Main menu

Background

အာရှစီးပွားရေးနဲ့ ၂၀၁၃ ခုနှစ်အလားလာ

Mon, 02/04/2013 - 06:49 -- ydnar

အာဂအာရှ ရှေးဟောင်း မာယာလူမျိုးတို့ ရေးဆွဲခဲ့တဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာက နောက်ဆုံး အဖြစ်တွေ့ရှိရပါတယ်။ မာယာလူမျိုးတို့ရဲ့ ပြက္ခဒိန် နောက်ဆုံးရက်က ကမ္ဘာကြီး ပျက်သုဉ်းတော့မဲ့ ပုဗ္ဗနိမိတ်လို တချို့က ခြောက်အိမ်မက်တွေ မက်ခဲ့ ကြပါတယ်။ ဒါပေမဲ့ ဒီနေ့ဒီရက်ကို ကျော်လွန်တဲ့ အထိ ကမ္ဘာကြီးက အလုံးအထည်မပျက် ဆက် လက်တည်တံ့ခဲ့သလို ကမ္ဘာ့လူသားတွေကလည်း ဆက်လက်ပြီးရှင်သန်နေထိုင်ခွင့်ရ ခဲ့ပြီ ဖြစ်ပါတယ်။ ခြောက်အိမ်မက်က နိုးထလာတဲ့ လူသားတို့က ၂၀၁၂ ခုနှစ်က အဖြစ်အပျက်တွေ ပြန်ကြည့်ရင် ၂၀၁၃ ခုနှစ်ကို ဘေးအန္တရာယ် ကင်းရှင်းစွာ မြင် မက်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်က အာရှအတွက် ကမ္ဘာ့ဇာတ်ခုံ အလယ်မှာ အထင်ကရဖြစ်စရာ နှစ်တစ်ခုဖြစ်ခဲ့ ပါတယ်။ အနောက်နိုင်ငံတွေ အထူးသဖြင့်ယူရိုဇုန် မှာ စီးပွားရေးအကျပ်အတည်းပြဿနာတွေ ဟော တစ်ခု ဟော တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ပေါ် ပေါက်နေဆဲလည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် အဝင်မှာ ကမ္ဘာ့နံပတ်တစ် စီးပွားရေးဖြစ်တဲ့ အမေ ရိကန် ပြည်ထောင်စုက အခွန်တိုးမြှင့်မှုနဲ့ အသုံး စရိတ် လျှော့ချမှုဆိုတဲ့ စီးပွားရေးချောက် ကမ်းပါး ကြီးနဲ့ တွေ့ကြုံရင်ဆိုင်နေပါတယ်။ အနောက်နိုင်ငံမှာရှိနေတဲ့ စီးပွားဆုတ်ကပ်ရဲ့ အထောင်းအထုခံစားသုံးသူတွေကလွန်ခဲ့တဲ့ နှစ်နှစ် တာကာလအတွင်း အသုံးစရိတ်တွေ လျှော့ချခဲ့ပါ တယ်။ တစ်နွယ်ငင်တံစဉ်ပါဆိုသလို ပို့ကုန်အားပြု နေရတဲ့ အာရှစီးပွားရေးတွေလည်း စက်ကွင်း မလွတ် ဖြစ်ခဲ့ရပါတယ်။ ပို့ကုန်တွေ အဆမတန် ကျဆင်းခဲ့တဲ့အတွက် အစဉ်အလာအရ ကုန်သွယ် ရေး စီးဆင်းမှုကောင်းမွန်တဲ့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့မှာ မတည်မငြိမ် ပိုမိုဖြစ်ပွား လာပြီး ဖွံ့ဖြိုးတိုးတက်မှုနှုန်းက ပျမ်းမျှအောက် ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် အာရှဒေသက ပြည် တွင်းနဲ့ဒေသတွင်းဝယ်လိုအားကိုတိုးမြှင့်ပြီး အကျပ် အတည်းဒဏ်ကိုသက်သာရအောင် ဆောင်ရွက်ခဲ့ ပါတယ်။ ၂၀၁၃ ခုနှစ်အတွက် စီးပွားရေးအလား အလာမှေးမှိန်နေတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေက