Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေးရက်သတ္တပတ်

Mon, 01/21/2013 - 08:41 -- ydnar

ကမ္ဘာ့စီးပွားရေးပြန်လည်နာလန် ထူလာပြီဖြစ်ကြောင်း အကောင်းမြင်တဲ့ ဘက်ကများလာတဲ့အတွက် အာရှငွေ ကြေးတွေရက်သတ္တပတ်အလိုက် နှိုင်း ယှဉ်ရင် တန်ဖိုးမြင့်တက်လာတာကို တွေ့ရပါတယ်။ စက်တင်ဘာနောက်ပိုင်း မှာ အရှည်ကြာဆုံးတန်ဖိုးမြင့်တက်ခဲ့ တာဖြစ်ပါတယ်။

 
တရုတ်နိုင်ငံရဲ့ စက်မှုကုန်ထုတ် လုပ်မှုမြင့်တက်ပြီး စီးပွားရေးနှစ်နှစ်အ တွင်းပထမအကြိမ်တိုး တက်လာခဲ့ကြောင်း ဇန်နဝါရီ ၁၈ ရက်ကထုတ်ပြန်တဲ့စာရင်း တွေအရ သိရပါတယ်။ အမေရိကန် ပြည်ထောင်စု မှာလည်း အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားမှုတွေက ခန့်မှန်း ထားတာထက် ကျဆင်းခဲ့ကြောင်း ဇန် နဝါရီ ၁၇ ရက်ကထုတ်ပြန်တဲ့ အစီရင် ခံစာတွေအရ သိရပါတယ်။ တရုတ်နိုင် ငံရဲ့ စုစုပေါင်းပြည်တွင်းကုန်ထုတ်လုပ် မှု(ဂျီဒီပီ)က စတုတ္ထသုံးလပတ်မှာ ၂၀၁၁ ခုနှစ်ကထက် ၇ ဒသမ ၉ ရာခိုင် နှုန်းမြင့်တက်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုအိမ်ခြံမြေဈေးကွက်က ဒီ ဇင်ဘာလအထိ ပျမ်းမျှလုံးရေ ၉၅၄၀၀၀ နှုန်း ရှိခဲ့တဲ့အတွက်  ဘလွမ်းဘတ်က စီးပွားရေး ပညာရှင် ၈၄ ဦး ခန့်မှန်း ထားတာထက် မြင့်တက်ခဲ့ပါတယ်။
တရုတ်ယွမ် တရုတ်ယွမ်ငွေကြေးတန်ဖိုးမှာ ယ ခင်ရက်သတ္တပတ်အကုန်က တစ်ဒေါ် လာကို ၆ ဒသမ ၂၁၆၁ ယွမ်နှုန်းရှိခဲ့ရာ မှယခုရက်သတ္တပတ်အကုန်မှာ တစ် ဒေါ်လာကို ၆ ဒသမ ၂၁၅၂ ယွမ်နှုန်းရှိ ခဲ့ပါတယ်။ တစ်နေ့အတွင်း ဒေါ်လာတန်ဖိုး အားနည်းလာတဲ့အတွက် တရုတ်ဗဟို ဘဏ်ကတရားဝင်သတ်မှတ်နှုန်းကို ဇန် နဝါရီ ၁၈ ရက်က သုံးရက်အတွင်းပထ မအကြိမ်အဖြစ် တန်ဖိုးတိုးမြှင့်သတ်မှတ် ပြီးနောက် ယွမ်တန်ဖိုးမြင့်တက် လာပါ တယ်။ တရုတ်နိုင်ငံခြားငွေရောင်းဝယ်ရေး ဌာနမှ ဇန်နဝါရီ ၁၈ ရက်က ယွမ်ငွေ တန်ဖိုးကို ၁၅ ရာခိုင်နှုန်းတိုးမြှင့်ပြီးတစ် ဒေါ်လာကို ၆ ဒသမ ၂၇၅၂ ယွမ်နှုန်း သတ်မှတ်ခဲ့ပါတယ်။ တရုတ်နိုင် ငံခြား ငွေဈေး ကွက်မှာ   ယွမ်လက်ငင်းဈေး ကွက်ကို  သတ်မှတ်ဈေးထက် ၁ ရာခိုင် နှုန်းအတက်အကျ ဖလှယ်ခွင့်ပြုထားပါ တယ်။
ရူပီး အိန္ဒိယအစိုးရက ဒီဇယ်ဈေးကို ထိန်းချုပ်ထားရာမှ တစ်စိတ်တစ်ပိုင်း လွှတ်ပေးလိုက်ပြီး နောက်တစ်ရက်မှာ ရူပီးတန်ဖိုးက တစ်ဒေါ်လာ ၅၄ ရူပီး နှုန်းထက်မြင့်တက်ပြီး နှစ်လခွဲအတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့ပါတယ်။ ရူပီး တန်ဖိုးက ယခင်ရက်က တစ်ဒေါ်လာ ကို ၅၄ ဒသမ ၃၈၅၀ ရူပီးနှုန်းရှိခဲ့ရာမှ ဇန်နဝါရီ ၁၈ ရက်မနက် ၉ နာရီ ၄၁ မိနစ်မှာ တစ်ဒေါ်လာကို ၅၃ ဒသမ ၉၈ ရူပီးနှုန်းရှိခဲ့ပါတယ်။
