Main menu

Background

တရုတ်-မြန်မာနယ်စပ် ကုန်စည်ပြပွဲမှ လေ့လာတွေ့ရှိခဲ့ရသော အနာဂတ်စီးပွားရေး မျှော်မှန်းချက်များ

Sun, 01/06/2013 - 07:47 -- ydnar

မြန်မာနိုင်ငံ ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့နယ် နှင့် နယ်နိမိတ်ခြင်းထိစပ်လျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်၊ နမ့်စန်မြို့တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာ လနောက်ဆုံးအပတ်၌ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ကုန်စည်ပြပွဲသို့ လင်ချန်းခရိုင်ကွန်မြူနစ်ပါတီ ကော်မတီနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့တို့၏ ဖိတ်ကြားချက်အရ ရှမ်း ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ဝန်ကြီးဦးစိုင်းဆာလူနှင့် ပြည်နယ်လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဦးမျိုးထွန်းတို့ ဦးဆောင်သော ကိုးကန့်နှင့် 'ဝ' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဌများ၊ လားရှိုး၊ လောက်ကိုင်နှင့် ကွမ်းလုံခရိုင် အုပ်ချုပ်ရေးမှူးများ၊ တွဲဘက ်ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လားရှိုး၊ ကွမ်းလုံ၊ လောက်ကိုင်နှင့် မူဆယ်မြို့ပေါ် ရှိ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သော လေ့လာရေးကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်အတွင်းစိုက် ပျိုးရေး၊ ကုန်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ လေ့လာရေးခရီးသွားရောက်ခဲ့ပါတယ်။

လေ့လာရေးကိုယ်စားလှယ်အဖွဲ့သည် တစ်ဖက်နိုင်ငံ၊ နမ့်စန်  မြို့နှင့် မိန်းတိန်မြို့များရှိ သကြားစက်ရုံများ၊ တည်ဆောက်ဆဲသကြား စက်ရုံကြီးများ၊ စက်မှုကုန်ကြမ်းသီးနှံစိုက်ခင်းများ၊ သစ်သီးဝလံစိုက် ခင်းများ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတို့အကြား ဆက်သွယ်ဖောက်လုပ်နေသော မဟာဗျူဟာလမ်း မကြီးများ တည်ဆောက်နေမှုအခြေအနေတို့အား လှည့်လည်လေ့ လာမှုပြုခဲ့ရာ ဖော်ပြပါခရီးစဉ်၌ မြန်မာနိုင်ငံအပေါ်ထားရှိသော တရုတ်နိုင်ငံ၏ အနာဂတ်စီးပွားရေးရည်မှန်းချက်များအား လေ့လာ တွေ့ရှိခဲ့မှုအခြေအနေမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါတယ်-*    လေ့လာရေး ကိုယ်စားလှယ်အဖွဲ့သည် (၂၅-၁၁-၂၀၁၂) ရက် နေ့ ဒေသစံတော်ချိန်နံနက် (၁၀း၀၀)နာရီ၌ နမ့်စန်မြို့ရှိ သကြား စက်ရုံ (၁)ရုံအား လေ့လာခဲ့ရာ ၎င်းင်းစက်ရုံ အထွေထွေမန်နေဂျာ စက်ရုံမှူးနှင့် တာဝန်ရှိသူတို့မှ ရှင်းလင်းဆွေးနွေးတင်ပြရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအတွင်း ဒေသဖွံ့ဖြိုးမှုအဖြစ် ကြံသီးနှံများကွမ်းလုံ ခရိုင်နှင့် လားရှိုးခရိုင်အတွင်း စိုက်ပျိုး ထုတ် လုပ်ရေးအတွက် လိုအပ်သည့်မျိုး၊ နည်းပညာ၊ အရင်းအနှီးများ အား ၎င်း တို့ကုမ္ပဏီမှ ပံ့ပိုးကူညီမည့်အခြေအနေနှင့် လားရှိုး ခရိုင်၊ သိန္နီမြို့နယ်အတွင်း တည်ဆောက်မည့် ခေတ်မီသကြား စက်ရုံအား တရုတ်နိုင်ငံမှ ငွေကြေးနည်းပညာများဖြင့် ပံ့ပိုး ကူညီ တည်ဆောက်ပေးလိုသည့် ရှေ့လုပ်ငန်းစဉ်ရည် ရွယ်ချက် များ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်းတွင် တရုတ်နိုင်ငံ မှ စိုက်ပျိုးရေးနှင့် လမ်းပန်းဆက်သွယ် ရေးလုပ်ငန်းများတွင် လာ ရောက်ရင်းနှီးမြှုပ်နှံလိုသည့် အခြေအနေများ၊လားရှိုးနှင့် ကွမ်းလုံ ခရိုင်အတွင်း စိုက်ပျိုးထွက်ရှိမည့် ကြံသီးနှံများအား ကုန်ကြမ်း အဖြစ် တရုတ်နိုင်ငံမှ တရားဝင်တင်သွင်းမည်ဖြစ်ပြီး သိန္နီ သကြားစက်ရုံမှ ထွက်ရှိသောသကြားများအား တရုတ်နိုင်ငံမှ တရားဝင် တင်သွင်းဝယ်ယူမည့် အခြေအနေများအား တရုတ် နိုင်ငံ၊ လင်ချန်းခရိုင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံနှင့် လားရှိုးခရိုင် တို့အကြား လမ်းပန်းဆက်သွယ်ရေးကောင်း မွန်ရန် အတွက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ အတွင်းရှိ Asia World Co.,Ltd  နှင့် ချိတ်ဆက်ပူးပေါင်းကူညီဆောင် ရွက်နေသည့် အခြေအနေများအား ဆွေးနွေးညှိနှိုင်းချက်အရ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ လမ်း ပန်းဆက်သွယ်ရေးကဏ္ဍများနှင့် ပတ်သက်၍ အနာဂတ် ကာလတွင် နှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ရည်မှန်း ချက်ရှိကြောင်း တွေ့ရှိရပါတယ်။*    ထို့နောက် (၂၆-၁၁-၂၀၁၂)ရက်နေ့ ဒေသစံတော်ချိန် နံနက် (၀၉း၀၀)နာရီတွင် လေ့လာရေးကိုယ်စားလှယ်အဖွဲ့သည် ယူနန် ပြည်နယ်၊ နမ့်စန်မြို့မှ မိန်းတိန်မြို့အကြား လမ်းခရီး၌ တစ်နေ့ ကြံတန်ချိန် (၁၀၀၀၀)ကျ သကြားစက်ရုံ(၁)လုံး စတင်တည် ဆောက်နေမှုအား လေ့လာရာတွင် ယင်းသကြားစက်ရုံ တာဝန် ရှိသူများမှ သကြားစက်ရုံ တည်ဆောက်မည့် မြေနေရာရွေးချယ် ထားမှု၊ ကုန်ကြမ်းအဖြစ်အသုံံးပြုမည့်ကြံများအား ဒေသအတွင်း စိုက်ပျိုး ထားရှိမှု၊ အကယ်၍ ယင်းစက်ရုံ၏ ကြံလိုအပ်ချက်များ ပြည့်မီရေးအတွက်ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် နှင့်ကွမ်းလုံခရိုင် အတွင်းတွင် စိုက်ပျိုး ထုတ်လုပ်ထွက်ရှိလာမည့် ကြံ မျိုးကောင်းမျိုးသန့်များအား တရုတ်နိုင်ငံမှ တရားဝင် တင် သွင်းရန် ရည်ရွယ်ထားမှုအခြေအနေများ၊ယူနန် ပြည်နယ်၊ လင် ချန်းခရိုင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွမ်း လုံနှင့်လားရှိုးခရိုင် တို့အကြား လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် လမ်းများကို တိုးချဲ့တည်ဆောက်နေမှု ပြီးစီးပါက နှစ်နိုင်ငံအကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကြီးမားမည့် အလားအလာများအား ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။ ထို့နောက်မိန်းတိန်မြို့မှ တရုတ်-ချင်းရွှေ ဟော်မြို့သို့သွားသည့် လမ်းဆုံလမ်းဘေးတစ်နေရာတွင် တရုတ် နိုင်ငံမှ ခင်းကျင်းပြသထားသည့် တရုတ်နိုင်ငံ၏အာရှပတ်လမ်း အမြန်လမ်းမကြီး၏ Future Plan  များအား Bill Board များတွင် ချိတ်ဆွဲပြသထားမှုကို တရုတ်နိုင်ငံ တာဝန်ရှိသူတို့မှ ရှင်းလင်းပြသခဲ့ပါတယ်။ ထိုသို့ရှင်းလင်းပြသခဲ့ရာတွင် အဆိုပါ တရုတ်နိုင်ငံ၏ အာရှပတ်လမ်း အမြန်လမ်းမကြီးမှာ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊လာအို၊ ကမ္ဘောဒီးယား၊မလေးရှားနှင့် စင်္ကာပူ နိုင်ငံတို့နှင့် ဆက်သွယ်မည့် အမြန်လမ်းမကြီးဖြစ်ကာ တရုတ် နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ယူနန်ပြည်နယ်၊မြို့တော်  ကူမင်း၊ လင်ချန်းခရိုင်၊ မိန်းတိန်မြို့မှ (တရုတ်)ချင်းရွှေဟော်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊(မြန်မာ)ချင်းရွှေဟော်၊ကွမ်းလုံ၊ သိန္နီ၊ လားရှိုးတို့မှ မန္တလေးအထိလည်းကောင်း၊မန္တလေး နှင့်စစ်ကိုင်း တိုင်းမှ တစ်ဆင့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို လည်း ကောင်း ဆက်သွယ်သွားမည့်လမ်းမကြီးဖြစ်ပေါ်လာရန် တရုတ် နိုင်ငံအနေဖြင့် ရည်မှန်းချက်ထားရှိ ပါတယ်။ယူနန်ပြည်နယ်၊ လင်းချန်းခရိုင်အတွင်းရှိ မိန်းတိန်၊ တရုတ်ချင်းရွှေဟော်အမြန် လမ်းမကြီးတည် ဆောက်ရေးလုပ်ငန်းများတွင်လည်းကောင်း၊ ၎င်း ဒေသအတွင်း မကြာမီ တည်ဆောက်မည့် မြို့ရွာဖွံ့ဖြိုးရေး အိမ်ရာစီမံကိန်းများတွင်လည်းကောင်း၊ မြန်မာနိုင်ငံမှ စီးပွား ရေး လုပ်ငန်းရှင်များအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံလိုပါက  ရင်းနှီးမြှုပ်နှံနိုင်ပါကြောင်း၊ စက်ရုံ၊ အလုပ်ရုံသစ်များ တည် ဆောက်ရေးတွင်လည်း နှစ်ဖက်အကျိုးတူဖက်စပ်လုပ်ငန်းများ လာရောက်လုပ်ကိုင်နိုင်ရန် တရုတ်နိုင်ငံဖက် မှ ဖိတ်ခေါ်နေ သည့် အခြေအနေကို တွေ့မြင်ရပါတယ်။*    အလားတူပင် မကြာမီ အကောင်အထည်ဖော်တော့မည့် အမြန်လမ်းမကြီးသည် ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်၊ တရုတ် ချင်းရွှေဟော်မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွမ်းလုံခရိုင်၊ လားရှိုး ခရိုင်၊ ကျောက်မဲခရိုင်တို့နှင့် မန္တလေး၊ မကွေးတိုင်းတို့ကို ဖြတ် သန်းကာ ရခိုင်ပြည်နယ်(ကျောက်ဖြူ) ရေနက်ဆိပ်ကမ်းမှ တစ်ဆင့် တရုတ်နိုင်ငံ၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ ထွက်ကုန် ပစ္စည်းများအား တင်ပို့ရာတွင် တရုတ်နိုင်ငံဆိပ်ကမ်းများမှ စင်ကာပူနိုင်ငံအနီးရှိ မလက္ကာရေလက်ကြားမှတစ်ဆင့် ခရီးဝေး ပတ်၍ ပင်လယ်ရေကြောင်းခရီးဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်း သို့ ဖြတ်သန်း သယ်ယူရသည်ထက် ရေမိုင်ခရီးအကွာအဝေးကို လျှော့ချနိုင်ခြင်း၊ အချိန်နှင့်စက်သုံးဆီများ ကုန်ကျမှုလျော့နည်း သွားခြင်းစသည့် အကျိုးအမြတ်များ ဖြစ်ပေါ်စေနိုင်မည် ဖြစ် ပါတယ်။*    သို့မှသာ အချိန်တိုတိုအတွင်း တရုတ်နိုင်ငံထွက်ကုန်များ ဖြစ် သည့် ကြာရှည်အထားမခ ံသည့်သစ်သီးဝလံများ၊ ပန်းမန်များ၊ တန်ဖိုးမြင့်သားငါး၊ရေထွက်ပစ္စည်းများ စသည့်ကုန်ပစ္စည်းများ အား တရုတ်နိုင်ငံ၏ နောက်ဖေးပေါက်ဖြစ်သည့် မြန်မာနိုင်ငံ၊ ရခိုင် ပြည်နယ်၊ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တစ်ဆင့် ရေ ကြောင်းခရီးဖြင့် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အရှေ့ အလယ်ပိုင်းနိုင်ငံ များ၊အာဖရိကတိုက်ရှိ နိုင်ငံများ၊ ဥရောပ နိုင်ငံများသို့ ဆက်လက်တင်ပို့နိုင်မည် ဖြစ်သလို တရုတ်နိုင်ငံ အတွက် သွင်းကုန်များကိုလည်း အလားတူ ၎င်းလမ်းကြောင်းမှ တစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ပထဝီအနေအထားအရ အနောက်အာရှ နိုင်ငံများ၊ အရှေ့အာရှနိုင်ငံများ၊ အရှေ့တောင် အာရှနိုင်ငံများအကြား(Transit Trade )ကုန်သွယ်ရေး စနစ် ဖြင့်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် အခွင့်အလမ်း ကောင်းများပေါ်ထွန်းလာနိုင်သည့် နိုင်ငံတစ်ခု ဖြစ်ကြောင်း တရုတ်နိုင်ငံမှ သတ်မှတ်ထားသည်ကို တွေ့ရှိရပါတယ်။*    ၎င်း(Transit Trade )ကုန်သွယ်မှုစနစ်တွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌မြန်မာနိုင်ငံ၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)ဒေသသည် ပထဝီအနေအထားအရ အဓိက အကျဆုံးဒေသတစ်ခုဖြစ်ရာ မကြာမီကာလအတွင်း ဒေသ အတွင်း၌လည်း ထိုသို့ကုန် သွယ်မှုပြုလုပ်ရခြင်းကြောင့် ဒေသ နေ ပြည်သူ များအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာနိုင်ခြင်း၊ လူနေမှု ဘ၀ ပိုမိုမြင့်တက်စေမည့် အခွင့်အလမ်းကောင်းများနှင့် နိုင်ငံ တော်၏နိုင်ငံခြားဝင်ငွေပိုမိုတိုးတက်ရရှိလာမည်ဖြစ်ပြီး ရှမ်းပြည် နယ်၏ စီးပွားရေးမှာလည်း ယခုထက် ပိုမိုဖွံ့ဖြိုး တိုးတက်လာ မည်ဖြစ်ပါတယ်။*    