Main menu

Background

စီးပွားဖွံ့ဖြိုးရေးနှင့် ဘဏ်ကြွေးဆုံး

Mon, 02/18/2013 - 08:46 -- ydnar

ဗီယက်နမ်နိုင်ငံတွင်  အကြီးဆုံးဘဏ်ဖြစ် သည့် နိုင်ငံပိုင်စိုက်ပျိုးရေးဘဏ် (Agribank) ၏ အကြီးအကဲကို ဖမ်းဆီးအရေးယူလိုက်ကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဗီယက်နမ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။  လွန်ခဲ့သည့် လများ အတွင်းကလည်း ထိုဘဏ်မှပင် အကြီးတန်းအရာ ရှိလေးဦးကို ဖမ်းဆီးခဲ့ပြီး၊ စုစုပေါင်း အမေရိကန် ဒေါ်လာ ၇ သန်းကို အလွဲသုံးစားပြု ခိုးဝှက်မှုဖြင့် တရားစွဲဆိုထားသည်။ ယမန်နှစ် သြဂုတ်လက အခြားဘဏ်ကြီးတစ်ခုဖြစ်သည့်  အာရှကူးသန်း ရောင်းဝယ်ရေးဘဏ်  (Asia Commercial Bank)  ၏ အကြီးအကဲကို ဖမ်းဆီးအရေးယူခဲ့ရာ စတော့ဈေးကွက်နှင့် ဘဏ်လုပ်ငန်းများကို ထိခိုက် စေခဲ့သည်။

