Main menu

Background

ငွေစက္ကူဒီဇိုင်းသစ် အပြောင်းအလဲ

Mon, 02/04/2013 - 04:46 -- ydnar

ကနေဒါနိုင်ငံဗဟိုဘဏ်က ငွေစက္ကူသစ်များ ထုတ်ဝေရန် ပညာရှင်များနှင့် တိုင်ပင်ခဲ့သည်။ လုံခြုံ ရေးဆိုင်ရာ အစီအမံများ ထည့်သွင်းနိုင်ရန် ရူပ၊ ဓာတုနှင့် အင်ဂျင်နီယာ စသည့်ပညာရှင်များထံ အကူအညီ  တောင်းခံသည်။  ကိုင်တွယ်သုံးစွဲ ခြင်း၊ သယ်ဆောင်ခြင်းတို့တွင် အဆင်ပြေစေရေး အတွက် လက်လီရောင်းစက် လုပ်ငန်းရှင်များ၊ သံချပ်ကာယာဉ်ဖြင့် ပို့ဆောင်ရေးလုပ်ငန်း လုပ် ကိုင်နေသူများထံမှ အကြံဉာဏ်တောင်းခံခဲ့သည်။  ငွေစက္ကူ ဒီဇိုင်းပုံစံသစ်အတွက် ပြည်သူလူထုကိုယ် စားလှယ်များက ဖြည့်စွက်အကြံပြုနိုင်ရန်လည်း စီစဉ်ခဲ့သည်။ သို့ရာတွင် တကယ်အရေးပါသည့် ရုက္ခဗေဒပညာရှင်များကိုတော့ မခေါ်မိခဲ့ပေ။

ရုက္ခဗေဒပညာရှင်တို့သည်ငွေစက္ကူအကြောင်း ကို သိကြမှာ မဟုတ်သော်လည်း ဘယ်အပင်က ဘယ်အရွက်မျိုး  ထွက်သည်ဆိုတာတော့ သိကြ သည်။ ငွေစက္ကူသစ်ပေါ်တွင် ရိုက်နှိပ်ထားသည့် အထင်ကရ လုံခြုံရေးအမှတ် အသား မေပယ်သစ် ရွက်ပုံစံမှာ ဌာနေတွင်ပေါက်ရောက်သည့် မေပယ် သစ်မျိုးစိတ်ဆယ်မျိုးထဲမှ မဟုတ်ဘဲ နော်ေ ဝနိုင်ငံ မှ မေပယ်ရွက်နှင့်တူနေသည်။ ယမန်နှစ်က ထုတ် ဝေခဲ့သည့် ကနေဒါဒေါ်လာ ၁၀၀ တန်နှင့် ၅၀ တန်ငွေစက္ကူသစ်များအပေါ်မှာ ရိုက်ထားသည့် မေပယ်ရွက်ကို သတိမပြုမိလိုက်ကြသော်လည်း နောက်ထပ် အသစ်ထွက်လာမည့် ဒေါ်လာ ၂၀ တန် ငွေစက္ကူများကိုတော့ ဂရုပြုစစ်ဆေးကြည့်ဖို့ စောင့်နေကြ သည်။ ဒေါ်လာ ၂၀ တန်သည် လှည့် လည်သုံးစွဲနေသည့် ငွေစက္ကူများတွင် ထက်ဝက်ခန့် ပါဝင်သဖြင့် အများဆုံးအသုံးပြု သည့် ငွေစက္ကူဖြစ် သည်။ သစ်ပင်၊ ခြုံပင်၊ နွယ်ပင်တို့အကြောင်း အထူး ကျွမ်းကျင်သည့် ပညာရှင် (Dendrologist) တစ် ဦးနှင့် တိုင်ပင်ခဲ့ပါ သည်ဟု ဗဟိုဘဏ်က ခုခံဖြေ ရှင်းသော်လည်း ထိုပညာရှင်၏ အမည်ကိုတော့ ထုတ်ဖော်မပြောေ ပ။ ငွေစက္ကူပေါ်မှာ ဖော်ပြထား သည့် မေပယ်သစ်ရွက်သည် မေပယ်အမျိုးအစား အားလုံးကို ကိုယ် စားပြုခြင်း ဖြစ်သည်ဟုလည်း ဆင်ခြေပေးသည်။ သို့သော်လည်း ဒင်္ဂါးသွန်းစက်ရုံ အတိုင်ပင်ခံတစ်ဦးအပါအဝင် ရုက္ခဗေဒ ပညာရှင် တို့က ငွေစက္ကူပေါ်မှာရိုက်နှိပ်ထားသည့် ရွက်ချွန်း ၅ ခုပါ မေပယ်သစ်ရွက် သည် နော်ေ၀ မျိုးဖြစ်ပြီး၊ မြောက်အမေရိကသို့ ၁၈ ရာစုက ရောက်ရှိလာခြင်း ဖြစ်သည်ဟုဆိုသည်။ ထိုမေပယ်ရွက်သည် ဆောင်း ဦးပေါက်ချိန်မှာ အဝါရောင် ပြောင်းသွားသည်။ ကနေဒါနိုင်ငံ၏ သင်္ကေတနိမိတ်ဖြစ်သော သကြား ထွက်သည့် မေပယ်သစ်ရွက်မှာ ရွက်ချွန်း ၃ ခုသာရှိ သည်။ အရောင်ပြောင်းလျှင် ကြက်သွေးအ နီရောင် ဖြစ်သည်ဟု ရှင်းပြကြသည်။ငွေစက္ကူဒီဇိုင်းကို ကနေဒါဘဏ် ငွေစက္ကူ ကုမ္ပဏီက ပြုလုပ်ခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနက အတည်ပြုပေးခဲ့ခြင်းဖြစ်သော်လည်း  ယခုတော့ နှစ်ဌာနစလုံးက ခေါင်းငုံ့နေကြသည်။ ငွေစက္ကူပေါ် မှ မိုက္ကရိုစကုပ်ကြည့်နေသော အာရှအမျိုးသမီး တစ်ဦး၏ပုံကို လူဖြူ အမျိုးသမီးပုံနှင့် အစားထိုး လိုက်သည့်အ တွက်လည်း ကနေဒါဗဟိုဘဏ်မှာ ကန့်ကွက်ပြောဆိုမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့ပြင် ငွေစက္ကူရိုက်နှိပ်ရာ၌ အစဉ်အလာအသုံး ပြုခဲ့သည့် ဝါချည်မျှင်ဖြင့် ပြုလုပ်သော စက္ကူကို အသုံးမပြုတော့ဘဲ  ဓာတုချည်မျှင် ပိုလီမာဖြင့် ထုတ်လုပ်သည့်စက္ကူကို  