Main menu

Background

၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေးကို မျှော်ကြည့်ခြင်း

Mon, 01/21/2013 - 07:05 -- ydnar

၂၀၁၃ ခုနှစ်ရဲ့နောက်ခံ ၂၀၀၈-၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့ တဲ့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ကြောင့်ဖြစ်ရတဲ့ ဒုက္ခသုက္ခတွေကို ကမ္ဘာ့ စီးပွားရေးက အပြီးတိုင် ခွာချနိုင်ခြင်း မရှိ သေးပါဘူး။ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု က ၂၀၁၂ ခုနှစ် မှာ ၃ ရာခိုင်နှုန်း နီးပါး ထိ ကျဆင်းခဲ့ပါ တယ်။ ဒါကို ကြည့်ပြီး ငွေကြေးအကျပ် အတည်းဖြစ်ချိန် က စပြီး အခြေအနေအရ ပြန်တွက်ရင် ဒီအောက်ကို ဆက်ကျနိုင်တာကို တွေ့ရ ပါတယ်။ ဒီတိုးတက်မှုနှုန်း ကျဆင်းတာ ကဆက်ပြီး ဖြစ်နေဦးမယ့် သဘောရှိပါ တယ်။ ရင့်ကျက်ပြီး စီးပွားရေးနိုင်ငံတွေ တစ်နည်းအားဖြင့် ဖွံ့ဖြိုးပြီး စီးပွားရေး နိုင်ငံတွေက ၂၀၀၈-၂၀၀၉ ခုနှစ် အကျပ်အတည်းရဲ့ ဒဏ်ရာဒဏ်ချက် တွေကို ကုသနေရဆဲဖြစ်ပါတယ်။ ထွန်း သစ်စ စီးပွားရေးတွေကလည်း ၂၀၁၀ ခုနှစ်နဲ့၂၀၁၁ ခုနှစ်ကလို မဟုတ်ဘဲ ၂၀၁၂ ခုနှစ်မှာ နာလန်မထူနိုင်ဘဲ ရှိနေ ပြီး ၂၀၁၃ ခုနှစ်မှာလည်း ထိုနည်း လည်းကောင်းပဲ ဖြစ်ဖို့ရှိနေပါတယ်။

 
ကမ္ဘာ့ အကြီးမားဆုံး စီးပွားရေး တွေထဲမှာ လေးခုက ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကို တွန်းလှန်ဖို့ အလူး အလဲ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်းမှာ  တရုတ်နဲ့ ရုရှား နိုင်ငံတွေမှာ ခေါင်းဆောင်မှု အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံကတော့ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးမှုနဲ့အတူ လူငယ် လူရွယ် အလုပ်လက်မဲ့ ဖြစ်တာနဲ့ ဆင်းရဲမှုတွေ တိုးတက်နေပါတယ်။ ဥရောပလမ်းမပေါ်တွေမှာ ဆန္ဒ ပြပွဲတွေ ဖြစ်ပွားနေပြီး စတော့ဈေး ကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ သပွတ်အူ အရှုပ်အထွေးတွေက ၂၀၁၂ ခုနှစ် မှာဂရိနိုင်ငံတွေရဲ့ လမ်းမတွေပေါ်ကို စီးထွက်လာပြီး ခြိုးခြံချွေတာရေး အစီ အမံတွေကို ဆန့်ကျင်ကန့်ကွက်သူ ထောင်ပေါင်းများစွာ လမ်းမပေါ်ရောက် လာခဲ့ပါတယ်။ ဥရောပရဲ့ မရေရာမှု တွေက ပြည်သူ့ဘဝတွေထဲကို စူးနစ်ဝင် ရောက်လျက် ရှိနေပါတယ်။ စပိန်မှာ လူ ၄ ယောက်မှာ တစ်ယောက် အလုပ် လက်မဲ့ဖြစ်နေပါ သေးတယ်။ စပိန်နိုင်ငံ ရဲ့ ကြွေးမြီကဒေါ်လာ ၁၅၈ ဘီလီယံ ထိ ရှိနေပြီး ဂရိ၊ အိုင်ယာလန်၊ ပေါ်တူဂီ နဲ့ ဆိုက်ပရပ်တို့လို အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကယ်တင်မှုတောင်းခံရမည့် အဖြစ်မျိုးကိုမရောက်အောင် တောင့်ခံ့ နေရပါတယ်။ ကမ္ဘာ့ အကြီးဆုံး စီးပွားရေးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ဘားရက် အိုဘားမားက ဒုတိယ သက် တမ်းအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒီ အချိန်မှာ အိုဘားမားကို ကြိုဆိုနေ တာက "ဘဏ္ဍာရေး ချောက်ကမ်းပါး ကြီး" ဖြစ်နေပါတယ်။ ဥရောပရဲ့ သပွတ် အူ အရှုပ်အထွေးကလည်း အမေရိကန် ကုန်ထုတ်လုပ်မှု ကဏ္ဍကို ရှုပ်ထွေးမှု ဖြစ်စေခဲ့ပါတယ်။ အမေရိကန် ကား ထုတ်လုပ်သူတွေက ဥရောပဈေးကွက် ကို