ဗီယက်နမ်နိုင်ငံသည်  လွန်ခဲ့သော ၅ နှစ်  က အာရှကျားနိုင်ငံများထဲတွင်  ဆွဲဆောင်မှု အကောင်း ဆုံးနိုင်ငံ ဖြစ်ခဲ့သည်။ သို့သော်လည်း မကြာခင်နှစ်များအတွင်း တိုင်းပြည်စီးပွားရေးဖွံ့ဖြိုး မှုနှုန်း ကျဆင်းလာ ခဲ့သည်။ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများတွင် ကြွေးမြီပမာဏ မြင့်တက်လာခဲ့ ပြီး၊ အိမ်ရာမြေဈေးကွက် ပြိုပျက်သွားခဲ့ရာ ဗီယက် နမ်နိုင်ငံ၏ စီမံခန့်ခွဲမှုညံ့ဖျင်းပြီး၊ လျှို့ဝှက်သိုသိပ် လွန်းသော ဘဏ်လုပ်ငန်းများမှာ ဖရိုဖရဲဖြစ် ကျန်ခဲ့ သည်။ ဘဏ်အများအပြားက စီးပွားရေးကောင်း နေချိန်မှာ ချေးငွေများကို စည်းမဲ့ကမ်းမဲ့ ထုတ်ချေး ခဲ့ခြင်းကြောင့် ဒုက္ခရောက်ကြရခြင်းဖြစ်သည်။ များ သောအားဖြင့် အာဏာရကွန်မြူနစ်ပါတီနှင့် နီးစပ် ဆက်နွှယ်သော စီးပွားရေးသမား (ခရိုနီ)များကို ထုတ်ချေးမိခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ ဖမ်း ဆီးအရေးယူခံ ထားရသည့်  ဘဏ်အရာရှိများကို အကျင့်ပျက်မှု၊ တလွဲတချော် စီမံခန့်ခွဲမှုနှင့် ဆိုးဝါး သောအကျိုးဆက် များ ဖြစ်ပေါ်လာစေသည့် တာ ဝန်မဲ့ ပြုမူဆောင်ရွက်မှုတို့ဖြင့် စွဲဆိုထားသည်။ဘဏ်များတွင်  ပြဿနာပေါ်ခြင်းကြောင့် တိုင်းပြည်စီးပွားရေးတွင် များစွာထိခိုက်စေသည်။ ကြွေးမြီချေးငွေ အကျပ်အတည်း ဖြစ်လာရသဖြင့် လွန်ခဲ့သည့် နှစ်နှစ်အတွင်းမှာပင် စီးပွားရေးလုပ် ငန်းအများအပြား ပိတ်သိမ်းသွားခဲ့ရသည်။ ဘဏ် လုပ်ငန်းများတွင် အကျပ်အတည်း ဖြစ်ပေါ်တိုင်း မှာ ထိုပြဿနာကို မဖြေရှင်းနိုင်သေးသမျှ တိုင်း ပြည်စီးပွားရေးဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်နေ စေမှာဖြစ်သည်ဟု ဟိုချီမင်းမြို့မှ စီးပွားရေးပညာ ရှင် ဂျော်နသန်ပင်းကပ်စ်က သုံးသပ်သည်။ ဘဏ် လုပ်ငန်းများတွင် ကြွေးဆုံး (Bad debt) များ ကြောင့် အခက်တွေ့နေရခြင်းကို ကာလကြာမြင့် စွာ ဖုံးဖိထားခဲ့သော်လည်း နောက်ဆုံးတွင် ဘဏ် လုပ်ငန်းများ၌ ကြွေးဆုံး ၈ ဒသမ ၈ ရာခိုင်နှုန်းခန့် ရှိမည်ဟု  ဗီယက်နမ်ဗဟိုဘဏ်က ခန့်မှန်းကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။ထိုပမာဏသည် အရှေ့ တောင်အာရှဒေသအတွင်း အမြင့်ဆုံးဖြစ်နေသည်။ ဘဏ်လုပ်ငန်းတွင် ပွင့်လင်းမြင်သာမှု နည်း ပါးသဖြင့် အမှန်တကယ်ကြွေးဆုံးပမာဏမှာ ယခု ကြေညာသည့် ရာခိုင်နှုန်းထက် နှစ်ဆခန့်အထိ ရှိ နိုင်သည်ဟု လေ့လာဆန်းစစ်သူများက ခန့်မှန်း ကြသည်။ စတင်းဒတ်အင်ချာ တား ဘဏ်လုပ်ငန်း က ဗီယက်နမ်ဘဏ်လုပ်ငန်းများတွင် ကြွေးဆုံး ၁၅ မှ ၂၀ ရာခိုင်နှုန်းအထိရှိမည်ဟု ခန့်မှန်းထားသည်။ ဗီယက်နမ်ဗဟိုဘဏ်က  ဘဏ်လုပ်ငန်းကဏ္ဍကို ကျစ်လျစ်သွားစေရန်အတွက်  အားနည်းသော ဘဏ်လုပ်ငန်း  ၉ ခုအား