အရှေ့အာရှဘက် ကို ခြေဦး လှည့်လာခဲ့ကြပါ တယ်။ ကမ္ဘာ့စီးပွားရေး အလားအလာ မှေးမှိန်နဲ့ အာရှ ဖွံ့ဖြိုးမှုရဲ့မောင်းနှင်အားဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတွေမှာ ဖွံ့ဖြိုး နှုန်းနှေးကွေးကျဆင်းနေပေမဲ့ ကျဆင်းနေတဲ့ ပို့ကုန်လို အစားထိုးပေမဲ့ ပြည်တွင်း စားသုံးမှုတိုး တက်နေတဲ့အတွက် အာရှဒေသစီးပွား ရေးက ဆက်လက် တိုးတက်ခဲ့ပါတယ်။
 
အာရှတစ်ခုလုံး၏ စီးပွားရေး ၂၀၀၈ ခုနှစ်ဘဏ္ဍာရေး အကျပ်အတည်း နောက်ပိုင်း အနိမ့်ဆုံးအဆင့်ထိ ကျဆင်းခဲ့ပြီး နောက် အာရှဒေသရဲ့ စီးပွားရေးက ၂၀၁၂ ခုနှစ် ပထမ နှစ်ဝက်မှာ အခက်အခဲအကျပ်အတည်းနဲ့ အကြီးမားဆုံး ရင်ဆိုင်ခဲ့ရပါတယ်။ ဒီနောက်ပိုင်း ၂၀၁၃ ခုနှစ်အတွက် အလားအလာကောင်းတွေ ရှိနေခဲ့ပါတယ်။ ယူရိုဇုန် အကျပ်အတည်းနဲ့ အမေရိ ကန်ပြည်ထောင်စုရဲ့ ဘတ်ဂျက် ညှိနှိုင်းဆွေးနွေးမှု တွေအရ ကမ္ဘာ့စီးပွားရေးက အကျဘက်ကို ဦး တည်နေပေမဲ့ အာရှ ဒေသက ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့ပျမ်းမျှတိုးတက်နှုန်းအထက် ၂ ရာခိုင်နှုန်း ကျော်တိုးတက်ပြီး "ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုကို ဦးဆောင်" သူအဖြစ် ဆက်လက် တည်ရှိနေလိမ့် မယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က ခန့်မှန်းထားပါတယ်။ပြင်ပက ဝယ်လိုအား တိုးတက်မှုနဲ့ မူဝါဒဆိုင်ရာ ရပ်တည် ချက်ေ တွကြောင့် ၂၀၁၃ ခုနှစ်မှာ အာရှရဲ့ ဖွံ့ဖြိုးမှု က ၆ ရာခိုင်နှုန်းရှိမယ်လို့ အိုင်အမ်အက်ဖ်က ခန့် မှန်းထားပါတယ်။ ဒါပေမဲ့ အာရှပို့ကုန်ရဲ့သုံးပုံနှစ်ပုံက ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုကို မှီခိုနေရပါတယ်။ ဒါကြောင့် အဓိကဖောက်သည်ကြီးတွေမှာ စီး ပွားရေး အခက်အခဲတွေ ထပ်မံကြုံတွေ့နေရတဲ့ အတွက် အာရှစွမ်းဆောင်ရည် တစ်ခုလုံးကိုဆွဲချ နိုင်ကြောင်း အိုင်အမ်အက်ဖ်က သတိပေးထားပါ တယ်။ ကမ္ဘာ့ဘဏ်ကတော့ ဖွံ့ဖြိုးဆဲအရှေ့အာရှနဲ့ ပစိဖိတ်ဒေသရှိ စီးပွားရေးတွေက ကမ္ဘာ့စီးပွားရေး စွမ်းဆောင်ရည်တွေ ကျဆင်းနေပေမဲ့ တောင့်တင်း ခိုင်မာနေဆဲဖြစ်ကြောင်း ဒီဇင်ဘာလက ပြောကြား ခဲ့ပါတယ်။ ဒေသပြင်ပဝယ်လိုအားတွေကျဆင်းနေ ပေမဲ့ ဖွံ့ဖြိုးရေးအတွက်အဓိကမောင်နှင်အားဖြစ် တဲ့ ပြည်တွင်း ဝယ်လိုအားကြောင့်၂၀၁၃ခုနှစ်မှာ အာရှ ဝယ်လိုအားက ၇ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက် မယ်လို့ ခန့်မှန်းထားပါတယ်။ ဒေသရဲ့ဖွံ့ဖြိုးမှုနှုန်းက ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့ဖွံ့ဖြိုးနှုန်းရဲ့ ၄၀ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းပါတယ်။ အိန္ဒိယရဲ့ စီးပွားရေးအကျဘက်ကို ဦးတည် နေတာနဲ့အတူ ဥရောပနဲ့အမေရိကန်ပြည်ထောင် စု မှာ မရေရာမှုတွေရှိနေတဲ့အတွက် အာရှရဲ့ ၂၀၁၂ ခုနဲ့ ၂၀၁၃ ခုနှစ် ဖွံ့ဖြိုးမှုနှုန်းကို အာရှဖွံ့ဖြိုးရေး ဘဏ်(အေဒီဘီ) ကဇန်နဝါရီ ၁ရက်မှာ လျှော့ချခန့် မှန်းခဲ့ပါတယ်။ မကြာသေးမီကထုတ်ပြန်ခဲ့တဲ့ ဖွံ့ဖြိုး မှုနှုန်းခန့်မှန်းချက်ဖြည့် စွက်ချက်     Growth  Forecasts Supplement  မှာ ဂျပန်မှအပဖွံ့ဖြိုး ဆဲအာရှရဲ့ တိုးတ က်နှုန်းကို ၂၀၁၂ ခုနှစ် မှာ ၆ ရာခိုင်နှုန်းနဲ့ ၂၀၁၃ ခုနှစ်မှာ ၆ ဒသမ ၆ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းပါတယ်။
တောင်အာရှ အာဖကန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မော်လဒိုက်၊ နီပေါ၊ ပါကစ္စတန်နဲ့ သီရိ လင်္ကာနိုင်ငံတွေ ပါဝင်တဲ့တောင်အာရှနိုင်ငံတွေရဲ့ ၂၀၁၃ ခုနှစ်အတွက်ဂျီဒီပီဖွံ့ဖြိုးနှုန်းကို မူလက ၆ ဒသမ ၄ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားရာကနေ ၆ ဒသမ ၂ ရာခိုင်နှုန်းထိ လျှော့ချခန့်မှန်းထားပါ တယ်။ဒီဒေသရဲ့ဖွံ့ဖြိုးမှုအလားအလာ ၂၀၁၂ ခုနှစ် မှာ မူလ ၅ ဒသမ ၅ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းရာ ကနေ ၅ ဒသမ ၃ ရာခိုင်နှုန်းသို့ လျှော့ချခန့်မှန်း ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်တိုးတက်နှုန်းက ၆ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဇူလိုင် - စက်တင်ဘာ သုံးလပတ်အတွက် တောင်အာရှရဲ့သုံးလပတ်စီးပွားရေး အခြေအနေ ကို အာရှဖွံ့ဖြိုးရေး ဘဏ်က ခန့်မှန်းထားပါတယ်။ အစီရင်ခံစာအရ မုတ်သုံအဝင် နောက်ကျတာနဲ့ မိုးရွာသွန်းမှုမညီမျှတဲ့အတွက် အိန္ဒိယနဲ့နီပေါနိုင်ငံ တွေရဲ့ လယ်ယာစိုက်ပျိုးရေးကို ထိခိုက်နိုင်ကြောင်း ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပို့ကုန် ဖွံ့ဖြိုးမှုကျဆင်းတဲ့အတွက် ၂၀၁၃ ခုနှစ် ဖွံ့ဖြိုးမှုနှုန်း က အကျဘက်မှာရှိမယ်လို့ ခန့်မှန်းပါတယ်။ ဗဟို ဘဏ်က ငွေကြေးမူဝါဒကို တင်းကျပ်ထားတဲ့ အတွက် ပြည်တွင်းဝယ်လိုအားကျမယ်လို့ ခန့်မှန်း