မှီခိုနေရလို့ ဖြစ်ပါတယ်။ ထွန်းသစ်စ နိုင်ငံတွေရဲ့ တွင် ကျယ်မှုက ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။ လာမဲ့နှစ်နှစ်ဆယ်အတွင်းမှာ တရုတ်နိုင်ငံက အမေရိကန် ပြည်ထောင်စုကို ကျော်တက်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမဲ့ စီးပွားရေးကျဆင်းမှုအတွက် လက်သည်အဖြစ် လိုင်စင်ယူထားတဲ့ ဥရောပအကျပ် အတည်းက တရုတ်နိုင်ငံရဲ့ပို့ကုန်ကို ကျဆင်းစေခဲ့ ပါတယ်။ အခုတော့ တရုတ်နိုင်ငံကပြည်တွင်း စားသုံးမှု ကိုမြှင့်တင်ဖို့ ကြိုးစားနေပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့ဖြစ်တာကို ထိန်းချုပ်ဖို့ အစီအမံတွေ တသီကြီးနဲ့ ၂၀၁၃ ခုနှစ်ကို စတင်မယ်လို့ ခန့်မှန်းရပါတယ်။ ရုရှားနိုင်ငံမှာ လူဟောင်း သမ္မတတစ်ဦး အရွေးခံခဲ့ရပါတယ်။ ဗလာဒီမာပူတင်ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ အလုပ်အကိုင် ၂၅ သန်း ဖော်ထုတ်ပေးမယ်လို့ ပူတင်ကကတိပေးထားပါတယ်။လာမဲ့ ခြောက် နှစ်မှာ ရုရှားနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကို ခေတ်မီအောင် ဆောင် ရွက်မယ်။ သမားရိုးကျ စီးပွားရေးစနစ် ကနေ ဈေးကွက်စီးပွား ရေးကို ပြောင်းမယ်။ ရေနံနဲ့ သတ္တုသယံဇာတတွေကို မှီခိုနေရတာကို မှီခိုမှု လျှော့ချမယ်လို့ ပူတင်က ပြောထားပါတယ်။ ကမ္ဘာ့အနှံ့ဖြစ်ပေါ်နေတဲ့ စီးပွားရေးနောက်ခံအခြေအနေတွေကို အထောက်အထားပြုပြီး ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့စီးပွားရေး အဖွဲ့အစည်း အသီးသီးက ၂၀၁၃ ခုနှစ်မှာ ဖြစ်ပေါ်လာမဲ့ စီးပွားရေး အခြေအနေကို ခန့်မှန်းချက်တွေကို ကောမတ်စ်ပရိသတ် လေ့လာ နိုင်အောင် ဖော်ပြလိုက်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ ကမ္ဘာ့စီးပွားရေးက စီးပွားရေး ဆုတ်ကပ်ဖြစ်မဲ့ အန္တရာယ် ရှိနေ တယ်လို့ ကုလသမဂ္ဂရဲ့ ၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေးအခြေအနေ နဲ့ အလားအလာWorld Economic Situation and Prospects 2013  မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့စီးပွားရေး နှေးကွေး ကျဆင်းရတာက ဖွံ့ဖြိုးပြီး နိုင်ငံတွေ အားနည်းနေတာက အခြေခံ အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။ ဥရောပ စီးပွားရေးတွေက အလုပ်လက်မဲ့၊ ဘဏ္ဍာရေးကဏ္ဍ မတည် ငြိမ်မှု၊ နိုင်ငံကြုံတွေ့ရမဲ့ စွန့်စားမှုတွေ မြင့်မားလာမှု၊ ဘဏ္ဍာရေးခြိုးခြံ ချွေတာမှုနဲ့ စီးပွားဖွံ့ဖြိုးမှု နိမ့်ကျခြင်း စီးပွားရေး ဆိုးသွမ်းသံသရာထဲမှ နစ်မြုပ်နေကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဥရောပနိုင်ငံအတော်များများ စီးပွားရေးဆုတ်ကပ်ဖြစ်နေခြင်း၊ ဂျာမနီနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုး မှု နှေးကွေးနေခြင်း၊ ပြင်သစ် စီးပွား ရေးက တိုးတက်မှုမရှိဘဲ တန့်နေခြင်းစတဲ့ အခြေအနေတွေကြောင့် ယူရိုနယ်မြေရဲ့စုစုပေါင်းပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) က ၂၀၁၃ ခုနှစ် မှာ သုည ဒသမ ၃ ရာခိုင်နှုန်းထိရောက်နိုင်တယ်လို့ ဖော်ပြထားပါ တယ်။ အမေရိကန်စီးပွားရေးက ၂၀၁၂ ခုနှစ်မှာ ထူးထူးခြားခြား အား နည်းခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်မှာ ဆက်လက်ကျဆင်း နိုင်တယ်လို့ ဖော်ပြထားပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှုက ၂၀၁၃ ခုနှစ်မှာ ၁ ဒသမ ၇ ရာခိုင်နှုန်းထိ ကျဆင်းမယ်လို့ ခန်းမှန်းထားပါတယ်။ ဂျပန်နိုင်ငံမှာလည်း စီးပွားရေးဖွံ့ဖြိုးမှုက ၂၀၁၂ ခုနှစ်က ရှိခဲ့တဲ့ ၁ ဒသမ ၅ ရာ ခိုင်နှုန်းအောက်ကျဆင်းပြီး ၂၀၁၃ ခုနှစ်မှာ သုည ဒသမ ၆ ကို ရောက်ရှိမယ်။ဒီလိုဖြစ်ရတာဟာ ၂၀၁၁ ခုနှစ်မြေငလျင် ပြီးနောက် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေ လို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေမျိုးတွေကြောင့် ပို့ကုန်တွေအပေါ်မှီခိုအားထား နေရတဲ့ နိုင်ငံတွေမှာ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတို့ရဲ့အလားအလာကလည်း အကျဘက်ကို ပြောင်းလာကြောင်း အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံရဲ့ ၂၀၁၀ ပြည့်နှစ် က ဖွံ့ဖြိုးမှုနှုန်းက ၁၀ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်မှာ ၇ ဒသမ ၇ ရာခိုင်နှုန်းသာရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယ နိုင်ငံ အလားတူကာလအတွင်းမှာ ၉ ဒသမ ၆ ရာခိုင်နှုန်း ကနေ ၅ ဒသမ ၅ ရာခိုင်နှုန်းကို ကျဆင်းခဲ့ပါတယ်။ ပို့ကုန်လုပ်ငန်းတွေ ဖွံ့ဖြိုးခဲ့တဲ့ လက်တင်အမေရိကတိုက်လည်း အံသြစရာကောင်းလောက်အောင် စီးပွားအကျ မြန်နေပါတယ်။ ဘရာဇီးနိုင်ငံက ၂၀၁၀ ပြည့်နှစ်မှာ ၇ ဒသမ ၅ ရာခိုင်နှုန်း ၂၀၁၁ ခုနှစ်မှာ ၂ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ၂၀၁၂ ခုနှစ်မှာ ၁ ဒသမ ၃ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါတယ်။ နိုင်ငံအများစု ရင်ဆိုင်နေရဆဲဖြစ်တဲ့ အလုပ်အကိုင် အကျပ် အတည်းကို ကျော်လွှားနိုင်လောက်အောင် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းက လိုက်မမီသေးဘူးလို့ World Economic Situation and Prospects က သတိပေးထားပါတယ်။  လက်ရှိကျင့်သုံးနေတဲ့ မူဝါဒတွေ အတိုင်းသွားရင် ၂၀၀၈-၂၀၀၉ စီးပွားဆုတ်ကပ်ကာလက အလုပ် အကိုင် ဆုံးရှုံးမှုတွေကို ပြန်မှီအောင် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပက အနည်းဆုံး ငါးနှစ်ေ လာက် ဆောင်ရွက်ရဦးမှာ ဖြစ်ပါ တယ်။
အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့က ကမ္ဘာ့စီးပွားရေး အခြေအနေကို ၂၀၁၂ ခုနှစ်ဧပြီ နောက်ပိုင်း အောက်တိုဘာမှာ ဒုတိယအကြိမ်မြောက် ခန့်မှန်းထုတ်ပြန်ရာမှာ ကမ္ဘာ့စီးပွားေ ရးနှေး ကွေးကာကျဆင်းမှုက တစ်စတစ်စ ဆိုးဝါးလာကြောင်း ခန့်မှန်းထား ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပရှိ မူဝါဒ ရေးဆွဲသူတွေ က သူတို့စီးပွားရေးတွေကို ပြုပြင်ပြောင်းလဲမှု မရှိရင် စီးပွားရေး ကျဆင်းမှု ကြာရှည်မယ်လို့ ခန့်မှန်းပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ စီးပွားရေးတွေက အားနည်းလွန်းတဲ့အတွက် အလုက်လက်မဲ့ပြဿနာကိုဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဗဟိုဘဏ်တွေ ကတော့အနည်းငယ်အရှိန်ရလာနိုင်စရာရှိတယ်လို့အောက်တိုဘာလ အတွင်း က ပြုလုပ်တဲ့ အိုင်အမ်အက်ဖ်ရဲ့ ကမ္ဘာ့စီးပွားရေး အလား အလာ World