Main menu

Background

မှောင်ခို (သို့မဟုတ်) တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးနှင့် ပတ်သက်၍ ပစ္စုပ္ပန် နှင့် အနာဂတ်

Fri, 02/01/2013 - 04:10 -- ydnar

ဆင်ခြင်မိသော မှောင်ခို မှောင်ခိုဆိုသည်မှာ ရောင်းဝယ်ရန် ပိတ်ပင်ထားသော ကုန်ပစ္စည်းကို အ ရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်သည်။ ပွင့် လင်းလွတ်လပ်မှုများ ရရှိလာသော ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးလာ သည့် ယနေ့အချိန် အခါတွင်မှု မှောင်ခို ဟုခေါ်ဝေါ်သည်ထက် အများအားဖြင့် တရားမဝင် ကုန်သွယ်မှုဟုသာ ခေါ် လာခဲ့ကြသည်။ သို့သော် သဘောသ ဘာဝအားဖြင့် အတူတူသာဖြစ်သည်။မှောင်ခို(သို့မဟုတ်) တရားမဝင်ကုန် သွယ်မှုနှင့်ပတ်သက်၍ လေ့လာဖတ်ရှုခဲ့ ရသော နိုင်ငံရပ်ခြား အတွေ့အကြုံများ တွင် မူးယစ်ဆေးဝါး၊ လက်နက်နှင့်ရှေး ဟောင်းယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများ ကဲ့သို့ လူအဖွဲ့အစည်းတစ်ရပ်၊နိုင်ငံတစ် နိုင်ငံကို အန္တရာယ်ရှိစေသော ပစ္စည်း များနှင့်  ထိုနိုင်ငံ  လူ့အဖွဲ့အစည်းမှ တန်ဖိုထားသောအရာများ၊ ကာကွယ် စောင့်ရှောက်ရန် လိုသော အရာများ ကိုသာ ဥပဒေများ ထုတ်ပြန်၍ ရောင်း ခြင်းဝယ်ခြင်းတို့ကို  ပိတ်ပင်ဟန့်တား မှုများပြုလုပ်ကြသည်။ ထိုပစ္စည်းများကို အရောင်းအ ဝယ်ပြုလုပ်မှသာ တရားမ ဝင်မှောင်ခို ပြုလုပ်ခြင်းဆိုလျက် ဖမ်းဆီး စစ်ဆေးခြင်း၊ သိမ်းဆည်းခြင်း၊ပြစ် ဒဏ် ပေးခြင်း တို့ကိုပြုလုပ်ကြခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင်မူ လူအဖွဲ့အစည်း အ တွက် သာမန် စားသုံးကုန်၊ လူသုံးကုန် ပစ္စည်းမျိုးဖြစ်သော်လည်း နိုင်ငံအစိုးရ၏ မူဝါဒ လိုအပ်ချက်အရ အခိုက်အတန့် အားဖြင့် ကုန်သွယ်မှု မပြုလုပ်နိုင်ရေး ဟန့်တားကာကွယ်မှုများပြုလုပ်ရသည် မျိုးလည်းရှိသည်။

