Main menu

Background

ဒီလိုပုံနဲ့ မိုးကြီးချုပ်ရင်

Wed, 01/09/2013 - 05:38 -- ydnar

၁၉၈၈ ခုနှစ် ဟိုရှေ့ပိုင်းနှစ်များမှာ နိုင်ငံ တော်မှာ ဆိုရှယ်လစ်စီးပွားရေးစနစ် ကျင့်သုံးခဲ့ပြီး၊ ပြည်သူတို့ရဲ့ စားဝတ်နေရေးကို နိုင်ငံတော်မှပင် တာဝန်ယူဖြေရှင်းခဲ့တာ အများအသိဖြစ်ပါတယ်။ ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံနဲ့ ပြည်တွင်းပုဂ္ဂလိလ က ကုန်ထုတ်လုပ်ငန်းတွေက ထုတ်လုပ်တဲ့ ကုန် ပစ္စည်းတွေကိုပဲ သုံးစွဲခဲ့ကြရ ပါတယ်။ ပြည်ပမှ လူသုံးကုန်ပစ္စည်းများ တင်သွင်းခြင်းဟာ အကန့် အသတ်ရှိခဲ့လို့ နယ်စပ်မျဉ်းတွေကနေ အိမ်နီးချင်း နိုင်ငံတွေက ခိုးဝင်လာတဲ့ မှောင်ခိုပစ္စည်းဆိုတာ ရှားပါးပြီး တန်ဖိုးကြီးတယ်။ ဝင်ငွေကောင်းသူ များ သာ ဝယ်ယူအားပေး အသုံးပြုနိုင်ကြပါတယ်။

ပြည်တွင်းစက်မှုလက်မှု လုပ်ငန်းတွေက လည်း ပြည်ပဈေးကွက်ယှဉ်စရာ နည်းပညာ ရယူ စရာတွေမရှိတော့ ကိုယ့်ပြည်တွင်းဖြစ် အချင်းချင်း ပဲ ခိုင်ခန့်မှု၊ တာရှည်ခံမှုတွေကိုသာ  ယှဉ်ပြိုင် အလေးပေး ထုတ်လုပ်ခဲ့ကြရပါတယ်။  ဥပမာ- ပခုက္ကူ၊ မြင်းခြံ၊ မန္တလေးက ကျား၊ မ ရဟန်းစီး သားရေဖိနပ်လုပ်ငန်းများမှာ သဲကြိုး၊ ခေါင်၊ ခါး အာမခံတယ်ဆိုပြီး၊ အပြိုင်အဆိုင် ခိုင်လွန်းအား ကြီးတော့ မုန်းနေအောင်စီးခဲ့ကြရပါတယ်။ ဖိနပ် သဲကြိုးက အာမခံနဲ့မို့မပြတ်ပေမယ့် အပေါ်ခုံက ခြေချောင်း ရာကြီးတွေ  ထင်နေ၊ ခွက်ဝင်နေပြီ၊ အောက်က ဆိုးပြားက ပါးလိုက်လာပြီ။ ဖိနပ် အရောင်ကမရှိ တော့ မိဘများကလည်း ဖိနပ်ဆို တာပြတ်မှ အသစ်ဝယ်ပေးတတ်တာကိုး။  ဒါ တောင် ခုံကသုံးလို့ရ သေးတယ်ဆိုရင် သဲကြိုးပဲ လဲစီးခဲ့ရတာလည်း ရှိသေးတယ်။ ဖိနပ်ပြတ်တိုင်း အသစ်တစ်ရံမှ မဝယ်နိုင်ဘဲ ကိုး။စောင်ရက်တဲ့ ရက်ကန်းလုပ်ငန်းမှာလည်း မြန်မာ့ဖျင်စောင်ဆိုတာ ဝါဂွမ်းကဖြစ်တဲ့ ချည် အစစ်တွေနဲ့ တိုင်၊ ဖောက်ထားကြတယ်။ ရွှေဘို အနောက်လက်၊ ဆိပ်ခွန်၊ ဇောင်တန်း၊ ပလိုင်းစတဲ့ ကျေးရွာတွေမှာ နှစ်နံစပ်ဖျင်စောင် အစင်းကြီးတွေ၊ အကွက်ကြီးတွေ ရက်လုပ်ရောင်းကြတယ်။ ဘယ် နိုင်ငံခြားကစောင်မှ မမြင်ခဲ့ဘူး။ ဒီမြန်မာ့ဖျင်စောင် တွေက