Main menu

Background

စားသုံးသူ ကာကွယ်ရေး ဥပဒေကို တည်ဆဲဥပဒေများနဲ့ ဆက်စပ်လိုက်သောအခါဝယ်

Mon, 04/08/2013 - 12:56 -- ydnar

မြန်မာမှုနယ်ပယ်မှာဆိုရိုးစကားနဲ့ စကားပုံတွေသူ့နေရာနဲ့သူ အသုံးပြုနိုင်ဖို့ ရှေးမြန်မာပညာရှင် များ နောင်လာနောက်သားတွေ အတွက် တီထွင်ထားပေးကြပါတယ်။ ကမ္ဘာကျော်ထင်ရှားတဲ့ အဆို အမိန့်တွေ၊ စကားပုံတွေ၊ ဆိုရိုးစကားတွေဟာ မြန်မာစကားမှာ ရှိနှင့် ပြီးသားဖြစ်နေပါတယ်။ မိမိအသုံးပြုလိုတဲ့ကိစ္စအတွက် မိမိလက်ထဲမှာ ရှိတဲ့အရာနဲ့ အဆင်ပြေအောင် ဆောင်ရွက်လုပ်ကိုင်တဲ့အခါမှာ "သစ် မရှိခင်ဝါးပေါင်းကွပ်" လို့ ဆိုစမှတ်ပြုကြပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ စနစ်သစ်နဲ့ ရှေ့ကိုသွားနေတဲ့ အချိန် ဖြစ်ပြီး ယခင်အုပ်ချုပ်ရေးပုံစံနဲ့မတူတော့တဲ့ အတွက် ဥပဒေသတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ပိုင်ပိုင်နိုင်နိုင်ရှိထားမှ အစိုးရရဲ့အုပ်ချုပ်ရေး ယန္တယား အသက်ဝင်မှာ ဖြစ်ပါတယ်။ အချို့ ဥပဒေသများဟာ ကျွန်တော်တို့နိုင်ငံမှာ မပြဌာန်းရသေးတဲ့ အတွက် ရှေ့တန်း ကျကျ တာဝန် ထမ်းဆောင်တဲ့ဝန်ထမ်းများမှာ အခက်အခဲအချို့ကြုံတွေ့နေ ရတယ်။ အထူးသဖြင့် စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းတွေ မှာညွှန်ကြားချက်၊ အမိန့်တို့နဲ့ နေရာတကာမှာ သွားလုပ်လို့မရတာ တွေ ရှိနေတတ်ပါတယ်။ တစ်ချို့ကိစ္စတွေမှာ လုပ်ရင်းကိုင်ရင်း ထောက်ပြခြင်း ခံရတာတွေ ကြားနေရပါတယ်။ ဘယ်ဥပဒေနဲ့ တားဆီးတာလဲဆိုပြီးတော့ ဆင်ခြေဆင်လက်နဲ့မေးခွန်းထုတ်ခြင်း ခံရတာရှိပါတယ်။ အချို့ဈေးဆိုင် ရှင်တွေက စားသုံးရန် မသင့်တဲ့ အစားအသောက်ကိုဘယ်ဥပဒေနဲ့လာစစ်ရတာလဲ၊ ဘာပုဒ်မနဲ့တရား စွဲမှာမို့လို့ လဲ စသဖြင့် မေးမြန်းတတ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ပြည်သူ့ဝန်ထမ်းများနဲ့ စားသုံးသူ ကာကွယ်ရေး လုပ်ငန်းနဲ့ ဆက်စပ်တဲ့ပုဂ္ဂိုလ်တွေ တည်ဆဲဥပဒေထဲက သိသင့်သိထိုက်တဲ့ ဥပဒေတွေ ကို လေ့လာနိုင်ဖို့ ဝေမျှလိုရင်းဖြစ်ပါတယ်။ ယခု ဒီဆောင်းပါးရေးနေချိန်အထိ (၂၀၁၃ ခုနှစ်မတ်လ) စား သုံးသူအကာအကွယ်ပေးရေး ဥပဒေမပြဌာန်းရသေးတဲ့အတွက် နဂို ရှိပြီးသားတည်ဆဲဥပဒေတွေကိုအသုံးပြုရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သစ်မရှိခင်ဝါးပေါင်းကွပ်တဲ့ သဘောနဲ့စားသုံးသူကာကွယ်ရေး ဥပဒေ ပေါ်ထွက်မလာမီအချိန်ကာလမှာ လက်ရှိတည်ဆဲဥပဒေများကို အားကိုးအားထိုက်ပြုသွားနိုင်ဖို့လေ့လာမိတာလေးတွေတင်ပြလိုက်ရ တာပဲ ဖြစ်ပါ တယ်။
 