ပူးပေါင်းရန် သို့မဟုတ် အင်အားကြီးသောဘဏ်တစ်ခုခုက ဝယ်ယူသိမ်း ပိုက်သွားရန် တိုက်တွန်းထားသည်။ ဗီယက်နမ်တွင် ဒေသခံဘဏ်လုပ်ငန်း ၄၀ ခန့်အထိ ရှိနေသေးရာ၊ ၂၅ ဘဏ်လောက်သာ ရှိသင့်သည်ဟု ယူဆကြ သည်။အခြေအနေကောင်းသောဘဏ်များသို့ နိုင်ငံ ခြားအရင်းအနှီးများ ဖြည့်တင်းပေးခြင်းဖြင့် ဗဟို ဘဏ်ကအထောက်အကူပေးလျက်ရှိသည်။ အထူး သဖြင့် ဂျပန်ဘဏ်လုပ်ငန်းများမှ အရင်းအနှီးများ ဝင်ရောက်ခဲ့ သည်။ ဂျပန်ယန်းငွေတန်ဖိုး တက်နေ ချိန်ဖြစ်၍ နိုင်ငံရပ်ခြားအစုရှယ်ယာများကို ဈေး ချိုချိုဖြင့် ဝယ်ယူနိုင်ခြင်းကြောင့်ဖြစ်သည်။ တိုကျို မစ်ဆူဘီရှီဘဏ်က ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုဘဏ် (Vietin Bank) ၏ အစုရှယ်ယာ ၂၀ ရာခိုင်နှုန်း ကို  ဒေါ်လာ ၇၄၃ သန်းဖြင့်  ဝယ်ယူထားပြီး ကြောင်း ကြေညာခဲ့သည်။ ဂျပန်မှ မစ်ဇူဟိုဘဏ် လုပ်ငန်းကလည်း ဗီယက်နမ် ကူးသန်းရောင်းဝယ် မှုဘဏ် (Vietcombank) ၏ အစုရှယ်ယာ ၁၅ ရာခိုင်နှုန်းကို ဒေါ်လာ ၅၆၇ သန်းဖြင့် ဝယ်ယူထား သည်ဟု ဆိုသည်။အလားတူ အရင်းအနှီး တိုးမြှင့်ပေးနိုင်ရေး အတွက် ဘဏ်လုပ်ငန်းများတွင်  ထူးခြားသည့် အခြေအနေအရ လိုအပ်လျှင် နိုင်ငံခြားရင်းနှီးမြှုပ် နှံသူတို့၏ ပိုင်ဆိုင်ခွင့်ကို ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာ ခိုင်နှုန်းသို့  တိုးမြှင့်ခွင့်ပြုပေးရန်  အဆိုမူကြမ်းတစ် ရပ်ကို အစိုးရထံ ဗဟိုဘဏ်က တင်ပြထားသည်။  ဗီယက်နမ်ဘဏ်လုပ်ငန်းကို ဘက်စုံပြုပြင်ပြောင်း လဲ (Overhaul)  ရန် လိုအပ်နေဆဲ ဖြစ်သည်ဟု သုံးသပ်ကြသည်။ အစီရင်ခံစာများ ထုတ်ပြန်ရာ တွင် ပိုမိုပွင့်လင်းမြင်သာဖြစ်ရန် လိုအပ်သည်။ ဘဏ်အချင်းချင်း အပြန်အလှန်ဝယ်ယူပိုင်ဆိုင်မှု (Cross-ownership) လျော့ပါးစေသင့်ပြီး စာရင်း ပြုစုထိန်းသိမ်းရေးနည်းလမ်းကို နိုင်ငံတကာစံနှုန်း များနှင့်  ကိုက်ညီအောင် မြှင့်တင်သင့်သည်ဟု ထောက်ပြကြသည်။ရပိုင်ခွင့် စီမံခန့်ခွဲရေး (Asset-manage- ment)  ကုမ္ပဏီတစ်ခု တည်ထောင်ရန် သို့မဟုတ် ချို့ယွင်းအား နည်းသောဘဏ်များ ကွပ်ကဲရေး စီမံ ချက်များ ချမှတ်ဆောင်ရွက်သွားရန် အစိုးရက စီစဉ်လျက်ရှိသော်လည်း  ဘဏ်လုပ်ငန်းများ၏ ကြွေးဆုံးပြဿနာကို မည်သို့ကိုင်တွယ်ဆောင်ရွက် သွားမည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ ပြန်မရ မှာသေချာနေသည့် ကြွေးများကို အကျိုးမဲ့သက် သက် အနစ်နာခံပြီး ဝယ်ယူမည့်သူ  မရှိနိုင်ပေ။ "ကြွေးဆုံးပြဿနာကို အနာမခံဘဲနဲ့တော့ ဘယ် လိုမှ ဖြေရှင်းကုစားနိုင်မှာ မဟုတ်ပါဘူး"ဟု ဗီယက် နမ်နိုင်ငံရှိ  HSBC ဘဏ်လုပ်ငန်းမှ ကျွမ်းကျင် ပညာရှင်  ဖန်ဟောင်ဟိုင်းက သုံးသပ်သည်ဟု ဆိုပါသည်။Ref; The Economist.