ယခု  မြန်မာနိုင်ငံတွင် တရားမ ဝင်ကုန်သွယ်မှုပြဿနာ ပိုမို၍ပေါ်ပေါ် ထင်ထင်ဖြစ်လာခဲ့သည်မှာ ၁၉၉၀ခုနှစ် များမှစ၍ နယ်စပ်ကုန်သွယ်မှုကို တရား ဝင် လုပ်ကိုင်ခွင့်ပေးပြီးက တည်းကဖြစ် ၏။သို့သော် ထိုပြဿနာ၌ ဖို့ကပ်(စ်) ကျနေသောကုန်ပစ္စည်းများမှာမူ (မူး ယစ်ဆေးဝါး၊ ရှားပါးကုန်ပစ္စည်း၊ လက် နက်၊ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်း ထက်) သာမန်စားသုံးကုန်၊ လူသုံးကုန် ပစ္စည်းများဖြစ်နေသည်။ အချို့စားသုံး ကုန်စည်များမှာ  တရားဝင်ခွင့်ပြုထား သည့်တိုင် လိုင်စင်မဲ့၊ အကောက်အခွန် ရှောင်ပြုလုပ်လျက်ရှိနေသောကြောင့် ထို ကုန်ပစ္စည်း များပင်လျှင် မကြာခဏ တရားမဝင် မှောင်ခိုကုန်စည်များဖြစ် နေကြသည်။ ထိုသို့သောအခြေအနေ များကြောင့် ဒီမိုကရေစီအစိုးရလက် ထက်တွင် သက်ဆိုင်သည့် ဝန်ကြီးဌာန ဖြစ်သောစီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနသည် အထူးအစီ အမံများပြုလုပ်၍ ထိုပြဿနာလျော့ ပါးကျဆင်းရေးအတွက် ကြိုးစားဖြေ ရှင်း နေသည်။ ယခုလက်ရှိအခြေအနေတွင်  စားသုံးသူအကာ အကွယ်ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှုများ တားဆီး ထိန်းချုပ်ရေးဟုခေါင်းစဉ်တပ်၍ အ ကောင်အထည် ဖော်ဆောင်ရွက်သည်။ထိုသို့ဆောင်ရွက်မှုတွင် အပိုင်း(၂) ပိုင်း တွေ့ရှိရသည်။ ပြည်တွင်းရှိ စားသုံး သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ေ ပးနိုင်ရေးနှင့် ပြည် တွင်းရှိကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဈေး နှုန်း၊ အရည်အသွေး မယှဉ်ပြိုင်နိုင်သေး သည့် အခြေအနေတွင် မမျှတသော ယဉ်ပြိုင်မှုကိုမခံရရေး၊ ယှဉ်ပြိုင်စွမ်းရည် ရရှိရေးအတွက် ပြင်ဆင်ချိန် ရရှိရေးနှင့် အာဖတာ အကောင်အထည် ဖော်ရေး ကာလသို့ အပြည့်အဝမ၀င်ရောက်ခင် တွင် နိုင်ငံအတွက် ရသင့်ရထိုက်သည့် အခွန်အခများ ရရှိရေးအတွက် ဖြစ် သည်ဟု သုံးသပ်မိသည်။ ယခုပစ္စုပ္ပန် ကာလမှောင်ခိုများသည် လက်ရှိ အခြ အနေနှင့် အချိန်အခါအရ လက်ရှိ ကာ လ အကျိုးဖြစ်ထွန်းမှုထက် အနာဂတ် ကာလအကျိုးမဲ့မှုများက ထုထည်ပမာ ဏ ပိုမိုကြီးမားနိုင်သည်ဟုရှုမြင်မိသည်။ ထို့ကြောင့်ဆောင်ရွက်သင့် ဆောင်ရွက် ထိုက်သည့် လုပ်ဆောင်ချက်ဟု ဆိုရ မည်။ တားဆီးရေးလုံ့လ သက်ဆိုင်ရာ ဝန်ကြီးဌာနသည် ကောင်းမွန်သော၊ အဓိပ္ပါယ်ရှိသောရည် ရွယ်ချက်များဖြင့် ဆောင်ရွက်နေသည်။ သို့သော် ဆောင်ရွက်ပုံဆောင်ရွက်နည်း နှင့်လုပ်ကိုင်ဆောင်ရွက်နေသည့်လူများ (ပြည်သူ့ဝန်ထမ်းများ)၏ သဘော ထား ခံယူချက်နှင့်အပြုအမူများ၊ အကောင် အထည်ဖော်မဆောင်ရွက်မှု ၏ ရေတို၊ ရေရှည်အကျိုးသက်ေ ရာက်မှု၊ ပြည်သူ လူထုအတွင်းရှိ (ဝင်ငွေအဆင့်အလိုက် စားသုံးသူအုပ်စုများ၊ တင်သွင်း ရောင်း ချမှ လုပ်ကိုင်ေ နကြသည့် အရင်းအနှီး ပမာဏအလိုက် ကုန်သည်အုပ်စုများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းအလိုက် ထုတ် လုပ်သူ အုပ်စုများ) ဈေးကွက်အင်အား စုများ၊ စီးပွားရေး အင်အားစုများအပေါ် သက်ရောက်လာမှုအခြေအနေများ ကို ကြိုတင်၍  ထည့်သွင်းစဉ်းစားသင့်လုပ် ကိုင်သင့်သည်။ ထိုသို့လုပ်ကိုင်ဆောင် ရွက်မှသာ အကောင် အထည် ဖော် ရကျိုးနပ်မည်။ ပင်ပန်းခံရကျိုးနပ်မည်။ ရရှိလာမည့် ရေတို၊ရေရှည်ရလဒ်များနှင့် အခြားသော စီးပွားရေး ဖွံ့ဖြိုးမှု အစီ အစဉ်များ ဆက်စပ်၍ဆောင်ရွက်နိုင် မည်ဖြစ်သည်။ ဝန်ကြီးဌာန၏အားထုတ်မှုပထမ ပိုင်းဖြစ်သည့်စားသုံးသူ အကာအကွယ် ပေးရေးနှင့် ပတ်သက်၍ လေ့လာပါက နယ်စပ် ဒေသများကို ဖြတ်ကျော် လျက်မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ရောက်ရှိလာနေသည့်ကုန်ပစ္စည်း ရာခိုင် နှုန်း အများစုမှာလည်း အခြားသော အိမ်နီးချင်းနိုင်ငံများထက်  တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံများမှ ကုန်ပစ္စည်းများဖြစ် သည်ကို တွေ့ရသည်။ ထိုနှစ်နိုင်ငံတွင် လည်း ဈေးပေါပေါနှင့် အရည်အသွေး ခပ်ညံ့ညံ့ ကုန်ပစ္စည်းများမှာ တရုတ် နိုင်ငံဘက်မှ ပိုမို ဝင်ရောက်လာသည် ကိုလည်း အားလုံး သိမြင်နေပြီး ဖြစ် သည်။ ထို ပေါပေါညံ့ညံ့ ကုန်ပစ္စည်း အများစုကြောင့် (အထူးသဖြင့် စား သောက်ကုန်များ) ပြည်တွင်း စားသုံး သူတို့၏  ကျန်းမာရေးကို  များစွာ ထိခိုက်လျက်ရှိနေသည်။ ထိုသို့အခြေအ နေများကို သိရှိနေပါလျက်နှင့် အဘယ့် ကြောင့် ဝယ်ယူ သုံးစွဲနေကြသနည်း၊ မဝယ်ယူကြနှင့် မသုံးစွဲကြနှင့် ဟု ပြော ဆိုသည်မှာလွယ်ကူသော်လည်း  ဝင်ငွေ နိမ့်ပြည်သူအများစုမှာ နေ့စဉ်ဘ၀ များရပ်တည်နိုင်ရုံ၊ အလုပ်ဖြစ်ရုံ အ တွက်ကိုပင် ထိုဈေးပေါပေါ ကုန်ပစ္စည်း များကိုသာမှီနေရသဖြင့် လက်တွေ့ တွင် ရှောင်လွှဲနိုင်ရေး မှာ မလွယ်ကူလှ ပေ။ ရေရှည်မျှော်တွေး စဉ်းစားကြည့် ပါကအနာဂတ်လူ့အဖွဲ့အစည်းအတွက် ရင်လေးစရာကောင်းလှသည့် နိမိတ် များကိုမှန်းဆနိုင်လိမ့်မည်။ တစ်ဦးချင်း အနေဖြင့် ရှောင်လွှဲသုံးစွဲနိုင်ရန်ထက် လူအဖွဲ့အစည်းတစ်ရပ်လုံး ရှောင်လွှဲ နိုင် မှသာမြန်မာနိုင်ငံ အနာဂတ်လူ့အဖွဲ့ အစည်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးကို ထိခိုက်မှုမရှိစေရန် ထိ ထိရောက်ရောက် ကာကွယ်မှုများပြု လုပ်နိုင်ပေလိမ့်မည်။ အဓိကအားဖြင့် ပြည်တွင်းသို့ဝင်ရောက်လာမည့် စား သောက်ကုန်များကို စစ်ဆေးနိုင်သည့် အဖွဲ့များကို စနစ်တကျဖွဲ့စည်း၍ ထိ ထိရောက်ေ ရာက်ဆောင်ရွက်ပေးနိုင် ရေး ကြီးကြပ်စီမံပေးရေးလိုလာသည်။  FDA ကဲ့သို့အစားအသောက်နှင့် ဆေး ဝါးများကို စစ်ဆေးပေးနေသည့် အဖွဲ့ များကို သာမန် အဖွဲ့အစည်း များကဲ့သို့ သဘောမထားဘဲ ပြည်သူလူထုတစ် ရပ်လုံး၏ အသက်အန္တရာယ်များ အ တွက် ကာကွယ်ပေးနိုင်မည့် ၊ အနာ ဂတ်လ့ူစွမ်းအားအရင်းအမြစ်များကို ကာကွယ်ပေးနိုင်မည့်၊ နိုင်ငံဖွံ့ဖြိုးရေး အတွက်အရေးကြီး သောအဖွဲ့အစည်း များအဖြစ် သဘောထားရန်လိုသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ တွင် အဓိကထား၊ ထည့်သွင်းစဉ်းစား အကောင်အထည် ဖော်ပေးရန် လို သည်။ စွမ်းဆောင်ရည်ရှိရှိ၊ ထိထိ ရောက်ရောက်လုပ်ငန်းများ လုပ်ဆောင် နိုင်ရေးအတွက်လည်း  နိုင်ငံတော် အဆင့်မှ အမြဲကြပ်မတ်၍ သက်ဆိုင် ရာဌာနများကို ထိန်းကျောင်းပေးရန် လိုအပ်လာသည်။ ဒုတိယပိုင်းဖြစ်သည့်   တရားမဝင် ကုန်သွယ်မှု များတားဆီး ထိန်းချုပ်ရေး နှင့်ပတ်သက်၍မူလုပ် ကိုင် ဆောင်ရွက် စရာအလွန်များသည်။ ရည်ရွယ်ချက် (၂)ချက်ရှိနိုင်သည်။ နိုင်ငံတော်မှရသင့် ရထိုက်သော အခွန်အခများရရှိရေးနှင့် အာဆီယံလွတ်လပ်သော ကုန်သွယ်မှု နယ်မြေ (အာဖတာ) အတွက်ပြင် ဆင် နေဆဲကာလ ပြည်တွင်းလုပ်ငန်းများ၊ ယှဉ်ပြိုင်စွမ်းအားနည်းနေသေးသော လုပ်ငန်းများမထိခိုက်၊ မပျက်စီးေ စရေး အတွက်အကာအကွယ် ရရှိနိုင်ရေး ဖြစ်မည်။ အာဖတာ အကောင် အထည် ဖော်ချိန်တွင်နိုင်ငံ အနေဖြင့် ပြည်တွင်း သို့ဝင်ရောက်လာမည့် သွင်းကုန်အား လုံးနီးပါးထံမှ အခွန်အခများ ရရှိနိုင် တော့မည်မ ဟုတ်၊ ပြည်တွင်းလုပ်ငန်း များ ကိုလည်းယခုကဲ့သို့ပြည့်ပြည့်၀၀ အကာအကွယ်ပေးနိုင်မည်မဟုတ် တော့ပေ။ ထို့ကြောင့် ဒုတိယပိုင်းအစီ အစဉ်သည်ရေရှည်လုပ်ဆောင်နိုင် သည့်အခြေအနေမဟုတ်ပေ။ ကာလ တိုအတိုင်းအတာတစ် ခုအထိသာ ဆောင်ရွက်နိုင်ခွင့်ရှိနေသည်။ယခုအခါ တွင် တရားမဝင် ကုန်သွယ်မှု ထိန်း ချုပ်တားဆီးရေးကို နယ်စပ်ကုန်သွယ် ရေးဦးစီးဌာနမှဦးဆောင်၍ ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်  (Mobile Team) စစ်ဆေးရေးအဖွဲ့ များဖွဲ့စည်း စေလွှတ်ကာ ဆောင်ရွက်လျက်ရှိသည်။ မူဆယ်-မန္တလေးလမ်း ကြောင်းတွင် ၁-၁၁-၂-၁၂ ရက်နေ့မှ စ၍လည်းကောင်း၊ မြဝတီ-ရန်ကုန် လမ်းကြောင်းတွင် ၂၀-၁၁-၂၀၁၂ ရက်နေ့တွင်လည်းကောင်း မူဆယ်၊ချင်းရွှေဟော် ၊တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ တမူးနှင့်ရိဒ် စခန်းအနီး တစ်ဝိုက်ပတ်ဝန်းကျင်တွင်၁-၁၂-၂၀၁၂ ရက်နေ့တွင် လည်းကောင်း  စတင် ဆောင်ရွက် လျက် ရှိသည်ဟု သိရှိရ သည်။
 
စဉ်းစားခန်းများ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနသည် တရားမဝင်ကုန်သွယ်မှုကို တားဆီး ထိန်းချုပ်ရာတွင် ပို့ကုန်ပိုင်းထက် သွင်း ကုန်ပိုင်းကိုအာရုံစိုက်လုပ်ဆောင်နေ သည်။ထိုသို့တာဝန်ရှိသူများက တာဝန် အရ ထိန်းချုပ်ဖမ်းဆီးနေသည့်တိုင် တရားမဝင်တင်သွင်းသူများကလည်း တင်သွင်းမှုများကိုဆက်လက် လုပ် ဆောင်လျက်ရှိသဖြင့်  တရားမဝင် ကုန် စည်များတားဆီးထိန်းချုပ်မှာ ခက်ခဲ လျက်ရှိနေသည်။ဤသို့ဖြင့်  တရားမဝင် မှောင်ခိုကုန်သွယ်မှုများသည် အခြေ အနေအကြောင်း အမျိုးမျိုးဖြင့်ပိုမိုဖြစ် ထွန်းလာနေသောကြောင့် ကိုင်တွယ် ရပိုမိုခက်ခဲနေရခြင်းဖြစ်သည်ဟု ဆိုရ မည်။ မှောင်ခိုတို့တွင်ရှောင်တိမ်းကိုယ် ဖျောက်စရာပထမဦးစားပေး လက်နက် ပုန်းငွေရှိ၏။မှောင်ခိုသည်  ဂျိုနှင့်မဟုတ်၊ ငွေထုပ် နှင့် ဖြစ်၏။ငွေထုပ်နှင့် အလုပ် ဖြစ်လျက်ရှိနေသည်။ထိုငွေထုပ်ကြောင့် တရားမဝင် ကုန်သည်မှောင်ခိုသမား တို့ အလုပ်ဖြစ်နေကြစဉ်သက်ဆိုင်ရာမှ လုပ်ဆောင်နေသည့် စားသုံးသူအကာ အကွယ်ပေးရေးနှင့် တရားမဝင်ကုန် သွယ်မှုများ ထိန်းသိမ်းရေးမှာအလုပ်မ ဖြစ်သည့်အနေအထားတွင်ရှိနေလေ သည်။ လာဘ်ပေးလာဘ်ယူများ ကြောင့် အောင်မြင်နိုင်ရေးနှေးကွေး နေ ခြင်းဖြစ်သည်ဟု ထင်စရာရှိသည်။ သို့ သော်လာဘ်ပေးလာဘ်ယူ ကိစ္စကို တိုက်ဖျက်နိုင်ခဲ့ပါက လည်းတရားမဝင် သွင်းကုန်ပစ္စည်းများ ဝင်ရောက်နေမှုကို အပြည့်အဝတားဆီးနိုင်မည်ဟု  အာမခံ နိုင်စွမ်းရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လာဘ် ပေးလာဘ်ယူ လမ်းကြောင်းဖြင့် မရပါ က အခြားသော နည်းလမ်းပေါင်းများ စွာ အသုံးပြုနိုင်သေးသောကြောင့် ဖြစ်သည်။ နည်းလမ်းပေါင်းများစွာဖြင့် ဝင်ရောက်လာနေသည့် တရားမဝင် ကုန်ပစ္စည်းများကိုထိရောက်စွာထိန်းချုပ် နိုင်ရန်မှာ -*    သက်ဆိုင်ရာ နယ်စပ် ဒေသ အာဏာပိုင် အဖွဲ့အစည်းများ၊ ထို ဒေသများရှိ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနှိုင်းဆောင်ရွက် မှုများ ပြုလုပ်ခြင်း*    သက်ဆိုင်သည့် ဌာနဆိုင်ရာ အဖွဲ့ အစည်းများကြား ဆွေးနွေးမှုများ ပြုလုပ်၍ တူညီသော ရည်ရွယ် ချက်အပေါ်ဘုံသဘောတူညီချက် ရယူကာတက်ညီလက်ညီပူးပေါင်း ဆောင်ရွက်လုပ်ကိုင်ခြင်း၊ အချိတ် အဆက် မိမိလုပ်ဆောင်ခြင်း*    နယ်စပ် ကုန်သွယ်မှု လုပ်ငန်းလုပ် ကိုင်နေကြသည့် ကုန်သည် လူ တန်းစားများ၏ အခက်အခဲများ၊ ဆန္ဒများကို သိရှိစေရန် နယ်စပ် ကုန်သွယ်ပေါက်များနှင့် နီးစပ် သည့် နယ်စပ်ဒေသများသို့ ကွင်း ဆင်းလေ့လာခြင်း (ဥပမာ  လက် ရှိ နကသမှ စီစဉ်ပေးနေသည့်   Individual Trading Card အပေါ်၎င်း တို့၏သဘောထားများ၊ ထို  Card ၏ ကုန်သည်များကို အထောက်အကူရရှိမှု၊ ၎င်းတို့လုပ် ငန်းပိုင်းတွင် အဆင်ပြေမှု ရှိမရှိ စသဖြင့်)၊ရရှိသောအချက်အလက် များကို အခြခံ၍လေ့လာသုံးသပ် အဖြေရှာခြင်းတို့ကို လည်း ပြုလုပ် သင့်သည်။
ထားရှိရမည့် သဘောထားများ ယခု လက်ရှိတွင် မြန်မာနိုင်ငံ အတွင်း၌ အကောင်အထည် ဖော် ဆောင်နေသော တရားမဝင် ကုန် သွယ်မှုများ ဖမ်းဆီးထိန်းချုပ်ရေး အစီ အစဉ်သည် နိုင်ငံစီးပွားရေးအတွက် အလွန်အရေးကြီး သောရေရှည်လို အပ်သည့် လုပ်ဆောင်ချက်များ မ ဟုတ်။၂နှစ်တာ၊ ၃နှစ်တာကာလတို အတွင်း၌ အာဆီယံလွတ်လပ်သော ကုန်သွယ်ရေး နယ်မြေ (အာဖတာ) အတွက် ပြည်တွင်းလုပ်ငန်းများပြင် ဆင်ဆောင်ရွက်နေမှု အထောက် အကူရရှိစေေ ရး နှင့်ထိုကာလ အတွင်း နိုင်ငံတော်မှ ထိုက်သင့်သော