Main menu

Background

အဂတိမှု ရောင်းလိုအားဘက်

Sun, 01/06/2013 - 06:26 -- ydnar

အဂတိမှုတွင် လာဘ်ယူသူနှင့် လာဘ်ပေးသူ ဟူ၍ နှစ်ဘက်ရှိသည်။ တစ်ဘက်တည်းရှိရုံဖြင့် အဂတိမှု  ဖြစ်မလာနိုင်ပေ။ ဆင်းရဲနိုင်ငံများမှ အဂတိလိုက်စားမှု တိုက်ဖျက်နေသူများအတွက် လာဘ်ယူသူများကို စစ်ဆေးဖော်ထုတ်ရန် ခက်ခဲ နိုင်မည်မဟုတ်သော်လည်း မည်သူတွေက လာဘ် ပေးနေကြတာလဲ ဆိုသည်ကိုတော့  စုံစမ်းဖော် ထုတ်ဖို့လွယ်ကူနိုင်မှာမဟုတ်ပေ။ သို့သော်လည်း ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် အခြေစိုက်ထူထောင် ထားသည့် နိုင်ငံတကာ ပွင့်လင်းမြင်သာဖြစ်ရေး လှုပ်ရှားသူများအုပ်စု (Transparency Inter- national)  က နောက်ဆုံးပြုစုထားသည့် လာဘ် ပေးသူများစာရင်း (Bribe Payers Index)  ကို နိုဝင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ သည်။

ထိုစာရင်းသည်  စီးပွားရေးလုပ်ငန်းရှင် ၃၀၀၀ အား စုံစမ်းမေးမြန်းခဲ့သည့်အပေါ် အခြေ ပြုထားခြင်းဖြစ်သည်။ လုပ်ငန်းရှင်ကုမ္ပဏီများက လာဘ်ငွေပေးခဲ့သည်ဟု ယူဆရသည့် နိုင်ငံ ၂၈ နိုင်ငံကို အဆင့်သတ်မှတ် ဖော်ပြထားခြင်းဖြစ် သည်။ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် တခြားနိုင်ငံ များထက် လွန်ကဲစွာ အဆိုးဝါးဆုံးဖြစ်နေသည်။ ဒတ်ချ်(နယ်သာလန်)နှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ကုမ္ပဏီများမှာ  အသန့်ရှင်းဆုံးဖြစ်နေသည်။ဘယ်လ်ဂျီယံ၊ ဂျာမနီနှင့် ဂျပန်နိုင်ငံကုမ္ပဏီများက နောက်မှကပ်လိုက်ပြီး   ဒုတိယအသန့်ရှင်းဆုံး စာရင်းဝင်နေသည်။ အစိုးရအဖွဲ့များ၏ ကန်ထ ရိုက်လုပ်ငန်းပါဝင်သည့် ဆောက်လုပ်ရေးနှင့်စက်မှု လုပ်ငန်းများသည် အညစ်ပတ်ဆုံးအဂတိမှုများကို ကျူးလွန်ကြောင်း   အံ့သြဖွယ်ကောင်းလောက် အောင် တွေ့ရသည်ဟုဆိုပါသည်။
 
