Main menu

Background

အခြေခ့လစာ တိုးမြှင့်မှု နဲ့ ထိုင်း အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ

Wed, 01/16/2013 - 09:00 -- ydnar

ထိုင်းနိုင်ငံမှာ ယင်းလပ်ရှင်နာဝပ်ထရာ ဝန်ကြီးချုပ်အဖြစ် ရာထူးလက်ခံပြီးနောက်  အခြေခံလုပ်ခလစာကို တစ်ရက်ဘတ် ၃၀၀ နှုန်းနဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီးပေးဖို့ဆောင်ရွက်ခဲ့ ပါတယ်။ တစ်နိုင်ငံလုံး အတိုင်အတာနဲ့ ဇန်နဝါရီ ၁ ရက်ကစပြီး အခြေခံလစာတွေကိုတိုးပေးလိုက်မယ် ဆိုရင် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း  (SME) ပေါင်း ၂၀၀၀ ကျော် အခက်အခဲနဲ့  ရင်ဆိုင်ရလိမ့်မယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာလအတွင်းက ပြောခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသူတွေက တစ်ရက်အနိမ့်ဆုံး လုပ်ခလစာ ကို ဘတ် ၃၀၀ အထိ တိုးမြှင့်ပေးမယ်ဆိုရင် ဒီအခြေအနေနဲ့ကိုက်ညီအောင် ပြုလုပ်ရပါမယ်။ မဟုတ်ရင် လုပ်ငန်းတွေပိတ်သိမ်းရမဲ့ အခြေအနေရှိတယ်လို့ ထိုင်းဗဟိုဘဏ်အရာရှိတစ်ဦးက ပြောပါတယ်။ ဒီအခက် အခဲက ကျော်လွှားနိုင်ဖို့ အလုပ်သမားရဲ့ ကုန်ထုတ်လုပ်မှုစွမ်းရည်ကို ၈ ရာခိုင်နှုန်းနဲ့ ကုန်ထုတ်လုပ်ငန်းစွမ်းဆောင်ရည်ကို ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်ပေးဖို့လိုမယ်လို့ဆိုပါတယ်။

 
အနိမ့်ဆုံးလစာတိုးမြှင့်လိုက်ရင် ထိခိုက်မှုရှိနိုင်တဲ့ SME  ပေါင်း ၂၀၁၉၃ ခုရှိကြောင်းနဲ့ ဒီလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေတဲ့ လုပ် သားပေါင်း ၅၀၀၀၀ ရှိကြောင်း အလုပ်သမားဝန်ကြီးက ပြောပါ တယ်။  ထိခိုက်မှုအများဆုံးခံရမဲ့ လုပ်ငန်းငါးခုကတော့ မော်တော် ကားအစိတ်အပိုင်းထုတ်လုပ်ရေး၊ အထွေထွေထုတ်လုပ်ရေး၊ လက် လီလက်ကား အရောင်းလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ အစားအစာ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ခလစာ တိုးမြှင့်လာရင် ဖြစ်ပေါ်လာမဲ့ နောက်ဆက်တွဲပြဿနာတွေအတွက် သက်ဆိုင်ရာ တွေက စီစဉ်စဉ်းစားေ ဆာင်ရွက်လျက် ရှိပါတယ်။
အလုပ်သမားဝန်ကြီးဌာနအလုပ်သမားဝန်ကြီးဌာနက အခက်အခဲ လျော့ပါးရေးအတွက် အစီအမံ ၂၇ ခုကို အဆိုပြုတင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ထိခိုက်ခံရတဲ့ ကုမ္ပဏီတွေအတွက် အစိုးရရဲ့အစီအမံတွေက ထိရောက်မှုမရှိဘူး လို့ ထိုင်းစက်မှုလုပ်ငန်းများ၊ ဖက်ဒရေးရှင်း (Federation of  Thai Industries) က ပြောပါတယ်။ အစိုးရရဲ့အစီအမံတွေထဲမှာ ကုန် ထုတ်လုပ်မှုတိုးတက်မှုကို အထောက်အကူဖြစ်အောင် ငွေထုတ် ချေးခြင်း၊ ဈေးကွက်လမ်းကြောင်းသစ်တွေ ရှာဖွေခြင်း၊ ကော်ပိုရိတ် ဝင်ငွေခွန် လျှော့ချခြင်းနဲ့ ငွေပြန်လည်ပေးဆပ်တဲ့ကာလကို