ဆောင်းဆိုရင် နွေးပြီး နွေဆိုရင် ချွေး ကလေးနဲ့အေးတယ်။ ဒါပေမယ့်လေးတယ်။ ခရီး ဆောင်မကောင်းဘူး။ လျှော်တဲ့ဖွပ်တဲ့အခါ ပိုလေး တယ်။ ဆိပ်ခွန်အင်ကြင်းတော ဘုရားပွဲနဲ့ ရွှေဘိုမြို့ ဒေါင့်စေတီဘုရားပွဲတွေမှာ စောင်တစ်ထည်ဝယ် ထားပြီးပြီဆိုရင် သားစဉ်မြေးဆက် သုံးပါလေ့။ တော်တော်နဲ့ မစုတ်ပြဲဘူး။ ခိုင်သလား မမေးနဲ့ သူလဲ ခိုင်လွန်းအားကြီးတော့ မုန်းရတာပါပဲ။ အဲဒီ ခေတ် အဲဒီအခါက ဒီလိုဒေသထွက်၊ ပြည်တွင်းဖြစ် မှ မသုံးရင်လဲ အခြားရွေးစရာမှမရှိဘဲကိုး။အဲဒီအချိန်ကာလများက နိုင်ငံပိုင်စက်ရုံ တွေကထုတ်လုပ်တဲ့ ပစ္စည်းတွေလည်းကောင်းကြ တာပါပဲ။ ရွှေဝါဆပ်ပြာ၊ သပြေညို ဆပ်ပြာ၊ မွှေး၊ ကာဘော်လစ်၊ ဆန်းလိုက်ဆပ်ပြာများ၊ အနားပြာ ပေါ်ပလင်၊ တတ်ထရွန်ပိတ်စ၊  လွန်းပျံပုဆိုး၊ နေကြာပန်းစောင်၊ သူ့ခေတ်နဲ့သူတော့ကောင်းကြ တာပါပဲ။ ကောင်းမှာပေါ့ တစ်ယောက်ထဲ  အပြေး ပြိုင်ပြီး ပထမရနေကြတာကိုး။၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရ လက်ထက်မှာ ဈေးကွက်စီးပွားရေးစနစ် ကျင့် သုံးခဲ့တယ်။  နိုင်ငံပိုင်ကဏ္ဍတွေ  လျော့ပေးပြီး၊ ပုဂ္ဂလိကပိုင်ကဏ္ဍကို အားပေးခဲ့တယ်။ ကုမ္ပဏီကြီး ငယ်တွေ တရားဝင်ဖွဲ့ စည်းခွင့်ပေးပြီး သွင်းကုန်ပို့ ကုန်လုပ်ငန်းများ လုပ်ခွင့်ပြုခဲ့တယ်။ နယ်စပ်မြို့များ မှာ မှောင်ခိုဈေးကွက် ပျောက်ပြီး၊ အိမ်နီးချင်းနိုင်ငံ တွေကနေ လူသုံးကုန်ပစ္စည်းအမျိုးစုံဝင်လာတယ်။ ရှေ့ပိုင်းမှာတော့ ပစ္စည်းကောင်းတွေ အမှန်အကန် ခိုင်ခန့် သပ်ရပ်တာလေးတွေ ဝင်ပါတယ်။ ဂျပန် နိုင်ငံထုတ်ပစ္စည်းဆိုရင် ဂျပန်ကနေ ရေလမ်းနဲ့ ဝင်တယ်။ နောက်ပိုင်း ပြည်တွင်းဈေးကွက်က နိုင်ငံ ခြားလုပ်ပစ္စည်းကို ဝယ်လိုအား မြင့်လာတော့ အိမ် နီးချင်းနယ်စပ်မြို့တွေမှာ စက်ရုံခွဲတွေ ဆောက်ပြီး ထိုင်းနိုင်ငံလုပ် ဂျပန်ပစ္စည်း၊ တရုတ်နိုင်ငံလုပ် ဂျပန် ပစ္စည်းများ အရည်အသွေးညံ့ညံ့တွေ ပေါပေါနဲ့ဝင် လာတယ်။နောက်ပိုင်းကျတော့ အဲဒီဘက်က တင်သွင်း လာတဲ့ကုန်သည်တွေကဘဲ  သစ္စာဖောက်သလား၊ အိမ်းနီးချင်းကတင်ပို့တဲ့  ကုန်သည်ကြီးတွေကပဲ ဒီနိုင်ငံကို အထင်သေးတာလား မသိဘူး။ ပစ္စည်း အရည်အသွေးတွေ လျှော့ချ၊ မခိုင်ရင်နေ လှပြီး ဈေးသက်သာရင်ပြီးရောဆိုပြီး၊ ဖြစ်ကတတ်ဆန်း လူသုံးကုန်တွေ သွင်းလာကြတယ်။ ဒီနိုင်ငံကို တင် ပို့ရောင်းချဖို့ ပစ္စည်းအရည်အသွေးက တစ်မျိုး၊ အခြားသော နိုင်ငံတွေကို တင်ပို့ရောင်းချတာကျ တော့ အရည်အသွေးပိုမြင့်ပြီး ထုတ်လုပ်ကြတယ် လို့လည်းကြားရတယ်။ ကိုယ်ကလဲကိုယ် သူကလဲ သူဆိုပါတော့။ ပြည်သူအများစုကတော့ ပစ္စည်း တစ်ခုဝယ် အသုံးပြု ခဏနေပျက်၊ အသစ်ပြန်ဝယ် စနစ်နဲ့ အားပေးနေကြရတယ်။ ဒီဘက်ပိုင်း ပြည်သူတွေက ရွေးချယ်တင် မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ အုပ်ချုပ်တဲ့ အစိုးရလက်ထက်မှာကြတော့ နိုင်ငံတော်ရဲ့ ကုန် သွယ်မှုမြှင့်တင်ရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွား တိုးတက်ရေးအတွက် ဦးတည်ပြီး ပြုပြင်စရာရှိတာ တွေကို ရဲရဲဝံ့ဝံ့ပြုပြင်၊ ဖြေလျော့စရာရှိတာတွေကို မထင်မှတ်လောက်အောင် ဖြေလျော့၊ ဖွင့်ပေး  စရာရှိတာတွေကို သတ္တိရှိရှိ ဖွင့်ပေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို သတ်မှတ်ပြဋ္ဌာန်းပြီး၊ နိုင်ငံ တကာကကုမ္ပဏီလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်နဲ့ ဆိုတော့ နိုင်ငံရပ်ခြား က ပိတ်ဆို့တားဆီးထားတာ တွေကို ပယ်ဖျက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နိုင်ငံတကာ က လုပ်ငန်းရှင်ကြီးတွေ၊ ကုမ္ပဏီတွေ၊ အရောင်း ဆိုင်ပြခန်းတွေမှာ အာမခံချက်ရှိတဲ့ လူသုံးကုန် ပစ္စည်း အမှန်အကန်တွေ တင်သွင်းရောင်းချနေ ကြပါပြီ။ စားသုံးသူလုပ်သားပြည်သူကဘဲဒါတွေကို ဝယ်ယူသုံးစွဲနိုင်ဖို့ ဝယ်ယူနိုင်စွမ်း အားမြင့်အောင် ဝင်ငွေကောင်းကောင်းရှိဖို့ပဲ လိုပါတယ်။ ပြည် တွင်းကုန်ထုတ်လုပ်ငန်းရှင်ကြီး၊ လတ်၊ ငယ်တွေက လည်း သူတို့ပစ္စည်းတွေနဲ့ ဈေးကွက်မှာ အပြိုင် အဆိုင်ယှဉ်ပြိုင်ရောင်းချနိုင်အောင် အရည်အ သွေး မြင့်ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ လိုပါတယ်။ ဒီလို ထုတ်လုပ်နိုင်အောင်လည်း  သူတို့ကို ငွေကြေး အရင်းအနှီးကအစ လူ့စွမ်းအားနဲ့ နည်းပညာဈေး ကွက်တွေ ဝိုင်းဝန်းပံ့ပိုးပေးဖို့ လိုပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ပြည်ပ နိုင်ငံတွေကနေ လာရောက်ရောင်းချတဲ့ ပစ္စည်း အမှန်အကန်တွေကို ဝင်ရောက်ဝယ်ယူသုံးစွဲနိုင် တာက နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ငွေကောင်းတဲ့ လူ တန်းစား လူနည်းစုသာရှိကြောင်း၊ ဓနစည်းမျဉ်းက ပိုင်းခြားပေးပြီးဖြစ်ပါတယ်။ ကျန်တဲ့ပြည်သူအများ စုကတော့  နယ်စပ်က တရားဝင်လမ်းကြောင်း၊ တရားမဝင်လမ်းကြောင်းများမှ ဝင်တဲ့ ပေါ၊ ချောင်၊ ခဏကောင်းတဲ့ ပစ္စည်းတွေနဲ့ပဲ စခန်းသွားနေ ရတယ်။ လူနည်းစုက စူပါ့စူပါကုန်တိုက်ကြီးတွေမှာ Branded  ပစ္စည်းတွေကို  ဈေးဆစ်စရာမလိုဘဲ ဝယ်နေတဲ့အချိန်မှာ အများစုက လမ်းဘေးက လေ ဘေးဖျာပုံအဟောင်းဆိုင်မှာ  တစ်ထည် တစ် ထောင်၊ နှစ်ထည် ထောင့်ငါးရာနဲ့  ဝင်တိုးပြီး၊ ဆောင်းရာသီဒဏ်ကို အံတုနေရတယ်။  စတီး ပစ္စည်းအစစ်တွေ မဝယ်နိုင်လို့ တစ်ထောင်ဖိုး သုံး မျိုးရတဲ့ စတီးရည်သုတ်ဇလုံတွေ၊ ခွက်တွေတိုးဝှေ့ ဝယ်ယူသုံးစွဲနေရတယ်။ဇာတ်သဘင်ထဲက နှစ်ပါးခွင်လိုပါပဲ။ မင်း သားပြိုင်တွေ တစ်လက်ပြီး တစ်လက် ထွက်ပြီး၊ မင်းသမီးတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ သစ္စာတွေတိုင် အပြိုင်ကပြီး၊ မီးရောင်ရှေ့မှာ သီ ကြ၊ ဆိုကြ၊ ကကြနဲ့ပေါ့။ ပြည်သူတွေနဲ့ တူတဲ့ အများစုယိမ်းသမများကတော့ ဘယ်မင်းသားပဲ ဘယ်မင်းသမီးပဲ တက်တက်၊ ဘာသီချင်းပဲဆိုဆို လက်ခုပ်ကလေးတွေ တစ်ဖြောက်ဖြောက်တီးရင်း စီးဝါးလိုက်ရင်းနဲ့ လက်ဖဝါးတော်  နုနုများမှာ အသားမာများလဲ တက်ခဲ့ပေါ့...။ခုလည်း ၂၀၁၂ ခုနှစ်ဆိုတာ ကျော်လွန်လို့ ၂၀၁၃ ခုနှစ်ကူးလာခဲ့ပြန်ပြီ AFTA ဖြစ်လာမယ့် ၂၀၁၅ ဆိုတာ ရက်ပေါင်း ၇၀၀ ကျော်ပဲ ဝေးတော့ တယ်။ အခြားအာဆီယံနိုင်ငံက ထုတ်ကုန်တွေ အခွန်အခစည်းကြပ်ဖို့ မလိုဘဲ လွတ်လပ်စွာ ဝင် ရောက် ရောင်းဝယ်ခွင့်ရလာတော့မယ်ဆိုတော့။ပြည်တွင်းက ကုန်ထုတ်လုပ်ငန်းရှင်တွေ ဈေး ကွက်ယှဉ်ပြိုင်ရောင်းချနိုင်အောင် ဘာတွေ ထုတ် လုပ်ကြမှာလဲ။ပြည်တွင်းစားသုံးသူတွေကတော့ ဘာတွေ ဝယ်ယူစားသုံးကြမှာလဲ..၊ ငယ်ငယ်က သင်ခဲ့ ရတဲ့  ဖတ်စာအုပ်ထဲကအတိုင်း  ပြန်ပြောရရင်  "ဒီလိုပုံနဲ့ မိုးကြီးချုပ်ရင် ..."