နောက်ဆုံးပြုစုထားသည့်  အဆိုပါစာရင်း သည် ၂၀၀၈ ခုနှစ်ကထုတ်ပြန်ခဲ့သည့်စာရင်းနှင့် သိသာခြားနား သော အပြောင်းအလဲ  တစ်ခုမျှ မတွေ့ရသဖြင့် စိတ်ပျက်စရာဖြစ်နေသည်။ နိုင်ငံ အသီးသီးတွင် အကျင့်ပျက်မှုတိုက်ဖျက်ရေးဥပဒေ များ ရေးဆွဲပြဋ္ဌာန်းခဲ့ကြသည့်ပြင်  နိုင်ငံတကာ အနေဖြင့်လည်း လာဘ်ပေးလာဘ်ယူ တိုက်ဖျက် ရေးလှုပ်ရှားမှုများကို အကြီးအကျယ် လုပ်ခဲ့ကြ သည့်တိုင်  တစ်ကမ္ဘာလုံးအနေဖြင့်  တိုးတက် ပြောင်းလဲမှု မတွေ့ရခြင်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ နိုင်ငံရပ်ခြားအကျင့်ပျက်မှုအက် ဥပဒေ (Foreign Corrupt Practices Act)အရ မကြာသေးမီကပင် တရားစွဲဆို၍ ထောင်ဒဏ်ချ မှတ်ခဲ့သေးသည်။ အမေရိကန်အခြေစိုက် ဆက် သွယ်ရေးလုပ်ငန်းကုမ္ပဏီ၏  အကြီးအကဲဖြစ်သူ ဂျိုဝယ်အက်စ်ကွီနာဆီအား ဟေတီနိုင်ငံပိုင် တယ် လီဖုန်းကုမ္ပဏီအား ဒေါ်လာ ၉၀၀၀၀၀ နီးပါး လာဘ်ထိုးခဲ့သဖြင့် ထောင်ဒဏ် ၁၅ နှစ်အပြစ်ပေး ခဲ့ပြီး သူနှင့်အတူ ပူးပေါင်းကျူးလွန်ခဲ့သူတစ်ဦးကို ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ဗြိတိန်နိုင်ငံတွင်လည်း   ပြင်းထန်သည့် လာဘ်ပေးလာဘ်ယူမှု  ဟန့်တားရေးဥပဒေကို ပြဋ္ဌာန်းထားသည်။ မမှန်မကန်ဆောင်ရွက်မှုများကို ပြင်းထန်စွာ အရေးယူရေးရုံးက လတ်တလော အတွင်းမှာ တရားစွဲဆိုအရေးယူမှုများ ဆောင်ရွက် လာခြင်းဖြင့် ထိုရုံး၏ဂုဏ်သတင်းကို အဖတ်ဆယ် နေကြောင်း  တွေ့ရသည်။ ငါးနှစ်တာအတွင်း အကြီးအကျယ်ပြုပြင်ပြောင်းလဲခြင်းဖြစ်သည်ဟု အဂတိမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အထူးပြု လေ့လာနေသည့်  ဗြိတိသျှစီးပွားရေးပညာရှင် လောရင့်ကော့ကရို့ဖ်က ဆိုပါသည်။ လာဘ်ပေး လာဘ်ယူမှုများ ထူပြောသည်ဟု နာမည်ထွက်ခဲ့ ကြသည့် နိုင်ငံများကလည်း နိုင်ငံတကာစံများနှင့် ကိုက်ညီအောင် ကြိုးပမ်းလာကြသည်။ အနိမ့်ဆုံး အားဖြင့် စာရွက်ပေါ်မှာ စံနှုန်းနှင့်အညီဖြစ်စေရန် ကြိုးပမ်းကြခြင်းဖြစ်သည်။ဆော်ဒီအာရေးဘီးယားနိုင်ငံက အကျင့် ပျက်မှုတိုက်ဖျက်ရေး ဌာနတစ်ခုကို တည်ထောင် ခဲ့သည်။ တရုတ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံက လည်း အကျင့်ပျက်မှုတိုက်ဖျက်ရေးဥပဒေများ ပြ ဋ္ဌာန်းခဲ့သည်။ ရုရှားနိုင်ငံတွင်လည်း  အလားတူ ဆောင်ရွက်ခဲ့ရာ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ (WTO)တွင် အဖွဲ့ဝင်အဖြစ် ရပ်တည်နိုင်စေရန်နှင့် ပဲရစ် အခြေစိုက် စက်မှုနိုင်ငံများ ပါဝင်သည့် OECD အဖွဲ့သို့ ဝင်ခွင့်ရရှိနိုင်ရန် အတွက် ထိုသို့ဆောင် ရွက်ခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ် ကြသည်။ သို့တိုင်အောင် လက်တွေ့အနေဖြင့်မူ တိုးတက်မှု နည်းပါးလွန်းနေသည်။ ဂျာမနီ၊ ဂျပန် နှင့် ဆော်ဒီအာရေးဘီးယားနိုင်ငံတို့သည် ကုလ သမဂ္ဂအဖွဲ့၏ အဂတိလိုက်စားမှုဆိုင်ရာ သဘော တူစာချုပ်ကို  ယနေ့အထိ လက်ခံအတည်မပြုရ သေးကြောင်း နိုင်ငံတကာပွင့်လင်းမြင်သာဖြစ်ရေး အဖွဲ့က ထောက်ပြသည်။OECD အဖွဲ့၏ လာဘ်ပေးလာဘ်ယူ တိုက် ဖျက်ရေးစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် နိုင်ငံ ၃၈ နိုင်ငံထဲမှ သြစတြေးလျ၊  ဘရာဇီးလ်၊ ကနေဒါ၊ မက္ကစီကို၊ တောင်အာဖရိကနှင့် တူရကီတို့ အပါအဝင် နိုင်ငံ ၂၁ နိုင်ငံက အဆိုပါစာချုပ် အတိုင်း အနည်းအကျဉ်းဖြစ်စေ၊ လုံးဝဖြစ်စေ ကျင့် သုံးဆောင် ရွက်ခြင်းမပြုကြပေ။ ကမ္ဘာ့စီးပွားအင် အားအကြီးဆုံးနိုင်ငံများ ပါဝင်သည့် နိုင်ငံ ၂၀ အုပ်စု (G20)အနေဖြင့် ပွင့်လင်းမြင်သာဖြစ်ရေးနှင့် အဂတိမှုတိုက်ဖျက်ရေး  စည်းမျဉ်းဥပဒေများကို တင်းကျပ်စွာ ပြဋ္ဌာန်းဆောင်ရွက်ရန် ကြိုးပမ်းမှုများ သည်လည်း အရာမထင်ခဲ့ပေ။ လာဘ်ပေးမှု အညွှန်းစာရင်း ထုတ်ဝေခြင်း ကို ကြိုဆိုရမှာဖြစ်သော်လည်း လာဘ်ပေးငွေကို လွှဲပြောင်းပေးသည့်ဘဏ်များ၊ အကျင့်ပျက်မှု ဆန့် ကျင်ရေးဥပဒေများကို လက်တစ်လုံးခြား ရှောင်ရှား နိုင်ရန် အကြံပေးနေကြသည့် ဥပဒေအကျိုးဆောင် များစသည့်  အရေးပါသော ကြားပွဲစားများကို ထုတ်ဖော်ရန် ပျက်ကွက်နေဆဲဖြစ်သည်ဟု လန် ဒန်အခြေစိုက်  ကမ္ဘာ့သက်သေအဖွဲ့   (Global Witness) မှ ရောဘတ်ပါးလ်မားက ဝေဖန်သည်။  အစိုးရအဖွဲ့များသို့ ကုမ္ပဏီများက ပေးငွေမှတ်တမ်း နှင့် နိုင်ငံအလိုက်ဆောင်ရွက်မှု အစီရင်ခံစာများ ကို အများပြည်သူသို့ အသိပေးရေးအတွက် ဥပဒေ သစ်များပြဋ္ဌာန်းရန် ကမ္ဘာ့သက်သေအဖွဲ့ဝင် လှုပ် ရှားသူများက တိုက်တွန်းနေကြသည်။Ref; The Economist.