တိုးမြှင့် ပေးခြင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။လုပ်ခလစာဟောင်းနဲ့ လစာအသစ်ဖြစ်တဲ့ တစ်ရက် အနိမ့်ဆုံး လုပ်ခလစာဘတ် ၃၀၀ တို့ရဲ့ခြားနားချက်ကို စီးပွားရေးလုပ်ငန်းတွေ က ပေးချေရာမှာ သုံးနှစ်တာကာလအတွင်း အစိုးရကအထောက် အကူပေးသွားဖို့ အလုပ်သမားဝန်ကြီးဌာနက အစိုးရကို အဆိုပြု ထားကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမား အမြဲတမ်း အတွင်းဝန် ဒေါက်တာဆွန်ကီယက်ချာယာဆရီဝေါင်းက ဒီဇင်ဘာ ၁၁ ရက်က ပြောပါတယ်။လုပ်ခလစာတိုးလိုက်တဲ့အတွက် ဖြစ်ပေါ်လာမဲ့ဂယက်ကို သက် သာဖို့အတွက် ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး သဘာပတိ အဖြစ်ဆောင်ရွက်တဲ့ ကော်မတီအစည်းအဝေးမှာ အစီအမံငါးခုကို တင်သွင်းခဲ့ပါတယ်။ဒီအစီအမံတွေထဲမှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ် ငန်းတွေ အတွက် ဟိုတယ်နဲ့ တည်းခိုခန်းခ ဝင်ငွေအပေါ် ကောက်ခံ ခွန်များ လျှော့ချခြင်း၊ ကျွမ်းကျင်လုပ်သားတွေအ တွက် ရွေ့လျား ဆေးခန်းေ တွ ဖွင့်လှစ်ခြင်း၊ ဆွေးနွေးပွဲများအတွက် အသုံးစရိတ် တိုးမြှင့်ပေးခြင်းနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အလုပ်သမားများ အတွက် သက်သာတဲ့ စခန်းချယာဉ်များ  စီစဉ်ခြင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။အကူအညီပေးရေး အစီအစဉ်အရ လစာဟောင်းနဲ့ လစာ သစ်ကြား ကွာခြားချက်ကို အစိုးရက ၂၀၁၃ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်မှာ ၅၀ ရာခိုင်နှုန်းနဲ့ ၂၀၁၅ ခုနှစ်မှာ ၂၅ ရာခိုင်နှုန်း ပံ့ပိုးပေးမှာဖြစ်ကြောင်း ဆွမ်ကီယက်က ပြောပါတယ်။ဇန်နဝါရီ ၁ ရက်ကစပြီး အနိမ့်ဆုံးလစာတွေစပေးရမဲ့ ပြည်နယ် ၇၀ ရှိပါတယ်။ ဒီဒေသတွေက လူမှုဖူလုံေ ရးကြေးပေးတဲ့ SME  ပေါင်း ၃၀၀၀၀၀ ရှိပါတယ်။ ခြားနားချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် အစိုးရက ဘတ်ငွေဘီလီယံ ၅၀ သုံးရမှာဖြစ်ပါတယ်။
ထိုင်းစက်မှုလုပ်ငန်းဖက်ဒရေးရှင်း လုပ်ခလစာခြားနားချက်အတွက် အစိုးရက အလုပ်ရှင်တွေ ကိုကူညီဖို့ ပထမနှစ်မှာ ၇၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်မှာ ၅၀ ရာခိုင်နှုန်းနဲ့ တတိယနှစ်မှာ ၂၅ ရာခိုင်နှုန်း အသီးသီးကူညီထောက်ပံ့ပြီး အလုပ် ရှင်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို တစ်ဆင့်ချင်းစီလျှော့ချဖို့ FTI က အစိုးရ ကို တိုက်တွန်းပါတယ်။ အစိုးရရဲ့အကူအညီက ပထမနှစ်မှာ ဘတ် ၂၄ ဒသမ ၅ သန်း၊ နောက် နှစ်နှစ်မှာဘတ် ၁၈ ဒသမ ၅ သန်းနဲ့ ဘတ် ၇ သန်း အသီးသီးရှိပါတယ်။ ပြည်နယ် ၇၀ မှာရှိတဲ့ SME တွေသာ လူမှုဖူလုံရေးအတွက် အကျုံးဝင်ပြီး အလုပ်သမား ၂ ဒသမ ၂ သန်း ခန့်ထားပါတယ်။အနိမ့်ဆုံးလစာတိုးမြှင့်ရာမှ ဖြစ်ပေါ်လာမဲ့ဂယက်ကို