Economic Outlook  မှာ ဖော်ပြထား ပါတယ်။ ကမ္ဘာ့မူဝါဒရေးဆွဲသူတွေက အစိုးရအသုံးစရိတ်လျှော့ချရေးနဲ့ အခွန်အကောက်တိုးမြှင့်ရေးပြဿနာဖြစ်တဲ့ အမေရိကန်ပြည်ထောင် စုရဲ့ စီးပွားရေးချောက်ကမ်းပါးနဲ့ ယူရိုနယ်မြေရဲ့ ကြွေးမြီ အကျပ် အတည်းကို ကမ္ဘာ့စီးပွားရေးရဲ့ ထိပ်တန်းပြဿနာတွေအဖြစ် သတ် မှတ်ထားပါတယ်။ ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုကို ၂၀၁၂ ခုနှစ် ဇူလိုင်က ၃ ဒသမ ၅ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားရာကနေ နောက်ဆုံး ခန့်မှန်းချက်မှာ ၃ ဒသမ ၃ ရှိမယ်လို့ အိုင်အမ်အက်ဖ် က လျှော့ချခန့်မှန်းခဲ့ပါတယ်။ ဒီနှုန်းထားအတိုင်းဆိုရင် ကမ္ဘာ့စီးပွားရေး တိုးတက်နှုန်းက ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကြားက ရုန်း ထွက်ခဲ့ရတဲ့၂၀၀၉ ခုနှစ် နောက်ပိုင်းတိုးတက်မှု နှေးကွေးဆုံး ဖြစ်ခဲ့ ပါတယ်။ လာမဲ့ ၂၀၁၃ ခုနှစ်မှ အနည်း ငယ်သာ တိုးတက်ပြီး ၃ ဒသမ ၆ ရာခိုင်နှုန်းရှိမှာဖြစ်ကြောင်း ဇူလိုင်က ခန့်မှန်းခဲ့ တဲ့ ၃ ဒသမ ၉ ရာခိုင်နှုန်းအောက် လျှော့ချ ခန့်မှန်းခဲ့ပါ တယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက် မှုနှုန်းက ၂၀၁၂ ခုနှစ်နဲ့၂၀၁၃ ခုနှစ်မှာ ၂ ရာခိုင်နှုန်း ကျော် ကျော်လောက်သာ ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ ယူရို နယ် မြေရဲ့တိုးတက်နှုန်း ကတော့ယခုနှစ်မှာ သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး ၂၀၁၃ ခုနှစ်မှာ သုည ဒသမ၂ ရာခိုင်နှုန်း တိုးတက်မှု ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ထွန်းသစ်ဈေးကွက်တွေရဲ့ ဖွံ့ဖြိုးမှုနှုန်းက ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်လေးဆလောက် ပိုမိုမြင့်မားမယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ အိန္ဒိယနဲ့ဘရာဇီးနိုင်ငံတို့ရဲ့ ဖွံ့ဖြိုးမှုနှုန်းနည်းမယ်လို့ ခန့်မှန်း ထားပါတယ်။ တရုတ်နိုင်ငံရဲ့ ၂၀၁၂-၂၀၁၃ ခုနှစ်ဖွံ့ဖြိုးမှုနှုန်းကိုလည်း လျှော့ချ ခန့်မှန်းထားပြီး ကမ္ဘာ့ဘဏ္ဍာရေးအကျပ် အတည်းကာလ ကမ္ဘာ့ စီးပွားရေးမှာ မောင်းနှင်အားဖြစ်တဲ့ ဒီနိုင်ငံတွေကို အလွန်အကျွံ အကောင်းမမြင်ကြဖို့ သတိပေးထားပါတယ်။ ဘဏ္ဍာရေး ပြန်လည်စုစည်းမှု၊ အားနည်းနေဆဲဖြစ်တဲ့ ဘဏ္ဍာ ရေးစနစ်နဲ့ ၂၀၀၈ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ ဘဏ္ဍာရေးအကျပ် အတည်းက တည်ရှိခဲ့တဲ့အလားတူပြဿနာတွေလို ရှိရင်းဆဲ ပြဿနာ တွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ စီးပွားရေးကို ဆွဲချနေဆဲဖြစ်ကြောင်း အိုင်အမ်အက်ဖ်က ပြောပါတယ်။ စွန့်စားမှုအန္တရာယ်နဲ့ မရေရာမှုတွေဖြေရှင်းတဲ့ အစီအမံတွေက အဆင့်နိမ့်ကျနေဆဲဖြစ်တဲ့အတွက် မရေရာ မှုရဲ့သဘောသဘာဝကို အကဲဖြတ်ရ ခက်ခဲကြောင်း အိုင်အမ်အက်ဖ်ရဲ့ စီးပွားရေးပညာရှင် အကြီးအကဲ အိုလီဗာဘလန်ချတ်က ပြောပါတယ်။ ယူရို အကျပ်အတည်းကို ထိန်းချုပ်ဖို့အတွက် ဥရောပမူဝါဒ ရေးဆွဲသူတွေရဲ့ စွမ်းဆောင်ရည်အပေါ် စိုးရိမ်မှုနဲ့ ဘဏ္ဍာရေးစီမံချက် ကို သဘောတူညီချက်ရအောင် အမေရိကန် မူဝါဒ ရေးဆွဲသူတွေ မဆောင်ရွက်နိုင်မှာကို စိုးရိမ်မှုတွေက အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေကြောင်း ဖြေရှင်းနိုင်ဖို့ ခက်ခဲကြောင်း ဘလန့်ချတ်က ပြော ပါတယ်။ ယူရိုဇုန်ပြဿနာတွေကို ဖြေရှင်းဖို့က အချိန်ကြာဦးမယ်။ အသုံး စရိတ်လျှော့ချဖို့နဲ့ အခွန်တိုးမြှင့်ဖို့ကိစ္စအတွက် ကစိုးရိမ်စရာဖြစ်နေပါ တယ်။ ဒါကြောင့် ကမ္ဘာ့ဘဏ္ဍာရေး အခြေအနေတွေက "ယဲ့ယဲ့ ကလေးပဲ" ရှိနေဆဲဖြစ်ကြောင်း အိုင်အမ်အက်ဖ်က ပြောပါတယ်။
