Main menu

Background

ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိစိတ်ဓာတ် မြင့်မားလာမှု

Mon, 02/18/2013 - 07:58 -- ydnar

လွန်ခဲ့တဲ့နှစ်က  တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေပြည်နယ်မှ  လယ်သမားတစ်ဦးဖြစ်တဲ့ ကျန်ရှီယူဟာ ဒေသခံ လယ်သမားတွေကို ဦး ဆောင်ကာ ရွာအနီးမှာရှိတဲ့  ဓာတုဗေဒစက်ရုံ တစ်ရုံရဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြပွဲတစ်ခုကို ဦးဆောင်ခဲ့ပါတယ်။ သူဟာ ရွာရေကန်တွင်းက ငါးတွေ သေနေ တဲ့ပုံ တွေနဲ့ စက်ရုံကစွန့်ပစ်ရေဆိုးတွေ စီးဝင်မှုကြောင့် စိုက်ခင်းထဲက သီးနှံံပင်တွေ ညုှိးနွမ်း ပြီး သေကြေ နေတဲ့ပုံတွေကို ဓာတ်ပုံရိုက်ကာ ပြသခဲ့ပါတယ်။ ဆန္ဒပြပွဲပြီးတဲ့ေ နာက် ဒေသခံ မီဒီယာအဖွဲ့ အစည်း တွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အန်ဂျီအိုအဖွဲ့ အစည်းတွေရဲ့ အကူအညီနဲ့ ဆက်လက်တောင်း ဆိုခဲ့တဲ့အတွက် ဓာတုဗေဒစက်ရုံနဲ့ ဒေသခံအစိုးရ တို့က ယွမ်ငွေ သန်း ၂၀၀ (အမေရိကန် ဒေါ်လာ ၃၂ သန်း) မတည်ကာ ညစ်ညမ်းနေတဲ့ စက်ရုံပတ် ဝန်းကျင်ကို သန့်ရှင်းအောင်နဲ့ စက်ရုံကြောင့် မြေ နေ ရာ ပြောင်းရွှေ့စိုက်ပျိုးရတဲ့  လယ်သမားတွေ အတွက် လျော်ကြေးငွေ ရရှိအောင် ဆောင်ရွက် ပေးခဲ့ပါတယ်။