ကာမိဖို့ အတွက် အစိုးရကထောက်ပံ့မှုတွေပေးဖို့ စီးပွားရေးလုပ်ငန်းဆိုင်ရာ ခေါင်းဆောင်တွေက အကြိမ်ကြိမ်တိုက်တွန်းပြောကြားခဲ့ပါတယ်။တစ်ရက် အနိမ့်ဆုံးလုပ်ခ ဘတ် ၃၀၀ သတ်မှတ်တဲ့အတွက် ထိခိုက်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီတာကအကောင်းဆုံး အစီအမံဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေး စက်မှုနဲ့ ဘဏ်လုပ်ငန်း ပူးတွဲအမြဲတမ်းကော်မတီက သုံးသပ်ပါတယ်။"အဆိုပြုချက်တွေကို ပုဂ္ဂလိက ကဏ္ဍက လေ့လာတဲ့အခါ လုပ်ခလစာ တိုးမြှင့်တာကြောင့်ဖြစ်ရတဲ့ အခြေအနေရဲ့ ၁၀ ရာခိုင်နှုန်း ကို ဖြည့်ဆည်းပေးနိုင်တာ တွေ့ရပါတယ်။ အစိုးရကတော့ ၁၀၀ ရာခိုင်နှုန်းဖြည့် ဆည်းပေးနိုင်တယ်လို့ မြင်နေတယ်"ဟု အစိုးရရဲ့ စီမံချက် ၂၇ ချက်နဲ့ပတ်သက်ပြီး FTI  ရဲ့ လုပ်သားရေးရာ ဒုတိယ ဥက္ကဋ္ဌ တာဝီကစ်ချက်တူရာရိုခွန်က ပြောပါတယ်။စီးပွားရေး၊ စက်မှုနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲအမြဲတမ်းကော် မတီအစည်းအဝေးမှာ အစိုးရထံသို့ အချက် ၂၇ ချက်ပါ အဆိုပြု ချက်ကိုတင်သွင်းဖို့နဲ့ ဇန်နဝါရီ ၁ ရက် အကောင်အထည်ဖော်ပြီး အဖြေရှာဖို့ သဘောတူညီမှုရခဲ့တယ်လို့ FTI  ဥက္ကဋ္ဌ ပါယွန်ဆပ် ချက်ဆုတီပေါက ပြောပါတယ်။ FTI ကော်မတီရဲ့ အဆိုပြုချက်တွေထဲမှာ လူမှုဖူလုံရေးရန်ပုံငွေ အတွက် လာမဲ့နှစ်မှာ အစိုးရက ၇၅ ရာခိုင်နှုန်းနဲ့ အလုပ်ရှင်တွေက ၂၅ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်မှာ အစိုးရနဲ့ အလုပ်ရှင် ၅၀း၅၀၊ ၂၀၁၅ ခုနှစ်မှာ အစိုးရနဲ့ အလုပ်ရှင် ၂၅း၇၅ နဲ့ ဒီနောက်ပိုင်းက အလုပ်ရှင် တွေက ၁၀၀ ရာခိုင်နှုန်း ထည့်ဝင်ရေး စတဲ့အချက်တွေ ပါဝင်ပါ တယ်။ဒီရန်ပုံငွေကို သုံးတဲ့အခါ လုပ်ခလစာအနည်းဆုံး သတ်မှတ်မှု ကြောင့် ထိခိုက်ခဲ့တာ စီးပွားရေးလုပ်ငန်းတွေကို တိုက်ရိုက်အကူအညီ ပေးရမှာဖြစ်ပါတယ်။နောက်ပြီး စီးပွားရေးလုပ်ငန်းခွန်ကို သုံးရာခိုင်နှုန်းမှ သုည ဒသမ ၁ ရာခိုင်နှုန်းသို့လျှော့ချဖို့ သုံးနှစ်အတွက် ရေနဲ့လျှပ်စစ်မီးကြေးကို ၅ ရာခိုင်နှုန်း လျှော့ချဖို့၊ လုပ်သား ၂၀၀ အောက် ငှားရမ်းထားတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းအတွက် အခန်းခအခွန်ကို သုံးနှစ်အတွင်း ၅၀ ရာခိုင်နှုန်းလျှော့ချဖို့ SME များအတွက် ချေးငွေဘတ်ဘီလီယံ ၂၀ အတွက်ပေးဆပ်ချိန် ၂၀၁၃ ခုနှစ်ကိုနောက်ဆုံးသတ်မှတ် ချက်ကို နောက် ထပ်သုံးနှစ်တိုးပေးဖို့ SME တွေအတွက် တန်ဖိုးမြှင့်အခွန် ပြန်အမ်းငွေပေးတာကို သုံးနှစ်ထပ်တိုးေ ပးဖို့ အစိုးရကို တိုက်တွန်း ထားပါတယ်။