အခြားအဖွဲ့အစည်းများ IHS စီးပွားရေး ခန့်မှန်းရေး အေဂျင်စီတစ်ခုဖြစ်တဲ့ IHS က ၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေးတိုးတက်နှုန်းက ၂ ဒသမ  ၆ ရာခိုင်နှုန်းနဲ့ မှန်တန်းပဲ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ တိုးတက်နှုန်းက ၂၀၁၂ ခုနှစ်မှာ ၁ ဒသမ ၂ ရာခိုင်နှုန်းရှိမယ်၊ ၂၀၁၃ ခုနှစ်မှာ ၁ ဒသမ ၃ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းပါတယ်။ အနည်းငယ် တိုးတက်လာရတဲ့အကြောင်းရင်းက ယူရိုနယ်မြေရဲ့ စီးပွားရေးက ၂၀၁၂ ခုနှစ်မှာ သုည ဒသမ ၆ ရာခိုင် နှုန်းကျဆင်းနေရာက သုည ဒသမ ၂ ရာခိုင်နှုန်းထိပြန်လည်တိုးတက် လာနိုင်တဲ့အတွက် ဖြစ်ပါတယ်။ အမေရိကန်စီးပွားရေးတိုးတက်နှုန်းက ၂၀၁၂ ခုနှစ်မှာ၂ ဒသမ  ၁ ရာခိုင်နှုန်းရှိပြီး ၂၀၁၃ခုနှစ်မှာ၁ ဒသမ ၈ ရာခိုင်နှုန်းထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ကာလလတ်အတွင်းမှာ အမေရိကန် ပြည်ထောင်စုနဲ့ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လုပ်သား အင်းအားစု၊ ရင်းနှီးမြှုပ်နံှမှု အလားအလာနဲ့ နည်းပညာဖွံ့ဖြိုးမှု အခြေအနေတွေအရ လက်ရှိကုန်ထုတ် လုပ်မှုနဲ့ ငွေကြေး ဖောင်းပွမှုကို ဖယ်ပြီးတွက်ချက် ထား တဲ့ ကုန်ထုတ်လုပ်မှုတို့ရဲ့ ကွာဟချက်က ကြီးမားနေပါတယ်။ လက်ရှိ  ကုန်ထုတ်လုပ်မှု ကွာဟချက်က အမေရိကန်ပြည်ထောင်စု မှာ ၂၀၁၃ ခုနှစ်က ၂၀၀၈ ခုနှစ်ထိ ပျမ်းမျှ ၂ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ က ၂၀၂၅ ခုနှစ်မှာ ၂ ဒသမ သုည ရာခိုင် နှုန်းထိ ပြန်ကျသွားနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ အလားတူကာလ နှစ်ခုအတွင်း ၁ ဒသမ ၁ ရာခိုင်နှုန်း အသီးသီးရှိနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့၇ ဒသမ ၈ ရာခိုင်နှုန်းကနေ ၆ ဒသမ ၉ ရာခိုင် နှုန်းထိ ရှိပြီး အိန္ဒိယနိုင်ငံက ၅ ဒသမ ၅ ရာခိုင်နှုန်းကနေ ၄ ဒသမ ၇ ရာခိုင်နှုန်းထိရှိမှာဖြစ်တဲ့အတွက် ဖွံ့ဖြိုးဆဲနဲ့ ထွန်းသစ်စ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုနှုန်းက ၂၀၁၂ ခုနှစ်မှာ ၅ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၃ ခုနှစ်မှာ ၄ ဒသမ ၇ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းပါတယ်။ ၂၀၁၉-၂၀၂၅ ခုနှစ်မှာ ထွန်းသစ်စနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ တိုးတက်နှုန်းက ၃ ဒသမ ၃ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းပါတယ်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့     (အိုအီးစီဒီ) အမေရိကန်ပြည်ထောင်စု၊ ယူရိုဇုန်နဲ့ တရုတ်နိုင်ငံတို့မှာ စီးပွား ရေးလုပ်ငန်းတွေ အားယူခေါင်းထောင်လာပြီး