Main menu

Background

လေးနားညီ စတုရန်းကျမှုနဲ့ စားသုံးသူအကာအကွယ်ပေးရေး

Wed, 12/12/2012 - 05:41 -- Anonymous (not verified)

လေးနားညီ စတုရန်းကျမှုနဲ့  စားသုံးသူ အကာအကွယ်ပေးရေးနဲ့ပတ်သက်လို့ ခုတလော နိုင်ငံတော်အ ပိုင်းက အလေးထား ဆောင်ရွက်နေ တာကို လေ့လာမှတ်သားရပါတယ်။ စိုက်ပျိုးထုတ် လုပ်သည်မှအစ ရောင်းဝယ်ဖောက်ကားမှုအလယ် နောက်ဆုံးမှာ စားသုံးမှုဆီကို ရောက်လာတာပါ။ စားသုံးသူ အကာအကွယ်ပေးရေးဆိုတာ တကယ် လုပ်သင့်တဲ့ အလုပ်တစ်ခုပါ။ နိုင်ငံတော်အပိုင်းက ကျယ် ကျယ်ပြန့်ပြန့် စားသုံးသူတွေအတွက် ဆောင် ရွက်နေကြသလို စိုက်ပျိုးသူ၊ ရောင်းဝယ်သူ၊ စားသုံး သူအားလုံး ဝိုင်းဝန်းပြီး လေ့လာမှတ်သား တိတိကျ ကျ လိုက်နာဆောင်ရွက်ကြဖို့ လိုပါတယ်။

 
တကယ်ကျွမ်းကျွမ်းကျင်ကျင်ကျင်သုံးတတ်ပြီးတော့စိုက်ပျိုးထုတ်လုပ်ကြတဲ့  တောင်သူလယ် သမားတွေအပိုင်းက စကြည့်ရအောင်ပါ။ ဟိုယခင် လူဦးရေက နည်းနည်း သဘာဝပတ်ဝန်းကျင်က သန့်သန့်အချိန်တုန်းက သဘာဝမြေသြဇာသုံး ပတ် ဝန်းကျင်က သန့်တော့ ပိုးသတ်ဆေးဆိုတာ သုံး စရာမလိုတဲ့ အခြေအနေကနေ ယခုအချိန်တွေမှာ စားသုံးသူက များလာ အရောင်းအဝယ်ကလည်း ဖွံ့ဖြိုးတိုးတက်နေတဲ့အချိန်မှာ များများစိုက်၊ တစ် သီးက နှစ်သီး၊ သုံးသီးစိုက်ပျိုးတာနဲ့မပြီး၊ အထွက် ကလည်း တိုးမှ ကိုက်မှာ၊ ဒီအချိန်မှာကလည်း သဘာဝတရားရဲ့  ရာသီအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာတဲ့ အယ်နီညို၊ လာနီညာ၊ အိုဇုန်းလွှာ ပေါက်ခရမ်းလွန်ေ ရာင်ခြည်ထိဆိုတဲ့ ဆိုးကျိုးတွေ အရ သွင်းအားစုများဖြစ်ကြတဲ့ ဓာတုမြေသြဇာ၊ ပိုးသတ်ဆေးဆိုတာတွေကို မသုံးမဖြစ်သုံးစွဲလာကြ ရတာတွေ၊ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တောင်သူ လယ်သမားများ၊ ဓာတုမြေသြဇာ၊ ပိုးသတ်ဆေးကို တကယ်ကျွမ်းကျွမ်းကျင်ကျင် သုံးတတ် ကြပြီလား၊ ဆန်းစစ်ဖို့ လိုလာပါပြီ။
