Main menu

Background

တရုတ်နဂါးအတွက် စောင့်ကြည့်ရမည့် အနာဂတ်ဟောကိန်း

Wed, 01/16/2013 - 09:28 -- ydnar

စိန်ခေါ်ချက်များရှိနေဆဲ ပြုပြင်ပြောင်းလဲမှုများစတင်၍ ကမ္ဘာသို့ တံခါးဖွင့်ကာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုအတွက် အားထုတ်ခဲ့သော တရုတ် နိုင်ငံသည် ဖြစ်ထွန်းလာသော ၎င်း၏ ဖွံ့ဖြိုးမှုအရှိန်ကို လည်းထိန်း ထားနိုင်ခဲ့သည့်အနေအထားတွင် ရှိနေ သည်။ လက်ရှိအခြေအနေအားဖြင့်  တရုတ်နိုင်ငံ၌ နိုင်ငံခြား အရန်ငွေ အမေရိကန်ဒေါ်လာ ၃ ထရီလီယံရှိ သည်။ တစ်ကမ္ဘာလုံးရှိဈေးကွက်များသို့ တင်ပို့ထားသောMade in China တံဆိပ်ကပ် တရုတ်ပို့ကုန် ပမာဏမှာ လည်း အများတကာနိုင်ငံများ လိုက်မမီ နိုင်လောက်အောင် ကြီးမားလွန်း၏။ တစ်ကမ္ဘာလုံးနီးပါးတွင် နိုင်ငံပြင်ပသို့ ထွက်၍ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသော စီးပွား ရေးလုပ်ငန်းများ၊ အစီအစဉ်များ မှာလည်း အရေအတွက်အားဖြင့် များ ပြား လွန်းလှသည်။