သို့မဟုတ် မှန်မှန် တိုးတက်လာပြီဖြစ်ကြောင်း စက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေရဲ့ စီးပွား ရေးညွှန်းကိန်းတွေကို အခြေခံပြီး အိုအီးစီဒီက ဇန်နဝါရီ ၁၅ ရက်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးဖွံ့ဖြိုးမှုက "ခိုင်မာ" လာ နေပြီ၊ ယူရိုဇုန်မှာဖြစ်ပေါ်နေတဲ့စီးပွားရေး ကျဆင်းမှုက "တည်ငြိမ်စ"စပြုနေပြီ၊ တရုတ်နိုင်ငံမှာ အတက်ဘက်ကို ဦးတည်မဲ့လက္ခဏာေ တွ ပြသလာပြီဖြစ်ေ ကြာင်း နိုင်ငံအများအပြားက ရရှိခဲ့တဲ့ အချက်တွေကို သုံးသပ်ပြီး အိုအီးစီဒီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နိုင်ငံ ၃၄ နိုင်ငံပါဝင်တဲ့ အိုအီးစီဒီနယ်မြေမှာ စီးပွားရေးဖွံ့ဖြိုးမှု ခိုင်မာလာနေပြီလို့ အိုအီးစီဒီက ပြောပါ တယ်။ ၂၀၁၂ ခုနှစ်နှစ်ကုန် အထိ လုံးလည်ချာလည်လိုက်အောင် ရုန်းကန်နေရတဲ့ ကမ္ဘာ့စီးပွား ရေးအတွက် ယူရိုဇုန် အကျပ်အတည်းက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်နေကြောင်း နိုင်ငံတကာ စီးပွားရေး အခြေအနေတွေကို လေ့လာပြီး ခန့်မှန်းချက်တွေပေးနေတဲ့ အိုအီးစီဒီက လပေါင်းများစွာ ကတည်းက သတိပေးပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ယူရိုဇုန်ရဲ့ အကျပ်အတည်းက အထွတ်အထိပ်ကို ရောက်သွားပြီဖြစ်ကြောင်း ဘဏ္ဍာရေးဈေးကွက်တွေ အပေါ် အမြင် ကို အိုအီးစီဒီကပြောင်းလဲသွားပါတယ်။ အမေရိကန် ပြည် ထောင်စုနဲ့ ယူရိုဇုန်အဖွဲ့ဝင် မဟုတ်တဲ့ ဗြိတိန်နိုင်ငံတို့မှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေး ညွှန်းကိန်းတွေက စီးပွားရေးဖွံ့ဖြိုးခိုင်မာနေပြီ ဆိုတာကို ညွှန်ပြေ န ကြောင်းနဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ စီးပွားရေးအခြေအနေက ယခင်လ က ခန့်မှန်းချက်ထက်ပိုမို သာလွန်လာနေကြောင်း အိုအီးစီဒီကပြောပါ တယ်။ အီတလီ၊ ဂျာမနီ၊ ပြင်သစ်နဲ့ ယူရိုဇုန်တို့ကို အားလုံးခြုံပြီးကြည့်ရင် စီးပွားရေးညွှန်ကိန်းတွေက တည်ငြိမ်မဲ့ အလားအလာကို ညွှန်ပြနေ ကြောင်း၊ ထိုနည်းလည်းကောင်း ဂျပန်နဲ့ ဘရာဇီးနိုင်ငံတွေရဲ့ အလား အလာတွေကလည်း တည်ငြိမ်တဲ့ လက္ခဏာတွေ တွေ့နေရကြောင်း အိုအီးစီဒီက ပြောပါတယ်။ ဒါပေမဲ့ ကနေဒါနဲ့ ရုရှားတို့က တိုးတက်မှု အားနည်းတဲ့ လက္ခဏာတွေပြသနေတယ်လို့ ပြောပါတယ်။ အိုအီးစီဒီရဲ့ စောစောပိုင်း ခန့်မှန်းချက်တွေမှာ ၂၀၁၃ ခုနှစ် စီးပွားရေးအလားအလာကို အနည်းငယ် မှေးမှိန်နေတယ်လို့ အို အီးစီဒီက ခန့်မှန်းပါတယ်။ ဥရောပနိုင်ငံ ၃၄ နိုင်ငံပါဝင်တဲ့ အိုအီးစီဒီ အဖွဲ့ရဲ့ စီးပွားရေးတိုးတက်မှု အလားအလာထက်ဝက်လျှော့ချ ခဲ့ပါ တယ်။ မူလက ၂ ဒသမ ၂ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းရာကနေ ၁ ဒသမ ၂ ရာခိုင်နှုန်းထိလျှော့ချခန့်မှန်းခဲ့ပါတယ်။ ထွန်းသစ်စနိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ဘရာဇီးနိုင်ငံတွေ ကလည်း ယူရိုအကျပ် အတည်းရဲ့ ဖိတ်လံျှအကျိုးသက်ရောက်မှုကို ခံစားရတယ်။ ပို့ကုန် တွေရဲ့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုနဲ့ နိုင်ငံခြားမှာ အလုပ် လုပ်ကိုင်နေသူတွေရဲ့ လွှဲငွေတွေ ကျဆင်းမယ်လို့ ခန့်မှန်းထားပါ တယ်။