ယနေ့အချိန်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူူနန်ပြည်နယ် မှ ထုတ်ကုန်ပစ္စည်းများအား တင်ပို့ခြင်း၊ မြန်မာနိုင်ငံမှ ထွက်ကုန် ပစ္စည်းများအား ယူနန်ပြည်နယ်အတွင်းသို့ တင်သွင်းခြင်းများ ပြုလုပ်ရာတွင်ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နှင့် တရုတ် နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီ-ကျယ်ဂေါင် လမ်းကြောင်းတို့ အကြား ကုန်သွယ်မှုပြုလုပ်နေလျက်ရှိသလို တရုတ် ချင်းရွှေ ဟော်နှင့် ရှမ်းပြည်နယ ်(မြောက်ပိုင်း)မှ မြန်မာ ချင်းရွှေဟော်တို့ အကြားမှာလည်း နှစ်ဖက်ကုန်သွယ်မှု အသင့် အတင့်ပြုလုပ်မှု ရှိပါ တယ်။ တရုတ်နိုင်ငံအနေဖြင့် ယူနန်ပြည်နယ်၊ တရုတ်ချင်း ရွှေဟော်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မြန်မာချင်းရွှေဟော် တို့အကြား ကုန်သွယ်မှုပမာဏ မြင့်မားစွာဆောင် ရွက်နိုင်ရေး အတွက် ယခုအချိန်တွင် ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့အကြား ဆက်သွယ်ထားသော တရုတ်ချင်းရွှေဟော်-မြန်မာ၊ ချင်းရွှေဟော်-ကွမ်းလုံ၊ သိန္နီ ကား လမ်းအား တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံ Asia World Co,Ltd  မှ အမြန်လမ်းမကြီးအဖြစ် စတင်တိုးချဲ့ ဖောက်လုပ်နေပြီ ဖြစ်ပါတယ်။*    နောင်အနာဂတ်ကာလတွင် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး ရည် မှန်းချက်မှာ ဖော်ပြပါ ယူနန်ပြည်နယ်၊ ကူမင်း မိန်းတိန်-တရုတ်- ချင်းရွှေဟော် အမြန်လမ်းမကြီးမှ တစ်ဆင့် တရုတ်နှင့်မြန်မာ နိုင်ငံအကြား ကုန်ပစ္စည်းများ တင်ပို့ တင်သွင်းမှုပြုလျှင် ကူမင်း- ရွှေလီ- ကျယ်ဂေါင်ခရီးလမ်းမှ တင်ပို့/တင်သွင်း သည်ထက် ခရီး မိုင်ကီလိုမီတာ(၂၀၀)ကျော် ပိုမိုကျုံ့၍ ဆက်သွယ်နိုင်မည်ဖြစ် ရာ တရုတ်နိုင်ငံ အစိုးရအနေဖြင့် ခရီးမိုင် အတိုဆုံးလမ်းမှသာ နောင်တွင် အဓိကကုန်သွယ်မှု ပြုလုပ်တော့မည့် အနေအထား သို့ ရောက်ရှိလာတော့မည် ဖြစ်ပါတယ်။*    တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲနှင့် နယ်နိ မိတ်ထိစပ်နေသော ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် တို့အကြား နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ တစ်ဆင့် တစ်နှစ်လျှင် US$(၁ဒသမ၄ )ဘီလျံကျော်ခန့် ကုန်သွယ်မှု ပြုလုပ်နေသည်ဖြစ်ရာ တစ်နှစ်ထက် တစ်နှစ် နှစ်ဖက်ကုန်သွယ် မှုပမာဏ ကြီးမားများပြားလာပြီး စီးပွားရေးအကျိုး အမြတ် များ ဖြစ်ထွန်းနေသည့် အခြေအနေအပေါ် ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင် ခရိုင်နှင့် နယ်နိမိတ်ထိစပ်နေသော တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျိန်းခမ်းခရိုင်နှင့် လင်ချန်းခရိုင် တို့မှ ခရိုင်ကွန်မြူနစ် ပါတီကော်မတီ နှင့်ဒေသအုပ်ချုပ်ရေးတာဝန် ရှိသူတို့မှ ၎င်းတို့ဒေသအတွင်း အလားတူ မူဆယ်နယ်စပ်ဒေသ ကဲ့သို့ ကုန်သွယ်မှုပမာဏ ကြီးမားကာ စီးပွားရေး အခွင့်အလမ်း ကောင်းများ ဖြစ်ပေါ်စေလိုသည့် ဆန္ဒပြင်းပြလျက်ရှိပါတယ်။ တရုတ် နိုင်ငံအတွင်းရှိ ပြည်နယ် အစိုးရများမှလည်း ၎င်းတို့၏ ပြည်နယ်များတွင် တစ်ပြည်နယ်နှင့် တစ်ပြည်နယ်၊ တစ်ခရိုင်နှင့် တစ်ခရိုင်စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ လမ်းပန်း ဆက် သွယ်ရေးစသည့် ကဏ္ဍစုံ နယ်ပယ်အသီးသီးတွင် စီးပွားရေးတိုး တက်ဖွံ့ဖြိုးရေးအတွက် အပြိုင်အဆိုင် ကြိုးစားအားထုတ်နေရ သည်ဖြစ်ရာ သက်ဆိုင်ရာဒေသများ၌ စီးပွားရေးအခွင့် အလမ်း ကောင်းများရရှိရန် ၎င်းတို့နှင့် နယ်နိမိတ်ထိစပ်နေသော အိမ်နီး ချင်းနိုင်ငံများနှင့် အကျိုးတူစီးပွား ရေးပူးပေါင်း ဆောင်ရွက်နိုင် ရေးအား မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရန် ကြိုးစားအား ထုတ်ကြသည်မှာ တရုတ်နိုင်ငံပြည်နယ် အစိုးရ တို့၏ အနာဂတ်ရည်မှန်းချက် အမှန်ဖြစ ်ပါတယ်။*    သို့မှသာ ယူနန်ပြည်နယ်၊ကူမင်းမြို့တော်မှ အမြန်လမ်း မကြီး သည် ကူမင်း-မိန်းတိန်-တရုတ်ချင်း ရွှေဟော်-မြန်မာချင်းရွှေ ဟော်- ကွမ်းလုံ- သိန္နီ-လားရှိုး-မန္တလေးစသည့် လမ်းမကြီး အတိုင်း ဆက်သွယ် လာပြီး မြန်မာနိုင်ငံအတွင်းရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ရခိုင်ပြည်နယ်တို့မှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာ အတွင်း သို့ ၎င်းတို့၏ ပို့ကုန်/ သွင်းကုန်များကို အချိန်နှင်တစ် ပြေးညီ တင်ပို့၊ တင်သွင်းခြင်းများ ပြုလုပ်လာနိုင်တော့မည်ဖြစ်ပါတယ်။တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ရေရှည် ကုန်သွယ်ရေးလမ်း ကြောင်းများဖြောင့်ဖြူးမြန်ဆန်စွာကုန်းလမ်းမှ ကုန်စည်ပို့ဆောင် ရေးအတွက် မော်တော်ကား လမ်းမကြီးများ အပြင်ရထားလမ်း များကိုပါ ဆက်လက်တိုးချဲ့ ဖောက်လုပ် အကောင်အထည် ဖော်ဆောင်ရွက်မည့်အခြေအနေရှိပါတယ်။ရထားဖြင့် ကုန်စည် ပို့ဆောင်လျှင် ကုန်စည် အများအပြားအား အချိန်တိုအတွင်း သယ်ယူပို့ဆောင်နိုင်သည့် အားသာချက် တစ်ရပ်ရှိရာ ယခု အချိန်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီ၊ ကျယ်ဂေါင်မြို့ မှ နေ၍ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ လားရှိုးခရိုင်၊ ကျောက်မဲခရိုင်တို့မှတစ်ဆင့် မန္တလေးတိုင်း၊ မကွေး တိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းသို့ အရောက် တရုတ်နိုင်ငံ၏ ပို့ကုန်/ သွင်းကုန်များ တင်ပို့နိုင်ရေးအတွက်မီးရထားလမ်းများအား အကောင်အထည် ဖော် ဖောက်လုပ်ရန် စတင်လုပ်ငန်း ဆောင်ရွက်နေပြီ ဖြစ်ပါ တယ်။ထို့အတူ မကြာမီအချိန်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်မှ မြန်မာနိုငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)ကွမ်းလုံ ခရိုင်၊လားရှိုးခရိုင်မှ မီးရထားလမ်းများဖောက်လုပ်၍ ၎င်းနိုင်ငံ ၏ ပို့ကုန်/သွင်းကုန်လုပ်ငန်းများအား အချိန်တိုအတွင်း မြန်မာ နိုင်ငံကို ဖြတ်သန်းကာ မိမိနိုင်ငံ၏ ပင်လယ်ထွက်ပေါက်များမှ တစ်ဆင့် အခြား ကုန်သွယ်ဖက်နိုင်ငံများသို့ ကုန်စည် တင်ပို့/တင်သွင်းမှုပြုရန် အနာဂတ် ရည်မှန်းချက်များ ထားရှိတာကို တွေ့မြင်ရပါတယ်။*    ထို့အပြင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ယခုအချိန်၌ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံးနိုင်ငံတစ်ခုဖြစ် နေရာကြီးမား လှသော ၎င်းတို့၏ထုတ်ကုန်များအား အခြားကုန်သွယ်ဖက် နိုင်ငံများသို့ တင်ပို့ရာတွင် ၎င်းတို့၏လေကြောင်း၊ ရေကြောင်း၊ မီးရထား လမ်းကြောင်း၊ မော်တော်ကားလမ်းကြောင်းစသည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းပေါင်းစုံဖြင့် ကမ္ဘာအရပ်ရပ်ရှိ ကုန်သွယ်ဖက်နိုင်ငံ အသီးသီးတို့နှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ၎င်းတို့၏စီးပွားရေးထုတ်ကုန်များအတွက် ကုန်ကြမ်းပစ္စည်း လို အပ်ချက်၊ စွမ်းအင်လိုအပ်ချက်များမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုကြီးမားလာ သည်ဖြစ်ရာ ဖော်ပြပါ ကုန်ကြမ်းပစ္စည်းများ ရရှိ နိုင်မည့် ကုန်သွယ်ဖက်နိုင်ငံအသီးသီးမှ ရေနံ၊ သဘာဝဓာတ် ငွေ့၊ သတ္တုထွက်ပစ္စည်း၊ လယ်ယာထွက်ပစ္စည်း၊သားငါး ထွက် ပစ္စည်း၊ သစ်တောထွက် ပစ္စည်းများ၊စက်မှုအခြေခံလုပ်ငန်းသုံး ပစ္စည်းများ၊ အထွေထွေကုန်ပစ္စည်းများ၊ဓာတုဗေဒပစ္စည်းများနှင့် အခြားသယံဇာတများစသည်တို့အား တင်သွင်းနိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ လမ်းပန်း ဆက်သွယ်ရေး ဖြောင့်ဖြူး မြန် ဆန်ကောင်းမွန်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင် လည်း အချိန်တိုအတွင်း ခရီးအမြန်ဆုံးကုန်သွယ်မှုပြု လုပ်နိုင် မည့်လမ်းကြောင်းများ မဖြစ်မနေ ရှာဖွေအကောင် အထည်ဖော် နိုင်ရေးစသည်တို့မှာမြန်မာနိုင်ငံအပေါ်ထားရှိသော တရုတ် နိုင်ငံ၏ အဓိကအကျဆုံး အနာဂတ်အတွက် ကုန်သွယ်ရေးနှင့် စီးပွားရေး ရည်မှန်းချက်တစ်ခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါ တယ်။