 
ဤကဲ့သို့ အခြေအနေများ ရှိနေ သည့်တိုင် ယခုအချိန်အထိတရုတ်နိုင်ငံ သည် ဖွံ့ဖြိုးဆဲ နိုင်ငံကြီးတစ်နိုင်ငံသာ ဖြစ်ပြီး စီးပွားရေး အင်အားကြီး စူပါ ပါဝါနိုင်ငံတစ်နိုင်ငံအနေအထား မဟုတ် သေးပေ။ ကမ္ဘာ့လူဦးရေ၏ ၅ပုံတစ်ပုံ မျှရှိသော နိုင်ငံသားများ၏ စားဝတ်နေ မှုများ၊ လူမှုစီးပွားရေး  အခြေအနေ များကို ထောက်ပံ့ပေးနိုင်ရေးနှင့်  ရှုပ် ထွေးလျက် မတည်မငြိမ် ဖြစ်နေသော နိုင်ငံတကာ စီးပွားရေး ဝန်းကျင်တွင် ရရှိနေသည့် ဖွံ့ဖြိုးတိုးတက်မှုကို ဆက် လက်ထိန်းထားရေးအတွက် လုပ်ကိုင် ဆောင်ရွက်စရာများစွာ လိုအပ်နေသေး သည်။ ထို့ကြောင့် တရုတ်နိုင်ငံ အနေ ဖြင့် ကမ္ဘာ့လုံးစီးပွားရေး အဆောက် အအုံထဲတွင် မိမိအခြေအနေနှင့် မိမိ၏ အဆင့်ကို ရယူနိုင်ရန်နှင့်  ကမ္ဘာ့ စီးပွား ရေးတွင် စီးပွားရေး အင်အားကြီး နိုင်ငံ တစ်နိုင်ငံအဖြစ်ထိုက်တန်သည့်နေရာမှ  အခန်းကဏ္ဍရှိစွာ ရပ်တည်နိုင်ရန်မှာ  စိန်ခေါ်ချက် များစွာက တန်းစီစောင့် နေဆဲဖြစ်သည်။ကြုံတွေ့လာနိုင်သည့် စိန်ခေါ်ချက်များကို ရင်ဆိုင်ရာတွင် တရုတ် နိုင်ငံ အနေဖြင့် အောက်ပါ ပြောင်းလဲမှု အခြေအနေ ၄ မျိုးကို တွေ့ကြုံ ရနိုင်ဖွယ်ရှိ၏။
ပထမအတွေ့အကြုံ သဘာဝပတ်ဝန်းကျင်ကို   ကာ ကွယ်မှုပေးနိုင်ရေးနှင့် စွမ်းအင်စူးစိုက်ရ သည့် တည်ရှိပြီးသား စက်မှုလုပ်ငန်းများ ကိုအဆင့်မြှင့်တင်နိုင်ရေးအတွက် တန်ဖိုး နိမ့်ထုတ်ကုန်လုပ်ငန်းများမှနေ၍ အဆင့် မြင့် သယံဇာတများ၊ နည်းပညာများသုံး သည့်   နည်းပညာအဆင့်မြင့် ထုတ်ကုန် များနှင့် ယဉ်ကျေးမှုထုတ်ကုန်များ ထုတ် လုပ်ခြင်း၊ တင်ပို့ခြင်း အရွှေ့အပြောင်း များဖြစ်လာနိုင်သည့် အတွေ့အကြုံသစ် များရှိလာနိုင်သည်။
ဒုတိယ အတွေ့အကြုံ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) တိုးတက်ရေးအတွက် အစိုးရဦး ဆောင် လုပ်ကိုင်ဆောင်ရွက် နေသည့် အခြေအနေမှ  ပုဂ္ဂလိက ကဏ္ဍမှရင်းနှီး မြှုပ်နှံမှုများ တိုးမြင့်ရေးသို့ ပြောင်းရွှေ့မှု များရှိလာနိုင်သည်။ ထို့သို့ ဂျီဒီပီ တိုး တက်ရေး  နောက်သို့သာ  အာရုံစိုက် လိုက်ပါနေမှုသည် သယံဇာတပြုန်းတီး မှု၊ သဘာဝပတ်ဝန်းကျင်  ညစ်ညမ်းမှု ပြဿနာများဖြစ်ပေါ်မူကို ဦးတည်ဖြစ် ပေါ်လာနိုင်ပြီး လိုအပ်ချက်များ လုပ် ဆောင်မှု ပျက်ကွက်ခြင်း၊  ကုန်ထုတ် စွမ်းအားစုများကို  လွဲမှားနေရာချထား ခြင်း၊ အစိုးရဝင်ရောက်လုပ်ဆောင်ချက် များကြောင့် ဈေးကွက်အစီအစဉ်များ လွဲချော်ခြင်းတို့ဖြစ်ကာ မူလရရှိပြီးသား  တည်ငြိမ်၍   ထိရောက်မှုရှိနေသော ဈေးကွက်   အခြေအနေများပေါ်တွင် အနုတ်လက္ခဏာ  သက်ရောက်မှုများ ရှိလာနိုင်သည်။ ပုဂ္ဂလိကရင်းနှီးမြှုပ် နှံမှုတိုးချဲ့လာသောကြောင့် အစိုးရ အနေနှင့် အများပြည်သူ ဆိုင်ရာကိစ္စ များ အတွက် ပြည်သူအသုံးစရိတ်များ ပိုမို သုံးစွဲလာနိုင်ပြီး ရေရှည်ခံ၍ ပိုမို ကောင်းမွန်သော လူမှုစီးပွားဖွံ့ဖြိုးမှု ရရှိလာနိုင် သည် အခြေအနေကောင်း များလည်း ရှိလာနိုင်သည်။တတိယအတွေ့အကြုံ                 ပြန်လည်ဖြည့်တင်းနိုင်စွမ်း မရှိ သော သဘာဝသယံဇာတများကိုသာ အခြေခံ ထားသော  ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများနှင့် တီထွင် ဆန်းသစ်မှုလုပ်ငန်းများကဲ့သို့ သဘာ၀ သယံဇာတကို