မိမိတို့ အစိုးရအနေဖြင့် နိုင်ငံ အုပ် ချုပ်ရေး တာဝန်ယူပြီး နိုင်ငံအကျိုး၊ ပြည်သူအကျိုး ထမ်းဆောင်ခဲ့ သည်မှာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး တာဝန်ယူ စဉ် ကာလတစ်လျှောက် ခေတ်စနစ် အတွက် လိုက်လျောညီထွေမှု ရှိမယ့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ ကို ပြင်ဆင်ခြင်းအသစ် ရေးဆွဲခြင်းများ ကို ဆောင်ရွက်ပေးလျက် ရှိသလို ဆက် လက် ပြုပြင်ပြောင်းလဲရန် ကိစ္စများကို လည်း ဆောင်ရွက်သွား မှာဖြစ်ကြော င်း၊ ပြုပြင် ပြောင်းလဲမှု များ အကောင် အထည်ဖော်စဉ် တစ်ချိန်တည်းမှာ ပြည် သူများ၏စားဝတ်ေ နရေးအလုပ် အကိုင် အခွင့်အလမ်း ရရှိနိုင်ရေး၊ ပြည်သူ့ဘ၀ လုံခြုံမှုနှင့် လူမှုစီးပွား တိုးတက်မှုများ အတွက် ပြည်သူဗဟိုပြုလူမှု စီးပွားရေး ပြုပြ င်ပြောင်းလဲမှုကို ချမှတ်ပေးခဲ့ပြီးဖြစ် ပါကြောင်း မတ်လ ၂ ရက်နေ့ နံနက် ပိုင်းတွင် ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ဆန်စက် နှင့် လယ်ယာထွက်ကုန်တန်ဖိုးမြှင့် စက် ကိရိယာပြပွဲ - ၂၀၁၃ ဖွင့်ပွဲ အခမ်း အနားတွင် နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမှ ပြောကြားခဲ့သည်။
ယနေ့ နိုင်ငံတော်အနေနဲ့ တောင် သူ လယ်သမားများရဲ့ ဘဝမြင့်တက်ဖို့ အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက် လာအောင်မူဝါဒများချမှတ်ပြီးကြိုးပမ်း ဆောင်ရွက်ပေးလျက် ရှိသည်ကို အသိ ပေး လိုကြော င်း၊ မြန်မြန် ဆန်ဆန် ဖြစ် ထွန်းအောင်မြင်ပြီး လူများစွာ ဝင်ငွေ တိုးတက်လာမဲ့ နယ်ပယ်ကလည်း လယ်ယာကဏ္ဍ ပဲ ဖြစ်တဲ့ အတွက် လယ် ယာကဏ္ဍကို လက်ရှိအခြေအနေထက် ပိုမိုတိုးတက် စိုက်ပျိုးထုတ်လုပ်နိုင်ရန် အတွက် လယ်ယာကဏ္ဍပြုပြင်ပြောင်း လဲမှုများကို မလွဲမသွေ ပြုလုပ်ရမှာဖြစ် ကြောင်း၊ မိမိပိုင်ဆိုင်တဲ့ လယ်ယာမြေကို မိမိတို့ သားစဉ်မြေးဆက်အထိတိုးတက် လုပ်ကိုင်စားသောက်နိုင်အောင်ကြိုးပမ်း စီမံ အားထုတ်မယ်ဆိုတဲ့ ခံယူချက်နှင့် စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲရမှာ ဖြစ် ကြောင်း၊ ဈေးကွက်ဝင်အထွက်ကောင်း မျိုးကောင်း မျိုးသန့်များ ပြောင်းလဲစိုက် ပျိုးခြင်း၊ သွင်းအားစု အမျိုးအစားမှန် များ ဖြည့်ဆည်းခြင်း၊ ထွန်ယက် ရိတ် သိမ်းမှုများတွင် စက်ကိရိယာများ သုံး နိုင်အောင် စီစဉ်ပေးခြင်း၊ လယ်ကွင်း ပုံသဏ္ဌာန်များကို ၁ ဧက၊ ၂ ဧက ကွက် ပြင်ဆင်ပေးခြင်း၊ ကုန်ထုတ်လမ်းများပြု လုပ်ပေးခြင်း၊ လယ်ကွင်း အထိ ရေ ရောက်အောင် ရေမြောင်း ဖော က်ပေး ခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း