မြေဆီကလေးပေးပါ။ ပိုးသတ်ဆေးလေးရောင်းပါအချို့ရွာက တက်လာပြီး အထုပ်ကလေး ဖြေ၊ အိတ်ခွံကလေးထုပ်၊  အဲဒီ အိတ်ခွံတံဆိပ် ပါတဲ့ မြေဆီကလေးပေးပါ။  ပိုးသတ်ဆေးလေး ရောင်းပါ။ ပြောဝယ်တယ်။ ရောင်းတဲ့ဆိုင်က လည်း တစ်အိတ် လား၊ တစ်ပြည်လား၊ တစ်ထုပ် လားမေးတယ်။ ဘယ်လောက်ကျတယ်ပြောတယ်။ ပြီးပြီ၊ ဘာသုံးမှာလဲ၊ ဘာအတွက်လဲ၊ ဘာဖြစ်လို့လဲ လို့မေးတယ်ဆိုတာ တော်တော်ရှားပါတယ်။ ဆိုင် ပိုင်ရှင်တချို့က  သင်တန်းတွေ ဘာတွေတက်၊ အသိအမှတ်ပြု  လက်မှတ်တွေရ၊ အချို့လည်း လေ့လာထားသူတွေက မေးတာရှိပါတယ်။ ဧက ဘယ်လောက်လဲ၊ ဘာအသီးမှာ အသုံးပြုမှာလဲ၊ ဘာဖြစ်လို့လဲပေါ့။ လာဝယ်သူက  ပြောတယ်။ ဧကတွေ ဘာတွေတော့မသိပါဘူးဗျာ။ အဖေပေး တဲ့အမွေလေး ဘယ်နှစ်ယောက် စိုက်လောက် တော့ရှိမှာပေါ့ဗျာ။ ခုဟာက ဒီပဲစိုက်တာ ပိုးကျလို့ ရွာက သူငယ်ချင်းက အဲဒီဆေးကိုသုံး၊ လွှတ် ကောင်းတယ်ဆိုပဲ။ ဒါကြောင့် မမှားအောင်၊ သေ ချာအောင်၊ တံဆိပ်ပါတဲ့ အိတ်ခွံ ယူလာတာတဲ့ ကောင်းရော။ ဘယ်လောက်တိတိကျကျ နိုင်သလဲ၊ ရွာက သူ့ကိုပြောတဲ့သူက ကြိုတင်ကာ ကွယ်တဲ့ အနေနဲ့သုံးတာလား။ အခုစိုက်ခင်းက နှိမ်နင်းရမယ့် အဆင့်လား။ ဧကဘယ်လောက်မှာ ပိုးသတ်ဆေး ဘယ်အတိုင်းအတာကို ရေနဲ့ဘယ်လောက်ရော ပိုးသတ်ဆေးဖျန်းရင် လေပေါ်က ဖျန်းရမှာလား၊ လေအောက်က ဖျန်းရမှာလား  နားမလည်။ သောက်ရမယ့်ဆေးကို ရှူလိုရှူ၊ ရှူရမယ့်ဆေးကို လိမ်းလိုလိမ်း၊ လိမ်းရမယ့်ဆေးကို  သောက်လို သောက်ဖြစ်နေရင် အကျိုးနည်းကုန်မှာဖြစ်ပါတယ်။
ပိုးသတ်ဆေး ကောင်း၊ မကောင်းမြေဆီပိုးသတ်ဆေးရောင်းတဲ့ အရောင်းမြှင့် တင်ရေးတွေကို လိုက်လေ့လာဖူးတဲ့ ကုန်သည် ပွဲစားကြီးတစ်ယောက် ပြောဖူးပါတယ်။ အရောင်း မြှင့်တင်ရေး ဟောပြောတယ်ဆိုလို့ လာကြတာ ပေါ့ဗျာ။ တဘက်ကလေး ခေါင်းပေါင်း ပုဆိုး စုတ်ကလေး  ပုခုံးပေါ်တင် ကလေးရင်ခွင်ပိုက် ဆေးလိပ်တစ်ငေါ့ငေါ့  ကွမ်းတစ်ဗျစ်ဗျစ်နဲ့ပေါ့။ ဟောပြောတဲ့သူက သူ့ပစ္စည်း ဘယ်လိုကောင်း ကြောင်း၊ ဘာဓာတ်တွေပါကြောင်း၊ ဘယ်လိုသီးနှံ ထွက်ကြောင်း၊ ဘယ်လိုသုံးစွဲရကြောင်း ဟော ပြောတယ်။ ပြန်လည်ဆွေးနွေးကြတဲ့အခါ ရေရေ ရာရာတိတိကျကျဘာမှမရှိဘဲ သူတို့ရင်ထဲရှိတာက ရာသီပေါ်လေး