ရှင်ဟွာသတင်းအေဂျင်စီကို လယ်သမားကြီး ကျန်ရှီယူက "ကျုပ်တို့ လယ်သမားတွေ အတွက် လျော်ကြေးငွေ နဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးပေး ခဲ့တာကို ကျေနပ်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင် ကိုအန္တရာယ်ပြုမယ့် ဘယ်လို စီမံကိန်းမျိုးတွေကို တည်ထောင်ဦးမလဲဆိုတာ ကျုပ်တို့ စိုးရိမ်ပူပန် နေကြရပါသေးတယ်။ ပြည်သူလူထုကတော့ စီမံ ကိန်းတွေကို အကောင်အထည်ဖော်ရာမှာ ပိုမိုပွင့် လင်းမြင်သာစွာရှိဖို့နဲ့ ဆုံးဖြတ်ရာမှာ ကျယ်ကျယ် ပြန့်ပြန့် ပါဝင်ဆွေးနွေးညှိနှိုင်း လုပ်ကိုင်ကြဖို့ လို လားတယ်"လို့ ပြောပါတယ်။ဆင်ဟွာသတင်းအေဂျင်စီရဲ့ ကွင်းဆင်းလေ့ လာမှုအရ တရုတ်နိုင်ငံမှာ ပြည်သူအများကန့်ကွက် ဆန္ဒပြတဲ့  အကြောင်းအရာကြီး သုံးခုအနက် တရားမဝင် လယ်မြေသိမ်းယူမှု၊ အလုပ်ရှင် အလုပ် သမား အငြင်းပွားမှုတို့အပြင် ပတ်ဝန်းကျင်ညစ် ညမ်းမှုကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ကန့်ကွက်ဆန္ဒပြပွဲ တွေ စတင်ဖြစ်ပွားရတဲ့အကြောင်းအရင်းကတော့ စီမံကိန်းတွေကို အများလက်ခံအောင်နဲ့ အဲဒီစီမံ ကိန်းတွေကြောင့် ဒေသလူ့အဖွဲ့အစည်းရဲ့ ပတ် ဝန်းကျင်အပေါ် ဘယ်လို ဆိုးကျိုးသက်ရောက်မှု ရှိသလဲဆိုတာ အသေအချာလေ့လာဖို့ ပျက်ကွက် ခဲ့လို့ဖြစ်ကြောင်း ထောက်ပြထားပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့  (၁၈)ကြိမ်မြောက် ပါတီ ညီလာခံကျင်းပနေစဉ် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်း လင်းပွဲမှာ တရုတ်နိုင်ငံပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေးဌာန ဝန်ကြီး ကျိုးစိန်ရှန်းက "အစိုးရ အနေနဲ့ ပိုပြီးပွင့်လင်းမြင် သာမှုရှိအောင်  လုပ် ဆောင်သွားပြီး ကြီးမားတဲ့ စီမံကိန်းတွေနဲ့ ပတ် သက်လို့ဆုံးဖြတ်ရာမှာ ဒေသခံပြည်သူအများ ပါ ဝင်တဲ့ဆွေးနွေးညှိနှိုင်းမှုကို ခွင့်ပြုသွားမယ်"လို့ ပြော ကြားသွားခဲ့ပါတယ်။ သူကဆက်လက်ပြီး "တရုတ် နိုင်ငံဟာ အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ ပြဿနာ တွေကို တခြားစက်မှုဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေ မှာလို ရာစုနှစ်နဲ့ချီပြီး ဖြေရှင်းခဲ့ရတဲ့ ပြဿနာမျိုး တွေကို တရုတ်နိုင်ငံမှာ ကာလတိုအတွင်းဖြေရှင်းခဲ့ ရတယ်"လို့လည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။"လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်း  စီချွမ် ပြည်နယ် အနောက်တောင်ပိုင်းမှာရှိတဲ့ ရှီဖုန်မြို့ ကျန်စုပြည်နယ် အရှေ့ပိုင်း မြို့တော် ချီတုန်မြို့နဲ့ ကျဲကျန်းပြည်နယ်ရှိ နင်ဘိုမြို့တွေရဲ့ လူနေအိမ်ပတ် ဝန်းကျင်တွေမှာ ဓာတုဗေဒစက်ရုံတွေ တည် ထောင်မယ့် စီမံကိန်းတွေနဲ့ပတ်သက်လို့ အဲဒီမြို့ ကြီးသုံးမြို့မှာ ပြင်းထန်တဲ့ ကန့်ကွက် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အဲဒီစီမံကိန်းသုံးခုစလုံးကို ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။ အန်းဟွေပြည် နယ် လူမှုရေးသိပ္ပံတက္ကသိုလ်မှ လူမှုရေးသိပ္ပံပညာ ရှင် ဝေါခိုင်းယီက "ယခုလိုပြည်သူတွေ ကန့်ကွက် ဆန္ဒပြလာပြီး အစိုးရက လိုက်လျောခွင့်ပြုလာတဲ့ ဆက်ဆံရေးဟာ အခြေခံအားဖြင့် ပြည်သူတွေမှာ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းလိုတဲ့ အသိစိတ်ဓာတ် မြင့်မားလာမှုနဲ့ အစိုးရရဲ့ပတ်ဝန်း ကျင်စီမံခန့်ခွဲမှုအပေါ်   အလေးအနက်ထား ဆောင်ရွက်လာမှုတွေရဲ့  ရလဒ်ကြောင့်ပဲဖြစ်တယ် လို့"ပြောကြောင်းပါခင်ဗျား။Ref: lili@bjreview.com