၂၀၁၂ ခုနှစ်ကုန်လို့ ၂၀၁၃ ခုနှစ် ကို ဝင်ရောက်လာပါပြီ။ နှစ်သစ်မှာ မြင် သာပွင့်လင်း တဲ့အတိုင်း အတာအပြောင်း အလဲဆိုတာတွေ တွေ့ကြုံရတော့မှာပါ။ နှစ်တစ်နှစ်နဲ့ တစ်နှစ် အကူးအပြောင်း မှာ နှစ်ဟောင်း က အတွေ့အကြုံ အဖြစ် အပျက်ဆိုတာတွေကို နှစ်သစ်မှာ မကောင်းတာ ထားခဲ့ပြီး၊ ကောင်းတာ အတုယူ လို့ပြုပြင်သင့်တာပြုပြင်လို့ဆက် လက်ချီတက်ရလုပ်ဆောင်ရ တော့မှာပါ။ စိုက်မလား၊ ရောင်းမလား၊ ဝယ်မလား၊ ပို့မလား၊ သွင်းမလား၊ စိုက်ပျိုး ထုတ် လုပ်သူ၊ ရောင်းသူဝယ်သူ၊ ပို့သူ၊ သွင်းသူ တို့ လက်တွဲညီညီရှေ့သို့ ချီရတော့မှာ ဖြစ်ပါတယ်။ ပခုက္ကူရဲ့ စားဖိုဆောင်သီးနှံ ဖြစ်တဲ့ ကြက်သွန်နီဈေးကွက်ကို ပြန် ကြည့်ရအောင်ပါ။ ပခုက္ကူကို ပေါက်မြို့ နယ်နဲ့ ရေစကြိုမြို့နယ်က အဝင်စုစု ပေါင်းဟာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီမှ ဒီဇင်ဘာလအထိ တစ်နှစ်ပတ်လည် ၈၃၇၆၀၄၅ ပိဿာချိန် စုစုပေါင်း အဝင်ရှိပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ လထဲမှာကို အဝင်ပိဿာချိန် ၆၅၃၀၀၀ ပါ။ ဒီဇင်ဘာလထဲမှာဝင်တဲ့ ကြက်သွန် ကတော့ ချောင်းတွေ ထဲမှာစိုက်တဲ့ ဆောင်း ကြက်သွန်မဟုတ်ဘဲ ကုန်းတွေ မှာစိုက်တဲ့ မိုးစိုက် (ဥစိုက်) ကြက်သွန် အသစ်တွေပါ။ ယခင်နှစ်များနဲ့နှိုင်းယှဉ် ကြည့်ရင် ကြက်သွန်အဝင်အနေနဲ့ နည်း တယ်လို့ သုံးသပ်ရမှာပါ။ ၂၀၁၂ ခုနှစ် အနေနဲ့ အဝင်ပိဿာချိန် ၈၃ သိန်း ကျော်ပဲရှိပါတယ်။ ယခင်နှစ်များ တုန်း ကတော့ အဝင်ပိဿာချိန် သိန်း ၁၀၀ ကျော်ဝင်ခဲ့တာဆိုတော့ အစိုက်နည်း တာလား၊ အထွက်နည်းတာလားဆိုတာ ပြန်လည်ဆင်ခြင် သတိပေး စရာတစ်ခု ပါ။ ယခု ဈေးကွက်ထဲကို ဝင်နေတဲ့ မိုးစိုက် ကြက်သွန်နီတစ်ခုပဲ နီးနီး စပ်စပ် ပြန်ကြည့်ရအောင်ပါ။ မိုးစိုက် ကြက် သွန် ဈေးကွက်ကို စတင်ဝင်ရောက်လာ တော့ ကျွန်တော်ယခင်က ရေးခဲ့ဘူး ပါတယ်။ ခေါင်းကော့၊ ရင်မော့ လက် မထောင်ဝင်လာတဲ့ မိုးစိုက်ကြက်သွန်နီ ဆိုတာလို အတက်ဈေးနဲ့ တစ်ပိဿာ ၁၃၀၀ ကျပ်ထိ ဈေးမြောက်ခဲ့တော့ ကြက်သွန်စိုက်တဲ့ တောင်သူတွေ စဉ်း စားကြပြီ။ တက်ဈေးမိတုန်း အသက် မစေ့ဘဲ ကြက်သွန်ဖော်ပြီး ဝင်လာ တယ်။ အသက်မစေ့ဘဲ ဖော်တော့ အထွက် မပြည့်ဘဲ လျော့တော့တာပေါ့ ဗျာ။ စောစောဖော် ဈေးကောင်းမိရတဲ့ အကျိုးအမြတ်နဲ့ သက်ပြည့်မှ ဖော်၊ အထွက်ပြည့်ပြည့်၀၀ရှိ၊ ကျဈေးမိတဲ့ အကျိုး အမြတ်ယှဉ်ကြည့်ရအောင်ပါ။