အခွန် အခများရရှိနိုင်ရေးအတွက်သာဖြစ် သည်။ အခွန်များ ကောက်ခံခွင့်မရှိ တော့သော၊ဈေးကွက်ပြိုင်ဆိုင်မှုပြင်း ထန်လာမည်ဖြစ်သော အာဖတာ အစီအစဉ်ကြီး မကြာမီလာတော့မည်။မျက်စိတဆုံးကြည့်၍တွေးမိသည့်အခါ တွင် တစ်ကမ္ဘာလုံး သဘောတွေ့နေ သောဈေးကွက်စနစ်ဖြင့် လှုပ်ရှားနေ သည့် ယနေ့ကမ္ဘာကြီးထဲတွင်  ဝယ်သူ နှင့် ရောင်းသူနှစ်ဖက်အကြိုက်တွေ့သ ဘောခွေ့နေသည့် ကုန်ပစ္စည်းများ ကို အကြောင်းတစ်စုံတစ်ရာကြောင့် ဟန့် တားနေခြင်းမှာ အချိန်ကာလတစ်ခု အထိသာ  ဖြစ်နိုင်ချေ ရှိပေလိမ့်မည်။ရေရှည်ကာလမျှော်လင့်ချက် အတွက် ကိုမူ မည်သို့မှဖြစ်နိုင်စွမ်းမရှိ။အမှန် တကယ် တစ်စိုက် မတ်မတ် အားထုတ် ဆောင်ရွက်သင့်သည့်မှာ ပြည်တွင်း စက်မှုလက်မှုလုပ်ငန်းများ၏ အခြေ အနေနှင့် ပြည်ပမှ သွင်းကုန်တို့၏ အခြေအနေများ၊ တရားမဝင်မှောင်ခို တင်သွင်းမှု ထိန်းချုပ်တားဆီးနိုင်မှု အခြေအနေ များဆက်စပ် ဆောင်ရွက် လျက်ပြည်တွင်းစက်မှုလက်မှု လုပ်ငန်း များဖွံ့ဖြိုးလာေ ရး၊ပြည်တွင်းထုတ်လုပ် မှုအခြေအနေ တိုးတက်လာစေရေး တို့ကိုအရှိန်မပျက် လုပ်ကိုင်မှုပင်ဖြစ် သည်။ ပြည်ပမှ တင်သွင်းစားသုံးနေရ သည့် ထုတ်ကုန်များကိုပြည်တွင်းရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းမှ ထုတ်လုပ် ၍ ( နိုင်ငံခြားဈေးကွက်များသို့တင်ပို့ နိုင်ရေးမဖြစ်နိုင်သေးခင်မှာပင်)ပြည် တွင်းဈေးကွက်မှာပင်ဖြန့်ဖြူးရောင်း ချနိုင်ရေးအတွက်သက်ဆိုင်ရာဌာန တို့နှင့် ပုဂ္ဂလိက ကဏ္ဍမှလုပ်ငန်းရှင်တို့ (စာရွက်ပေါ်တွင်သာ ရှိသည့် အစီ အစဉ်များ သက်သက်သာ မဟုတ်ဘဲ)   ညှိနှိုင်းဆောင်ရွက်စေချင်သည်။သက် ဆိုင်ရာဌာနမှ အကောင် အထည်ဖော် ရန် တိတိကျကျညွှန်ကြားထားသကဲ့သို့ (လက်တွေ့လုပ်ဆောင်ရ သည့် အောက် ခြေအ ဆင့်တွင် အထက်သို့ တင်ပြ ကောင်းရုံသာမဟုတ်ဘဲ)  ထိထိရောက် ရောက် ပံ့ပိုးစေချင်သည်။  ယခင် အတိုင်းသွားခဲ့လျှင် လမ်းဆုံးပါက ယခင် အခြေအနေရှိသည့်ပန်းတိုင်ကို သာ ရောက်ရှိလိမ့်မည်။ ပိုမိုကောင်းမွန်သည့် အိုင်ဒီယာများ အတွက် ကျွန်တော်တို့ ဦးနှောက်စား၍ ပိုမို ကောင်းမွန်သည့် အနေအထား ရရှိနိုင်ရေး အတွက် ကျွန်တော်တို့ တကယ် အလုပ် လုပ်ကြ ရတော့မည်ဖြစ်ပေသည်။