Main menu

Background

ဘဏ္ဍာရေး ချောက်ကမ်းပါးဘေးမှ ဖေးမပေးမယ့် ရှေးလ်ဂက်စ်

Wed, 12/12/2012 - 05:33 -- Anonymous (not verified)

အမေရိကန်နိုင်ငံမှာရှိတဲ့  ရှေးလ်ဂက်စ် (Shalegas) သိုက်ပမာဏဟာ ကုဗမီတာ ၃၇ ထရီလီယံခန့်ရှိတယ်လို့သိရပါတယ်။ တချို့က အဲဒီ ထက်ပိုကြီးနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီပမာဏ ဟာ အမေရိကန်နိုင်ငံမှာ တစ်နှစ် သုံးစွဲနေတဲ့ စွမ်းအင်ပမာဏရဲ့ ၃၄ ဆခန့်ရှိပါတယ်။ အမေ ရိကန်နိုင်ငံက ထွက်ရှိနေတဲ့ ရေနံစိမ်းသိုက်ပမာဏ ဟာ လာမယ့် ကိုးနှစ်စာသုံးစွဲဖို့ပဲ ကျန်ရှိပေမယ့် ရှေးလ်ဂက်စ်သိုက ်ပမာဏဟာ နှစ်ပေါင်းတစ်ရာ စာလောက်ကျန်ရှိတယ်လို့ဆိုပါတယ်။ အမေရိကန် သမ္မတအိုဘားမား ကိုယ်တိုင်  နှစ်သစ်ကူးမိန့်ခွန်း မှာ လက်ရှိသဘာဝဓာတ်ငွေ့ အသုံးပြုမှုနှုန်းအရ အမေရိကန်နိုင်ငံမှာ နောင်အနှစ် ၁၀၀ ကြာတဲ့ တိုင်အောင် ထုတ်လုပ်ပေးနိုင်တဲ့ ရှေးလ်ဂက်စ် (သဘာဝဓာတ်ငွေ့) သိုက်ကြီးရှိတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ရှေးလ်ဂက်စ်ထုတ်လုပ် မှုဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း အဆ ၂၀ အထိ တိုးတက်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ ရှေးလ်ဂက်စ်ထုတ်လုပ် မှုဟာ ကုဗမီတာဘီလီယံ ၁၇၀ အထိ ရှိလာပါ တယ်။ ဒါ ကြောင့်ပြည်ပရေနံတင်သွင်းမှုကို ယခင် က စွမ်းအင်လိုအပ်ချက်အရ ၆၀ ရာခိုင်နှုန်းအထိ တင်သွင်းခဲ့ရာမှ ယခုအခါ ၄၅ ရာခိုင်နှုန်းကို လျှော့ ချတင်သွင်းလာခဲ့ပါတယ်။ ဒါ့အပြင် ဆယ်စုနှစ် ပေါင်းများစွာကတည်းက ကျောက်မီးသွေးလောင် စာဟာ အမေရိကန်နိုင်ငံလျှပ်စစ်ဓာတ်အား ထုတ် လုပ်ရေးလုပ်ငန်းရဲ့ ၅၀ ရာခိုင်နှုန်းကျော်မှာ အသုံး ပြုခဲ့ပါတယ်။ ဒါပေမဲ့ ရှေးလ်ဂက်စ် စွမ်းအင်ကို အစားထိုး အသုံးပြုလာနိုင်တဲ့အတွက် ၂၀၁၁ ခုနှစ် မှာ ၄၂ ရာခိုင်နှုန်းကို လျော့ကျလာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာဆိုရင် ၃၆ ရာခိုင်နှုန်းအထိ လျော့ ကျသွားနိုင်ပါတယ်။ ဒီလိုကျောက်မီးသွေးအစား ရှေးလ်ဂက်စ်ကို အစားထိုးပြီး လျှပ်စစ်ဓာတ်အား ထုတ်လာနိုင်တဲ့အတွက် လွန်ခဲ့တဲ့ ငါးနှစ်အတွင်း အမေရိကန်နိုင်ငံရဲ့ လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တန်ချိန် သန်း ၄၅၀ လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။ယခုနှစ် စောစောပိုင်းက ရှေးလ်ဂက်စ်ရဲ့ ဈေးနှုန်းဟာ တစ် mBtu   ကို ၂ ဒေါ်လာအထိ ကျဆင်းခဲ့ပေမဲ့ ယခုအခါ ၂ ဒသမ ၂၀ ဒေါ်လာနဲ့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ လေ့လာဆန်း စစ်သူတွေကတော့ ရေနံဈေးနှုန်းနဲ့ ချိန်ဆက်နေတဲ့ အတွက် အများဆုံး ၄ ဒေါ်လာနဲ့ ၅ ဒေါ်လာ လောက်ပဲရှိနိုင်တယ်လို့  ခန့်မှန်းထားပါတယ်။ ရှေးလ်ဂက်စ်ကို ဈေးနှုန်း  သက်သက်သာသာနဲ့ အသုံးပြုလာရတဲ့အတွက်  အမေရိကန်နိုင်ငံက အိမ်ထောင်စုတစ်ခုဟာ တစ်နှစ်ကိုပျမ်းမျှ အမေရိ ကန်ဒေါ်လာ ၉၂၆ ဒေါ်လာခန့် အကုန်အကျ သက်သာလာပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ရှေးလ်ဂက်စ်သုံး မော်တော်ကား (NGV)  ဦးရေဟာ ၂ ဆခန့် တိုးတက်လာပြီး စီးရေတစ်သိန်းကျော်ရှိလာပါ တယ်။ အဲဒီအရေအတွက်ဟာ အမေရိကန်နိုင်ငံ မှာရှိတဲ့ မော်တော်ကားစီးရေရဲ့ သုည ဒသမ ၃ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။ ဒါပေမဲ့ AT & T ကုမ္ပဏီဟာ လာမယ့် ငါးနှစ်အတွင်းCNG ကား ပေါင်း ၈၀၀၀ ကိုဝယ်ယူပြီး ကျောင်းကားတွေ၊ ကုန်ဖြည့်တင်းတဲ့ ကားတွေနဲ့ မြူနီစပယ်လုပ်ငန်းသုံး ကားတွေအဖြစ် အသုံးပြုသွားမယ်လို့ သိရပါ တယ်။ လောလောဆယ် အမေရိကန်နိုင်ငံမှာ အများသုံး CNG  ဖြည့်တင်းတဲ့  ဆိုင်ပေါင်း ၅၀၀ ကျော် ရှိလာပါတယ်။ တချို့ဒေသတွေမှာ ဘတ်စ် ကားတွေကို CNG ကားတွေနဲ့ အစားထိုး အသုံးပြု လာတာကို တွေ့ရပါတယ်။ဈေးနှုန်းချိုသာတဲ့ ရှေးလ်ဂက်စ်တွေ ဟာ တခြားအမေရိကန်စီးပွားရေးအစိတ်အပိုင်းတွေကို လည်းအကျိုးပြု လာပါတယ်။ အထူးသဖြင့် ရေနံ ဓာတုဗေဒ  စက်မှုလုပ်ငန်းကြီးကို အများဆုံး အထောက်အကူပြုနေ ပါတယ်။ ဓာတ်မြေသြဇာ ထုတ်လုပ်ရာမှာ အဓိကလိုအပ်တဲ့ ဓာတ်ပေါင်း တွေဖြစ်တဲ့ မက်သနောနဲ့  အမိုနီးယားတွေကို ရှေးလ်ဂက်စ်တွေကနေထုတ်ယူနိုင်ပါတယ်။ ရှေးလ် ဂက်စ်ကထုတ်ယူနိုင်တဲ့ အီသိန်းဓာတုဗေဒပစ္စည်း တွေဟာ မော်တော်ကားပစ္စည်းတွေ၊  အိမ်သုံး ပစ္စည်းတွေ ဆောက်လုပ်ရေး ပစ္စည်းတွေနဲ့ လယ် ယာသုံးပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုနိုင်ပါ တယ်။ ဈေးနှုန်းသက်သာတဲ့ ရှေးလ်ဂက်စ်နဲ့ ထုတ် လုပ်တဲ့အတွက် ကုန်ကျစရိတ် ကျဆင်းစေပြီး တခြားနိုင်ငံထုတ်ကုန်ပစ္စည်းတွေနဲ့ ယှဉ်ပြိုင်ရောင်း ချလာနိုင်ပါတယ်။လေ့လာဆန်းစစ်ချက် အတော်များများအရ လာမယ့် ဆယ်စုနှစ်အတွင်း ရှေးလ်ကျောက်တွေ ကြားကထွက်ရှိတဲ့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ အရည် ထုတ်လုပ်မှုမှာ အမေရိကန်နိုင်ငံဟာ ရုရှား နဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေကို ကျော်လွန်လာ နိုင်တယ်လို့ တွက်ဆကြပါတယ်။ ရှေးလ်ဂက်စ်တွေ ကြောင့် ပထဝီနိုင်ငံရေး (geopolitics) ကို ပြောင်း လဲသွားစေနိုင်ပါတယ်။ နိုင်ငံရေးအရ စိတ်မချရတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ရေနံတွေရဲ့ ဝယ်လို အားအပေါ် မှီခိုနေရတဲ့ဘဝက လွတ်မြောက်လာ နိုင်ပါတယ်။ ဒါ့အပြင် ကျောက်မီးသွေးမိုင်းတွေမှာ နှစ်စဉ်အလုပ်သမားတွေ ထောင်ချီပြီး ဝမ်းနည်းစွာ သေဆုံးနေရတဲ့ ဘဝ၊ ကျောက်မီးသွေးတွေကို လောင်စာအဖြစ် မလွှဲမရှောင်သာ အသုံးပြုနေရတဲ့ အတွက် လေထုညစ်ညမ်းပြီး ရောဂါဘယတွေ ထူ ပြောလာမှု၊ ရာသီဥတု ပြောင်းလဲလာမှုက သက် သာရာ ရရှိလာနိုင်ပါတယ်။  အမေရိကန်နိုင်ငံ အနေနဲ့လည်း  ငွေကြေးအကျပ်အတည်းကြောင့် ဘဏ္ဍာရေး ချောက်ကမ်းပါး (Fical Cliff) ကြီးထဲ ထိုးကျတော့မယ့်ဘေးကနေ ကယ်တင်၊ ဖေးမပေး ဖို့ ရှေးလ်ဂက်စ်ကို အားကိုးလာနိုင်စရာရှိကြောင်း ပါခင်ဗျား။Ref:The Economist