နှင့် ဈေးမှန်ရအောင် စီမံပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ရင် သိသိသာသာ တိုးတက်လာမှာဖြစ်ပါကြောင်း၊ ဒါ့ အပြင် ထွက်ရှိလာတဲ့ လယ်ယာ ထွက် ကုန်သီးနှံများ ကိုကုန်ကြမ်းအတိုင်း တင် ပို့နေမည့်အစားခေတ်မီ စက်ကိရိယာ ဖြင့် အသုံးပြုပြီး တန်ဖိုးမြှင့် ထုတ်ကုန် များထုတ်လုပ်၍ ဈေးကွက် တင်ပို့နိုင်ပါ က လယ်ယာကဏ္ဍ သိသိသာသာ တိုးတက်လာ မှာဖြစ် သလို တောင်သူလယ် သမားများ၏ လူနေမှုဘဝလည်း မြင့် တက်လာမှာဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဒုတိယ သမ္မတမှ ဆက်လက်၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတော်အပိုင်းမှ တောင်သူ လယ် သမားများအား အဓိက လိုအပ်နေတဲ့ စိုက်ပျိုး စရိတ်ချေးငွေကို ယခုအခါမှာ ဆန်စပါးနှင့် ကြံအတွက်တစ်ဧက ကျပ် တစ်သိန်းနှုန်းတိုးမြှင့်ထုတ်ချေးပေးသွား မှာဖြစ်ပြီး လယ်ယာမြေ ဥပဒေနဲ့ မြေ လွတ်မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေတို့ကို အသစ်ပြဌာန်းပေးခဲ့ပြီးဖြစ်လို့ဥပဒေသစ် အရ လယ်သမားများအနေနဲ့ လယ်ယာ မြေပိုင်ဆိုင်ခွင့်ရရှိပြီဖြစ်ပြီး၊ စိုက်ပျိုးဖို့ အတွက် အရင်းအနှီး လိုအပ်ရင် မိမိ ပိုင်ဆိုင်တဲ့လယ်ယာမြေကို ရောင်းဝယ် ပေါင်နှံငှားရမ်းတာတွေ လုပ်နိုင်လာပြီ ဖြစ်တဲ့အတွက် လယ်ယာမြေ မှတ်ပုံ တင်ခြင်းနှင့် လယ်ယာမြေပိုင် ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်း လုပ်ငန်း ကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအပိုင်း တိုးတက် အောင် ဆောင် ရွက်နေသလို တစ်ဖက် မှာလည်း ကြိတ်ခွဲထုတ်လုပ်မှု၊ တင်ပို့ မှုများကို တိုးတက်အောင် ဆောင်ရွက် သွားရမှာလည်း ဖြစ်တဲ့အတွက် ကြိတ် ခွဲထုတ်လုပ်မှုအပိုင်းမှာ ခေတ်မီစက်ကိ ရိယာများကို အသုံးပြုပြီး ထုတ်ကုန်များ အရည်အသွေးမြင့်မားအောင် ထုတ် လုပ်နိုင်ရေးအတွက် သာမက တန်ဖိုး မြှင့် ထုတ်ကုန်များ ထုတ်လုပ် တင်ပို့နိုင် ရေးအတွက်ပါ ကြိုးပမ်းဆောင်ရွက်သွား ရမှာဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ အများ ဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ လယ်ယာထွက် ကုန်သီးနှံ ဖြစ်တဲ့ ဆန်စပါး၊ ပဲမျိုးစုံ၊ ပြောင်းနှင့် ဆီထွက်သီးနှံ အများစုဟာ ပြည်တွင်းသုံးစွဲမှုထက် ပိုလျှံပြီး ပြည်ပ တင်ပို့ရတဲ့ သီးနှံများ ရဲ့ ပြည်တွင်း ဈေး နှုန်း ဖြစ်တည်မှုဟာ ပြည်ပတင်ပို့မှုနှင့် နိုင်ငံတကာ ပေါက်ဈေးနှုန်းများအပေါ် မူတည်နေ တာကြောင့် ဒီသီးနှံတွေဟာ ပြည်ပတင်ပို့မှု မူတည်သီးနှံံ (Export Oriented Crop) များဖြစ်တဲ့ အတွက် ပြည်တွင်း ကူးသန်းရောင်းဝယ်မှု လွယ် ကူ လျင်မြန်ချောမွေ့ရေးနှင့် ပြည်ပကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးတို့ ဟာ အဓိကကျတဲ့အချက် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယသမ္မတမှ လယ် ယာထွက်ကုန် သီးနှံများ ပြည်ပတင်ပို့ ရာမှာ ပိုမိုအဆင်ပြေစေဖို့ ကောက်ခံတဲ့ ကုန်သွယ် လုပ်ငန်းခွန် ၈ ရာခိုင်နှုန်းကို ၂၀၁၁ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့က စပြီး ကောက်ခံခြင်း မပြုတော့ဘဲ ဖြေ လျော့ တင်ပို့ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ လယ်ယာထွက်ကုန်ပစ္စည်းများရဲ့ ပြည်ပ တင်ပို့မှုကို ကြည့်မယ်ဆိုရင် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁၆၇၈ သန်းမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ဒေါ် လာ၂၁၇၉ သန်းအထိ တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်လာတာကို တွေ့ရ မှာ ဖြစ်ကြောင်း၊ ဆန်၊ ဆန်ထွက်ပစ္စည်း တင်ပို့မှုကို ကြည့်မယ်ဆိုရင် ၂၀၁၂-၁၃ ဘဏ္ဍာ နှစ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ တန်ချိန် ၁ဒသမ၂၆သန်း အထိတင်ပို့ပြီး ဖြစ်တဲ့အတွက် ၄၆ နှစ်အတွင်းမှာ စံချိန် တင်အများဆုံး တင်ပို့နိုင်ခဲ့တာကို တွေ့ ရမှာ ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံဟာ လယ်ယာ ကဏ္ဍ ကို အခြေခံတဲ့ စက်မှုနိုင်ငံထူထောင် ရေးကို ရည်ရွယ်ပြီး ဆောင်ရွက်လျက် ရှိရာမှာ ဒီနေ့ ကျင်းပပြုလုပ်တဲ့ မြန်မာ့ ဆန်စက်နှင့်လယ်ယာထွက်ကုန် တန်ဖိုး မြှင့်စက်ကိရိယာပြပွဲ- ၂၀၁၃ဟာ လယ် ယာ ထွက်ကုန်စက်မှုကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်လိုအပ်တဲ့ အရင်းအနှီး ရရှိရေး၊ ခေတ်မီ စက် ကိရိယာ နည်းပညာများရရှိရေးနဲ့ ဈေး ကွက်ချိတ်ဆက်နိုင်ရေးတို့အတွက် များ စွာ အထောက်အကူပေးမဲ့ ပြပွဲကြီး တစ်ခု ဖြစ်ပါကြောင်း၊ ဒီပြပွဲကြီးဖြစ်မြောက်ရေး အတွက် ဦးစီးဆောင်ရွက်ခဲ့တဲ့ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊တာဝန် ယူ ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်၊ မြန်မာနိုင်ငံလယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း လီမိတက်နဲ့ အဖက်ဖက်က ဝိုင်းဝန်း ပံ့ပိုး ပေးကြတဲ့ UMFCCI အသင်းချုပ်နဲ့ ညီနောင် အသင်းများ၊ ဌာနဆိုင်ရာများ၊ အခမ်းအနားကို တက်ရောက်လာသော ဧည့်သည်တော်များ၊ တောင်သူလယ် သမားများ အားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်းနှင့် တစ်နိုင်ငံလုံးမှာ ရှိတဲ့ တောင်သူလယ်သမားအားလုံးလယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ခြင်းဖြင့် မိမိတို့ မိသားစုရဲ့ လူမှု စီးပွားဘဝများ ဖွံ့ဖြိုး တိုး တက်အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြော ကြားခဲ့သည်။ ဆက်လက်၍ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့ ပြပွဲ၏ အဓိက ရည်ရွယ်ချက်မှာ ပို့ကုန်မြှင့် တင်ရေးဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံရဲ့ စီးပွားရေးဟာ လယ်ယာကဏ္ဍ ကိုသာ အဓိက မှီခိုနေရဆဲဖြစ်လို့ လယ် ယာ ပို့ကုန်များရဲ့တန်ဖိုး သိသိသာသာ တိုးမြှင့်နိုင်မှသာ လယ်ယာကဏ္ဍ ဖွံ့ဖြိုး မှာ ဖြစ်သလို လယ်ယာကဏ္ဍ အပေါ် မှာ မှီခိုနေရတဲ့ ၇၀ ရာခိုင်နှုန်း ခန့်သော မြန်မာနိုင်ငံ၏ ကျေးလက်နေ ပြည်သူ တို့ရဲ့ လူနေမှုဘ၀ မြင့်တက်လာမှာ ဖြစ် ပြီး၊ ဒီကတစ်ဆင့် ကျေးလက်ဒေသ ဆင်းရဲမှုကို လျှော့ချစေမှာဖြစ်ကြောင်း၊ ဒါကြောင့် နိုင်ငံတကာ ဆန်ဈေးကွက် မှာအရည်အသွေး မြင့်မားသော မြန်မာ့ ဆန်များနှင့် လယ်ယာထွက်ကုန် တန်ဖိုး မြှင့် ထုတ်ကုန်များရဲ့ ဈေးကွက်များပိုမို ရရှိလာစေရေး၊ ဒေသဆိုင်ရာ စက်မှု လက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာစေရန်နဲ့ အလုပ်အကိုင် အခွင့် အလမ်းနဲ့ ဝင်ငွေများ တိုးတက်စေဖို့စတဲ့ ရည်ရွယ်ချက်များဖြင့် ဒီပြပွဲကို ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုး တိုးတက် ရေးအတွက် စိုက်ပျိုး ထုတ်လုပ်ခြင်း၊ သိုလှောင် ထိန်းသိမ်းခြင်း၊ ကြိတ်ခွဲ ပြု ပြင်ခြင်း၊ ပြည်တွင်း ပြည်ပသို့တင်ပို့ ရောင်းချခြင်းစတဲ့ (Supply Chain Mechanism) တစ်ခုလုံး ဟန်ချက်ညီ တိုးတက် ခေတ်မီအောင် ဆောင်ရွက်ရ မှာဖြစ်ကြောင်း၊ ယနေ့ခေတ်ရဲ့ စားသုံးမှု ပုံစံများ ပြောင်းလဲ တိုးတက်လာတာနဲ့ အတူ ကမ္ဘာ့ အဆင့်အတန်းဝင် တန်းမြင့်ဆန် များကြိတ်ခွဲနိုင်ရေးအတွက် ခေတ်မီ ဆန်စက်များ တည်ဆောက်ရေးဟာ အင်မတန်အရေးကြီးတဲ့အခန်းကဏ္ဍမှ ပါဝင်လာနေပြီဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက် ရေးကို အထောက်အပံ့ ဖြစ်စေရန် အတွက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး နဲ့ လယ်ယာသုံး စက်ကိရိယာများ၊ လယ်ယာသုံး စက်ပစ္စည်းများကို ပြည်ပ မှတင်သွင်းခြင်းနှင့် ပြည်တွင်းမှ ထုတ် လုပ်ရောင်းချခြင်းတို့အပေါ် ကျသင့်တဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့် ပြုပေးထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၁ ခုနှစ် မိုးစပါးများ ထွက် ပေါ်ချိန်မှာစပါးဈေးနှုန်းများ နိမ့်ကျနေ တဲ့အတွက် တောင်သူ လယ်သမားများ ထိုက်သင့်တဲ့ အကျိုးအမြတ် ရရှိစေရေး အတွက် အရန်ဆန်ထားရှိရေး ကြီးကြပ် မှု ကော်မတီကို ဖွဲ့စည်းပြီး မိုးစပါးနဲ့ နွေစပါးများကို ဝယ်ယူပေးခဲ့ပါကြောင်း၊ ယခု ၂၀၁၂ ခုနှစ် မိုးစပါးများ ထွက် ပေါ်လာချိန်မှာလည်း အရန်ဆန်အဖြစ် နဲ့ တင်ဒါခေါ် ဝယ်ယူပေးလျက် ရှိတဲ့ အပြင် စပါးရောင်းချရန် အခက်အခဲ ရှိ နေတဲ့ တောင်သူ လယ်သမားများထံက လည်း အရန်ဆန်ထားရှိရေး ကြီးကြပ်မှု ကော်မတီက စပါးများ တိုက်ရိုက်သွား ရောက် ဝယ်ယူမှုများ ပြုလုပ်ပေးခဲ့ပါ ကြောင်း၊ စပါး ဈေးနှုန်းများကို ကြည့်ရင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ မိုးစပါးများ ထွက်ပေါ်စအချိန်မှာ စပါးတင်း ၁၀၀ လျှင် ၃ သိန်းကျပ် အထက်ရှိခဲ့ရာက ၂၀၁၃ ခုနှစ် ဇန်နဝါရီလဆန်းမှာတော့ စပါးရဲ့အရည်အသွေးအလိုက် အချို့ ဒေသတွေမှာ ၃ သိန်းကျပ်အောက်သို့ ရောက်ရှိခဲ့တာကို တွေ့ရပါကြောင်း၊ ဒါပေမယ့် အရန်ဆန် ဝယ်ယူပေး တဲ့ အတွက် ယခုအခါ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးစပါးဈေးဟာ ၃သိန်း ၅ သောင်းနှင့် အထက်ပတ်ဝန်းကျင်မှာ တည်ငြိမ်နေ ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံရဲ့ ဆန် စပါးဈေးကွက် ဝေစုရရှိမှုနဲ့ ပတ်သက်လို့ တင်ပြရလျှင် လက်ရှိအချိန်မှာ အိမ်နီး ချင်းနိုင်ငံကိုတင်ပို့မှုဟာစုစုပေါင်း တင်ပို့ မှုရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးရှိနေတာကို တွေ့ရှိရပြီး၊ အိုင်ဗရီကို့စ်နိုင်ငံကို ဒုတိယ အများဆုံးနဲ့ ၁၆ ရာခိုင်နှုန်း ကျော် တင်ပို့ထားတာ တွေ့ရှိ ရပါကြောင်း၊ စင်ကာပူနိုင်ငံ၊ ရုရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဂျာမနီ နိုင်ငံများကိုလည်း ဆက်လက်၍ ဈေးကွက် ရှာဖွေ တင်ပို့ လျက်ရှိပါကြောင်း၊ လယ်ယာထွက် ပို့ကုန်သီးနှံများထဲ က အဓိကဖြစ်တဲ့ ပဲမျိုးစုံ ဈေးကွက်ရရှိ မှုကို ကြည့်ရင် အိန္ဒိယနိုင်ငံကို အများ ဆုံး တင်ပို့လျက်ရှိပြီး၊ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်း နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ နဲ့ ဂျပန်နိုင်ငံများကို တင်ပို့လျက်ရှိပါ ကြောင်း၊ ဂျပန်နိုင်ငံအနေနဲ့ အရည် အသွေးမြင့် လယ်ယာထွက်သီးနှံများကို အဓိကဝယ်ယူတာ ဖြစ်တဲ့အတွက် အဆင့်မီပဲခွဲစက်များ၊ အခွံချွတ်စက်များ တပ်ဆင်နိုင်အောင် ကြိုးပမ်းပြီး တန်ဖိုး မြှင့်ပို့ကုန်(Value Added)များ တင်ပို့ သွားနိုင်အောင် ဆောင်ရွက်ရမှာဖြစ်ပါ ကြောင်း၊ အလားတူ အခြားလယ်ယာ ထွက် ပို့ကုန်သီးနှံများကိုလည်း ပြည် တွင်းမှာ အဆင့်မြှင့်တင် ပြုပြင်တင်ပို့ သွားနိုင်ခြင်းအားဖြင့် နည်းနည်းပို့ပြီး၊ ဝင်ငွေများများ ရရှိလာနိုင်တဲ့ အခြေ အနေကို ရောက်ရှိနိုင်မှာ ဖြစ်ပါကြောင်း၊ လက်ရှိ တင်ပို့တဲ့ ဆန်အရည် အသွေးကို ကြည့်ရင် ဧည့်မထ ၂၅ ရာခိုင်နှုန်းတန်း နိမ့်ဆန်က ၈၀ ရာခိုင် နှုန်းခန့် ပါဝင်နေပြီး၊ Super Quality ဆန်အမျိုးအစားနဲ့ ပေါင်းဆန် (Parboiled Rice) တင်ပို့မှုက နည်းနေသေး တဲ့အတွက် ဝင်ငွေလည်း နည်းနေသည် ကို တွေ့ရှိရပါကြောင်း၊ ဒါကြောင့် အဆင့်မြင့် ဆန်များ တင်ပို့နိုင်ရေး အတွက် အရည်အသွေးကောင်း စပါး မျိုးများ စိုက်ပျိုး ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခြင်း၊ ခေတ်မီ သိုလှောင်ရုံ များ တည်ဆောက်ခြင်းများ အပြင် ခေတ်မီ ဆန်စက်များ တည်ဆောက်နိုင် အောင် ကြိုးပမ်း ဆောင်ရွက် သွားရမှာ ဖြစ်ကြောင်း ပြောကြားသည်။ ပြည်ထောင်စု ဝန်ကြီးမှ ဆက် လက်ပြောကြားရာတွင် ပုဂ္ဂလိကမှ ဆန်စပါးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိလာ ကြလို့ ဆန်စက်သစ်များ တည်ဆောက် ခြင်း၊ ဆန်စက် ပြုပြင် မွမ်းမံခြင်းများကို ပြန်လည်ဆောင်ရွက်ခဲ့ရာမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (ဖေဖော်ဝါရီလ) အထိ ဆန်စက်သစ်ပေါင်း ၂၉၃ စက် တိုးချဲ့ ဆောင်ရွက်ခဲ့သော်လည်း အသစ် တည်ဆောက်တဲ့ စက်ထဲမှာ စူပါ ၅ ရာခိုင်နှုန်း၊ စူပါ ၁၀၀ ရာခိုင်နှုန်း ကြိတ်ခွဲနိုင်သောစက်မှာ ၂၅ စက်သာ ပါဝင်ပြီး၊ စက်စွမ်းအားအရ မှာလည်း တန် ၄၀ နှင့်အထက် ၃၃ စက်သာပါ ရှိခဲ့တာကို တွေ့ရကြောင်း၊ သမားရိုးကျစက်များနဲ့ကြိတ်ခွဲရာ မှာ စပါးတင်း ၁၀၀ ကို ၂၅ ရာခိုင်နှုန်း ဆန်အဆင့်ကြိတ်ခွဲရင် ၃၄-၃၅တင်း သာရရှိခဲ့ရာမှ ခေတ်မီဆန်စက်များ အသုံးပြုကြိတ်ခွဲတဲ့အခါ ၃၇-၃၈ တင်း အထိ တိုးမြှင့်ရရှိလာသည့်အပြင် ဆန် အရည်အသွေးမှာလည်း ဆန်မျက်နှာ ပြင် ချောမွေ့တောက်ပြောင်ပြီး၊ နိုင်ငံ တကာ ဈေးကွက်တွင် ဈေးနှုန်းနှင့် အရည်အသွေးပါ ယှဉ်ပြိုင်ရောင်းချလာ နိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့်မို့ မြန်မာ့ဆန် အရည် အသွေး မြှင့်တင်ဖို့နဲ့ ဆန်ထွက်နှုန်းပိုမို ရရှိလာဖို့ ခေတ်မီ ဆန်စက်သစ်များ တည်ထောင်ခြင်း၊ ဆန်စက်ဟောင်းများ အဆင့်မြှင့်တင်ဖို့ကို မဖြစ်မနေ ဆောင် ရွက်သွားရမှာ ပဲ ဖြစ် ပါကြောင်း၊ ခေတ်မီ ဆန်စက်များနဲ့ တွဲဖက်ပြီး ခေတ်မီစပါး သိုလှောင်ရုံများ၊ စပါးအခြောက်ခံစက် များကိုလည်း ထည့်သွင်းတည်ဆောက် သွားဖို့ လိုအပ်ပါကြောင်း၊ ယခုအခါ ကမ္ဘာ့ဈေးကွက်မှာ ပေါင်းဆန် ဝယ်အား တက်နေတဲ့ အတွက် Parboiled