လုပ်ခလစာ တိုးမြှင့်မှုသက်သာရေး အစီအမံများကို ဝန်ကြီးအဖွဲ့ အတည်ပြုဇန်နဝါရီ ၁ ရက်ကစတင်ကျင့်သုံးခဲ့တဲ့ နေ့စားလုပ်ခ အနိမ့် ဆုံးဘတ် ၃၀၀ကို တစ်နိုင်ငံလုံးမှာ တိုးမြှင့်ဆောင်ရွက်မှုကြောင့် ထိခိုက်မှုရှိခဲ့တဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်း (SME) တွေအတွက် အခွန်သက်သာခွင့် အဆိုပြုချက်ကို ဝန်ကြီးအဖွဲ့က ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၈ ရက်မှာ အတည်ပြုပေးခဲ့ပါတယ်။ အစီအမံ ရဲ့ရည်ရွယ်ချက်က တစ်နှစ်ဝင်ငွေ ဒေါ်လာသန်း ၅၀ မကျော်တဲ့ SME တွေကို အကူအညီပေးဖို့ ရည်ရွယ်တာဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍ က တိုက်တွန်းမှုအရ ဘဏ္ဍာရေးဝန်ကြီးဌာန က ဆောင်ရွက်ပေး တာ ဖြစ်ပါတယ်။အစီအမံတွေထဲမှာ ဝင်ငွေခွန်ကင်းလွတ်ခွင့် ကန့်သတ်ချက်ကို SME များအတွက် တစ်နှစ် ဘတ် ၁၅၀၀၀၀ ကန့်သတ်ထားရာမှ ၃၀၀၀၀၀ အထိ တိုးမြှင့်ပေးတာလည်း ပါဝင်ပါတယ်။ ဝင်ငွေကြေ ညာချက် ဘတ် ၃၀၀၀၀၀ ကနေဘတ် တစ်သန်းအထိကို ၁၅ ရာခိုင် နှုန်းနဲ့ တစ်သန်းကျော်တဲ့သူတွေက ခြားနားချက်အပေါ်မှာ အခွန် ၂၀ ရာခိုင်နှုန်းပေးရမှာ ဖြစ်ပါတယ်။SME တွေအတွက် နုတ်ဖြတ်ခွန် (Withholding Tax)  ကို ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ လျှော့ချပေးမှာဖြစ်ပြီး ပထမနှစ်မှာ ဝယ်ယူတဲ့ စက်ယန္တရားတွေရဲ့ တန်ဖိုးလျှော့ကို ၂၀၁၃ ခုနှစ်ကုန်အထိ ၁၀၀ ရာခိုင်နှုန်းခွင့်ပြုထားမှာ ဖြစ်ပါတယ်။ဒီအစီအစဉ်တွေကို အကောင်အထည်ဖော်ရင် အစိုးရရဲ့အခွန် အကောက်ဝင်ငွေ ဘတ် ၂ ဒသမ ၈ ဘီလီယံ လျော့ကျမှာ ဖြစ်ပါ တယ်။SME တွေကို ပိတ်ရတဲ့အထိဖြစ်လာတဲ့ အကြောင်းတရား က လုပ်ခလစာတိုးမြှင့်တာ တစ်ခုတည်းကြောင့်မဟုတ်ဘူး။ တခြား အကြောင်းတွေ ရှိသေးကြောင်း ဇန်နဝါရီ ၇ ရက်က ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာက ပြောပါတယ်။စက်ရုံတွေပိတ်ရတဲ့ တခြားအကြောင်းအရင်းတွေကို ရှာဖွေဖော် ထုတ်ဖို့နဲ့ SME တွေကို ကူညီနိုင်မဲ့အစီအမံတွေ ဖော်ဆောင်ဖို့ စက်မှုဝန်ကြီးဌာနနဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လို အစိုးရအဖွဲ့အစည်းတွေက ဆောင်ရွက်မယ်လို့ သူမကပြောပါ တယ်။"လုပ်ခလစာတိုးပေးရင် အကျိုးခံစားခွင့်ရှိမယ်။ သူတို့ နေ့စဉ် နေထိုင်စားသောက်စရိတ်အတွက် လုံလောက်တဲ့ ဝင်ငွေရမယ်။ ရေရှည်မှာ လုပ်သားတွေရဲ့ ဝယ်ယူနိုင်စွမ်း မြင့်တက်လာတဲ့ အတွက် ပြည်တွင်းစားသုံး မှု မြင့်တက်လာလိမ့်မယ်"လို့ ယင်းလပ်က ပြော ပါတယ်။ပထမအဆင့်မှာ ဒီမူဝါဒကြောင့်SME တွေအပေါ်မှာ ဂယက် ရိုက်ခတ်လာတာ ကို လေ့လာပြီးလိုက်လျော ညီထွေထိန်းညှိနိုင်အောင် အကူအညီပေးသွားမယ်လို့ သူမက ပြောပါ တယ်။ ရေရှည်မှာ ကုန် ကျစရိတ်လျှော SME တွေရဲ့ ဝင်ငွေတိုးတက်လာမဲ့ နည်းတွေကို ကူညီရှာဖွေပေးမယ်။ ဒီလိုနဲ့ ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မှုစွမ်း ရည်ရလာအောင် ဆောင်ရွက်မယ်လို့ ပြောပါတယ်။