Main menu

Background

တောရွာ အလင်းဆောင်မယ့် နည်းပညာသစ်များ

Sun, 01/06/2013 - 08:08 -- ydnar

နိုင်ငံတကာစွမ်းအင်အေဂျင်စီရဲ့ အဆိုအရ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ တောရွာ တွေမှာ  နေထိုင်ကြတဲ့  လူဦးရေ သန်း ၅၇၀ ကျော်ဟာ လျှပ်စစ်ဓာတ်အားကိုအသုံးမပြု နိုင်သေးဘူးလို့ သိရပါတယ်။ ဒါကြောင့် တချို့ဒေ သတွေမှာ ကျေးရွာအဆင့် အသေးစားလျှပ်စစ် ဓာတ်အားပေးစနစ် ( mirco-grid) တွေကို ထူ ထောင်ပြီးအသုံးပြုလာကြပါတယ်။ ဥပမာ အိန္ဒိယ နိုင်ငံ Husk Power System  ကုမ္ပဏီဟာ ဒုတိယ ကမ္ဘာစစ်သုံး ဒီဇယ်ဂျင်နရေတာတွေကို စပါးခွံက ထုတ်လုပ်တဲ့ ဘိုင်အိုဒီဇယ်နဲ့ မောင်းနှင်ပြီး တောရွာ တွေမှာ လျှပ်စစ်ဓာတ်အားပေးနိုင်အောင် ဆောင် ရွက်လာခဲ့ပါတယ်။ အဲဒီဂျင်န ရေတာတစ်လုံးဟာ တောရွာရှိ အိမ်ထောင်စု ၆၀၀ ကို လျှပ်စစ်ဓာတ် အားပေးနိုင်တယ်လို့ သိရပါတယ်။ ဆန်စပါးစိုက် ပျိုးနေတဲ့ ဘီဟာပြည်နယ်မှာ အဲဒီမိုင်ခရိုဂရစ် ၅ ခုကို စမ်းသပ်ထူထောင်ခဲ့ရာမှာ အောင်မြင်ခဲ့တဲ့ အတွက် ယခုအခါ ၅၀ ခုအထိ တိုးချဲ့ဆောင်ရွက် ဖို့ စီစဉ်နေပါတယ်။  Husk Power လုပ်ငန်းက အဲဒီဂျင်နရေတာတွေထုတ်လုပ်ရာမှာ ကုန်ကျတဲ့ ငွေရဲ့ ၃၀ ရာခိုင်နှုန်းကို အိန္ဒိယအစိုးရက ပံ့ပိုးခဲ့ တယ်လို့ သိရပါတယ်။ ၆ လအတွင်း အဲဒီလုပ်ငန်း ကအကျိုးအမြတ်တွေ ရရှိခဲ့တဲ့အတွက် ဆင်းရဲနွမ်း ပါးတဲ့ တောရွာဒေသတွေမှာ လျှပ်စစ်ဓာတ်အားရ ရှိရေးပုံစံ (model)   တွေထဲမှာ ရေရှည်ခိုင်မာစွာ အသုံးချနိုင်တဲ့ (Sustainable) ပုံစံတစ်ခုဖြစ်တယ် လို့ ဆိုကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ Emergence Bio Energy လုပ်ငန်းဟာ နွားချေးက ရရှိနိုင်တဲ့ မီသိန်းဓာတ်ငွေ့နဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ စနစ်ကို တီထွင်ခဲ့ပါတယ်။ နွားမွေးမြူတဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ တောရွာသားတစ်ဦးဟာ သူ့နွားမွေးခြံ ကရရှိတဲ့ နွားချေးတွေကနေ မီသိန်းဓာတ်ငွေ့သုံး ဂျင်နရေတာတစ်လုံးကို တည်ထောင်နိုင်ပြီး မိမိရဲ့ နေအိမ်အတွက် လျှပ်စစ်မီးအပြင် ရေခဲသေတ္တာပါ အသုံးပြုနိုင်လို့ နွားခြံကထွက်ရှိတဲ့ နွားနို့တွေကို ကြာရှည်သိုလှောင်ထားပြီး ရောင်းချနိုင်တဲ့ အကျိုး ကျေးဇူး ရရှိနိုင်ပါတယ်။ ပိုလျှံတဲ့လျှပ်စစ်ဓာတ်အား ကိုလည်း အိမ်နီးချင်းတွေကို ရောင်းချပေးနိုင်ပါ တယ်။ မိုဘိုင်းဖုန်းဘက်ထရီတွေကိုလည်း အခ ယူပြီး အားသွင်းပေးနိုင်ပြီး