အေကြွေးရမလားဆိုပါပဲတဲ့။ မြို့နယ် ကပေးတဲ့ တာဝန်တွေနဲ့ရွာတွေကိုဆင်းရင် စိုက် ရေး၊ ပျိုးရေးအတွက်ဆိုတာတွေ  မေးမြန်းရင်း၊ ကိုယ်သိတဲ့ လေ့လာထားတဲ့  ကိုယ့်ဉာဏ်ရှိသ လောက် အသိပေးတွေနဲ့ ဆွေးနွေးခဲ့ဘူးပါတယ်။ ရွာမှာ ဒီသီးနှံစိုက်တော့ ပိုးကျလို့ ကြွက်သောင်း ကျန်းလို့ ပျက်စီးတယ်။ ဒါဆိုရင် ပိုးသတ်ဆေး ရောင်းတဲ့ဆိုင်တေ ွကို သွား၊ ဆေးမေးဝယ်ပြောမိ ပါတယ်။ ဆရာရယ် ပိုးသတ်ဆေးဝယ်တယ်ဆို တာ ကောင်း၊ မကောင်း လျှာနဲ့တို့ကြည့်လို့ ရတာ မဟုတ်ဘူးဗျ။ သူတို့ပြောတဲ့ ကောင်းတယ်ဆိုတဲ့ ကြွက်သတ်ဆေး မြို့တက်ဝယ်၊ ရွာရောက်ထရံမှာ ချိတ်ထား၊ မနက်ရောက်ပျောက်လို့ လိုက်ရှာတော့ ကြွက်ချီသွားလို့ ကြွက်တွင်းဝမှာ ကြွက်သတ်ဆေး ကိုတွေ့တယ်။ ပြီးရောဗျာ....။
စနစ်တကျ သုံးစွဲဖို့လိုကိုယ့်ကျေးဇူးရှင် တောင်သူလယ်သမားတွေ မသိနားမလည်ကြတဲ့အပိုင်းမှာ ဒါကို ခုတုံးလုပ်လို့ မဟုတ်တာတွေ အဟုတ်လုပ်ပြီး၊  မရောင်းချဖို့ လည်းလိုပါတယ်။ မြေဆီပိုးသတ်ဆေးနဲ့ ပတ်သက် ရင် နိုင်ငံတော်အပိုင်းက ဖြေလျော့သင့်တာထက် ပိုမိုဖြေလျော့ပေးထားတာပါ။ စိုက်ပျိုးထုတ်လုပ် ကြတဲ့ တောင်သူလယ်သမားများအနေနဲ့ ပိုးသတ် ဆေး၊ မြေဆီလိုတာထက် ပိုမသုံးကြဖို့ သတ်မှတ် စံချိန်စံညွှန်းအတိုင်း အသုံးပြုကြဖို့၊ သုံးရမှာထက် လိုသုံးလို့ ပိုးသတ်ဆေးယဉ်ပါးမှုဖြစ်ရင် လိုတာ ထက်ပိုသုံးလို့ ပိုးသတ်ဆေးကြွင်းများရင်၊ စားသုံးသူ တွေပဲထိခိုက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျေးဇူး ရှင် တောင်သူလယ်သမားများ၊ ဓာတုပိုးသတ်ဆေး၊ သွင်းအားစုတွေကို သိရှိပြီး၊ စနစ်တကျသုံးစွဲဖို့ လိုနေတာတော့ အမှန်ပါ။ ရောင်းကြဝယ်ကြတဲ့ ကုန်သည်ပွဲစားတွေ အပိုင်းကရော၊ ယနေ့ ကုန်စည်ဒိုင်မှာ ဘယ်ပဲ၊ ဘယ်ဈေးမြတ်တယ်။ ငါဝယ်လာတယ်။ ဘယ်ပွဲရုံ ကို သွားသိမ်းလိုက်၊ ရောင်းတဲ့ပွဲရုံကိုသွား၊ ပစ္စည်း သိမ်းပြီးပြန်လာ၊ အလုပ်သမားကပြောတယ်။ ပွဲစား --- ပိုးပါတယ်။ ဟေ..