဏ် မဟုတ်သည့်ပြင်ပလုပ်ငန်းများက ဘဏ္ဍာရေးဝန် ဆောင်ခကို မည်မျှအထိ ရယူကြသည်ကို သေချာ မသိကြချေ။ ထို့ကြောင့်ပင်  ဘဏ်စာရင်းဖွင့်ပြီး ဘဏ်ဝန်ဆောင်မှုကို အသုံးမပြုကြခြင်းဖြစ်သည် ဟု ဆိုပါသည်။     Ref; The Economist