ပြောင်းလဲလိုက်သည့် အပေါ်မှာလည်း ပြစ်တင်ကန့်ကွက်ကြသည်။ ပိုလီမာဖြင့် ထုတ်လုပ်သည့်ငွေစက္ကူမှာ မိုနို ပိုလီကစားရာတွင် အသုံးပြုသည့် ငွေစက္ကူနှင့် တူ နေသည်။ ကိုင်တွယ်ရာမှာ ခံစားမှုအရသာ ကင်းမဲ့ နေသည်။အချို့လက်လီရောင်းစက်များ (Vending machines) က ထိုငွေစက္ကူကို လက်မခံနိုင်ကြဟု ဆိုသည်။ ဗဟိုဘဏ်၏ငွေကြေးဌာနအဖွဲ့ဝင်ပုဂ္ဂိုလ် တစ်ဦးက "ငွေစက္ကူကို  ယုံကြည်စိတ်ချစေဖို့ အတွက် အတုလုပ်သူတွေ လိုက်မလုပ်နိုင်အောင် လုံခြုံမှုအဆင့်ကို မြှင့်တင် လိုက်တာ ဖြစ် တယ်။ ပိုလီမာငွေစက္ကူမှာ ကမ္ဘာ့အဆင့်အမြင့်ဆုံး လုံခြုံ ရေးအစီအမံတွေ ထည့်သွင်းထားတယ်"ဟု ဆို သည်။ လုံခြုံရေးကို အစဉ်တစိုက် အလေးထား လာခဲ့ခြင်းကြောင့် ရုက္ခဗေဒအရ မှန်-မမှန် စိစစ် ကြည့်ရန် လစ်ဟင်းခဲ့ခြင်းဖြစ်သည်ဟု ဖြေရှင်းချင်ပုံ ရသည်။ ပိုလီမာဖြင့်ထုတ်သည့် ငွေစက္ကူကို ခုနစ် နှစ်ခွဲအထိ ကိုင်တွယ်သုံးစွဲနိုင်မည်ဖြစ်ပြီး၊ ဝါချည် ဖြင့် ထုတ်လုပ်သည့်ငွေစက္ကူမှာ သုံးနှစ်အထိသာ ကိုင်တွယ်နိုင်သည် ဟုလည်း ဆိုပါသည်။ပိုလီမာစက္ကူဖြင့်ရိုက်နှိပ်မည့် ၁၀ ဒေါ်လာနှင့် ၅ ဒေါ်လာတန် ငွေစက္ကူသစ်များမှာ မထုတ်ဝေရ သေးသဖြင့် ဗဟိုဘဏ်အနေဖြင့် အမှားပြင်မည် ဆိုက ပြင်ချိန်ရသေးသည်။ မနှစ်က ထုတ်ဝေခဲ့ပြီး ဖြစ်သည့် ဒေါ်လာ ၅၀ တန် ငွေစက္ကူကိုတော့ ဘာမျှလုပ်နိုင်တော့မှာမဟုတ်ပေ။ ထိုငွေစက္ကူမှာ နိုင်ငံတကာ ငွေစက္ကူအသင်း (International Bank Note Society) က ရွေးချယ်ချီးမြှင့်မည့် ၂၀၁၂ ခုနှစ် ငွေစက္ကူဆု (Bank Note of the Year) အတွက် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ ကနေဒါနိုင်ငံသည် ဒေါ်လာ၂၀ တန်ငွေစက္ကူ ဖြင့် ၂၀၀၄ ခုနှစ်အတွက် ငွေစက္ကူဆု ရခဲ့ဖူး သည်။ ငွေစက္ကူအသင်း၏ ကြေညာချက်အရ ငွေစက္ကူတို့ တွင် အနုပညာမြောက်မှုနှင့် လုံခြုံရေးအစီအမံတီ ထွင်ဆန်းသစ်မှု နှစ်မျိုးစလုံး ဖြစ်စေ၊ တစ်မျိုးမျိုး ဖြစ်စေ သာလွန်ကောင်းမွန်ရမည်ဖြစ်ကြောင်း ဖော် ပြထားသည်။ ဆုရရှိခဲ့ဖူးသည့်  ငွေစက္ကူများ၏ အစဉ်အလာအရ  သုံးသပ်ကြည့်လျှင် ငွေစက္ကူ ဒီဇိုင်းပုံစံထက် လုံခြုံရေး အရည်အချင်းကို ပိုမိုဦး စားပေး ရွေးချယ်ခဲ့ကြောင်းတွေ့သည်။ သို့ဖြစ်၍ ကနေဒါနိုင်ငံ၏ ဒေါ်လာ ၅၀ တန်ငွေစက္ကူတွင် ရုက္ခဗေဒအမြင်အရ အငြင်းပွားစရာ ရှိနေသော် လည်း လုံခြုံရေးအစီအမံများ ဆန်းသစ်တီထွင် ထားခြင်းကြောင့် ဆုရနိုင်စရာ တစ်ကွက်တော့ ကျန်နေသေးသည်ဟု ဆိုပါသည်။Ref; The Economist.