ပိုးပါရင် မိုးကာအုပ်၊ ဆေး ပြားထည့်၊ ပိုးတားလိုက်။ ပြီးရော... ဘယ် အတိုင်းအတာထိပါတာလဲ။  ပင်ပိုးပါတာလား။ တကယ့်ပိုး ကျနေပြီးလား။ ကာကွယ်ရမယ့် အပိုင်း လား။ နှိမ်နင်းရမယ့်အပိုင်းလား..။ ပိုးသတ် ဆေးဟာ သီးနှံကို တိုက်ရိုက်ထိတွေ့လို့ရသလား။ သေသေချာချာ မလေ့လာ။ မမေးမြန်း၊ တတ်သိ နားလည်တဲ့ ပုဂ္ဂိုလ်ကိုလည်း တိုင်ပင်ဆွေးနွေးရ မှန်း မသိကြတော့ပါဘူး။  ပိုးတား(ပိုးသတ်)ဖို့ ဘာ လက်မှတ်လိုသလဲ။ ဘယ်လို  အသိအမှတ်ပြုတဲ့ လူမှ လုပ်ရတာလဲဆိုတာ မစဉ်းစားပါဘူး။ အလွယ် တကူဝယ်လို့ရတဲ့ ပိုးသတ်ဆေးပြား ဝယ်ထည့်လိုက် တာပါပဲ။ အချို့ဆိုရင် အိန္ဒိယကလာတဲ့ Selphof  ဆေးပြားကို ၄ ပိုင်းရအောင် ကွမ်သီးစေ့ညှပ်သလို ကွမ်းညှပ်နဲ့ညှပ်၊  တစ်အိတ်ကို တစ်စိတ်ထည့်၊ အမှုန့်ထောင်း အိတ်ထဲထည့် လုပ်နေကြတာကို တွေ့ရပါတယ်။ ဓာတ်ပြုနှေးတဲ့ ပိုးသတ်ဆေးမို့ တိုက်ရိုက်မထိခိုက်တာပါ။ ဒါပေမယ့် ရေရှည် ကိုင်တွယ်အသုံးပြသူအဖို့ ကြာရင် ထိခိုက်မှုရှိ လာမှာ အမှန်ပါ။ ဓာတ်ပြုမြန်တဲ့ Methyl  bromide ဆေးဆိုရင်တော့ ပွဲချင်းပြီးခေါက်ကနဲ သေ သွားမှာပါ။ ဒါတွေက ပွဲစားကြီးများကိုယ်တိုင် လုပ်ကြတာမှ မဟုတ်ဘဲ။ အလုပ်သမားပဲ ထိတွေ့၊ ကိုင်တွယ်၊ ထမ်းပိုးလုပ်ရတာဆိုတော့ ခိုင်းသူ၊ လုပ် သူ နှစ်ဦးနှစ်ဖက် သတိထားဆင်ခြင်ကြဖို့ လိုနေပြီ ဖြစ်ပါတယ်။
ပြည်တော်ပြန်ခဲ့ရတဲ့အကြောင်းအထက်က တင်ပြခဲ့သလို ဓာတုပိုးသတ် ဆေးသီးနှံနဲ့ တိုက်ရိုက်ထိတွေ့လို့ ရ၊ မရဆိုတာ အဖြေတွေအနေနဲ့ ဒီဘက်ခေတ်မှာ ပြည်ပတင် ပို့တဲ့ နှမ်းတွေ ပိုးသတ်ကောင်းလို့၊ ပိုးသတ်ဆေး <ကင်းများပြီး၊ ကန့်ကွက်ခံခဲ့ရ၊ အပယ်ခံခဲ့ရ၊ ဆုံးရှုံး ခဲ့ရတာ ယခင်အစိုးရလက်ထက်မှာ ကုမ္ပဏီတစ်ခု က ဂျပန်ပို့တဲ့ထောပတ်ပဲ ပိုးသတ်မှားလို့ ပြည်တော် ပြန်ခဲ့ရတာဆိုတာတွေ သတိထား အမှားပြင်သင့် ပါပြီ။ မကြာခင်ကာလမှာ အာဆီယံ+၃ နိုင်ငံတွေနဲ့ လွတ်လပ်စွာ ရောင်းကြဝယ်ကြရင်  ဈေးကွက် မပျက်ဖို့ ဖောက်သည်မပျက်ဖို့၊  တစ်ခါဆက်ဆံ ဆယ်ခါလန်မဖြစ်ကြဖို့   ကြိုးစားပြင်ဆင်ကြရ တော့မှာပါ။ နိုင်ငံခြားကဝယ်ရင်လည်း သူ့နိုင်ငံက ပြည်သူတွေ စားသုံးကြရမှာဆိုတော့  