Main menu

Background

ကျွန်တော်တို့ ဘယ်ကို၊ဘယ်လို သွားကြမလဲ

Wed, 12/26/2012 - 07:44 -- ydnar

ဘယ်လဲ သို့မဟုတ် ဘယ်ကို သွားမလဲ ဤသို့မေးခဲ့လျှင် လားရာ တစ်ခုခု သို့မဟုတ် ဦးတည်ရာနေရာကို ပြောဆို တုံ့ပြန်၍ အဖြေပေးကြလိမ့် မည်မှာ သေချာသည်။  အဘယ်ကြောင့်ဆို သော် ကျွန်တော်အားလုံးသည် ခရီး သွားများဖြစ်နေကြကာ ကျွနု်ပ်တို့ ခြေ လှမ်းများသည်လည်း  တစ်နေရာ မဟုတ် တစ်နေရာသို့ ခြေဦးတည်၍ လှုပ်ရှား နေသောကြောင့်ပင်တည်း။ တကယ်ပင်ကျွနု်ပ်တို့ ခရီးသွားနေကြ၏။ ပြုပြင်ပြောင်းလဲရေးခရီးတွင် ကျွန်တော် တို့ အမှန်ပင် ရွေ့နေခဲ့ကြပြီဖြစ်သည်။ ရူပဗေဒသဘောအရ အရွေ့ရှိမှ အလုပ် ပြီးမြောက်သည ်ဖြစ်ရာ  အရွေ့ရှိခဲ့ သဖြင့် အလုပ်ပြီး မြောက်မှုဖြစ်နေသည် ဟု ဆိုနိုင်သည်။ သို့သော် ဘက်ပေါင်းစုံ ပတ်သက်ဆက်နွှယ်မှုရှိသည့် ပြုပြင် ပြောင်းလဲမှုအလုပ်မှာ  စဉ်ဆက်မပြတ် လုပ်ဆောင်ရမည့် သဘောဖြစ်ရှိသဖြင့် ပြုပြင်ပြောင်းလဲရေး ခရီးစဉ်ခရီးတွင် နိုင်ရေးအတွက် အလုပ်ပြီး၊ အလုပ်ဖြင့် ရှေ့သို့ ခရီးဆက်နေရဆဲဖြစ်သည်။

 
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊စီးပွား ရေးပြုပြင်ပြောင်းလဲရေးခရီးစဉ်သည် ၂၀၁၁ ခုနှစ်ကတည်းက အမှန်တကယ် ပင် စတင်၍ ခရီးနှင်ခဲ့သည်။ စတင်ခဲ့ သည့်အချိန်မှစ၍ ယခုအချိန်အထိရေ တွက်ခဲ့သည ်ရှိသော်တစ်နှစ် ကာလ ကျော်ကျော် နှစ်နှစ်တာအချိန်ကာလသို့ ပင်ချင်းနင်းဝင်ရောက် လာနေပြီဖြစ် သည်။ ထို့ကြောင့် "ဘယ်သွားကြမလဲ"  ဟူသော မေးခွန်းသည် ယခုအချိန်တွင် အချိန်သင့်အခါသင့်ဖြစ်၍ အလွန်သင့် လျော်နေသည်။ ခရီးစဉ်၏ ဦးတည် ရာပန်းတိုင်မှာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်း သာယာသော ဒီမိုကရေစီ နိုင်ငံတော်သစ်ဖြစ်ပေါ်လာရေး ပန်းတိုင် ဆီသို့ဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက် ရေး အတွက် စီးပွားရေးဖွံ့ဖြိုးမှုရှိရန်၊ အရှိန်ရရန်၊ အားကောင်းရန်၊ စဉ်ဆက် မပြတ် ဖြစ်ပေါ်နေရန် လိုသည်။ အေး ချမ်းသာယာရေး အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပဋိပက္ခများကို ညင်သာစွာဖြေရှင်းနိုင်မှု၊ နယ်စပ်ဒေသ များတွင် နေထိုင်ကြသော တိုင်းရင်း သားများနှင့် ရေရှည်တည့်တံ့ နိုင်သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုများ အကောင်အထည်ဖော်နိုင်မှု ပေါ်တွင် များစွာမူတည်သည်။ ဒီမိုကရေစီဝါဒဖြစ် ထွန်းရေးအတွက်လည်း ဥပဒေစိုးမိုးမှု၊ ဥပဒေလိုက်နာမှုတို့နှင့် လွတ်လပ်မှုနှင့် တရားမျှတမှုတို့ ပံ့ပိုး ထောက်ကူပေးနိုင် သည့် အင်စတီကျူးရှင်းများ ပြည့်စုံစွာ ထူထောင်နိုင်ရေးတို့  လိုအပ်သည်။ အပြော လွယ်သလောက် အလုပ်ခက် သည့်အရာများဖြစ်၏။ လိုအပ်နေသော အနေအထားများဖြစ်ထွန်းရန် အလွယ် တကူလုပ်ဆောင်နိုင်မည်မဟုတ်။ သို့ သော်မည်မျှ ခက်သည်ဖြစ်စေ၊ လွယ် သည်ဖြစ်စေ ရည်မှန်းချက် အကျိုး တရားများအကောင်အထည်ဖော်ရေး အတွက် အကြောင်းတရားအခြေအနေ များ အကောင်အထည်ပေါ်နိုင်ရေးကို လုပ်ဆောင်ရမည်သာဖြစ်သည်။ နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်များ သည် အပြန်အလှန် ဆက်စပ်ပတ်သက် နေသဖြင့် ပြုပြင်ပြောင်းလဲရေး လုပ် ငန်းစဉ်သည် ခက်ခဲ၊ နက်နဲ၊ ရှုပ်ထွေး လှသည်။ ထို့ကြောင့် ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်အပေါ်တွင်
စိတ်ရှည်၊ သည်းခံ၊ ဇွဲရင့်သန်         လုပ်ပါပြုပြင်ရေး ဟု ဆိုရလောက်အောင် သဘော ထားနိုင်မှ ရေရှည်အလုပ်ဖြစ်နိုင်စရာ ရှိသည်။  နူးညံ့သိမ့်မွေ့စွာ ကိုင်တွယ် လုပ်ဆောင်နိုင်မှုမှာ လွန်စွာ အရေး ကြီးနေသည်။ သို့သော် အဓိက အရေး အကြီးဆုံးနှင့် သတိကြီးစွာ အထားရ ဆုံးသော အရာမှာ ပြုပြင်ပြောင်းလဲမှု တွင် ပတ်သက်မှုရှိသော၊ သက်ဆိုင်မှုရှိ သောသူများ၊ အုပ်စုများနှင့် အဖွဲ့ အစည်းများကြားတွင် ရိုးသားမှု ရှိခြင်း ဖြစ်သည်။ အမှန်တကယ် ရိုးသားမှု ရှိခြင်း၊ ထိုရိုးသားမှုကို အများလက်ခံ မှု ရှိလာနိုင်အောင်ပြသနိုင်ခြင်းနှင့် ထို အခြေအနေကို ဆက်လက် ထိန်းသိမ်း ထားနိုင်ခြင်းတို့ ဖြစ်သည်။  အမှန် တကယ်ရိုးသားမှုသည် ဒီမိုကရေစီ လူ့ အဖွဲ့အစည်းများတွင် လူအများ လို လားလျက်ရှိသော ထင်သာမြင်သာရှိ မှု၊ တရားမျှတမှုတို့ပါ အကျိုးဆက် ရလဒ် အဖြစ်ရရှိလာနိုင်သည်။  အစိုးရ သစ်သည် ဤကဲ့သို့သော အခြေအနေ မှန်များဖြင့်  မြန်မာ့လူ့အဖွဲ့အစည်း က လိုလားနေသော အခြေအနေ တစ်ရပ် ဆီသို့ ဦးတည်သွားနေလေသည်။
အိုင်ဒီယာ ဆာဗေး လွန်ခဲ့သော ဒီဇင်ဘာလ ၅ ရက် နေ့က ရန်ကုန်မြို့ရှိဆီဒိုနားဟိုတယ်တွင် ကျင်းပခဲ့သော  အာဆီယံ နိုင်ငံများ အတွင်းရှိ  နိုင်ငံရေး၊  စီးပွားရေး၊ လူမှု ရေး နယ်အသီသီးမှ လူသိများထင် ရှားသူများ တွေ့ဆုံဆွေးနွေးကြသည့်TURBULENT WORLD: RISING ASIA “ Where do we go from here?” ၏ ခေါင်းစဉ်ကို တွေ့ခဲ့ပြီး နောက် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ပတ်သက်၍ အတွေးတို့ ထကြွလာခြင်း ဖြစ်သည်။ ဤကဲ့သို့ ဆွေးနွေးပွဲမျိုးပြု လုပ်ခဲ့သည်မှာ ရှစ်ကြိမ်ပင်ရှိခဲ့ပြီဖြစ် သည်။ ယခုနှစ် မြန်မာနိုင်ငံ ရန်ကုန်မြို့ တွင်ကျင်းပသည့်ပွဲမှာ ကိုးကြိမ်မြောက် ဖြစ်၏။ ဆွေးနွေးပွဲ၏အမည်မှာ9th ASEAN 100 Leadership Forum 2012 ဖြစ်သည်။ ထိုဆွေးနွေးပွဲသို့ အိမ်ရှင်မြန်မာနိုင်ငံမှ ဒုတိယသမ္မတ နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် ဝန်ကြီး များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုဗယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံ တွင်းရှိ အသိပညာရှင်၊ အတတ်ပညာ ရှင်များ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့ နိုင်ငံများမှ  နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးနယ်ပယ်များတွင် ထင်ပေါ် ကျော် ကြားသူများ၊ ပြည်တွင်းပြည်ပမှ စီးပွား ရေးလုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြ ရာ ပါဝင်တက်ရောက်သူ ၂၀၀ နီး ပါးခန့် ရှိပြီးမလေးရှားနိုင်ငံမှ တော်ဝင် အိမ်ရှေ့ မင်းသား Raja Nazrin Shah  ကအဖွင့် အမှာစကား ပြောကြားခဲ့သည်။ ကမ္ဘာ့အခြေအနေ၊ အာဆီယံ အဖွဲ့ကြီး၏ အနေအထား၊ အဖွဲ့ကြီး ဦးတည်ထားသော တစ်ခုတည်းသော အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN  Economic Community-AEC) ဖန်တီးရန် သတ်မှတ်ထား သည့် ၂၀၁၅  ခုနှစ် နီးကပ်လာချိန်တွင် အဖွဲ့ ကြီး၏လားရာ၊ အရှိန်ရနေသော ပြု ပြင် ပြောင်းလဲမှုများကြောင့် နိုင်ငံတကာမှ စိတ်ဝင်စားမှု ပြင်းထန်နေသော အာဆီ ယံ အဖွဲ့ဝင် မြန်မာ့နိုင်ငံ၏ စီးပွားရေး အခြေအနေ အလားအလာများကို ပြောဆိုဆွေးနွေးခဲ့ကြသည်။ အိုင်ဒီယာ များ ဆွေးနွေးကြ၊ ဖလှယ်ကြသည်။ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ တွင်မည်သည့်အချက်များလိုအပ်သည့်၊ မည်သည့်အချက်များကို အဓိက ဦးစား ပေးလုပ်ဆောင်ရန်လိုသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာ့ စီးပွားရေး အဆောက်အအုံထဲ၌ မည် သည့် ကဏ္ဍကို စိတ်ဝင်စားမှု အား ကောင်းနေသည် စသဖြင့် မြန်မာနိုင်ငံ နှင့် ပတ်သက်သမျှ အခြေအနေမျိုးစုံ ပေါ်တွင် အိုင်ဒီယာတို့ကို ကာလာစုံ အောင် တွေ့နေရသည်။
ဤခရီးကြိုတင်ပြီး စီရင်နိုင်ခွင့်ရှိ သော် တက်ရောက်လာသူများ ဆွေးနွေး ခဲ့ကြသည့် မြန်မာနိုင်ငံ၏ စီးပွားရေးပြု ပြင်ပြောင်းလဲရေး အကြောင်းများသည် ပြုပြင်ပြောင်းလဲရေး တာဝန်ရှိသူများ အတွက်  အလွန်အသုံးတည့်နိုင်သော အိုင်ဒီယာများဖြစ်သွားနိုင်သည်။ သတိ ပြုစရာ အဖိုးတန် တုံ့ပြန်ချက် သတင်း အချက်အလက်များလည်း ဖြစ်လာနိုင် သည်။ ပြုပြင်ပြောင်းလဲရေးမူဝါဒ ပျော့ ပျောင်းမှုအတွက် ထိရောက်သော ပံ့ပိုး မှုများလည်း ရလာနိုင်စရာရှိသည်။ လက်ရှိလုပ်ဆောင်နေသော ပြုပြင် ပြောင်းလဲရေးအတွက် လုပ်ဆောင် စရာများပြားစွာရှိသည့်အနက် မည် သည့် အချက်များကို ဦးစားပေးလုပ် ဆောင်ရမည်ဆိုတာကို ဝိုင်းဝန်းစဉ်းစား အဖြေရှာခဲ့ကြသည်။ မူဝါဒနှင့်စည်း မျဉ်းများ ရှင်းရှင်းလင်းလင်း ရှိရေး သည်အလွန် အရေးကြီးကြောင်း၊ ပထမဦးစားပေးလုပ်ဆောင်ရန်လို ကြောင်း၊ ပညာရေးနှင့် ကျွမ်းကျင်မှု ဆိုင်ရာ နယ်ပယ်များတွင် ရင်းနှီးမြှုပ် နှံရေးနှင့် ကောင်းမွန်သည့် အခြေခံ အဆောက်အအုံများ ရရှိရေးတို့သည် ဒုတိယအရေးပါသည့် အခြေအနေများ ဖြစ်ကြောင်းတို့ကို တွေ့ရှိခဲ့ရသည်။နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင်  သဘာ၀ အရင်းအမြစ်များတွင်ရင်းနှီး မြှုပ်နှံမှုသည်အများစု စိတ်ဝင်စားမှုရှိပြီး၊ ခရီးသွား လုပ်ငန်း၊ ပညာရေးနှင့် ကျန်း မာရေးဝန်ဆောင်မှုကဏ္ဍများနှင့် အခြေခံအဆောက်အအုံများ တည်ဆောက် မှုကဏ္ဍသည် ဒုတိယနှင့် တတိယ အနေအထားတွင်ရှိနေသည်ကို တွေ့ ရှိခဲ့ရသည်။ နိုင်ငံ၏ စားနပ်ရိက္ခာရရှိမှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်မှု၊ ဝင်ငွေနှင့် ကျေး လက်ဒေသအလုပ်အကိုင်ဖန်တီး ပေးနိုင်မှုတို့အတွက် အရေးကြီးသည့်    စိုက်ပျိုးရေးကဏ္ဍမှာမူ စိတ်ဝင်စားမှု ဒီဂရီသည် နောက်ဆုံး နေရာတွင်ရှိနေ လေသည်။ ဤအချက်သည် သတိပြု စရာကောင်းသည့် ကြိုတင်သတိပေး ချက်ဖြစ်သည်။ ယခုအချိန်အခါသည် ကမ္ဘာ့နိုင်ငံ များ အားလုံးစီးပွားရေး ကျပ်တည်းမှု ဝေဒနာမှ ဖြေလျော့စပြုချိန် ဖြစ်၏။ မြန်မာနိုင်ငံသည်လည်း   အစိုးရသစ် စီမံအုပ်ချုပ်မှုအောက်တွင် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများဖြင့် ဖွံ့ဖြိုးမှု အတွက် အရှိန်ယူနေချိန် ဖြစ်ကာ     အနောက်နိုင်ငံများနှင့်  အာဆီယံနိုင်ငံ များထံမှ စိတ်ဝင်စားမှုကို  အထူး တလည်ရရှိနေသည့် အချိန်ဖြစ်နေ သည်။  မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးခရီးလမ်းတစ်လျှောက် ခလုတ် မထိဆူးမငြိဘဲ လျှောက်လှမ်းနိုင်ရေး အတွက် ပကတိ အခြေအနေများ၊ လက်ရှိလုပ်ဆောင်စရာများ၊ အနာဂတ် မျှော်လင့်ချက်များ၊ မျှော်လင့်မထားဘဲ ရလာနိုင်သည့် အခြေအနေအကောင်း များ၊ အဆိုးများစသဖြင့် စသဖြင့် စဉ်း စားစရာ များစွာပေါ် လာသည်။*    ဥပဒေစိုးမိုးမှု၊ အခြေခံအဆောက် အအုံများ၊ အင်စတီ ကျူးရှင်း များ ----*    ကမ္ဘာ့ စီးပွားရေး အခြေအနေ၊ အာဆီယံ၊ အာဖတာ၊အေအီးစီ……*    တရုတ်၊အိန္ဒိယ ၊အမေရိကန် --*    အက်(ဖ)ဒီအိုင်ဟုခေါ်သည့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု၊ အိုဒီေ အခေါ် တရားဝင်ဖွံ့ဖြိုးမှု အကူအညီ အထောက်အပံ့များ၊ အတိုးနည်း ချေးငွေများ………*    ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ လယ် ယာစိုက်ပျိုးရေးကဏ္ဍ…… အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ စက်မှုလက်မှုကဏ္ဍ…… စ သဖြင့်၊ စသဖြင့် တွေးတောစရာ အလွန်များ၏။ အနာဂတ်တွင် ဖြစ်လာ နိုင်စွမ်းရှိသည့်  ကြိုတင်နိမိတ်ပြအခြေ အနေများကို ကြိုမြင်နေပြီးဖြစ်သည်။ ကျင်းပပြီးစီးခဲ့သော ASEAN 100 တွေ့ဆုံဆွေးနွေးပွဲမှလည်း မှန်းဆချက် များ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ ဖြစ် ပေါ်လာမည့် အကြောင်းတရား များ ကြောင့် ရရှိလာမည့် အကျိုးတရားများ မှာလည်း ပညာရှင်၊ သုတေသီ၊ ကျွမ်း ကျင်သူများ၏ သေချာလောက်သည့် မှန်းဆချက်များအတူ အထင်အရှား ကြိုတင်မြင်နေရလေပြီ။ မြန်မာနိုင်ငံ အတွက် မြန်မာတို့ ကြိုတင် ပြင်ဆင် နိုင်ခွင့်ရှိ၏။ စီရင်နိုင်ခွင့်ရှိ၏။ စီစဉ် စရာများ ကြိုတင် စီစဉ်ဆောင်ရွက်ရုံ သာရှိလေသည်။