Main menu

Background

ဘဏ္ဍာရေး ချောက်ကမ်းပါး လက်တစ်လုံးအလို

Mon, 01/21/2013 - 05:14 -- ydnar

၂၀၁၃ ခုနှစ်တွင် အမေရိကန်စီးပွားရေး တုံ့ နှေးကျဆင်း(Recession)စေမည့် ပြင်းထန်ဆိုး ဝါးသော ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်ပေါ်လာ မည့် အခြေအနေကို "ဘဏ္ဍာရေးချောက်ကမ်း ပါး"(Fiscal cliff)  ဟု အမည်ပေးထားကြသည်။ ယခုတော့ ထိုချောက်ထဲကျဖို့ လက်တစ်လုံးအလို မှာ ကွန်ဂရက်လွှတ်တော် က ပြုပြင်ပြောင်းလဲမှု များဆောင်ရွက်ရန်သဘောတူလိုက်သည်။ သမ္မတ ဘုရှ်လက်ထက်က ချမှတ်ထားခဲ့သော အခွန်ဖြတ် တောက်လျှော့ချမှု အများအပြားကို ပယ်ဖျက်ရေး နှင့် အစိုးရအသုံးစရိတ် လျှော့ချရေး အစီအစဉ် များကို ၂၀၁၃ ခုနှစ် မတ်လအထိ ရွှေ့ဆိုင်းထား ရေးတို့ပါဝင်သော ဆုံးဖြတ်ချက်များကို ချမှတ် ပေးခြင်းဖြစ်သည်။သမ္မတဘုရှ်လက်ထက်က အခွန်လျှော့ချမှု အားလုံးနီးပါးကို  ဖျက်သိမ်းလိုက်သည်ဆိုသော် လည်း တစ်နှစ်ဝင်ငွေဒေါ်လာ ၄၅၀ç၀၀၀ အထက် ရရှိသောအိမ်ထောင်စုများအပေါ် အခွန် ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်စည်းကြပ်မည်ဖြစ်၍ ပေး ဆောင်ရမည့်အခွန်နှုန်းမှာ ၃၉ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်သွားသည်။ (ထိုနှုန်းမှာ ဖွံ့ဖြိုးပြီးနိုင်ငံများ ပါ ဝင်သည့် OECD အဖွဲ့၏ စံနှုန်းနှင့်နှိုင်းယှဉ်လျှင် များသည်ဟုမဆိုနိုင်ပေ။) ရွေးကောက်ပွဲ မဲဆွယ် ခဲ့စဉ်က  တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၅၀,၀၀၀ အထက်ရရှိသူများအပေါ် အခွန်တိုးမြှင့် ကောက်ခံ သွားမည်ဟု ပြောဆိုခဲ့သော သမ္မတအိုဘားမား၏ ကတိစကားကို အပြည့်အ၀ မဖြည့်ဆည်းနိုင်သော် လည်း ဝင်ငွေများများရသူတို့အပေါ် အခွန်တိုးမြှင့် ကောက်ခံနိုင်တော့မည်ဖြစ်သည်။ မည်သို့ဆိုစေ အဆိုပါဝင်ငွေသတ် မှတ်ချက် နှစ်ရပ်အကြား ဝင် ငွေရရှိသူတို့အတွက် ခွင့်ပြုထားသည့် အခွန်ကင်း လွတ်ခွင့်၊ နုတ်ပယ်ခွင့်အချို့ကို ဖျက်သိမ်းလိုက်ခြင်း ဖြင့် ထိုသူတို့အပေါ်မှာလည်း အခွန်တိုးမြှင့်စည်း ကြပ်ရာ ရောက်စေပါလိမ့်မည်။ထို့ပြင် သမ္မတအိုဘားမားအနေဖြင့် အလုပ် လက်မဲ့အကျိုးခံစားခွင့်များကို နောက်ထပ်တစ်နှစ် ဆက်လက်ခံ စားခွင့် ပေးနိုင်ခဲ့သည်။ အိမ်ရာမြေ အမွေဆက်ခံမှုအပေါ်စည်းကြပ်သည့်အခွန်(Estate tax)၊ ကုမ္ပဏီ အမြတ်ဝေစု များ (Dividens) နှင့် အခြေပစ္စည်းမှ မြတ်စွန်းငွေများ (Capital gains)  အပေါ် စည်းကြပ်သည့်အခွန်နှုန်းများကိုမူ  တိုးမြှင့် စည်းကြပ်ဦးမှာ မဟုတ်သော်လည်း ဝင်ငွေများပြား လျှင် ထိုအခွန်များလည်း မြင့်တက်လာမည်ဖြစ် သည်။ ဘဏ္ဍာရေးချောက်ကမ်းပါးမှ လွတ်မြောက် ရေးဥပဒေကြမ်းတွင် အမေရိကန် အလုပ်သမား များအပေါ် အခွန်တိုးမြင့်လာစေမည့် အချက်တစ် ရပ်လည်း ပါဝင်နေသည်။ စီးပွားရေးတွန်းအားပေး အစီအစဉ်အရ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလကမှ ဆက်လက်ခွင့်ပြုထားသည့် လခစား အလုပ်သမား များအပေါ် စည်းကြပ်သည့်အခွန် (Payroll tax) မှ ယာယီခုနှိမ်ခွင့်သည်လည်း နိဂုံးချုပ်သွားတော့မှာ ဖြစ်သည်။ အလုပ်သမားများ ပေးဆောင်ရမည့် အခွန်တွင် ၂ ရာခိုင်နှုန်း တိုးလာမည်ဖြစ်၍ ၂၀၁၃ ခုနှစ်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ပေးဆောင် ရတော့မှာဖြစ်သည်။ ဝင်ငွေများများရသူတို့အပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းမှ အခွန်ရငွေ အတော် အသင့် တိုးတက်လာမှာဖြစ်သော်လည်း  လုပ်ခ လစာအပေါ် ကောက်ခံသည့်အခွန်ကြောင့် အိမ် ထောင်စုသုံးစွဲနိုင် မည့်ဝင်ငွေ (Disposable in- come)ထဲမှ  ဒေါ်လာ ၁၀၀ ဘီလီယံအထိ လျော့ နည်းသွားစေမှာဖြစ်သဖြင့် ပုဂ္ဂလိက ဝယ်ယူစား သုံးမှုကို အတော်အသင့်ထိခိုက်စေမှာဖြစ်သည်။နောက်ဆုံးရရှိလာသည့်  အခွန်စည်းကြပ်မှု ဆိုင်ရာအဆုံးအဖြတ်များသည် သမ္မတအိုဘားမား နှင့် ဒီမိုကရက်များ အတွက် ၂၀၁၂ ခုနှစ် ရွေး ကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းကို ထင်ဟပ်နေသည့် အောင်ပွဲပင်ဖြစ်သည်။ သို့တိုင်အောင် ယခုသဘော တူညီချက်များမှာ နောင်လာမည့် ဘဏ္ဍာရေးဆုံး ဖြတ်ချက်များအတွက် အခြေအနေကောင်းဦးမည့် အလားအလာတော့ မရှိပေ။ လာမည့် မတ်လတွင် အစိုးရအသုံးစရိတ် များ ဖြတ်တောက်လျှော့ ချရေး ပြဿနာ ကို ဆွေးနွေးရန် ကွန်ဂရက်လွှတ်တော်က အချိန်သတ်မှတ်ထားပြီးဖြစ်သည်။ လောလော ဆယ်တွင် ကာကွယ်ရေးအသုံးစရိတ်နှင့် ပြည်သူ လူထုသက်သာချောင်ချိရေးနှင့်မသက်ဆိုင်ေ သာ ပြည်တွင်းအသုံးစရိတ်များ ကို  မတ်လမှစတင်၍ အကြီး အကျယ် ဖြတ်တောက်လျှော့ချရန် စီစဉ် ထားသည်။ကွန်ဂရက်လွှတ်တော်ကဆုံးဖြတ်ရန် နောက် ဆုံးရက် သတ်မှတ်ထားပြီးဖြစ်သည့် အခြားအစီ အစဉ်တစ်ရပ်လည်း ရှိနေသေးသည်။ ပြည်ထောင် စုအစိုးရက ချေးယူနိုင်ခွင့်ရှိသည့် ကြွေးမြီပမာဏ ကန့်သတ်ချက် (Debt ceiling)  ကို တိုးမြှင့်သတ် မှတ်ပေးရမည့် ဆုံးဖြတ်ချက်ဖြစ်သည်။ ကွန်ဂရက် လွှတ်တော်ကသာ တိုးမြှင့်မပေးခဲ့လျှင် အမေရိကန် အစိုးရသည် ဘဏ္ဍာရေးပညာအရ မိမိ၏ကြွေးမြီ များကို မပေးဆပ်နိုင်တော့သည့်  ပျက်ကွက်သူ (Technical default) ဖြစ်သွားပေလိမ့်မည်။ လာမည့် ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ကြွေးမြီ ပမာဏကန့်သတ်ချက် တိုးမြှင့်ပေးရေး၊ ဘဏ္ဍာ ရေးချောက်ကမ်းပါးမှ လွတ်မြောက်ရေး အစီအစဉ် အရ အစိုးရအသုံး စရိတ်များ ဖြတ်တောက်လျှော့ချ ရေးနှင့် ဘတ်ဂျက်လိုအပ်ချက်အရ ပြည်ထောင်စု အစိုးရအား ဘဏ္ဍာငွေ ဆက်လက်ထောက်ပံ့ပေး ရေးဟူသည့် ချမှတ်ရမည့် ဆုံးဖြတ်ချက်သုံးရပ်တို့ ပေါင်းဆုံမိနေသည်။ ယင်းကြောင့်ပင် ဒီမိုကရက် နှင့် ရီပတ်ဘလီကန်ပါတီကြီးနှစ်ခုအကြား အပြင်း အထန် ထိပ်တိုက်ရင်ဆိုင်ကြရပါလိမ့်မည်။ထိုသို့ ထိပ်တိုက်ငြင်းခုံဆွေးနွေးရခြင်းကြောင့် အစိုးရ အသုံးစရိတ်များ ဖြတ်တောက်လျှော့ချရ မည့်သတ်မှတ်ရက်မှာ နောက်သို့ရွေ့သွားနိုင်သည်။ တစ်နည်းပြောရလျှင် စီးပွားရေးနာလန်ထူဖို့ အခွင့် အရေးကောင်းတစ်ရပ် ဖြစ်လာနိုင်သည်။ ထို့ပြင် ဘဏ္ဍာရေးဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်ရာ တွင် ရေတို ကာလအတွက် ဆေးမြီးတိုကုထုံး (Short-termism) ကို ကာလတာရှည်စွာပင် ဆက်လက် ကျင့်သုံးနေကြဦးမည့် လက္ခဏာဖြစ်သည်ဟုလည်း ဆိုနိုင်ပါလိမ့်မည်။  Ref; The Economist.