ထိခိုက်မှုနည်း သော လုပ်ငန်းများကို ပြောင်းလဲ ထူ ထောင်မှုများရှိလာနိုင်သည်။ ဖွံ့ဖြိုးတိုး တက်မှုသာ ပထမအရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေးသည် ဒုတိယ ကိစ္စဟူသည့် မှားယွင်းသော အယူအဆ ကို စွန့်လွှတ်၍ တရုတ်နိုင်ငံ အခြေ အနေနှင့် သင့်လျော်မည့် ပိုမိုကောင်းမွန် သော ဖွံ့ဖြိုးမှုလမ်းကြောင်းကို ရှာဖွေမှု များ ဖြစ်ပေါ်လာနိုင်သည်။  တိုင်းပြည် ၏ စီးပွားရေးအဆောက်အအုံအတွင်း တတိယအဆင့် လုပ်ငန်းများ (ဝန် ဆောင်မှုကဏ္ဍ) ပါဝင်မှု တိုးမြင့်လာ နိုင်ဖွယ်ရှိပြီး တရုတ်လူမျိုးများ၏ နေ့စဉ် ဘ၀ ရပ်တည်မှုတွင်ဝင်ငွေ-အသုံးစရိတ် အချိုးကျဆင်းလာနိုင်သည်။ ထိုအခြေ အနေများမှတစ်ဆင့် ကာဗွန်ထုတ်လွှတ် မှုနည်းသည့် ထုတ်လုပ်မှုနှင့် စဉ်ဆက် မပြတ်တိုးတက်မှုရှိမည့်ပြည်တွင်းထုတ် လုပ်မှု ( ဂျီဒီပီ) အခြအနေ ရရှိလာနိုင် သည်။
စတုတ္ထအတွေ့အကြုံ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လိုအပ်ချက် များကို ဘဝ၏ အဓိကပန်းတိုင်အဖြစ် သဘောထား ဖြည့်ဆည်းနေရာမှ ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်များကို အဓိကမျှော်မှန်းချက်အဖြစ် ဖြည့်ဆည်း လုပ်ဆောင်လာခြင်းများ  ရှိလာနိုင် သည်။ ကနဦးအခြေအနေကာလများ၌ စက်မှုလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက် Industrial Park များထူ ထောင်ရေးကို အားထုတ်ခဲ့ကြပြီး ထိုမှ တစ်ဆင့် နည်းပညာပိုမို အဆင့်မြင့် သော လုပ်ငန်းများအတွက် Science and Technology Park များဖြစ်ပေါ် လာရေးကို ထပ်မံအားထုတ်ခဲ့ကြသည်။ ထိုအခြေအနေများ အလွန်တွင် ယဉ် ကျေးမှုဆိုင်ရာ လုပ်ငန်းများအတွက် Cultural Industrial Park များထူ ထောင်ရေးဖြစ် လာနိုင်သည်။  လူဦးရေ အလွန်များပြား၍ သက်ကြီး ရွယ်အို ကိစ္စများ၊ ချမ်းသာကြွယ်ဝသော လူဦး ရေတိုးတက် များပြားလာခြင်းနှင့် တစ်ဦး ကျ သယံဇာတ သုံးစွဲမှုအားဖြင့် အလွန် နည်းပါးသေးခြင်းစသည့်လက္ခဏာများ ရှိနေသောကြောင့် ကာလရှည် လူမှုရေး တည်ငြိမ်မှုရရှိရန် တရုတ်နိုင်ငံ အတွက် လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ် ငန်းများဖွံ့ဖြိုးလာမှုသည်သင့်လျော်သည် ဟု သုံးသပ်မှုများ၏။
နဂါး နိုးထခဲ့သည်မှစ၍ တရုတ်-အင်္ဂလိပ်   ဘိန်းစစ်ပွဲ (၁၈၄၀-၁၈၄၂) ၏   အကြိမ်၂၀၀ မြောက် နှစ်ပတ်လည်အချိန်၊ ယခုနှစ် ၂၀၁၂ ခုနှစ်မှ စတင်ရေတွက်ပါက  ၂၈ နှစ်ခန့်ကြာပြီးနောက် လာမည့် ၂၀၄၀ ခုနှစ်သည် တရုတ်လူမျိုးများအတွက် သမိုင်းဝင်သည့် ထူးခြားမှုရှိသော အခြေ အနေတစ်ရပ်သာမက ကမ္ဘာ့သမိုင်း၌ တရုတ်လူမျိုးတို့၏ ခေတ်ကာလ ဖန် တီးမှုတစ်ရပ်လည်း ဖြစ်လာနိုင်သည်။ အိပ်ပျော်နေသော  ခြင်္သေ့ကြီးသည် ၁၈၄၀ ခုနှစ်မှစ၍ တဖြည်းဖြည်းနိုးထခဲ့ ပြီဖြစ်သည်။ ဘိန်းစစ်ပွဲပြီးသည့် နောက် နှစ်ပေါင်း ၂၀၀ ကြာမြင့်ခဲ့သည့် ယခု ကဲ့သို့ အချိန်တွင်လည်း အခက်အခဲ ပေါင်းများစွာကို စိတ်ရှည် လက်ရှည် ဆက်လက်သည်းခံကာ  အခြားသောဖွံ့ ဖြိုးရေးနည်းလမ်းပေါင်းများဖြင့် တရုတ် နိုင်ငံသည်ကျယ်ပြန့်လှသော အပြောင်း အလဲ အတွေ့အကြုံများကို ရရှိပေလိမ့် ဦးမည်ဖြစ်သည်။ ှSource: "How Will China Carry Out Its Economic Transition in the Future" by Guo Zillin