မော်ဂန်စတန်လေ ကမ္ဘာ့စီးပွားရေးတိုးတက်မှုက ၂၀၁၃ ခုနှစ်မှာ သာမန်အခြေ အနေမျိုးသာရှိဦးမယ်။ တိုးတက်မှုနှုန်းအနည်း အများက အစိုးရ တွေရဲ့ အရေးယူဆောင်ရွက်မှုတွေ အပေါ်မှာ အများကြီးမူတည် နေကြောင်း မော်ဂန်စတန်လေ မှ ဂျိုအင်ချင်ဖဲလ်က သူရဲ့ ၂၀၁၃ ခုနှစ် အလားအလာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ တစ်ဝန်းလုံးအထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမှာ မူဝါဒ ရေးဆွဲသူတွေရဲ့ ကိုင်တွယ်ဖြေရှင်းမှု အဆိုးအကောင်း အပေါ် မှာ မူတည်နေကြောင်း ဖော်ပြထားပါတယ်။ ၂၀၁၃ ခုနှစ် တစ်လျှောက်လုံးမှာ ကမ္ဘာ့စီးပွားရေးအခြေ အနေက မရေမရာနဲ့ လက်ကြား မမြင်တမြင် အခြေအနေမျိုးသာရှိဦး မယ်လို့ မော်ဂန်စတန်လေက ခန့်မှန်းပါတယ်။ မူဝါဒရေးဆွဲသူတွေက အရေးယူ ဆောင် ရွက်တာတွေ မလုပ်ရင် အခြေအနေ ပိုဆိုးလာနိုင် တယ်လို့ ပြောပါတယ်။ တကယ်လို့ အရေးယူဆောင်ရွက်မှုမရှိရင် ကမ္ဘာ့စီးပွားရေးတိုးတက်နှုန်းက ၂ ရာခိုင်နှုန်းသာ ရှိမယ်လို့ ပြောပါ တယ်။
ဂိုလ်မန်ဆက် ဂိုလ်မန်ဆက်အက်ဆက်စီမံခန့်ခွဲမှုအေဂျင်စီက ၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၆ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဂိုလ်မန်ဆက်ရဲ့ ခန့်မှန်းချက်က ဈေးကွက်တွေ က သဘောတူထားတဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်းထက်အနည်းငယ်သာ ကျော်လွန်နေပါတယ်။အထူးသဖြင့်အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ နဲ့ ရုရှားစတဲ့ ဖွံ့ဖြိုးနိုင်ငံတွေရဲ့ အခြေအနေ တိုးတက်လာမယ်ဆိုတဲ့ အမြင်ကို အခြေခံပြီး ခန့်မှန်းထား တာ ဖြစ်ပါတယ်။ ဂိုလ်မန်ဆက်က မက္ကဆီကိုနဲ့ တူရကီတို့ရဲ့ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်မှုရှိမယ်ဆိုတဲ့ အခြေခံနဲ့ ခန့်မှန်းတာဖြစ်ပါတယ်။ ဂိုလ်မန်ဆက်ရဲ့ ခန့်မှန်းချက်ဖြစ်တဲ့ ၃ ဒသမ ၆ ရာခိုင်နှုန်းက အပြည်ပြည်ဆိုင် ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ပြင်ဆင်ထားတဲ့ ခန့်မှန်း ချက်နဲ့ ကိုက်ညီမှုရှိပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျဆင်းမှု နှုန်းက ဘတစ်ပြန်ကျားတစ်ပြန်နဲ့ ဖြစ်နေတဲ့အဖြစ်က အဆုံးသတ် သွားပြီလို့ ဂိုလ်မန်ရဲ့ စီးပွားရေး ပညာရှင်တွေက ဇန်နဝါရီ ၁၅ ရက်က ပြောပါတယ်။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဂိုလ်မန်ဆက်ရဲ့ အညွှန်းကိန်းတွေက အတက်ဘက်ကို ဦးတည် နေရာက အကျဘက် ပြန်လှည့်လာပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ အမှန်တကယ်နာလန် ထူလာပြီး ကမ္ဘာ့စီးပွားရေးက အတက်ဘက်ကို ဦးတည်လာတဲ့ အတွက် အလားအလာမှေးမှိန်နေတဲ့ သံသရာပျက်သွားပြီလို့ ဂိုလ်မန် ဆက်ကဆိုပါတယ်။ ယူရိုဇုန်က ချိနဲ့နေဆဲဖြစ်ပြီး ယခုနှစ်မှာ စုစု ပေါင်းပြည်တွင်းထုတ်လုပ်မှုက သုည ဒသမ ၂ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာ တိုးတက်နှုန်းက အလွန် နှေးသွားမယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ ဗြိတိန်နိုင်ငံရဲ့ စီးပွား တိုးတက်နှုန်းက ၁ ဒသမ ၄ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းပါတယ်။
