Main menu

Background

စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ ဒီထက်နောက်ကျ၍မရတော့ပါ

Wed, 01/16/2013 - 09:32 -- ydnar

မုန့်ဟင်းခါးကြောင့်လား စားတဲ့သူကြောင့်လား ရန်ကုန်မှာနေတဲ့ညီဖြစ်သူဆီက တယ်လီဖုန်းလာလို့ကိုင်ကြည့် တဲ့အခါ လမ်းဘေးဆိုင်မှာရောင်းတဲ့ မုန့်ဟင်းခါးစားပြီးနောက်ပိုင်း တောက်လျှောက်အန်နေရကြောင်း၊ တစ်နေကုန် အန်ချင်ကြောင်း၊ ဘာမှ စားသောက်လို့ မရတော့တဲ့အကြောင်းများ ပြောလာပါတယ်။ ဤကဲ့သို့ဖြစ်ရခြင်းအကြောင်းရင်းကို ကျွန်တော်စဉ်း စားတဲ့အခါမှာ မုန့်ဟင်းခါးကြောင့်လား၊ စားတဲ့သူကြောင့်လားဆိုတာအချက် ၂ ချက် နဲ့ စဉ်းစားခဲ့ပါတယ်။ မုန့်ဟင်းခါးမှာ ပါဝင်တဲ့ ပစ္စည်းတွေမသန့်ရှင်း လို့ဖြစ်တာလား၊ ဒါမှမဟုတ် ဓာတ်မတဲ့တာတွေကြောင့်လား၊ စား သောက်တဲ့ ညီက မုန့်ဟင်းခါးမစားမီ အခြားဓာတ်မတည့်တဲ့အစား အစာတွေ စားမိလို့လား စသဖြင့် စဉ်းစားစရာအကြောင်းတွေ ဖြစ် လာရပါတယ်။

လမ်းဘေးစားသောက်ဆိုင် တချို့ဟာ သန့်ရှင်းမှုပိုင်းမှာ အလွန် အားနည်းတာမြင်ေ တွ့ နေရပါတယ်။ ပေကျံနေတဲ့ လက်နဲ့အစား အသောက်များ ကိုင်တွယ်ရောင်းချနေတတ်ကြပါတယ်။ များသော အားဖြင့် လက်ကနေ တစ်ဆင့်ကူးစက်တတ်တဲ့ရောဂါများ ကပ်ပါလာ တတ်ပြီး စားသုံးသူကိုရောဂါရစေတတ် တာဖြစ်တယ်။ တချို့ဆိုင်တွေ ကျတော့လည်း စားသောက်ကုန်ပစ္စည်းအပိုင်းမှာ ဈေးသက်သာတာ ရှာထားတဲ့အ တွက် မလတ်ဆတ်တော့တာတွေ၊ မူမမှန်တော့တဲ့ပစ္စည်း တွေဖြစ်တဲ့အခါကျတော့ စားသုံးသူမှာ လာပြီး ဒုက္ခရောက်ရကြတော့ တယ်။ အချို့လူများကြတော့လည်း ဘယ်အချိန်မှာပဲ စားစား တစ်ခါ လေးတောင် ဗိုက်မနာကြဘူး၊ လမ်းဘေးဆိုင်တွေမှာဘယ်လိုပဲစားစား ဘာမှဖြစ်စရာအကြောင်းမရှိဘူးလို့ပြောတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီပုဂ္ဂိုလ်တွေ ရောဂါဖြစ်တာမသိသေးတာဖြစ်မယ်၊ ရောဂါဖြစ်တာ သိသွားတဲ့အချိန် မှာ ဆေးမမီတော့တဲ့ဘ၀ ရောက်တတ်ပါတယ်။ ဒါကြောင့် စကားပုံမှာ " အစားမတော်တစ်လုတ်၊ အသွားမတော် တစ်လှမ်း" ဆိုထားတာဖြစ်ပါတယ်။ အခန့်မသင့်ရင် တစ်ခါစားရုံနဲ့ ဝုန်းကနဲ လဲကျပြီး သေဆုံးတဲ့ အဖြစ်တွေကြားဖူးပါတယ်။ ဖြစ်ချင်လျှင် ရေဒူးဆစ်လောက်ရှိတဲ့ ချောင်းထဲ ရေနစ်ပြီး သေဆုံးတဲ့အဖြစ်တွေ ကြားဘူးပါတယ်။ ရှေးလူကြီးသူမများက ပေါ့ပေါ့တန်တန်မစားကြဖို့၊ မလုပ်မကိုင်ကြဖို့ ဆိုဆုံးမခဲ့တာပဲ ဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်များကို ထိခိုက်နစ်နာစေတာမဟုတ်ပါ ကျွန်တော့်မိတ်ဆွေတစ်ဦးမှ "ခင်ဗျားရေးတဲ့ ဆောင်းပါးဖတ် ကြည့်တော့၊ သူများစီးပွားရေးကို ထိခိုက်စရာတွေချည်းပဲဖြစ်နေတယ်၊ သတိလည်းထားပါဦး" လို့စေတနာနဲ့ လာပြောပါတယ်။ ကျွန်တော် လည်းပြန်ရှင်းပြရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ ထိခိုက်စေလိုတဲ့ သဘော၊ နစ်နာစေလိုတဲ့သဘောမပါဝင်တဲ့ အကြောင်း၊ သူများ နိုင်ငံမှာ စားသုံးသူကာကွယ်ရေးအလေးအနက်ထားချိန်မှာ ကိုယ့်ဆီ မှာ စားသုံးသူဘက်မှ အကာအကွယ် ပေးမယ့်လုပ်ငန်းက အားနည်း နေသေးတဲ့အကြောင်းများကိုရှင်းပြခဲ့ပါတယ်။  မြန်မာနိုင်ငံက တင်ပို့ တဲ့ အေးခဲ အမဲသားဟာ ပိုးမွှား ကင်းရှင်းပေးမယ်လို့ တရုတ်နိုင်ငံမှ ရောဂါပိုး ပါလာတယ်ဆိုပြီး ပိတ်ပစ်တယ်။ တစ်ဖက်က ခိုးကြောင်ခိုး ဝှက်ဈေးနှိမ်ဝယ်ပြန်တယ်။ ဘယ်လို နားလည်လို့ရမလဲ။ ဟိုးတလော က ဧရာဝတီတိုင်းဒေသကြီးဘက်က သတင်းတစ်ပုဒ်ကြားရတာ စိတ် မချမ်းသာစရာဖြစ်ခဲ့တယ်၊ ငါးပိရေကျိုပြုလုပ် ရာမှာဓာတ်မြေသြဇာကို အသုံးပြုတယ်ဆိုတာပဲဖြစ်တယ်၊ ပြုလုပ်တဲ့သူတွေစားဖို့ကြတော့ သီးခြားဖယ်ထားတယ် လို့ကြားရပါတယ်။ နေပြည်တော် အထက (၁၄)က ကျောင်းသားမိဘတစ်ဦးရဲ့ ရင်ဖွင့်သံလည်း ထိတ်လန့်စရာ မှတ်သားရပါတယ်။ ငါးတန်းကျောင်းသူလေး တစ်ယောက် နေ့စဉ် အစပ်ချောင်းမုန့် (ကလေးများအခေါ် ဂျူးမြစ်မုန့်) နေ့တိုင်းဝယ်စားခဲ့ ကြောင်း၊လေးလလောက်အကြာ(၂၀၁၂ ခုနှစ် နိုဝင်ဘာလ)မှာ ဗိုက် နာ တယ်ဆိုပြီး ဆေးရုံးအပို့မှာ ကွယ်လွန်သွားကြောင်း စသဖြင့် သတင်းဆိုးများ ကြားကြားနေရတဲ့အတွက်ကြောင့် စားသုံးသူအကာ အကွယ်ပေးရေးအကြောင်းများ ကြားသမျှ၊ သိသမျှ မရေးဘဲ မနေနိုင် ကြောင်းများအား ကျွန်တော့်မိတ်ဆွေကို ရှင်းပြခဲ့ရပါတယ်။
 