အင်တာနက်ဆိုင်လည်း ဖွင့်နိုင်ပါတယ်။ ဒီလိုတောရွာတွေမှာ မီသိန်းဓာတ် ငွေ့သုံး  လျှပ်စစ်ဂျင်နရေတာတွေ အသုံးပြုနိုင် အောင် အသေးစားငွေချေးဘဏ်တွေဆီက ငွေ ချေးပြီး တည်ထောင်နိုင်တယ်လို့ သိရပါတယ်။အိန္ဒိယနိုင်ငံရဲ့  ကျေးရွာစီမံကိန်း နောက် တစ်ခုကတော့ ကျေးရွာမီးဖိုချောင်တွေမှာ ဓာတ် ငွေ့ (ဂက်စ်) တွေကို အသုံးပြုပြီး ချက်ပြုတ်လာ နိုင်အောင်စီစဉ်ပေးခြင်းပဲဖြစ်ပါတယ်။ အရည် ပြုလုပ်ထားတဲ့ ရေနံဓာတ်ငွေ့ (LPG) တွေကို ထူတဲ့ ဓာတ်အိုးတွေနဲ့ တောရွာတွေအရောက် ဖြန့်ချိပေး ပြီး အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ အိန္ဒိယအစိုးရပိုင်  ရေနံကုမ္ပဏီကြီး လေးခုဟာ ထောင်ပေါင်းများစွာရှိတဲ့ ကျေးရွာ မီးဖိုတွေမှာLPG ဓာတ်ငွေ့နဲ့ ချက်ပြုတ်နိုင်အောင်ကွန်ရက်ကြီး တစ်ခု ဖွဲ့စည်းဆောင်ရွက်ပြီး ဒေသခံလုပ်ငန်းရှင် တွေကတစ်ဆင့် LPG ဓာတ်ငွေ့အိုးတွေကို ရောင်း ချပေးခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဂက်စ်မီးဖိုတွေ အသုံးပြုလာနိုင်တဲ့အတွက်သစ်တောတွေကို ထင်း အဖြစ် ခုတ်ထွင်အသုံးပြုမှုတွေ လျော့နည်းသွားစေ ခဲ့ပါတယ်။အိန္ဒိယနိုင်ငံ လူမှုရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Selco Solar  ကတော့ ကျေးရွာတွေမှာ နေစွမ်း အင်ကိုအသုံးပြုပြီး အပ်ချုပ်စက်တွေ အသုံးပြုလာ နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ Selco Solar  ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး  Harish Hande က "ကျေးရွာတွေကို လျှပ်စစ်စွမ်းအင်တွေ ရရှိအောင် ဆောင်ရွက်ရာမှာ အဓိကအားဖြင့် ဝင် ငွေရရှိနိုင်မယ့်နည်းလမ်းတွေကိုပါ ရှာဖွေပေးသင့် တယ်"လို့ ပြောပါတယ်။လွန်ခဲ့တဲ့တစ်နှစ်က နိုင်ရိုဘီမြို့မှာ ကျင်းပခဲ့ တဲ့ "Lighting  Africa" ညီလာခံမှာ ကျေးလက် တောရွာတွေအတွက် လျှပ်စစ်ဓာတ်အား ထုတ် လုပ်ပေးနိုင်တဲ့ နည်းပညာပစ္စည်းတွေကို ကုမ္ပဏီ ပေါင်း ၅၀ကတင်ပြခဲ့တယ်လို့သိရပါတယ်။ ဆိုလာ ဘက်ထရီတွေရဲ့ ဈေးနှုန်းတွေလည်း ကျဆင်းလာ ပါတယ်။ အဲဒီ ဆိုလာဘက်ထရီတွေကို LED မီးလုံးတွေနဲ့ တွဲဖက်အသုံးပြုရင် ဈေးနှုန်းသက်သာ တဲ့လျှပ်စစ် အလင်းရောင်ကို ရရှိနိုင်ပါတယ်။ လော လောဆယ် D-Light ကုမ္ပဏီက ထုတ်လုပ်တဲ့ ဆိုလာမီးအိမ် တစ်လုံးရဲ့ဈေးနှုန်းဟာ ၁၀ ဒေါ်လာ ရှိနေသေးပေမယ့် တစ်ကမ္ဘာလုံး ကျယ်ကျယ်ပြန့် ပြန့်အသုံးပြုနိုင်ရင် တစ်လုံးကို ၅ ဒေါ်လာအောက် အထိ ကျဆင်းလာနိုင်ကြောင်းပါခင်ဗျား။Ref: The Economist