တစ်ဧကကို စောစော ဖော်တဲ့ အတွက် အရပိဿာ ၄၀၀၊ အမြင့်ဆုံး ဈေး တစ်ပိဿာ ၁၃၀၀ ကျပ် (၄၀၀x၁၃၀၀ ကျပ် = ၅၂၀၀၀၀ ကျပ်)၊ တစ်ဧကကို အသက်ပြည့်မှ ဖော်တဲ့ အတွက် အရပိဿာ = ၇၀၀ ပိဿာ ကျဈေး၊ နောက်ဆုံးဈေးတစ်ပိဿာ ၇၅၀ ကျပ် (၇၀၀ x၇၅၀ ကျပ် = ၅၂၅၀၀၀ ကျပ်) ၊ ဘယ်ဟာက အကျိုး အမြတ်ပိုရသလဲ၊ ရှင်းပါတယ်။ ဒါက တစ်ခဏတာ အကျိုးအမြတ်၊ ရေရှည် အကျိုးအမြတ်၊ စားသုံးသူအပေါ် ထိ ရောက်လာပါပြီ။အထားခံမလား၊ ဟင်း အနှစ်အဖြစ်သုံးတဲ့ ကြက်သွန်နီ၊ အထု ထောင်းခံ အနှစ်ကောင်းမလား၊သက်တမ်း နု တော့ ငရုတ်ဆုံထဲ ထည့်ထောင်းရင် မကြေညက်ဘဲ အဖတ်လိုက်ဖြစ်တာ ဆိုတာတွေပါ။ မြင်ရတဲ့အကျိုး၊ မမြင် ရတဲ့ အကျိုး ခွဲခြားကြဖို့လိုပါပြီ။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၉ စနေနေ့က ပခုက္ကူမြို့၊ မြို့မလမ်းနဲ့ သတိပဋ္ဌာန် လမ်းထောင့်မှာရှိတဲ့ INGO အဖွဲ့ အစည်းဖြစ်တဲ့ MBCA ရုံးခန်းမမှာ အရည်အသွေးမြင့် ကြက်သွန်နီ စိုက် ပျိုးထုတ်လုပ်မှု ပြိုင်ပွဲလုပ်ငန်းဆိုင်ရာ အစည်းအဝေးဖိတ်ကြားလို့ သွား ရောက် တက်ခဲ့ရပါတယ်။ စားဖိုဆောင် သီးနှံလိုင်းက ကြက်သွန်နီ/ ဖြူရောင်း ကြဝယ်ကြတဲ့ ပွဲစားကြီးများရော၊MAPT က တာဝန်ရှိသူတွေရော တက် ရောက်ကြပြီး၊ ဆိပ်ဖြူမြို့နယ်နဲ့ ပေါက် မြို့နယ်က ကြက်သွန်နီ စိုက်ပျိုးထုတ် လုပ်ကြတဲ့ တောင်သူ ဦးကြီးတွေကို အရည် အသွေးမြင့် ကြက်သွန်နီ စိုက် ပျိုးထုတ်လုပ်ပြိုင်ပွဲကျင်းပတာပါဝင်ယှဉ် ပြိုင်စေပြီး ဆုများပေးအပ်ဖို့ ပြိုင်ပွဲဝင် စည်းကမ်းများ ချမှတ်၊ သတ်မှတ်ပေးဖို့ ကြိုတင်ညှိနှိုင်း စည်းဝေးလုပ်ပါတယ်။ စိုက်ပျိုးပြီးချိန်မှာ တစ်ခါ၊ ကြားကာလ တစ်ခုမှာတစ်ခါ နောက်ဆုံးကြက်သွန် ဖော်တဲ့အချိန်မှာ တစ်ခါ သွားရောက် ကြီးကြပ်ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုများ ပေးအပ်မှာဖြစ်ပါတယ်။ ပထမ ဆု ၃ သိန်း၊ ဒုတိယဆု ၂ သိန်း၊ တတိ ယဆု ၁သိန်းဆုပေးမှာပါ။ ဆုကြေးငွေ ပမာဏဟာ မများပေမဲ့ ယှဉ်ပြိုင်လို စိတ်ရှိဖို့ ဒေသခံတောင်သူတွေ အထွက် တိုးတာကို အားကျအတူယူဖို့ရည်ရွယ် တာလို့ MBCA အဖွဲ့ကရှင်းပြပါတယ်။ နောက်ပိုင်းမှာ အထွက်တိုး၊ အရည် အသွေးမီအောင် စိုက်ပျိုးခဲ့ပုံတွေကို ဆု ရသူများကနယ်မြေမှာလှည့်လည်ဟော ပြောဆွေးနွေးဖို့အထိ ရည်ရွယ်တယ်လို့ ရှင်းပြပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ အကျိုးရှိအောင် ဆောင်ရွက်နေတာ ဖြစ်လို့ ဝမ်းမြောက်ဝမ်းသာ မုဒိတာပွား စရာ ပေါ့ဗျာ။ တစ်ဆက်တည်းမှာပဲ MBCA အဖွဲ့ရဲ့ ချိတ်ဆက်ပေးမှုနဲ့ ဆိပ်ဖြူမြို့နယ်ထဲက ကြက်သွန်နီ စိုက် ပျိုးထုတ်လုပ်တဲ့ ရွာ ၈ ရွာကို အမေရိ ကန် ပြည်ထောင်စု၊ ဘားမောက်ပြည် နယ်မှ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူ မစ္စတာ Howard Martin ကိုယ်တိုင် ရောက်ရှိကွင်းဆင်းပြီး စိုက်ပျိုးပုံနည်း စနစ်၊ အထွက်ဆိုတာတွေကို လေ့လာ မှတ်သားပြီး၊ သူ့နိုင်ငံဘားမောက် ပြည် နယ်မှာ စိုက်ပျိုးပုံနည်းစနစ်နဲ့ယှဉ်ပြီး၊ စိုက်ပျိုးနည်းများ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ သူရှင်းပြတာတွေထဲမှာ သူ့နိုင်ငံစိုက်ပျိုးထွက်ရှိချိန်နဲ့ မြန်မာ ပြည်ရဲ့ စိုက်ပျိုးထွက်ရှိချိန်တွေ တူညီနေ တာကိုရှင်းပြပြီး၊ သဘာဝသြဂဲနစ် နည်းစနစ်ဖြင့် အရည်အသွေးကောင်း ကြက်သွန်နီတွေ စိုက်ပျိုးထုတ်လုပ်ကြဖို့ ဇောင်းပေးဟောပြော သင်တန်းပြုလုပ် သွားတယ်လို့သိရပါတယ်။ ပရိုဂျက်တာ တွေနဲ့ ရှင်းလင်းပြောကြားပြီး၊ သြဂဲနစ် နည်းစနစ်နဲ့ စိုက်ပျိုးထွက်ရှိတဲ့သီးနှံဟာ ဈေးကွက်မှာ ဈေးပိုရကြောင်း ရှင်းလင်း သွားပါတယ်။ မြန်မာပြည်မှာရော ဟိုး ...ယခင်က သဘာဝမြေသြဇာတွေ ဖြစ်တဲ့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်း ဆိတ်ချေး၊ နွားချေး သဘာဝမြေသြဇာတွေ ထည့် မယ်။ နှမ်းဖတ်၊ ပဲဖတ်၊ ဝါစေ့ဖတ်၊ မုံညှင်းဖတ်ဆိုတာတွေ ထည့်သွင်းအသုံး ပြုပြီး စိုက်ပျိုးခဲ့ကြတာ မဟုတ်လား၊ ပြောင်းလဲလာတဲ့ရာသီဥတု ကျရောက် ဖြစ်ပေါ်တတ်တဲ့ ပိုးမွှားရောဂါတွေ ကြောင့်လား၊ မဖြစ်မနေဓာတုပစ္စည်း များ သုံးစွဲလာကြရတာပါ။ သြဂဲနစ်လို့ သာ ဂဃနဏ မသိကြတာပါ။ တစ် ဆက်တည်း Mr. Howard Martin ပြောသွားတဲ့ အထဲမှာ သတိထားရမှာ က မြန်မာနိုင်ငံ ဆောင်းကြက်သွန်စိုက် ထွက်ရှိချိန်ဟာ သူ့နိုင်ငံက ဘားမောက် ပြည်နယ်ရဲ့ စိုက်ပျိုးထွက်ရှိချိန်နဲ့ တူနေ တယ်ဆိုတော့ ဒီအချိန် ဒီကာလ၊ ကိုယ့် နိုင်ငံ ကြက်သွန်ထွက်သလို သူ့နိုင်ငံမှာ လည်း ထွက်ရှိတယ်ဆိုတော့ ဈေးကွက် မှာ တင်ပို့ ယှဉ်ပြိုင်ရောင်းရရင်ဆိုတာ တစ်ခု စဉ်းစားထားသင့်ပါတယ်။ အင်မ တန်သတိပြုရမဲ့အချက်တစ်ခုက မြန်မာ ပြည်ကထွက်တဲ့ထောပတ်ပဲ၊ ပြည်ပဈေး ကွက်မှာ အခြား နိုင်ငံက ထွက်တဲ့ ဝှိုက် ဘီး၊ ဘေဘီလိုင်းမားတို့နဲ့ ယှဉ်ရောင်း တော့အရည်အသွေးအရ မြန်မာ့ ထော ပတ်ပဲဟာ ဈေးထိပ်ဆုံးမှာ ရှိခဲ့ဘူး ပါတယ်။ နောက်ပိုင်းဈေးနှိမ်ချင်တော့ HCN အဆိပ်ဓာတ် ပါတယ်ဆိုပြီး လုပ် ချလိုက်ရော၊ ကိုယ်ပဲခံလိုက်ရပါတယ်။ အရောင်းအဝယ်လောကရဲ့ ဖြစ်တတ် ပျက်တတ်တဲ့ သဘောတရား တစ်ခုပါ။ ဒါတွေကို သတိနဲ့ယှဉ်၊ ဆင်ခြင်နိုင်ပါမှ တော်ကာကျမှာဖြစ်ပါတယ်။ အတား အဆီး အပိတ်အဆို့တွေကို ပယ်ဖျက်တဲ့ သူ့နိုင်ငံပစ္စည်း ကိုယ့်နိုင်ငံပို့၊ ကိုယ့်နိုင်ငံ က ထွက်ကုန် တခြားနိုင်ငံကို ပို့ ကူးလူး ဆက်ဆံရောင်းကြဝယ်ကြတဲ့အခါ သတ်မှတ် စံချိန်စံညွှန်းတွေ တိကျဖို့ ကောင်းကြဖို့လိုနေပြီဖြစ်ပါတယ်။ ယခု ဆိုရင်သတင်းစာ၊ ဂျာနယ်တွေမှာ ဘယ် နိုင်ငံ၊ ဘယ်လုပ်ငန်းရှင်၊ ဘယ်ကုမ္ပဏီ အဖွဲ့များက လာရောက်ဆွေးနွေး ညှိနှိုင်း လေ့လာမှုပြုကြတယ်ဆိုတာတွေ မကြာ ခဏ ထပ်ပြီးတော့ မှတ်နေရပါပြီ။ ကျွန်တော်တို့ဒေသ ပခုက္ကူမှာဆို ကိုယ် သိသလောက် စီးပွားရေးလုပ်ငန်းရှင် စိုက်ပျိုးရေး လုပ်ငန်းရှင်တွေ လာပြီး၊ လေ့လာမေးမြန်း နေတာတွေ တွေ့နေရ ပါပြီ။ သူတို့တစ်တွေလာကြရင် သူတို့ သိတာ ဖြန့်ေ၀ ပေးခဲ့မှာဖြစ်သလို သူတို့ လိုချင်တာကိုလည်း ဥပမာ - ထုတ် လုပ်မှု၊ အရည်အသွေး၊ ဈေးနှုန်း၊ ဈေး ကွက်လိုအပ်ချက်ဆိုတာတွေ ပါသွားမှာ ဖြစ်ပါတယ်။ ကိုယ်စိုက်သလို သူလည်း စိုက်တယ်။ စိုက်ပျိုးထွက်ရှိသလို တင်ပို့ ရောင်းဝယ်တာ တွေရှိမယ်။ ဒီအချိန်မှာ သူထွက်သလို ကိုယ်မထွက်ခဲ့ရင် သူ့ အရည်အသွေးကောင်းသလိုကိုယ့်ဘက် က မကောင်းခဲ့ရင် ဈေးကွက်မှာ ယှဉ် ရောင်းကြတော့ ကိုယ်ပဲခံရ ဆုံးရှုံးကြရ မှာဖြစ်ပါတယ်။ ဒီတော့ ၂၀၁၃ ခုနှစ်၊ နှစ်သစ်မှာ ကျွန်တော်တို့တစ်တွေ စိုက် မှာလည်း၊ ရောင်းမှာလား၊ ဝယ်မှာလား၊ ပို့မှလား၊ သွင်းကြမှာလား၊ စိုက်ပျိုးထုတ် လုပ်သူ၊ ရောင်းသူ၊ ဝယ်သူ၊ ပို့သူ၊ သွင်း သူတွေ လက်တွဲညီညီ ရှေ့သို့ချီကြရ အောင်လားဗျာ။