သိပ္ပံစမ်းသပ်ခန်းများ ဖြစ်နေသလား ကျွန်တော်တို့နိုင်ငံကို သိပ္ပံစမ်းသပ်ခန်းတစ်ခန်းလို့ သဘောထား ကြလားမသိဘူး၊ ၁၉၈၉ ခုနှစ်ခန့်က ပြင်သစ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုက ငှက်ဖျားကာကွယ်ဆေးကို မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှာ လာရောက်စမ်းသပ် တိုက်ကျွေးကြောင်း ကြားဖူးပါတယ်။ အိမ်နီးနားချင်းနိုင်ငံများမှ လူသုံးကုန် ပစ္စည်းနဲ့ စားသောက်ကုန်ပစ္စည်းများ အသစ်ထုတ်တိုင်း ကျွန်တော်တို့ နိုင်ငံ သားများနဲ့ စမ်းသပ်သွားတာဖြစ်တယ်။ သစ်သီး ကုန်စည်ဒိုင် တစ်ခုက တာဝန်ရှိသူတစ်ဦးနဲ့စကားစမြည်ပြောကြားရင်းနဲ့ တရုတ် နိုင်ငံသား များ ကျွန်တော်တို့ နိုင်ငံအတွင်းပိုင်းမှာ ဖရဲသီးလာရောက် စိုက်ပျိုး လာခြင်း အကြောင်းများအထိ စကားပြောရင်း ရောက်သွားတယ်။ ၎င်းပုဂ္ဂိုလ်မှ ပြောပြရာမှာ တရုတ်စိုက်ပျိုးရေးပညာရှင်များဟာ သူတို့တီထွင်ထုတ်လုပ်လိုက်တဲ့ ဓာတ်မြေသြဇာနဲ့ သီးနှံတွေ စိုက်ပျိုး ပြီးသွားရင် ၎င်းင်းမြေကြီးဟာ မြေဆီဘယ်လောက် ပျက်စီးသွားတယ်၊ ၎င်းင်းမြေကြီးဟာ ဆက်လက်စိုက်ပျိုးလုပ်ကိုင်လို့ ရ/မရဆို တာကို လာရောက်စမ်းသပ်တာဖြစ်ကြောင်း သူ့အမြင်ကို ပြောပြတာဖြစ်ပါ တယ်။ ၎င်းင်းက ဆက်ပြောကြားရာမှာ သူတို့နိုင်ငံ၊ သူတို့မြေကြီး၊ သူတို့ လယ်ယာမြေတွေမှာ စမ်းသပ်လို့ အဲဒီမြေဟာ သုံးစားလို့မရ တော့ဘူးဆိုရင် သူတို့သိပ်နစ်နာမှာတဲ့၊ ကြည့်နေပါတဲ့ သူတို့စမ်းသပ် မှု ပြီးသွားရင် ကျွန်တော်တို့ရဲ့ ဖရဲသီးတွေ ဝယ်မှာမဟုတ်တော့ဘူးလို့ ပြောသွားခဲ့ပါတယ်။ ကုန်စည်ဒိုင်က ပြောသလို မှန်ကန်ခဲ့မယ်ဆိုရင် ကျွန်တော် တို့ဟာ မိအေးနှစ်ခါနာဘဝမျိုးဖြစ်သွားနိုင်ပါတယ်။ လူတွေပါသေတာ မဟုတ်တော့ဘူး၊ မြေကြီးပါ သေသွားမယ်ဆိုရင် ဆိုပြီးတော့ စဉ်းစား မိတိုင်း ဤဆောင်းပါး ရေးဖြစ်သွားတာပါ။ ကျွန်တော်မူဆယ်မြို့မှာ မြင်တွေ့နေရတာက ယခင်ဒီအချိန်ဆိုရင် (ဒီဇင်ဘာ/ ဇန်နဝါရီလ) မြန်မာနိုင်ငံထွက် ဖရဲသီးများ တရုတ်နိုင်ငံပို့ဖို့ (၁၀၅) မိုင်နယ်စပ် ကုန်သွယ်ရေးဇုန်အတွင်း အလွန်စည်ကားနေတဲ့အချိန်ဖြစ်ပါတယ်။ အခုတော့ဖရဲသီးတင်တဲ့ ကားများ ကျိုးတိုးကျဲတဲ၊ ဟိုနားတစ်စီး ဒီနား တစ်စီးသာ မြင်တွေ့နေရတော့တာဖြစ်တယ်။ ဖရဲသီးကုန်သည်တွေရဲ့ ခိုလိုညည်းတွားနေတဲ့အသံသာ မကြားချင်အဆုံးကြားနေရတာဖြစ် တယ်။ ဖရဲသီးကုန်သည်တချို့ မူဆယ်မှာတင်ရတဲ့ ဈေးနဲ့အ ရှုံးခံပြီး ရောင်းချကြကြောင်း စိတ်မကောင်းစွာနဲ့ ကြားသိရပါတယ်။ ကုန်စည် ဒိုင်က မိတ်ဆွေ ပြောသလိုမျိုး ဖရဲစိုက်ပျိုးစမ်းသပ်မှုကြီး တကယ်ပဲ ပြီးဆုံးသွားပြီလို့တောင် ထင်ရလောက်အောင် လက်ရှိအခြေ အနေနဲ့ ကိုက်ညီနေတာကို မြင်တွေ့ရတာဖြစ်ပါတယ်။
ချစ်သူပေးတဲ့လမုန့် တချို့ လူတွေကျတော့လည်း အခြေအနေ တစ်ရပ်ရပ်ကြောင့် အန္တရာယ်ရှိတဲ့ ကိစ္စနဲ့ ကြံဖန်ပြီးလွဲသွားတတ်တာရှိပါတယ်။ တရုတ် နိုင်ငံရွှေလီမြို့က ချစ်သူနှစ်ဦးအကြောင်း ကြားခဲ့ရဖူးပါတယ်။ မိန်း ကလေးတစ်ဦးက နိုင်ငံခြားပညာတော်သင် မသွားခင်လေးမှာ သူမ ရည်းစားကို တရုတ်"လမုန့်" ပေးထား တယ်လို့ဆိုပါတယ်။ ယောကျ်ား လေးကလည်း ချစ်သူပေးထားတဲ့ အမှတ်တရ လက်ဆောင် ဖြစ်တဲ့ အတွက်ဆိုပြီး သေသေချာချာထုပ်ပိုးထားတယ်လို့ဆို ပါတယ်။ နောင် ၂ နှစ်ခန့်အကြာ မိန်းကလေးဖြစ်သူ ဟာ နိုင်ငံခြားပညာတော် သင်မှပြန်လာပြီး လက်ထပ်ပွဲလုပ်မယ့် အချိန်မှာ လက်ဆောင်ရတဲ့ တရုတ်လမုန့်ထုပ်ကိုဖြေကြည့်ကြရာ မပျက်စီးဘဲ နဂိုမူလထားတဲ့ အတိုင်းရှိနေတာ တွေ့ရတယ်လို့ဆိုပါတယ်။ ထူးခြားသည်မှာ တရုတ် လမုန့်ဟာ ၂ နှစ်အတွင်း မပုပ်မသိုးဘဲ ဒီအတိုင်း ရှိနေခြင်းပဲ ဖြစ်ပါ တယ်။အကယ်၍သာချစ်သူပေးတဲ့မုန့်ဆိုပြီးစားမိတယ်ဆိုရင် တာရှည် ခံအောင် ထည့်ထားတဲ့ ဓာတုပစ္စည်းတွေကြောင့် ယောကျ်ားလေးဟာ လူ့လောကကြီးမှ အပြီးအပိုင်ထွက်ခွာပြီး ဖြစ်နေပါလိမ့်မယ်။ အထက် ဖော်ပြပါတရုတ် "လမုန့် " အတော်များများကို ကျွန်တော် တို့ မြန်မာ နိုင်ငံေ ဈးကွက်ထဲမှာ မြင်တွေ့ေ နရတာ စိတ်မချမ်းသာစရာကောင်းလှ ပါတယ်။ ဒီမုန့်ကြောင့် ကင်ဆာလို ရောဂါမျိုးခံ စားခဲ့ရတဲ့ မြန်မာ နိုင်ငံသားတွေ ဒုနဲ့ဒေးရှိနေမှာဖြစ်တယ်။ ဒါကြောင့် ဒီလိုအလွန် တရာမှ အန္တရာယ်များလှတဲ့ အစားအသောက်တွေ အကြောင်းကို များများပြော များများရေးဖို့အကြောင်းဖြစ်လာရတာဖြစ်ပါတယ်။ စစ်သားတွေ စစ်မြေပြင်မှာ အသွားမတော်လို့ မိုင်းနင်းမိပြီး သေခဲ့ရင် ကံဆိုးတယ်လို့ပြောရေ ပမယ့် မြန်မာနိုင်ငံသားတစ်ယောက် မြန်မာ နိုင်ငံ အတွင်းမှာနေပြီး နိုင်ငံခြားကလာတဲ့ တရုတ်လမုန့် စားပြီးသေ တယ်ဆိုရင် " ကံဆိုးတယ်" လို့ သတ်မှတ်လို့ရနိုင်မှာလား၊ မသိ နားမလည်လို့ စားမိပါတယ်ဆိုတဲ့ နောင်တစကား များ မထွက်လာမီ ကျွန်တော်တို့အားလုံးမှ ပညာပေးတန်ပေးရမှာဖြစ်ပါတယ်။ လိုအပ် ရင် မီဒီယာများမှ ကျယ်ကျယ်ပြန့်ပြန့်ရေးသားပြောဆိုအသိပေးဖို့ လုပ်ကြရမှာဖြစ်ပါတယ်။
အစစ်နဲ့အတု ၂၁ ရာစုဟာ အံ့မခန်းအောင်တိုးတက်ခဲ့ပါတယ်။ ကျွန်တော်တို့ စားနေတဲ့ဆန်တောင်မှ အတုလုပ်ပြီး ဈေးကွက်ထဲတင်ပို့ဖို့အထိဖြစ် လာခဲ့တယ်။ အစစ်နဲ့ အတုခွဲခြားလို့မရအောင်လဲ လုပ်လာနိုင်ကြ တယ်။ ၂၀၁၂ ခုနှစ် (၁၂) ကြိမ်မြောက် မြန်မာ-တရုတ်ကုန်စည် ပြပွဲကြီးမှာ တရုတ်နိုင်ငံဖက်မှ(၂၂) ဘီးကုန်တင်ယာဉ်ကြီးတွေလာရောက် ပြသပါတယ်။ ရောင်းဈေးကတော့ မြန်မာကျပ်ငွေနဲ့ သိန်း ၇၂၀ ဖြစ်ကြောင်းသိရပါတယ်။တစ်ယောက်ကလာရောက်ပြသတဲ့ ကုမ္ပဏီ ကို "မများလွန်းဘူးလား"လို့မေးခဲ့ရာ တရုတ်ကုမ္ပဏီဖက်မှ"ဒီမော် ဒယ်လ်၊ ဒီပုံစံအတိုင်းပဲ ကျပ်သိန်း (၂၀၀) နဲ့ မှာမယ်ဆိုရင် ထုတ်ပေး လို့ရပါတယ်" လို့ ပြန်ပြောတယ်လို့ ကြားသိခဲ့ရပါတယ်။ ကုန်ပစ္စည်းအတုတွေဟာ နေရာတကာမှာ အလွယ်တကူ ဝယ် ယူလို့ရနေပြီဖြစ်တယ်။ ကျန်တဲ့ကုန်ပစ္စည်းတွေထက် ဆေးဝါးနဲ့ စား သောက်ကုန်တွေက ပိုပြီးလူကို အန္တရာယ်ပေးနေတာဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆေးဝါးအတုတွေအကြောင်း မကြာခဏ ပြော ဆိုသံများ ကြားရတတ်ပါတယ်။ လူကိုအန္တရာယ်ပြုတဲ့အသံမကြား ပေမယ့် ဆေးမတိုးဘူးဆိုတဲ့ အသံတွေ ပတ်ဝန်းကျင်မှာ ကြားနေရ တာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အတုဟာအတုပဲ ဆိုတာ သတိလက် လွတ်မဖြစ်ဖို့ အရေးကြီးတာဖြစ်တယ်။ အထူးသဖြင့် အစားအသောက်ဟာ လူ့အသက်ကို အန္တရာယ် အပေးနိုင်ဆုံးဖြစ်တယ်။ လူများအသက်ရှင်နေထိုင်ရေးအတွက် အစား အသောက်ကို စားသောက်နေရတာဖြစ်တယ်။ ဒါ့ကြောင့် မရှိမဖြစ် စားသောက်ကုန် ပစ္စည်းများ ဘေးကင်းလုံခြုံစွာ စားသောက်နိုင် ရေးဟာလူတိုင်းနဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။ ယခုခေတ်မှာ အသင့် စားသုံးနိုင်တဲ့ စားသောက်ကုန်ပစ္စည်းများ ကျယ်ကျယ်ပြန့်ပြန့် စား သုံးမှုများလာသလိုအစားအသောက်ကနေဖြစ်ပေါ်လာရတဲ့အန္တရာယ် များလည်း တိုးလာတယ်လို့ ပညာရှင်များက မှတ်ချက်ပြုကြပါတယ်။ ၎င်း အန္တရာယ်တွေအနက် အဓိက ၃ မျိုးမှာ ဓာတုအန္တရာယ် (Chemical Hazards) ၊ ဇီဝအန္တရာယ်  (Biological Hazards)၊ ရုပ် ပစ္စည်း အန္တရာယ် (Physical Hazards)တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ပညာရှင်များရဲ့အဆိုအရ အစားအသောက်ထဲမှာ ဓာတုညစ်ညမ်းမှု (Chemical Contaminants) ကို ၄ မျိုးခန့် ထပ်မံခွဲခြမ်းလေ့လာနိုင် တယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ လယ်ယာသုံးဓာတုပစ္စည်း အကြွင်း အကျန်များ (Agrochemical Residues)၊ တိရစ္ဆာန်သုံး ဆေးဝါးအကြွင်းအကျန်များ (Veterinary Medicine Residues)၊ အဆိပ်သင့်စေသောသတ္တုပစ္စည်များ(Toxic Heavy Metals)၊ စား သောက်ကုန်ဖြည့်စွက်ပစ္စည်းများ (Food Additives) စတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အစားအသောက်ကို အန္တရာယ်ပေးနိုင်တဲ့ အခြားအကြောင်းအရာများကတော့ အဏုဇီဝပစ္စည်းပါဝင်မှု (Microbiological Hazards)၊ မှိုဆိပ်ပါဝင်မှု (Mycotoxins) ၊ ဓာတ် မတည့် တုံ့ပြန်ခြင်း (Allergic Reaction)၊ မျိုးရိုးဗီဇပြုပြင် ပြောင်းလဲထားတဲ့ အစားအသောက်များ (Genetically Modified Foods)၊ ဓာတ်ရောင်ခြည်သင့် အစားအသောက်များ (Radiated Foods)၊ အရောအနှောပစ္စည်း ဓာတ်ပြုခြင်းများ (Adulteration)ပဲ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီအန္တရာယ်များကိုတော့ ဓာတ်ခွဲခန်းမှာ စနစ်တကျစမ်းသပ်မှ သိရှိနိုင်တာဖြစ်ပါတယ်။ နောင်ဆိုလျှင် နေရာ အတော်များများမှာ စမ်းသပ်နိုင်ဖို့ နိုင်ငံတော်မှ စီမံဆောင်ရွက်ရန် လျာထားတယ်လို့ သိရှိရပါတယ်။