စားသုံးသူ အကာအကွယ်ပေးရေး  အဆင့်သင့် အလျင်မီ အကောင်အထည် ပီပီပြင်ပြင် ဖော်ဆောင်နေပြီ ဖြစ်တဲ့ နိုင်ငံတွေဆိုတာ သတိထား ဆင်ခြင်ပြုပြင် ထားရမှာပါ။ စားသုံးသူများဘက်ကရော၊ နိုင်ငံခြား ဖြစ်ဆိုရင်  အထင်ကြီးမှု၊ ထုပ်ပိုးမှု ကောင်းရင် ကြိုက်နှစ်သက်တယ်ဆိုတာကို ပညာမျက်စိ၊ ပညာ အမြင်နဲ့ ကြည့်တတ်၊ စားတတ်၊ သုံးတတ်ဖို့လို နေပါပြီ။
လေးနားညှိဖို့လိုစားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရား မဝင်ကုန်သွယ်မှု ပပျောက်ရေး Mobile  Team  အဖွဲ့က တိုင်းတစ်ပါးက ဝင်လာတဲ့  အစား အသောက်တွေ မီးရှို့ဖျက်ဆီးပစ်နေတာ ကြားရ ဖတ်ရပါတယ်။ လူသတ်တယ်ဆိုတာ ဓားနဲ့ထခုတ်မှ လူသတ်တာ မမည်ပါဘူး။ အနုနည်းနဲ့ လူသတ် နည်း၊ ဘယ်နည်းလမ်း တွေလဲ။ အများကြီးပါ။ ဒီ အန္တရာယ်ကိုသိလို့ နိုင်ငံတော်က စားသုံးသူအကာ အကွယ်ပေးရေးကို အလေးပေးဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကအဓိကထားစားတဲ့ ဆန်၊ စပါး၊ မျိုးဘဝမှာရော၊ စိုက်ခင်းမှာကတည်းက ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ ဓာတုမြေသြဇာ ဆိုတာပါပြီ။ စပါးဘဝ၊ ဆန်ဘဝမှာရော လိုအပ် လာရင် ပိုးသတ်ဆေးသုံးစွဲရမှာပါ။ လိုအပ်လို့သုံးတဲ့ ပိုးသတ်ဆေး စနစ်တကျသုံးစွဲ ခဲ့ရင် ခံသာပေမယ့် အထက်မှာဖော်ပြခဲ့သလို ဖြစ်သလိုကြုံသလို လို သည်ထက် ပိုသုံးစွဲထားရင် စားသုံးသူကိုယ်တိုင်ပဲ ထိခိုက်မှာပါ။ နေ့စဉ်သုံးစွဲနေတဲ့ ရာသီစားပင်တွေ စိုက်ပျိုးလာ ကတည်းက သုံးထားတဲ့ ပိုးသတ်ဆေး စင်ကြယ်အောင် ဘယ်လိုဆေးမလဲ၊ ဘယ်လိုစစ် မလဲ၊ ဘယ်လိုစားကြမှာလဲ အသိနဲ့သတိ ယှဉ်ကြ ရမှာ စားသုံးသူရဲ့ အပိုင်းပါ။ စားသုံးသူ အကာ အကွယ်ပေးရေး နိုင်ငံတော်ကအလေးထားဆောင် ရွက်ကြချိန်မှာ ထုတ်လုပ်သူအပိုင်းမျဉ်းရယ်။ စိုက် ပျိုးထုတ်လုပ်သူအပိုင်း မျဉ်းရယ်။  ရောင်းဝယ် ဖောက်ကားသူများအပိုင်း မျဉ်းရယ်၊ စားသုံးသူ တွေ အပိုင်းမျဉ်းရယ်။ ဘက်စုံညီညွတ်ပြီး လေးနား ညီ စတုရန်းကျမှသာ စားသုံးသူ အကာအကွယ် ပေးရေး အောင်မြင်မှာဖြစ်ကြောင်းပါ။