ဂျပန်ယန်း အမေရိကန်အိမ်ခြံမြေနှင့် အလုပ် အကိုင်ဈေးကွက်တို့ အခြေအနေကောင်း မွန်ပြီး ဂျပန်နိုင်ငံ မှာ ငွေကြေးမူဝါဒ လျှော့ချမှုကိုထပ်မံပြုလုပ်မဲ့ အခြေအ နေကြောင့် ယန်းငွေတန်ဖိုးကျခဲ့ပေမဲ့ ဇန်နဝါရီ ၁၇ ရက်က ယူရိုနဲ့ ဖလှယ်ရာ မှာဒေါ်လာတန်ဖိုးကျဆင်းခဲ့ပါတယ်။ ဒေါ်လာ/ယန်းဖလှယ်ရာမှာ ဇန်နဝါရီ ၁၆ ရက်က တစ်ဒေါ်လာကို ၈၈ ဒသမ ၃၇ ယန်းရှိခဲ့ရာမှ ဇန်နဝါရီ ၁၇ ရက်မှာ တစ်ဒေါ်လာကို ၈၉ ဒသမ ၈၆ ယန်းနှုန်းရှိခဲ့ပါတယ်။ ယန်းငွေတန် ဖိုးက လ ၃၀ အတွင်းအနိမ့်ဆုံးဖြစ်ခဲ့ပါ တယ်။ ယူရိုငွေကြေးတန်ဖိုးက ဇန်နဝါရီ ၁၆ ရက်မှာ တစ်ယူရိုကို ၁ ဒသမ ၃၂၈၆ ဒေါ်လာနဲ့ ၁၁၇ ဒသမ ၄၂ ယန်းရှိခဲ့ရာမှ ဇန်နဝါရီ ၁၇ ရက်မှာ တစ် ယူရိုကို ၁ ဒသမ ၃၃၇၅ ဒေါ်လာနဲ့ ၁၂၀ ဒသမ ၂၀ ယန်းရှိခဲ့ပါတယ်။
မလေးရှားရင်းဂစ် စွန့်စားရတဲ့ အက်ဆက်များကို လူ ကြိုက်များလာတဲ့အတွက် ဇန်နဝါရီ ၁၈ ရက်က ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးကမြင့်တက်ခဲ့ကြောင်း ဝယ်ရောင်းသမားတွေက ပြောပါတယ်။ ရင်းဂစ်တန်ဖိုးက ဇန်နဝါရီ ၁၇ ရက် ညနေ ၅ နာရီမှာ တစ်ဒေါ်လာကို ၃ ဒသမ ၀၁၅၀ ရင်းဂစ်နှုန်းရှိရာမှ ဇန်နဝါ ရီ ၁၈ ရက်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၀၁၁၀ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ ဒေါ်လာ နဲ့ဖလှယ်ရာမှာ ယန်းငွေတန်ဖိုးကျနေတဲ့ အတွက် ဒေသတွင်း စီးပွားရေးအပေါ် သတိထားစောင့်ကြည့်နေပါတယ်။ အ ခြားအဓိကငွေကြေးတွေနဲ့ ဖလှယ်ရာ မှာ ရင်းဂစ်တန်ဖိုးက အများအားဖြင့် ကျဆင်းနေပါတယ်။
တောင်ကိုရီးယားဝမ် ကမ္ဘာ့အကြီးဆုံးစီးပွားရေးဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ အိမ်ခြံမြေအခြေအ နေမြင့်တက်မှုက အာရှပို့ကုန်တွေအ တွက် အလားအလာတောက်ပြောင်နေ ပါတယ်။ ဒါကြောင့် ဇန်နဝါရီ ၁၈ ရက် မှာတောင်ကိုရီးယား ဝမ်တန်ဖိုးမြင့်တက် ပြီး အစိုးရဘွန်းစာချုပ်တွေ တန်ဖိုးကျခဲ့ ပါတယ်။ ဝမ်ငွေကြေးတန်ဖိုးက ယခု ရက်သတ္တပတ် အတွင်းမှာ ၁၇ လအ တွင်းအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဆိုးလ်မြို့ မှာဇန်နဝါရီ ၁၈ ရက်မနက် ၉ နာရီ ၅၁ မိနစ်မှာ ဝမ်တန်ဖိုးက သုည ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာ ကို ၁၀၅၆ ဒသမ ၄၇ ဝမ်နှုန်းရှိခဲ့ပါတယ်။
ထိုင်းဘတ် ဘတ်ငွေတန်ဖိုးက ဇန်နဝါရီ ၁၈ ရက်မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာနောက် ပိုင်း ရက်သတ္တပတ်အလိုက် တန်ဖိုးမြင့် တက်မှု အများဆုံးဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တွေက အ မြတ်အစွန်းမြင့်မားတဲ့ အက်ဆက်တွေ ကို အကြိုက်များလာတဲ့အတွက် ဇန်န ဝါရီ ၁၇ ရက်မှာ ဘတ်ငွေတန်ဖိုးက တစ်ဒေါ်လာကို ၂၉ဒသမ၇၂ ဘတ်နှုန်း ဖြင့် ၁၇ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့ပါ တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ထိုင်းအစိုးရဘွန်းစာချုပ်တွေကို နောက် ဆုံးလေးရက်အတွင်း အဝယ်ဒေါ်လာ တစ်ဘီလီယံဖိုးပိုမိုခဲ့ကြောင်း ထိုင်းဘွန်း စာချုပ်ဈေးကွက်အသင်းက ပြောပါ တယ်။