အတ္တသမားလား၊ ပရသမားလား ကျွန်တော်တင်ပြခဲ့တဲ့ အစားအသောက်ကိုအန္တရာယ်ဖြစ်စေတဲ့ အကြောင်းကိစ္စတွေဟာ လူရဲ့လုပ်ဆောင်ချက်ကြောင့် ဖြစ်လာ ရတာ အများစုဖြစ်ပါတယ်။ အဲဒီလူတွေကတော့ စိုက်ပျိုးထုတ်လုပ်သူများ၊ ကိုင်တွယ်သူများနဲ့ ပြန်လည်ရောင်းချသူများ၊ သိုလှောင်ဖြန့်ဖြူး ရောင်းချသူများ၊ စီမံခန့်ခွဲသူများနဲ့ စားသုံးသူများပဲ ဖြစ်ကြပါတယ်။ ဒီပုဂ္ဂိုလ်များဟာ အစားအသောက်များမှာ အန္တရာယ်ရှိအောင်လည်း လုပ်နိုင်ကြသူများဖြစ်ကြသလို အန္တရာယ်ကင်းအောင်လည်း စွမ်း ဆောင်နိုင်ကြသူများပဲ ဖြစ်ကြပါတယ်။ အဓိက က အတ္တနဲ့ပရအပေါ် မှာသာမူတည်ပြီးတော့လုပ်တာကိုင်တာ ကွဲပြားသွားခဲ့ပါတယ်။ အတ္တ ဆန်တဲ့လူတွေဟာ ဘယ်သူသေသေ ငတေမာရင် ပြီးရော သဘောနဲ့ ထုတ်လုပ်ကြ၊ လုပ်ကိုင်ကြတော့ သေသူသေ၊ နာသူနာ ဖြစ်ကြရ တယ်။ "ပရ"သမားကတော့ သူကြီးပွားချမ်းသာဖို့ထက် လူ အများ ဘေးကင်းစွာစားသောက်နိုင်ဖို့ ဦးစားပေးတတ်တယ်။ နောက်ဆုံး တော့ "ပရ"လက်ကိုင်ထားသူကသာ ဘဝအောင်မြင်သူများ အဖြစ် ပတ်ဝန်းကျင်မှာမြင်တွေ့နေရစမြဲပဲဖြစ်တယ်။
ဒီထက်နောက်ကျလို့တော့မဖြစ် ထုတ်လုပ်သူနဲ့စားသုံးသူအကြား ဆက်နွှယ်မှုလေးတွေ စဉ်းစား ရင်း စာတစ်ပုဒ်ရေးရင်ကောင်းမှာပဲဆိုပြီး ရေးချလိုက်တဲ့အခါ စော စောကကျွန်တော့်ရဲ့မိတ်ဆွေပြောတဲ့အတိုင်း သူတစ်ပါးထိခိုက်စရာ တွေဖြစ်လာပြန်တယ်။ လမ်းဘေးက မုန့်ဟင်းခါးဆိုင်မှသည် တစ်ဖက် နိုင်ငံလုပ်ငန်းရှင်များ အဆုံး ပါဝင်နေတယ်။ မရေးလို့လဲ မဖြစ်ပြန်၊ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ မြင်တွေ့နေရ၊ ကြားနေ ရတာဖြစ်ပါတယ်။ လမ်းဘေးမုန့်ဟင်းခါးသည်ကလဲ စေတနာပါပါနဲ့ စားသုံးသူစားကောင်းအောင်လည်းလုပ်၊ အန္တရာယ်ရှိတဲ့ပစ္စည်းများ လုံးဝထည့်မသုံးဘူး၊ သန့်သန့်ရှင်းရှင်း လုပ်ကိုင်ဆောင်ရွယ်မယ် ဆိုရင် ရေးစရာလိုေ တာ့မှာမဟုတ်ဘူး။ အခုတော့ဘယ်လောက်ပဲ ပြောပြော လမ်းဘေးဈေးသည်က ဗဟုသုတမရှိ၍လားမပြောတတ်။ ကျန်းမာ ရေးနဲ့ ညီညွတ်မဲ့ အစားအသောက်များဖြစ်မလာတာ ဝမ်းနည်းစရာ ကောင်းတယ်။ သဘောတရားနဲ့ လုပ်လို့မရရင် တရားဥပဒေအရ ဒဏ်ငွေရိုက်တာတို့၊ အခြားပြစ်ဒဏ်ပေးတာမျိုးလုပ်သင့်တယ်လို့ မြင်ပါတယ်။ အရေးမယူမီမှာ ပညာပေးအစီအစဉ်တွေ ထိထိရောက် ရောက်သိရှိနိုင်အောင် ဆောင်ရွက်သင့်ပါတယ်။ ထိုနည်းတူစွာပဲ စားသောက်ကုန်ရောင်းတဲ့ ဈေးသည်များကိုလည်း စားသုံးသူကို အန္တရာယ်ပြုနိုင်တဲ့ ကုန်ပစ္စည်းများ မရောင်းချဖို့၊ မဖြန့်ချိဖို့ ထိထိ ရောက်ရောက် ပညာပေးသင့်ပါတယ်။ များသောအားဖြင့် လက်လုပ် လက်စားများ၊ လမ်းဘေးဈေးသည်များဟာ မနက်မိုးလင်းကနေ ညကြီးမိုးချုပ်အထိ သူတို့အလုပ်ထဲမှာအချိန် ကုန်နေတဲ့အတွက် အစားအသောက်အန္တရာယ်အကြောင်း ဖတ်ချိန်၊ နားထောင်ချိန်၊ လေ့လာချိန်များ မပေးနိုင်ကြတော့တာဖြစ်တယ်။ စားသုံးသူ အကာ အကွယ်ပေး ရေးလုပ်ငန်းစဉ်ကို လူထုလူတန်းစားအလွှာပေါင်းစုံ အတွင်း သိရှိလိုက်နာစေရေးဟာ ကျွန်တော်တို့ပြည်သူ့ ဝန်ထမ်းများရဲ့ တာဝန်အဖြစ် ရောက် ရှိလာတယ်လို့ မြင်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး အတွက်ဆိုရင် ဘာပဲလုပ်လုပ် "အစားမတော်တစ်လုတ်၊ အသွား မတော်တစ်လှမ်း"ဆိုတဲ့စကားနဲ့အညီသတိထားပြီး လုပ်ကိုင် ဆောင် ရွက်တတ်ဖို့ လွန်စွာအရေးကြီးလှပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ရောက်ရှိနေပြီဖြစ်တဲ့ အန္တရာယ်ရှိ စားသောက်ကုန်ပစ္စည်းများကိုလည်း ဒီအတိုင်းကြည့်နေမယ်ဆိုရင် တိုင်းပြည်ရဲ့အင်အား တဖြည်းဖြည်းကျဆင်းမယ်၊ လူ့စွမ်းအား အရင်း အမြစ်များ တိုင်းတပါးလူမျိုးခြားများရဲ့ ချူစားခြင်းခံရမှာသာ ဖြစ် ပါတယ်။ သိပ္ပံစမ်းသပ်ခန်းတစ်ခန်းလို အစမ်းသပ်ခံရမယ် ဆိုရင် အမှိုက်ပုံကြီး ကျန်သွားတဲ့ဘဝဖြစ်နေမယ်။ သိသိကြီးနဲ့ခံရမဲ့ ဘေး အန္တရာယ်မှ ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ရမယ့်အချိန်ဟာ ဒီထက်နောက်ကျလို့မရနိုင်တော့တဲ့အကြောင်း စားသုံးသူကာကွယ် ရေး ရှုထောင့်မှ တင်ပြလိုက်ရပါတယ်။