ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန် ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေး အစီအစဉ် ဒေသဆိုင်ရာ ရုံး (UNIAP) တို့မှ ပူးပေါင်းကျင်းပသည့် လူကုန်ကူး မှုတိုက်ဖျက်ရေးဆိုင်ရာဆွေးနွေးပွဲကို မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ် ငန်းရှင်များအသင်းချုပ်ရုံးတွင်ဒီဇင်ဘာလ ၁၄ရက်နေ့ကကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဦးဆောင် ကျင်းပသူအဖြစ် Save The Children မှ ဒေါ်ဆွေဇင်ထိုက်က ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် UNAIP မှ ဒေသ ဆိုင်ရာစီမံကိန်းမန်နေဂျာ မစ္စတာ မက်သရူးဖရက်ဒ်မန်းက "Myanmar Business and Efforts to Combat Slavery"ခေါင်းစဉ်ဖြင့်လည်းကောင်း၊Fortescue Metals Group မှ ဥက္ကဋ္ဌ မစ္စတာအင်ဒရူးဖောရက်စ်က "Why fighting slavery is good business" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက် ရေးအစီအစဉ်ဒေသဆိုင်ရာရုံး၏ထုတ် ပြန်ချက်အရ ကမ္ဘာနှင့်အဝှမ်းတွင် ၂၆ သန်းမကသောလူသားများသည် ခေတ်သစ်ကျေးကျွန်ဘဝသို့ ရောက်ရှိ နေကြကြောင်း၊ နှစ်စဉ် လူ ၂ ဒသမ ၅သန်း၊ နေ့စဉ် လူ ၆၈၀၀ ဦးတို့သည် လူကုန်ကူးခံရလျက်ရှိကြောင်း၊ အာရှ တိုက်အတွင်းမှာပင် ၉သန်းမျှသော ပြည်သူများသည် လူကုန်ကူးခံရသည့် ဘဝတွင် ရှိနေကြောင်း သိရသည်။လူကုန်ကူးမှုပုံစံအမျိုးမျိုးဖြစ်ပွား လျက်ရှိရာ မိမိတို့ဒေသအတွင်း ပြည့် တန်ဆာပြုခြင်း၊ အခြားတစ်နည်းနည်း ဖြင့် ကာမဆိုင်ရာ ကိစ္စပြုခြင်း၊ အဓမ္မ အလုပ်စေခိုင်းခြင်း၊ အဓမ္မဝန်ဆောင်မှု ပေးခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်း စေခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ သူ တစ်ပါးခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း အား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစား ခြင်း၊ စသည်ဖြင့်တွေ့ရှိရပြီး အချို့ဒေသ များတွင် တီဗွီဂိမ်းကစားရာတွင်ပင် လိင်မှုဆိုင်ရာကိစ္စရပ်များတွင် ကလေး သူငယ်များအား မွေးစားရန်ရောင်းဝယ် ခြင်း၊ ကုလားအုတ်ပြိုင်ပွဲ/ဘောလုံးပြိုင် ပွဲများတွင်ပင် ကလေးငယ်များအား အလွဲအသုံးချခြင်း စသည်ဖြင့် ဆန်းပြား သောပုံစံအမျိုးမျိုးဖြင့် လူကုန်ကူးလျက် ရှိကြောင်း သိရသည်။မြန်မာနိုင်ငံသည်လူကုန်ကူးမှုတိုက် ဖျက်ရေးကို ဆောင်ရွက်လျက်ရှိရာတွင် ပထမငါးနှစ်စီမံကိန်းကို ချမှတ်ဆောင် ရွက်ခဲ့ရာ ၂၀၀၈ခုနှစ်တွင် ကျပ်သန်း ပေါင်း ၄၃၇၈ ဒသမ ၅သန်း၊ ၂၀၀၉ ခုနှစ်တွင် ကျပ်သန်းပေါင်း ၅၁၇၂ သန်း၊ ၂၀၁၀ခုနှစ်တွင် ကျပ်သန်းပေါင်း ၄၂၄၃ ဒသမ ၂၈သန်းကို အစိုးရဌာနများ၊ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များ၊ ကု လသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အ စည်းများကသုံးစွဲဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ယခုအခါတွင် နိုင်ငံတော်အစိုးရ မှ လူကုန်ကူးမှုတားဆီးကာကွယ်တိုက် ဖျက်ရေးအတွက် ပြည်တွင်းနှင့် နိုင်ငံ ဖြတ်ကျော်ဖြစ် ပွားသည့်လူကုန်ကူးမှု ပြဿနာ လျော့နည်းပပျောက်ရေး အတွက် ထိရောက်စွာ တားဆီးကာ ကွယ်ရမည်ဟူသည့် ရည်မှန်းချက်ထား ရှိကာ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ ဒုတိယငါးနှစ်စီမံကိန်းအဖြစ် ၂၀၁၂ခုနှစ်မှ ၂၀၁၆အထိ သတ် မှတ်ကာ စီမံချက်များ ချမှတ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။မယ်သီတာ