Rice များကြိတ်ခွဲ ထုတ်လုပ်နိုင်တဲ့ ပေါင်းဆန်စက်များကို လည်း ခေတ်မီစက်များနည်းတူ တပြိုင် တည်း တိုးမြှင့်တည်ဆောက် သွားရမှာ ဖြစ်ပြီး၊ လက်ရှိ ပေါင်းဆန်စက် ၁၀ လုံးရှိနေရာက ယခုပြပွဲအပြီးမှာ ပေါင်း ဆန်စက် ၁၀ လုံး တိုးမြှင့် တည်ဆောက် သွားမှာဖြစ်ပြီး၊ ၂၀၁၃ ခုနှစ် အကုန်မှာ ပေါင်းဆန်စက်အလုံး ၃၀ အထိ လည် ပတ်နိုင်အောင်ေ ဆာင်ရွက်သွားဖို့ တိုက် တွန်း ပြောကြားလိုပါကြောင်း၊ အစိုးရသစ် လက်ထက်မှာ ပြည်ပ တင်ပို့မှုပိုင်းနဲ့ပတ်သက်လို့ ဖြေလျော့မှု များစွာ ဆောင်ရွက်ပေးခဲ့တဲ့ အတွက် ဆန်တင်ပို့မှု တိုးတက်လာသလို ပဲမျိုးစုံ တင်ပို့မှုအနေဖြင့်လည်း တိုးတက်လာ တာကိုတွေ့ရှိရမှာဖြစ်ကြောင်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံတန်ချိန် ၉ ဒသမ ၅၇ သိန်း တင်ပို့နိုင်ခဲ့ရာက နောက်ဘဏ္ဍာနှစ်မှာ တန်ချိန် ၄ ဒသမ ၈၇ သိန်းပိုမိုပြီး တန်ချိန် ၁ ဒသမ ၄၅၄ သန်းအထိ တင်ပို့နိုင်ခဲ့ပါကြောင်း၊ ယခု ဘဏ္ဍာနှစ်တော့ ၂၂.၂.၂၀၁၃ ရက် အထိ တန်ချိန် ၁ ဒသမ ၃ သန်း တင်ပို့ ထားပြီးဖြစ်လို့၊ ကုန်ကြမ်း အတိုင်း တင်ပို့ခြင်းထက် အရည်အသွေးမြင့်တဲ့ ပို့ကုန်တွေအဖြစ် Value Added ပြုလုပ်တင်ပို့ရန်လိုကြောင်း တွေ့ရှိရတဲ့ အတွက် ယခုလို လယ်ယာ ထွက်ကုန် တန်ဖိုးမြှင့်စက်ကိရိယာပြပွဲ ပြုလုပ်ရ ခြင်းဖြစ်သည်ကို ထပ်လောင်း ပြော ကြားလိုကြောင်း၊ အထူး မှာကြားလိုသည်မှာ လယ် ယာ ထွက်ကုန် သီးနှံများ၊ ဈေးကွက် တိုးမြှင့် ကုန်သွယ်နိုင်ရေး အတွက် အခြေခံ လိုအပ်ချက်ဖြစ်သည့် မျိုး ကောင်း မျိုးသန့်များ ရရှိအသုံးပြုရေး၊ ၎င်းင်းမျိုးများအတွက် ကျင့်သုံးရမည့် နည်း စနစ်များအတိုင်း စနစ်တကျပြုစုရေး၊ အသုံးပြုရမည့် သွင်းအားစုများ စနစ် တကျ အသုံးပြုရေး၊ ရိတ်သိမ်းရ မည့် ကာလအတွင်း တိကျစွာ လိုက်နာရိတ် သိမ်းရေး၊ အရည်အသွေးမပျက်စေရေး အတွက် စနစ်တကျ သိုလှောင်ရေး၊ အရည်အသွေးမြင့်စက်များဖြင့် ကြိတ်ခွဲ ထုတ်လုပ်၊ ထုပ်ပိုးရေးတို့ ဆောင်ရွက် မှသာ ရရှိပြီးဈေး ကွက်နှင့် ဈေးကွက် သစ်များ ထိုးဖောက်နိုင်မှာ ဖြစ်လို့၊ ယခုပြပွဲကြီးကို စနစ်တကျလေ့လာ အသုံးချသွားကြပါရန် တိုက်တွန်းပါ ကြောင်း ပြောကြား ခဲ့သည်။ ထိုပြပွဲတွင် ပြည်ပ နိုင်ငံပေါင်း ၉ နိုင်ငံမှကုမ္ပဏီ ၃၀ ခုမှ လယ်ယာထွက် ကုန်တန်ဖိုးမြှင့်စက်ပစ္စည်းပေါင်း ၁၀၀ ကျော်နှင့် ပြည်တွင်းမှ ထုတ်လုပ်သော စက် ပစ္စည်းများအပါအဝင်ပြသသွားမှာ ဖြစ်ပြီး၊ ပြည်ပ နိုင်ငံလုပ် အလတ်စား ဆန်စက် ၂ စက်ကိုလည်းကြိတ်ခွဲ လည် ပတ် ပြသနိုင်အောင် စီစဉ်ထားရှိ ကြောင်း သတင်းရရှိသည်။