Main menu

Background

အိန္ဒိယသို့ သကြားတင်သွင်းမှုအပေါ် သွင်းကုန်ခွန်တိုးမြှင့်ရေး ရုတ်ချည်းဆောင်ရွက်မည်မဟုတ်

Wed, 01/16/2013 - 07:45 -- ydnar

အိန္ဒိယအနေနဲ့ သကြားတင်သွင်းမှုအပေါ် သွင်းကုန်ခွန် ချက်ချင်းကြီး တိုးမြှင့်ကောက်ခံသွားရန် အစီအစဉ်မရှိကြောင်း သိရပါတယ်။

ပြည်ပမှတင်သွင်းသောသကြားဈေးဟာ ပြည်တွင်းထုတ် သကြားထက် သက်သာနေတဲ့အတွက် ပြည်တွင်းသကြား ထုတ်လုပ်သူများက ၎င်းတို့ရဲ့သကြားစက်ရုံများအား အကာ အကွယ်ပေးနိုင်ရေး သကြားသွင်းကုန်ခွန် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ခြင်းအပေါ် ချက်ချင်းကြီး တိုးမြှင့်သွားရန် အစီအစဉ်မရှိကြောင်း စားသောက်ကုန် ဝန်ကြီးဌာနက ပြော ကြားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း တင်သွင်းမှု၊ ထုတ် လုပ်မှုနဲ့ ဈေးနှုန်းများအခြေအနေကို မျက်ခြည်မပြတ် ကြည့်နေပြီး လိုအပ်လျှင်သွင်းကုန်ခွန်ကို မြှင့်တင်ပေးသွားမယ် လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာသကြားအများဆုံး သုံးစွဲသော ဘရာဇီးလ်နိုင်ငံပြီးလျှင် ဒုတိယနေရာမှာရှိနေပြီး သကြားတင်သွင်းမှုအပေါ် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း စည်း ကြပ်လျက် ရှိပါတယ်။ အိမ်နီးချင်းပါကစ္စတန်နိုင်ငံမှ တင်သွင်း သော သကြားဈေးဟာ ပြည်တွင်းဈေးထက် သက်သာနေတဲ့ အတွက် သကြားတင်သွင်းခွန် တိုးမြှင့်ပေးစေ လိုတာလို့ သကြား ထုတ်လုပ်သူများကဆိုပါတယ်။ ၂၀၁၂ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံဟာ သကြား တန် ၅ သိန်း ပြည်ပသို့ တင်ပို့ ခွင့်ပြုထားခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်သကြားတစ် တန်လျှင်FOB ဈေး ၅၀၅ ဒေါ်လာရှိပြီး  အိန္ဒိယစက်ရုံဈေး ဟာ ၅၈၉ ဒေါ်လာ ပေါက်လျက်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ် ကျော်က အိန္ဒိယနိုင်ငံဟာ သကြား တင်ပို့တဲ့နိုင်ငံဖြစ်ခဲ့ရာမှ ၂၀၁၀ ခုနှစ်ခန့်ကစပြီး ပြည်ပမှတင်သွင်းရလျက်ရှိနေပြီဖြစ်ပါ တယ်။ အိန္ဒိယသကြားစက်များအသင်းမှ ၂၀၁၂-၂၀၁၃ ခုနှစ် မှာ အိန္ဒိယနိုင်ငံအနေနဲ့ သကြား တန် ၂၄ သန်းခန့်သာ ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပြီး ယမန်နှစ်က ၂၆ သန်းခန့် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။CMK