Main menu

Background

နှိုင်းယှဉ်အကျိုးကျေးဇူးမှသည် ယှဉ်ပြိုင်နိုင်မှုအကျိုးကျေးဇူးဆီသို့

Mon, 01/21/2013 - 05:41 -- ydnar

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises- SMEs)သည် စီးပွားရေး အသွင် ကူးပြောင်းလျက်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ယေဘု ယျအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လယ်ယာမဟုတ်သော စီးပွားရေး ကဏ္ဍများတွင် အလုပ်အကိုင်ဖန်တီးမှုနှင့် ပြည်ပပို့ကုန်တင်ပို့မှုမှ ရရှိသောဝင်ငွေအများစုသည် ှSMEs ကဏ္ဍမှ ပါဝင်လျက်ရှိပါ သည်။ ထု့ိအပြင် နိုင်ငံအများစု၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကြိုး ပမ်းအားထုတ်မှုတွင်လည်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် အဓိကကျလျက်ရှိပါသည်။  ထို့ ကြောင့် ဈေးကွက် စီးပွားရေးသို့ အသွင်ကူးပြောင်းလျက်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ် သည့် မြန်မာနိုင်ငံ အနေဖြင့်လည်း တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဒေါင့်စုံဘက်စုံမှ ကြိုးပမ်းဆောင်ရွက် နေချိန်တွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုသည် အရေးပါသော မောင်းနှင် အားတစ်ခုဖြစ်ပါသည်။

ယေဘုယျအားဖြင့် SMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် မက်ကရိုစီးပွားရေးမူဝါဒများ၊ စီးပွားရေး အ ဆောက်အအုံအတွင်းရှိ stakeholder များ၏ မိုက်ကရိုစီးပွားရေးပတ်ဝန်းကျင်ကို အထောက် အကူပြုစေသော ဥပဒေ စည်းမျဉ်းစည်းကမ်းဘောင်များ၊ ဘဏ္ဍာ၊ ငွေအရင်းအမြစ်  ရရှိနိုင်မှု၊ သင့်လျော်ကောင်းမွန်သော အခြေခံ  အဆောက်အအုံ၊ ကျန်းမာ၍ ကျွမ်းကျင်မှုရှိသော လုပ်သားအလုံ အလောက်ရရှိမှု အစရှိသည်တို့အပေါ်တွင် မူတည် လျက်ရှိပါသည်။ ထို့ကြောင့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ SMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် ကောင်းမွန်သော စီးပွားရေးလုပ်ငန်းဝန်းကျင်တစ်ခုဖြစ်လာရေးကို ရှေးရှုသည့် အထွေထွေဆောင်ရွက်ချက်များကို အကောင် အထည် ဖော်လျက် စီးပွားရေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ဆောင်ရွက် နိုင်မည့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုး တက်မှု နည်းဗျူဟာနှင့်အတူ ဆင်းရဲ နွမ်းပါးမှု လျော့နည်းစေရေးနှင့် တိုးတက်မှုနည်းဗျူဟာများကို ပေါင်း စည်းဆောင်ရွက်နိုင်မှုအပေါ် မူတည်လျက်ရှိပါသည်။ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံ သည် ၂၀၁၅ အာဆီယံစီးပွားရေး အသိုက်အဝန်း တည်ထောင်ရေး ၏ မျှော်မှန်းချက်များဖြစ်သော ထုတ်လုပ်မှုကို အခြေခံသောတစ်ခု တည်းသော ဈေးကွက်ဖြစ် တည်ရေး၊ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသော စီးပွားရေးဒေသဖြစ်စေရေး၊ စီးပွားရေးဖွံ့ဖြိုးမှု မျှတသောဒေသ ဖြစ်ရေး၊ ကမ္ဘာ့စီးပွားရေးတွင် အပြည့်အဝပါဝင်ပေါင်းစည်းမှုရှိသော ဒေသဖြစ်ရေးတို့အတွက် အဖွဲ့ဝင်နိုင်ငံအသီးသီး၏ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်မှုဖြင့် အရောက်လှမ်းရမည်ဖြစ်ပါသည်။ အထက်ပါ မျှော် မှန်းချက်များအနက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမျှတသောဒေသဖြစ် ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မှာ  အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  အာဆီယံကနဦး ပေါင်းစည်းရေး အစီအစဉ်တို့ပါဝင်ပါသည်။ အသေးစားနှင့် အလတ် စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အာဆီယံ မျှော်မှန်းချက် အတွက်သာမ က  နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှု၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးမှုအတွက် အခြေခံအထောက်အ ကူပြုကဏ္ဍ ဖြစ်သည့် အတွက် အလေးပေး ဆောင်ရွက်ရမည့် အရေးကြီးကိစ္စတစ်ရပ် ဖြစ်လာခဲ့ ပါသည်။ဤနေရာတွင် မြန်မာနိုင်ငံရှိ SMEs လုပ်ငန်းများအတွက် ပြည်ပယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်လာရမည့် အနေအထား များရှိလာ ပါသည်။ ထို့ကြောင့် ပြည်တွင်းလုပ်ငန်းများ ပြည်ပမှ ယှဉ်ပြိုင်မှုကို ကြံ့ကြံ့ခံနို င်ပြီး ပြည်ပလုပ်ငန်းများနှင့်အပြိုင် ထုတ်လုပ်နိုင်၍ ပြည်ပ သို့ယှဉ်ပြိုင်တင်ပို့နိုင်သည့် အခြေအနေကောင်းများ ပိုင်ဆိုင်လာနိုင် အောင် ကြိုးပမ်းအားထုတ်ရန် လိုအပ်လာပါသည်။ ထိုသို့ယှဉ်ပြိုင် အကျိုးကျေးဇူးရရှိနိုင်စေရန် ဦးစွာ နှိုင်းယှဉ်အကျိုး ကျေးဇူးရှိသော ကဏ္ဍများတွင် စောက်ချထုတ်လုပ်မှုတိုးတက်လာစေနိုင်သည့် နည်း လမ်းများကို ရှာဖွေရန်ဖြစ်ပါသည်။နှိုင်းယှဉ်အကျိုးကျေးဇူး (Comparative Advantage) ဟူ သည့် သဘောတရားကို စီးပွားရေးပညာရှင် David Ricardo  မှ ကုန်သွယ်ခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးကိုဖေါ်ပြနိုင်ရန်အတွက် စတင် ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသ ည်။ နှိုင်းယှဉ် အကျိုးကျေးဇူး၏ သဘောတရားမှာ နိုင်ငံတစ်နိုင်ငံသည် ကုန်စည်နှစ်မျိုးထုတ်လုပ်မှု (ဥပမာ- စပါးနှင့် ပဲဆိုပါစို့) တွင် စပါးထုတ်လုပ်မှု၌ နှိုင်းယှဉ်အကျိုး ကျေးဇူးပိုမိုရှိနေပါက စပါးကို စောက်ချ ထုတ်လုပ်၍တင်ပို့ပြီး ပဲကို အခြားနိုင်ငံမှ တင်သွင်းခြင်းအားဖြင့် နှစ်နိုင်ငံ အကျိုးကျေးဇူးများ ရရှိလာနိုင်ခြင်း ပင်ဖြစ်ပါသည်။  ဤနှိုင်းယှဉ်အကျိုးကျေးဇူး သဘော တရားမှာ လုပ်သားထု၏ ကုန်ထုတ်လုပ်မှုစွမ်းအား (Labor Produ- ctivity) နှင့် အခွင့်အလမ်းစရိတ် သဘောတရား  (Opportunity Cost)  တို့အပေါ်တွင် အခြေခံထားခြင်းဖြစ်ပါသည်။  ဤ နေရာတွင် ကုန်ထုတ်လုပ်မှုစွမ်းအားမှာ အလုပ်သမားတစ်ဦး တစ်နာရီတွင် ထုတ်လုပ်နိုင်သည့် ကုန်စည်အရေအတွက်ကို ဆိုလို၍ အခွင့်အလမ်း စရိတ်မှာ ထိုကုန်စည်ကို ထုတ်လုပ်ရာတွင် လိုအပ်သောသွင်းအားစု (ဤတွင်လုပ်သား) ကို အသုံးပြုလိုက်သည့်အတွက် အခြားကုန်စည် ထုတ်လုပ်မှုတွင် ယင်းလုပ်သားအသုံးပြုမှုကို စွန့်လွှတ် လိုက်ရခြင်း ပင်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း လုပ်သားပေါများသော နိုင်ငံတစ်ခုဖြစ်သဖြင့် မိမိနိုင်ငံအနေဖြင့် နှိုင်းယှဉ်အကျိုးကျေးဇူးရရှိ နိုင်သောကုန်စည်ကို စောက်ချထုတ်လုပ်၍ ပြည်တွင်း၌ ပိုလျှံသော အစိတ်အပိုင်းကို ပြည်ပသို့တင်ပို့ရောင်ချခြင်းမှ အကျိုးကျေးဇူးများ ရရှိလာနိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ထုတ်လုပ်သူများအနေ ဖြင့် မိမိတို့ကျွမ်းကျင်ရာ အဓိကကျသောလုပ်ငန်းများ (သို့မဟုတ်) အာရုံစူးစိုက်ရမည့် ကျွမ်းကျင်နယ်ပယ် တစ်ခုတည်းကိုသာ ဦးစားပေး ၍ စောက်ချထုတ်လုပ်ခြင့်ဖြင့် ၎င်းင်းကုန်စည်ထုတ်လုပ်မှုတွင် ပိုမိုကျွမ်း ကျင်၍ လုပ်သား၏ ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်လာနိုင်သည့် အပြင် တစ်ယူနစ်ကုန်ကျစရိတ် (Unit Cost) ကို ကျဆင်းစေ၍ စကေးစီးပွားရေးဈေးကွက်ဖြန့်ကြက်မှု (Economies of Scale)  ကို ရရှိလာနိုင်ပါသည်။ ထို့အပြင် ပြည်တွင်းရှိ  SMEs အနေဖြင့် အမျိုး တူလုပ်ငန်းများအုပ်စုဖွဲ့၍ စုပေါင်းလုပ်ကိုင်ခြင်းဖြင့် ကုန်ထုတ်လုပ် မှုစွမ်းရည် ပိုမိုတိုးတက်လာနိုင်ရုံသာမက ဈေးကွက်ထိုးဖောက်မှုတွင် လည်း ပိုမိုအင်အားတောင့်တင်းလာနိုင်သည့် အခွင့်အလမ်းကောင်း များ ရရှိလာနိုင်ပါသည်။ကမ္ဘာမှုပြုလာခြင်း ပိုမိုလျင်မြန်လာသော လက်ရှိအချိန်ကာလ တွင် နိုင်ငံများအနေဖြင့် အုပ်စုတစ်ခုအနေဖြင့် အထီးကျန်ရပ်တည် နိုင်ရန် ခက်ခဲလာသောကြောင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမှာ နိုင်ငံများ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အား တစ်ခုဖြစ်လာခဲ့ပါသည်။ ထို့ကြောင့်ပြည်တွင်းရှိ SMEs ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုသည် လွတ်လပ်သော ကုန်သွယ်ရေးနှင့်အတူ  နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည်လည်း SMEs များ၏ ဘဏ္ဍာငွေ အရင်း အမြစ်ရရှိရာ ဇာစ်မြစ်တစ်ခုအဖြစ် အရေးပါလာသည့်အပြင် နည်း ပညာနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အဆင့်မြင့်လာစေခြင်း၊ နိုင်ငံတကာ ဈေးကွက်များကို အားထားရမည်၊့ စီးပွားရေးလုပ်ငန်း များဖြစ်လာစေ ခြင်း၊ အခြားစီးပွားရေးကွန်ယက်များနှင့် ချိတ်မိစေခြင်း၊ စသည့်အကျိုး ကျေးဇူးများ ရရှိလာစေနိုင် မည်ဖြစ်ပါသည်။  ထို့ကြောင့် ပြည်တွင်းရှိ SMEs များအနေဖြင့်  နှိုင်းယှဉ် အကျိုးကျေးဇူး သဘောတရားကိုအခြေခံ၍ မိမိနိုင်ငံတွင်း နှိုင်းယှဉ် အကျိုးကျေးဇူးများသော ကုန်စည်ကို စောက်ချထုတ်လုပ်တင်ပို့၍ မိမိနိုင်ငံတွင် နှိုင်းယှဉ် အကျိုးကျေးဇူးနည်းပါးသော ကုန်စည်ကို တင် သွင်းခြင်းဖြင့် ကုန်သွယ်မှုမှ အကျိုးကျေးဇူး များစွာကို ခံစားစေနိုင် ပါသည်။ ဤသို့ စောက်ချထုတ်လုပ်ခြင်းမှ ကုန်ထုတ်လုပ်မှု စရိတ်များ ကျဆင်း၍ Economies of Scale   ကို ရရှိခြင်းအပြင် စွမ်းဆောင် ရည်ရှိစွာ ထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး အခြားသောနိုင်ငံများမှ ထုတ် လုပ်သော ထုတ်ကုန်များနှင့် ဈေးကွက်တွင်း ယှဉ်ပြိုင်ရောင်းချလာ နိုင်ပြီးယှဉ်ပြိုင်နိုင်မှု အကျိုးကျေးဇူးကို ရရှိလာနိုင်မည်ဖြစ်ပါသည်။  ဤသို့ ယှဉ်ပြိုင်နိုင်မှု အကျိုးကျေးဇူးများရှိလာသော SMEs များ သည် ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများအတွက်လည်း ဆွဲဆောင်မှု ပေးနိုင်သောလုပ်ငန်းများ ဖြစ်လာနိုင်မည်ဖြစ်ပါသည်။သိ့ုဖြစ်ပါ၍ ပုဂ္ဂလိကလုပ်ငန်းရှင်/အသင်းအဖွဲ့များ၊ အထူး သဖြင့် ကုန်ထုတ်လုပ်သူလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ထုတ်ကုန် များကို အရည်အသွေးအားဖြင့်လည်းကောင်း၊ ပုံသဏ္ဌာန်ဆွဲဆောင်မှု အားဖြင့်လည်းကောင်း၊ အရေအတွက်အားဖြင့်လည်းကောင်း၊ ဈေး ကွက်သို့ ဖြန့်ဖြူးပိ့ုဆောင်မှု ကွန်ရက်ဖြန့်ကြက်နိုင်စွမ်းအားဖြင့် လည်း ကောင်း၊ စံချိန်မီစေရန်၊ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများဖြင့် ကိုက်ညီ၍ စိတ်ချရသောထုတ်ကုန် များ ဖြစ်နေစေရန်၊  ထုတ်ကုန် အတွက် ဈေးကွက်ကို ပြည်တွင်းသာမက ပြည်ပသို့ တိုးချဲ့နိုင်ရေး၊ သတင်းအချက် အလက် စုဆောင်းခြင်းနှင့် စီစဉ်ဆောင်ရွက်ရန်၊ မိမိ လုပ်ငန်းရှိ လုပ်သားများ၊ အစီအစဉ်များ ဖန်တီးပေးနိုင် ရန်တို့ကို အခြေခံအားဖြင့် စွမ်းရည်ပြည့်ဝပြီး ဖြစ်နေစေရန် လိုအပ်လျက်ရှိပါ သည်။ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံကျောရိုးဖြစ်ရုံ မက အာဆီယံဒေသတွင်း သာတူညီမျှသော စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကိုဖြစ်စေပြီး ဖွံ့ဖြိုးမှု ကွာခြားချက်ကြီးမားမှုကို လျော့ကျစေ မည်ဖြစ်ေ သာ နိုင်ငံသားတို့၏ ဆင်းရဲနွမ်းပါးမှုကိုလည်း လျော့နည်း စေမည်မှာ အမှန်ဖြစ်သော အသေးစားနှင့် အလတ်စား စက်မှုလုပ် ငန်းများ  ရှင်သန်ဖွံ့ဖြိုးစေရန်၊ အကြီးစား  စက်မှုလုပ်ငန်းများကို အထောက်အကူပြုသော လုပ်ငန်းငယ် များအဖြစ် ချိတ်ဆက်ဆောင် ရွက်မှု အားကောင်းလာစေရန်၊ ထိုမှတစ်ဆင့် အကြီးစားစက်မှုလုပ် ငန်းများအဖြစ် တိုးတက်ပြောင်းလဲ ဖွံ့ဖြိုးမှုရှိလာစေရန် စသည်တို့ အတွက် အဓိကလိုအပ်သော မက်ကရိုစီးပွားရေး ဝန်းကျင်ကောင်း တစ်ရပ်ဖြစ်ထွန်းရန် အထောက်အကူပြုနိုင်မည့် ပေါ်လစီများကို ချမှတ်ပေးရန်လိုအပ်သကဲ့သို့  FDI  နှင့်  SMEs ဆက်စပ်မှုဆိုင်ရာ အချက်များဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင် သည့် ပေါ်လစီများ၊ ပြည်တွင်းရှိ ထုတ်လုပ်နိုင်မည့် စွမ်းရည်ကို တိုးတက်စေနိုင်မည့် ပေါ်လစီများ၊ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်စေမည့် နည်းဗျူဟာမြောက် ပေါ်လစီများနှင့်အတူ ပုဂ္ဂလိကလုပ်ငန်းရှင်များ ၏အရှိန်မြှင့်တင်၍ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်လျက်ရှိပါသည်။ဈေးကွက်စီးပွားရေးစနစ်သို့ အသွင်ကူးပြောင်းလျက်ရှိသော မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်၏ အဓိက သွင်ပြင်လက္ခ ဏာရပ်ဖြစ်သော ဈေးနှုန်းယန္တရားမှတစ်ဆင့် ဈေးကွက်အားမျှခြေကို သတ်မှတ်ပေး သဖြင့် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်နှင့်စပ်လျဉ်း သည့် ဈေးကွက်သတင်း အချက်အလက်များကို စဉ်ဆက်မပြတ်လေ့လာ၍ မိမိတို့အတွက် နှိုင်းယှဉ်အ ကျိုးကျေးဇူးရှိသော ကုန်စည်များကို စောက်ချထုတ်လုပ် ခြင်းဖြင့် အရည်အသွေးမြင့်မားသော ကုန်စည်များကို အမြောက် အမြားထုတ်လုပ်ခြင်းမှ ပြည်ပဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်သော လုပ်ငန်းများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်။