ပါတယ်။ မကြာသေးမီက နိုင်ငံရေးမငြိမ်မသက် ဖြစ်ခဲ့ခြင်း၊ ဘဏ္ဍာရေး လိုငွေပြမှုအတွက် စိုးရိမ်မှု မြင့်တက်နေခြင်း၊ ဥရောပစီးပွားရေး ကျဆင်းတဲ့ အတွက် ခရီးသွားလုပ်ငန်းထိခိုက်ခြင်းစတာတွေက စီးပွားရေး မငြိမ်မသက်မှုကို ဆက်လက်ဖြစ်ပွား ကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။ တောင်အာရှမှာ အကြီးမားဆုံး စီးပွားရေး ဖြစ်တဲ့ အိန္ဒိယက စက်မှုလုပ်ငန်း ထုတ်လုပ်မှု ကျဆင်းတဲ့အတွက် ဖွံ့ဖြိုးမှုနှုန်း နိမ့်ကျနေပါတယ်။ နှစ်အလိုက်တွက်ရင် ၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ထိုမျှမက ပုဂ္ဂလိက စားသုံးမှု ဖွံ့ဖြိုးနှုန်း ကျဆင်း ခြင်းလာမဲ့ သုံးလပတ်ကာလတွေမှာ ရင်းနှီးမြှုပ်နှံမှု အပေါ်ယုံကြည်မှု အားနည်းခြင်း နဲ့လယ်ယာစိုက် ပျိုးရေးဝင်ငွေ ကျဆင်းခြင်းတို့ကြောင့် ၂၀၁၂ ခုနှစ် ဖွံ့ဖြိုးနှုန်းကို ၅ ဒသမ ၆ ရာခိုင်နှုန်းမှ ၅ ဒသမ ၄ ရာခိုင်နှုန်းသို့ လျှော့ချခန့်မှန်းထားပါတယ်။ ဘဏ္ဍာ ရေးလိုငွေနဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခြင်း တို့က စီးပွားရေးကိုမြှင့်နိုင်ဖို့ ရည်ရွယ်ပြီးအစိုးရက အတိုးနှုန်းကို လျှော့ချဖို့ဆောင်ရွက်ရာမှာ အခက် အခဲ ဖြစ်ပေါ်စေခဲ့ ပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ် အလားအလာကိုလည်း ၆ ဒသမ ၇ ရာခိုင်နှုန်းက နေ ၆ ဒသမ ၅ ရာခိုင်နှုန်း ကို လျှော့ချထားပါတယ်။ ဒါပေမဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို ၂၀၁၃ ခုနှစ်အတွက် ၇ ဒသမ ၄ ရာခိုင်နှုန်းရှိမယ်လို့ ခန့် မှန်းထားပါတယ်။ ၂၀၁၂ ခုနှစ်အတွက်ခန့်မှန်း ချက်ကိုတော့ မူလက ၈ ဒသမ ၆ ရာခိုင်နှုန်းရှိမယ် လို့ ခန့်မှန်းရာကနေ ၈ ဒသမ ၃ ရာခိုင်နှုန်းအဖြစ် ပြင်ဆန်ခန့်မှန်းပါတယ်။
အရှေ့တောင်အာရှ ပုဂ္ဂလိက စားသုံးမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ကြီး ထွားလာတဲ့အတွက် အရှေ့တောင်အာရှဒေသရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အေဒီဘီကပြင်ဆင် ခန့်မှန်းခဲ့ပါတယ်။ ဒီဒေသရဲ့ စီးပွားရေးတိုးတက်မှု ကို အောက်တိုဘာလက ၅ ဒသမ ၂ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားရာမှ အနည်းငယ်တိုးပြီး ၅ ဒသမ ၃ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထား ပါ တယ်။ လာမဲ့ ၂၀၁၃ ခုနှစ်မှာ ၅ ဒသမ ၅ ရာခိုင် နှုန်းရှိမယ်လို့ ခန့်မှန်းပါတယ်။ ၂၀၁၁ ခုနှစ်က တိုးတက်နှုန်းက ၄ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ "အရှေ့တောင်အာရှဒေသမှာ ဖြစ်ပေါ်နေတဲ့ လက္ခဏာတွေကအားတက်စရာတွေ ဖြစ်ပါတယ်" လို့ အေဒီဘီရဲ့ စီးပွားရေးပညာရှင် အကြီးအကဲ ချန်ဟောင်းဟီးက ပြောပါတယ်။ တတိယသုံးလပတ်က အခြေအနေကို ပြန် ကြည့်ရင် အရှေ့တောင်အာရှဒေသ အထူးသဖြင့် မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးရလဒ်တွေက ခန့်မှန်းထားတာထက် ပိုမို နေခဲ့တာကိုတွေ့ရကြောင်း အေဒီဘီ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ ပုဂ္ဂလိကစားသုံးမှုအပြင် ပုဂ္ဂလိကနဲ့ အစိုးရ ရင်းနှီးမြှုပ်နှံ မှု ခိုင်မာလာတဲ့ အတွက် မလေးရှားနိုင်ငံရဲ့ ပြည်တွင်းဝယ်လိုအား က ဆက်လက် ခိုင်မာနေမယ် လို့ အေဒီဘီက ခန့် မှန်းပါတယ်။ စက်မှုလုပ်ငန်း ထုတ်ကုန်နဲ့ ဆောက်လုပ်ရေး ကဏ္ဍရင်းနှီးမြှုပ်နှံမှု တစ်စစမြင့်တက်လာတာရဲ့ အထောက်အပံ့အရ ဝန်ဆောင်မှုကဏ္ဍ တိုးတက်မှု ကြောင့် ၂၀၁၁ ခုနှစ်ကအလားတူကာလ ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ရာမှ ၂၀၁၂ ခုနှစ်တတိယ သုံးလပတ်မှာ ၇ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပါ တယ်။ အရှေ့တောင်အာရှနိုင်ငံများအသင်းမှ ထိပ် တန်း ငါးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ် ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက ၂၀၁၂ ခုနှစ်မှာ ၅ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ပြီး ၂၀၁၃ ခုနှစ်မှာ ၅ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်း ထားပါတယ်။ ကမ္ဘာ့စီးပွားရေး နှေးကွေးကျဆင်းတဲ့ ဒဏ် ကြောင့် ဒုတိယ သုံးလပတ်က ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ဖွံ့ ဖြိုးမှုက တတိယသုံးလပတ်မှာ ၆ ဒသမ ၂ ရာခိုင် နှုန်းထိသာ တိုးတက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ၆ ဒသမ ၃ ရာခိုင်နှုန်းကနေ ၆ ဒသမ ၅ ရာခိုင် နှုန်း ကြားတိုးတက်မယ် ၂၀၁၃ ခုနှစ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်မယ်လို့ အေဒီဘီကခန့်မှန်းပါ တယ်။ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားက ရရှိတဲ့အချက် အလက်တွေအရ ဒီဇင်ဘာငွေကြေးဖောင်းပွမှုနှုန်း ကို ထိန်းသိမ်းနိုင်တဲ့ အခြေအနေရှိတယ်။ ဒီနိုင်ငံ တွေရဲ့ ဗဟိုဘဏ်တွေက စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မဲ့ ငွေကြေးမူဝါဒတွေ ချမှတ် နိုင်လိမ့်မယ်လို့ HSBC ဘဏ်က ခန့်မှန်းပါတယ်။ ထိုင်းနိုင်ငံရဲ့ စားသုံးသူ အညွှန်းကိန်းက နိုဝင်ဘာ က ၂ ဒသမ ၇၄ ရာခိုင်နှုန်းရှိရာမှ ဒီဇင်ဘာမှာ နှစ်အလိုက် ၃ ဒသမ ၆၃ ရာခိုင်နှုန်း တိုးတက် ခဲ့ပါတယ်။ ငွေကြေးဖောင်းပွနှုန်းက နိုဝင်ဘာမှာ ၁ ဒသမ ၈၅ ရာခိုင်နှုန်းရှိရာမှ ဒီဇင်ဘာမှာ ၁ ဒသမ ၇၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အင်ဒိုနီးရှားရဲ့ စားသုံးသူဈေးနှုန်း အညွှန်းကိန်းက နိုဝင်ဘာက ၄ ဒသမ ၃၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဒီဇင်ဘာမှာ ၄ ဒသမ ၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အင်ဒို နီးရှားရဲ့ ငွေကြေးဖောင်းပွ မှုနှုန်းက နည်းနည်း စိုးရိမ်စရာရှိတယ်လို့ HSBC ကပြောပါတယ်။ အနောက်နိုင်ငံတွေမှာရှိတဲ့ စီးပွားဆုတ်ကပ် ဒဏ်ခံ စားသုံးသူတွေက လွန်ခဲ့တဲ့နှစ်နှစ်အတွင်း သုံးစွဲမှုကိုလျှော့ချ လာတဲ့အတွက် ပို့ကုန်အားပြုနေ ရတဲ့ အာရှစီးပွားရေးတွေလည်း ထိခိုက်ခဲ့ပါတယ်။ အာရှမှာ သမားရိုကျ ကုန်သွယ်စီးဆင်းမှု ကောင်း မွန်ခဲ့တဲ့ နိုင်ငံတွေမှာ အခက်အခဲရှိလာပါတယ်။ ၂၀၁၃ခုနှစ်အတွက်စီးပွားရေးအလား အလာ ဆက် လက် မှေးမှိန်နေဆဲဖြစ်တဲ့ အတွက် ရင်းနှီးမြှုပ်နှံသူ တွေက အရှေ့တောင်အာရှဘက်ကို ခြေဦးလှည့် လာပါတယ်။ အရှေ့တောင်အာရှရဲ့ စီးပွားရေးတိုးတက်မှု ကလည်း ဒီအပြောင်းအလဲအတွက်တစ်အား ဖြစ် စေခဲ့ ပါတယ်။ ဒေသတွင်း တခြား အစိတ်အပိုင်း တွေမှာ တိုးတက်မှုတုန့်ဆိုင်းနေချိန်မှာ အရှေ့ တောင်အာရှက တိုးတက်မှု အရှိန်ရနေပါတယ်။ အရှေ့တောင်အာရှဒေသရှိ စီးပွားရေးမူဝါဒ ဖြေ လျှော့မှုတွေကြောင့် ၂၀၁၁ ခုနှစ်မှာ အာရှဒေသ ထဲကို ငွေကြေးစီးဆင်းမှုတိုးတက်လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အလွန်ကိုမျှော် ကြည့်ရင် အရှေ့တောင်အာရှနိုင်ငံတွေမှာ လူ လတ်တန်းစားဦးရေ ကြီးထွားလာပြီး လူဦးရေများ တဲ့ နိုင်ငံတွေမှာ ရရှိထားပြီးသားတိုးတက်မှုနှုန်းကို ချုပ်ထားသလိုဖြစ်လာနိုင်ပါတယ်။ တခြား ထွန်း သစ်စ ဈေးကွက်တွေနဲ့ နှိုင်းယှဉ်ရင် ဒီဒေသရဲ့ ပြည်တွင်းဝယ်လိုအားက ဂျီဒီပီ ဖွံ့ဖြိုးမှုမှာပါဝင်တဲ့ အချိုး အစားမြင့်မားလာပါတယ်။ စားသုံးသူတွေရဲ့ ဝယ်လိုအား ဂျီဒီပီမှာ ပါဝင်နှုန်းက အင်ဒိုနီးရှားမှာ ၅၅ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံမှာ ၅၀ ရာခိုင်နှုန်း ရှိ နေပါတယ်။ ဒီနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ဆက် လက်တိုးတက်နေတဲ့ အတွက် လူလတ်တန်းစား ကြီးထွားမှုနဲ့အတူ ပြည်တွင်းဝယ်လိုအား ခိုင်မာ လာတဲ့အတွက် စီးပွားရေး တိုးတက်မှုသံသရာနဲ့ တွေ့ကြုံနိုင်မယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ယူဆ ထားပါတယ်။ လူဦးရေသန်း ၂၄၀ ရှိတဲ့ အင်ဒို နီးရှား၊ သန်း ၇၀ ရှိတဲ့ထိုင်းနိုင်ငံနဲ့ သန်း ၅၀ ရှိတဲ့ မြန်မာနိုင်ငံစတဲ့နိုင်ငံတွေက လာမဲ့နှစ်တွေမှာ ခိုင်မာတဲ့စားသုံးသူ အုပ်စုကြီးဖြစ်လာမယ်လို့ ခန့် မှန်း ကြပါတယ်။
အရှေ့အာရှ ဖွံ့ဖြိုးပြီးနိုင်ငံတွေအထူးသဖြင့် ယူရိုဧရိယာမှာ ဖွံ့ဖြိုးတိုးတက်မှုအားနည်းနေတဲ့အတွက် ၂၀၁၃ ခုနှစ် အတွက် ကမ္ဘာ့စီးပွားရေးအလားအလာကို လျှော့ချခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အရှေ့အာရှ မှာရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေး အလား အလာတွေကကောင်းနေတယ်လို့ QNB Group ကခန့်မှန်းထားပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ မကြာသေးမီက ထုတ်ပြန်တဲ့ အရှေ့အာရှရဲ့ စီးပွားရေးအလားအလာမှာ ၂၀၁၂ ခုနှစ်က ဖွံ့ဖြိုးမှုနှုန်း ၇ ဒသမ ၅ ရာခိုင်နှုန်းရှိမယ် လို့ ခန့်မှန်းထားပြီး ၂၀၁၃ ခုနှစ်မှာ ၇ ဒသမ ၅ ရာခိုင်နှုန်းရှိမယ်လို့ တိုးချဲ့ ခန့်မှန်းထားပါတယ်။ ကမ္ဘာပေါ်မှာ တိုးတက်မှုနှုန်းကို ဒီလောက်ရှိနိုင်တဲ့ နေရာမရှိသေးပါဘူး။ ဖွံ့ဖြိုးဆဲအာရှမှာရှိတဲ့နိုင်ငံတွေက ၂၀၁၂ ခုနှစ်မှာ တိုးတက်နှုန်းကောင်းမွန်ခဲ့ပါတယ်။ ဒီ ဒေသပို့ကုန်တွေ အတွက် ကမ္ဘာ့ဝယ်လိုအား အား နည်းနေလို့ ပြင်ပ ပတ်ဝန်းကျင် အခြေအနေတွေ အခက်အခဲရှိနေပေ မဲ့ ပြည်တွင်းဝယ်လိုအားနဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုနဲ့ အတူပြည်တွင်းဝယ်အားက ၂၀၁၃ ခုနှစ်စီးပွားရေး ဖွံ့ဖြိုးရေးအတွက်အဓိကမောင်းနှင်အားဖြစ်နိုင်ပါတယ်။ ဖွံ့ဖြိုးဆဲအရှေ့အာရှရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အာရှမှာအကြီးဆုံးစီးပွားရေးဖြစ်တဲ့ တရုတ်နိုင်ငံက မြှင့်တင်ပေးခဲ့ ပါတယ်။ တရုတ်နိုင်ငံရဲ့ ပုံသေဈေး နှုန်းအရ တွက်ချက်ထားတဲ့ ဂျီဒီပီ တိုးတက်နှုန်းက ၂၀၁၁ ခုနှစ်မှာ ၉ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်မှာ ၇ ဒသမ ၉ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ ပါတယ်။ တရုတ်စီးပွားရေး တိုးတက်နှုန်းနိမ့်ကျရတဲ့ အဓိကအကြောင်းအရင်းက ၂၀၁၁ ခုနှစ်နောက် ပိုင်း ပြည်တွင်း မူဝါဒတွေ တင်းကျပ် မှု ပြည်တွင်း ဝယ်လိုအား ကျဆင်းပြီး နိုင်ငံတွေရဲ့ ဝယ်လိုအား ကျဆင်းခဲ့လို့ ဖြစ်ပါတယ်။ ပြည်တွင်း မူဝါဒများ ဖြေလျော့မှု၊ ဒေသန္တရ အစိုးရများနဲ့ ဘဏ္ဍာရေး တွန်းအားပေးစီစဉ်မှု၊ အစိုးရရဲ့ စီးပွားရေး အခြေခံအဆောက်အအုံ တည်ဆောက်မှုနဲ့ စီးပွားရေး သံသရာလည်ပတ်မှု က အတက်ဘက်မှာရှိနေတဲ့ အခြေအနေက ဖွံ့ဖြိုး မှုကို တိုးတက်မှုစတဲ့ အခြေအနေတွေက ဖွံ့ဖြိုးမှု ကို အထောက်အကူပြုတဲ့အတွက် တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးနှုန်းက ၂၀၁၂ ခုနှစ်မှာ ၇ ဒသမ ၅ ရာခိုင်နှုန်း နဲ့ ၂၀၁၃ ခုနှစ်မှာ ၈ ဒသမ ၄ ရာခိုင်နှုန်း တိုးတက် မယ်လို့ ဆိုပါတယ်။ ဖွံ့ဖြိုးဆဲအရှေ့အာရှဒေသမှာ ပါဝင်တဲ့နိုင်ငံ တွေက အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံေ တွ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲအရှေ့အာရှမှာ စီးပွားရေးကျဆင်းနိုင် တဲ့ အန္တရာယ်တွေ့နိုင်တဲ့ အကြောင်းရင်း တစ်ခု က ကမ္ဘာ့ စီးပွားရေး နှေးကွေးကျဆင်းမှုက ခန့်မှန်း ထားတာထက် ပိုမိုကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးရဲ့ ပုံသေနှုန်း နဲ့တွက်ချက်တဲ့ ဂျီဒီပီ က ၂၀၁၃ ခုနှစ်မှာ ၂ ဒသမ ၄ ရာခိုင်နှုန်းတိုးတက် မယ်လို့ ခန့်မှန်းထားပါတယ်။ ဝင်ငွေမြင့်တဲ့ နိုင်ငံ တွေရဲ့ ခန့်မှန်းချက်က ၁ ဒသမ ၃ ရာခိုင်နှုန်းရှိပါ တယ်။ ဘဏ်လုပ်ငန်းတွေက ဘဏ္ဍာရေး စုစည်းမှု နဲ့ ချေးငွေရယူမှု လျှော့ချတဲ့အတွက် ဖွံ့ဖြိုးနှုန်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ မျိုး တွေကြောင့် ဖွံ့ဖြိုးဆဲ အာရှဒေသက ပို့ကုန်တွေ ကျဆင်းမဲ့သဘောရှိကြောင်း QNB Group  က ခန့်မှန်းထား ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေး ချောက်ကမ်းပါးကလည်း အရှေ့အာရှ ဖွံ့ဖြိုးမှုအတွက် ထူးထူးခြားခြား ဂယက်ရိုက်ခတ် နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စု မှာ စီးပွား ရေး ဆုတ်ကပ်ဖြစ်ရင် အရှေ့အာရှဒေသရဲ့ ဖွံ့ဖြိုး နှုန်းက တစ်ရာခိုင်နှုန်းကျဆင်းနိုင်ပါတယ်။