တရုတ်လူမှုသိပ္ပံ အကယ်ဒမီ ကျဆင်းနေတဲ့ ကမ္ဘာ့စီးပွားရေးကြောင့် စိန်ခေါ်မှုတွေဖြစ်ပေါ် လာမယ်။ ဒီလိုစွန့်စားမှုအန္တရာယ်တွေကို တားဆီးနိုင်ဖို့ မူဝါဒတွေ ချမှတ်ရမယ်လို့ တရုတ်လူမှုသိပ္ပံအကယ်ဒမီ (Chinese Academy of Social Sciences) မှကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံရဲ့ ညွှန်ကြား ရေးမှူး ချန်ယုယန်က ဒီဇင်ဘာ ၂၅ ရက်က ပြောပါတယ်။ ကမ္ဘာ့စီး ပွားရေးက ကျဆင်းမှာဖြစ်ကြောင်းနဲ့ အနည်းဆုံးနှစ်အနည်းငယ်အထိ ယခုလိုဖြစ်ပျက်နေဦးမှာဖြစ်ကြောင်း သူက ပြောပါတယ်။ ၂၀၁၃ ခုနှစ် အတွက် ကမ္ဘာ့စီးပွားရေးတိုးတက်နှုန်းက ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိမှာဖြစ်ကြောင်း အကယ်ဒမီရဲ့ ကမ္ဘာ့စီးပွားရေးလေ့လာ ဆန်းစစ် ချက်နဲ့ ခန့်မှန်းချက် The World Economy Analysis and forecast  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းကြီးတွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကုလသမဂ္ဂအဖွဲ့အစည်း တို့နဲ့ ၂၀၁၃ ခုနှစ်အတွက် ခန့်မှန်းချက်က ၃ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းအသီးသီး ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွား ရေး ချောက်ကမ်းပါးပြဿနာ၊ ယူရိုဇုန်အကျပ်အတည်းနဲ့ ကုန်သွယ် ရေးကိုယ်ကျိုးစီးပွားကာကွယ်မှု အခြေအနေတွေပေါ် မူတည်ပြီး ယခုလို ခန့်မှန်းတာဖြစ်ကြောင်း ချန်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုက ချောက်ကမ်းပါးကို ကျော်လွှား နိုင်ခဲ့တဲ့တိုင်အောင် နောက်ထပ်ငွေကြေး မူဝါဒလျော့ချတာတွေ ပြု လုပ်မှာ ဖြစ်တဲ့အတွက်ကမ္ဘာ့ဈေးတွေထဲကိုငွေကြေးတွေစီးဝင်မှာဖြစ် တဲ့အတွက် ငွေေ ကြး ဖောင်းပွမှုဖြစ်နိုင်ကြောင်း ချန်ကပြောပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေက Japanization လို့ခေါ်တဲ့ ကြွေးမြီမြင့်မားမှု နဲ့ အသက်အရွယ်ကြီးရင့်သူများပြားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ် လို့ သူက ပြောပါတယ်။ ဒါကြောင့် ကိုယ်ကျိုးစီးပွားကာကွယ်မှု ကြီးထွားပြီး တရုတ်နိုင်ငံက အဓိက သားကောင်ဖြစ်လိမ့်မယ်လို့ ချန်ကပြောပါတယ်။ အစီရင်ခံစာမှာ အမေရိကန်စီးပွားရေး တိုးတက် နှုန်းက ၂၀၁၂ ခုနှစ်မှာ ၂ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ၂၀၁၃ ခုနှစ်မှာ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းပါတယ်။ *    ၂၀၁၃ခုနှစ်မှာရှိမယ့် ကမ္ဘာစီးပွားရေးအလားအလာကို ခန့်မှန်းရာမှာ အဓိကစီးပွားရေး အင်အားကြီးနိုင် ငံတွေရဲ့ စီးပွားရေးအလားအလာ အခြေအနေတွေကို အခြေခံ ပြီး တွက်ချက် ခန့်မှန်းကြတာကို တွေ့ရမှာပါ။ အခုအချိန်မှာ ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေး အသိုင်းအဝိုင်းအတွင်းကို တင်းပြည့်အဖွဲ့ဝင်တစ်ဦးအဖြစ်နဲ့ ပြန်လည် ဝင်ရောက်လာမယ့် မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့စီးပွားရေးရဲ့ အတက်အကျ၊ အနိမ့် အမြင့် သက်ရောက်မှုကို ခံစားရမှာပါပဲ။ ဒါကြောင့် ၂၀၁၃ ခုနှစ်ကနေ နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု မူဝါဒများ ချမှတ်ရာမှာ ချင့်ချိန်လုပ်ဆောင်ဖွယ်ရာများ အဖြစ် ကိုးကားနိုင်ရန် တင်ပြအပ်ပါတယ်။