Main menu

Background

ထိုင်း သကြားကြိတ်ခွဲမှုတိုးတက်၊ ပါကစ္စတန်သကြားဖြူများ ရောင်းဝယ်

Wed, 12/12/2012 - 05:15 -- Anonymous (not verified)

လက်ရှိရာသီအတွင်း ထိုင်းနိုင်ငံမှာ ကြံရိတ်သိမ်းမှု တိုး တက်လျက်ရှိပြီး၊ လက်ရှိအချိန်ထိ သကြားတန်ချိန် တစ်သိန်း ဝန်းကျင်ထုတ်လုပ်ထားပြီး ဖြစ်တယ်လို့သိရပါတယ်။ ဒါပေမဲ့ လက်ငင်းဈေးကွက်မှာတော့ စားသုံးသူတွေ အနေနဲ့ ရောင်းချ မှု များပြီး၊ ဈေးလျော့ကျတဲ့အချိန်ကို စောင့်နေတဲ့အတွက် အရောင်းအဝယ် အေးနေတယ်လို့ ဒီဇင်ဘာ ၄ ရက်မှာ ကုန် သည်များကဆိုပါတယ်။ ဘရာဇီးပြီးရင် သကြားတင်ပို့မှုမှာ ကမ္ဘာ့ဒုတိယအများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံ ဟာ နိုဝင်ဘာလ ၃၀ ရက်အထိ ကြံတန်ချိန် ၁ ဒသမ ၉၄ သန်းဝန်းကျင်ကြိတ် ခွဲပြီးဖြစ်လို့ ပြီးခဲ့တဲ့ ၂၀၁၁-၁၂ ရာသီ ကာလတူကြိတ်ခွဲမှု တန်ချိန် ၁ ဒသမ ၆၃ သန်းထက် ပိုမိုကြိတ်ခွဲပြီးသွားပြီ လို့ လည်း ကုန်သည်များက ဆိုပါတယ်။

သကြားကြမ်းနဲ့သကြားဖြူအပါအဝင် သကြားထွက်ရှိမှု ဟာ နိုဝင်ဘာလကုန်မှာ တန်ချိန် ၁၀၇၈၂၀ ဝန်းကျင်ရှိလို့ ပြီးခဲ့တဲ့နှစ်ကာလတူထွက်ရှိမှုတန်ချိန် ၁၀၁၄၇၀ ထက်လည်း ပိုမိုတယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ ကြံကြိတ်ခွဲမှုကို နိုဝင်ဘာ လလယ်မှာစတင်ပြီး၊ ဧပြီလနောက်ဆုံးပတ်ထိ ပြုလုပ်တယ်လို့ ဆိုပါတယ်။ ကြိတ်ခွဲမှုမှာ ပြဿနာမရှိပေမဲ့ ဈေးကွက်ကတော့ ခရစ္စမတ်တိုင်အောင်အေးမယ် ထင်တယ်လို့ စင်ကာပူကုန် သည်တစ်ဦးက ဆိုပါတယ်။ ၂၀၁၃ စက်တင်ဘာလအထိ တစ်နှစ်အတွင်း သကြား ကြမ်း တင်သွင်းသူ စာရင်းမှထိပ်တန်းဝင်လာမယ့် အင်ဒိုနီးရှား ဟာ စားသောက်ကုန်ဝယ်လိုအားမြင့်တက်မှုကိုဖြည့်ဆည်းဖို့ တတိယမြောက်နှစ်အနေနဲ့ သန့်စင်ကြိတ်ခွဲမှု တန်ချိန် ၄ ဒသမ ၂ သန်းအထိ မြင့်တက်ဖွယ်ရှိတယ်လို့သိရပါတယ်။ ၂၀၁၂-၁၃ ကမ္ဘာ့သကြားပိုလျှံမှုဟာလည်း တန်ချိန် ၆ ဒသမ ၁၈ သန်းအထိရှိနိုင်တယ်လို့ နိုင်ငံတကာ သကြားအဖွဲ့အစည်း က ၎င်းရဲ့ကြိုတင်ခန့်မှန်းချက်ကို တိုးမြှင့်လိုက်တဲ့အတွက် လက်ရှိ သီးနှံရာသီကုန်တိုင်အောင် သကြားဈေးအနိမ့်မှာ ဆက်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ပြည်တွင်းပိုလျှံသကြားတွေ လျှော့ ချဖို့နဲ့ ပြည်တွင်းဈေးမြှင့်တင်ဖို့အတွက် သကြားတန်ချိန် ၃ သိန်းကို တင်ပို့ခွင့်ပြုထားပြီး နောက်ထပ် တန်ချိန် ၂ သိန်း တင်ပို့ဖို့လည်း ခွင့်ပြုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ဒီဇင်ဘာလနဲ့မတ်လအတွင်း  သကြားတန်ချိန် ၇ သန်းရောင်းချဖို့ သကြားစက်လုပ်ငန်းရှင် များကို ခွင့်ပြုထားကြောင်းသိရပါတယ်။  ICE မှာ မတ်လပို့ရ မယ့် သကြား ကြမ်းကြိုပွိုင့်ဈေးဟာ တစ်ပေါင်ကန်ဒေါ်လာ ၁၉ ဒသမ ၇၅ ဆင့် (တစ်တန်ကန်ဒေါ်လာ ၄၃၅) အထိ ၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ရိုက်တာသတင်း မှာ ဖော်ပြထားပါတယ်။                  ယမင်းခင်