တည်ဆဲဥပဒေထဲမှ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေများ ဗြိတိသျှအစိုးရ အုပ်ချုပ်သော ကာလကတည်းက ပြဌာန်းတဲ့ ဥပဒေမှစ၍ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ များအထိ ပါဝင်နေတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ တည်ဆဲဥပဒေ အတော်များများ ဟာ လက်ရှိစားသုံးသူကာကွယ်ရေးအတွက် အသုံး တည့်နေသေးတာကိုမြင်တွေ့ရပါတယ်။ ဒီဥပဒေတွေဟာ တစ်နေရာ တည်းမှာ စုစုစည်းစည်းတည်ရှိမနေတဲ့အတွက် အသုံးပြုမှုမှာ အား နည်းတဲ့သဘောဖြစ် သွားတာပဲဖြစ် ပါတယ်။ စားသုံးသူအကာအကွယ် ပေးရေး ဥပဒေထွက်ပေါ်လာရေးအတွက် အဆင့်ဆင့်စိစစ် ဆောင် ရွက်နေတဲ့အချိန်ဖြစ်ပြီး မကြာမီထွက်ပေါ်လာဖို့ရှိပါတယ်။ လတ် တလောစားသုံးသူကာကွယ်ရေး ကိစ္စရပ်တွေမှာ စကားပြောစရာပေါ် ပေါက်လာပါက တည်ဆဲဥပဒေတွေနဲ့ ဖြေရှင်းရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ နားလည်သိရှိ ထားဖို့ အရေးကြီးပါတယ်။ စားသုံးသူ ကာကွယ်ရေးဥပဒေနဲ့ ဆက်စပ်တဲ့တည်ဆဲ ဥပဒေတွေ ကို ဖော်ပြပေး လိုက်ပါရစေ -၁။    ပြစ်မှုဆိုင်ရာဥပဒေ (၁၈၆၁)၂။   The Legal Practitioners Act (1880) ၃။  The Myanmar Telegraph Act (1885)၄။   The Copyright Act (1914) ၅။  The Poisons Act (1919) ၆။  The Bar Council Act (1929) ၇။   The Myanmar Wireless Telegraph (1934) ၈။    သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥပဒေ (၁၉၈၉)၉။    ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၁၉၉၀)     ၁၀။    ပိုးသတ်ဆေးဥပဒေ (၁၉၉၀)   ၁၁။    မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေ (၁၉၉၀)   ၁၂။    သစ်တောဥပဒေ (၁၉၉၂)   ၁၃။    အမျိုးသားဆေးဝါးဥပဒေ (၁၉၉၂)၁၄။    တိရိစ္ဆာန်ကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးဥပဒေ (၁၉၉၃)၁၅။    အပင်ပိုးမွှားကာကွယ်သည့် ဥပဒေ (၁၉၉၃)၁၆။    သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေ (၁၉၉၄)၁၇။    တောရိုင်း တိရစ္ဆာန်၊ သဘာ၀ အပင်များ ကာကွယ်ရေးနှင့် သဘာ၀ နယ်မြေများထိန်းသိမ်းရေးဥပဒေ   (၁၉၉၄)၁၈။    ကွန်ပျူတာဖွံ့ဖြိုးရေးဥပဒေ (၁၉၉၆)၁၉။    ရုပ်ရှင်ဥပဒေ (၁၉၉၆)၂၀။    ရုပ်မြင်သံကြားနှင့်ဗွီဒီယိုဥပဒေ (၁၉၉၆)   ၂၁။    မျက်စိလှူဒါန်းခြင်းဆိုင်ရာဥပဒေ (၁၉၉၆)   ၂၂။    တိုင်းရင်းဆေးဝါးဥပဒေ (၁၉၉၆)၂၃။    အမျိုးသားအစားအသောက်ဥပဒေ (၁၉၉၇)၂၄။    မြန်မာနိုင်ငံဆေးကောင်စီဥပဒေ (၂၀၀၀)၂၅။    တိုင်းရင်းဆေးကောင်စီဥပဒေ (၂၀၀၀)၂၆။    မန္တလေးမြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၀၂)၂၇။    တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေနှင့် နည်းဥပဒေ  (၂၀၀၂)၂၈။    သွေးနှင့်သွေးပစ္စည်းဆိုင်ရာဥပဒေ (၂၀၀၃)၂၉။    ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်း ဆိုင်ရာဥပဒေ (၂၀၀၄)၃၀။    အီလက်ထရွန်းနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (၂၀၀၄)၃၁။    ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ် ရေး ဥပဒေ (၂၀၀၆)၃၂။    ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ (၂၀၀၇)၃၃။    ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ပဲဖြစ်ကြပါတယ်။ တည်ဆဲဥပဒေထဲကနေ စားသုံးသူများအတွက် အဓိကသိရှိရမဲ့ဥပဒေအချို့ ကို ကောက် နုတ်ပြီး ဆွေးနွေး တင်ပြလိုပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၃၆/ခ) စားသုံးသူပြည်သူများရဲ့ အကျိုးစီးပွားကိုလက်ဝါးကြီးအုပ်တာ တွေ၊ ယှဉ်ပြိုင်ခြင်းကိုပျက်ပြားစေ တာတွေ၊ ဈေးကစားပြီးစီးပွားရေး ထိခိုက်စေတာတွေဖြစ်လာတဲ့အခါမှာ ဒီအခြေခံဥပဒေက  တားဆီး ပေးခြင်း နဲ့လုံခြုံမှုပေး ခြင်းတာဝန်တွေထမ်းဆောင်ပေးပါလိမ့်မယ်။ပြည်သူ့ကျန်းမာမှု၊ လုံခြုံမှု၊ သက်သာမှု၊ သိက္ခာစောင့်စည်းမှုနှင့် ကိုယ့်ကျင့် တရားရှိမှုကို ထိခိုက်ေ စသော ပြစ်မှုများ (ပြစ်မှုဆိုင်ရာ ဥပဒေများ) စားသုံးသူ ကာကွယ်ရေးလုပ်ငန်းမှာ အချို့ထုတ်လုပ်ရောင်းချ သူများဟာ အများပြည်သူများဘေးဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက် တွေရှိတတ်တဲ့အတွက် ပြစ်မှုဆိုင်ရာဥပဒေရဲ့ အကူအညီလိုအပ်လာ တတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ပြစ်မှုဆိုင်ရာပြဌာန်းချက်တွေ လေ့လာ ကြည့်မယ်ဆိုရင် - ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၂၆၉)၊ (၂၇၀) နဲ့ (၂၇၁) တို့မှာ ပြဌာန်းထားတာကတော့ "ကူးစက်တတ်သောရောဂါပျံ့ပွားစေတန်ရာ သည့် ပေါ့လျော့မှုပြုခြင်း၊ ကူးစက်တတ်သောရောဂါ ကာကွယ်ရေး နည်း ဥပဒေများဖီဆန်ခြင်းများကို အရေးယူရန်ပြဌာန်းချက်များ" ပါ ဝင်ပါတယ်။ ပုဒ်မ (၂၇၂) နဲ့ (၂၇၃) တို့မှာ "ရောင်းရန်ကြံရွယ် သော စားသောက်ဖွယ်ရာပစ္စည်းတွင် ယုတ်ညံ့သောအရာနှင့်ရော နှောခြင်း၊ အန္တရာယ်ဖြစ်ေ စသော စားသောက်ဖွယ်ကိုရောင်းချ ခြင်းပြုပါက အရေးယူသောပြဌာန်းချက်များ" ပါရှိပါတယ်။ ပုဒ်မ (၂၇၄) ၊ (၂၇၅) နဲ့ (၂၇၆) တို့မှာဆေးဘက်ဝင်အရာဝတ္တု ရောင်းချ ရန်သို့မဟုတ်သုံးစွဲစေရန်ကြံရွယ်၍ ယုတ်ညံ့သောအ ရာနှင့် ရောနှော ခြင်း၊ ယုတ်ညံ့သောအရာနှင့်ရောထားသည့် ဆေးဘက်ဝင် အရာ ဝတ္တုများရောင်း ချခြင်း၊ ဆေးဘက်ဝင် ဝတ္တုတစ်မျိုးကို သို့မဟုတ် ဖော်စပ်ပြီးဆေးတစ်မျိုးကို အခြားတစ်မျိုးအဖြစ် ရောင်းချခြင်းကို တားမြစ်ထားချက်များ" လို့ပါရှိပါတယ်။ ပုဒ်မ (၂၇၇) နဲ့ (၂၇၈) တို့မှာကျတော့ " အများပြည်သူဆိုင်ရာ စိမ့်စမ်း၊ ရေလှောင်ကန်စသည်တို့ကို  ညစ်ညမ်းအောင်ပြုလုပ်ခြင်း၊ ကျန်းမာရေးကိုအန္တရာယ်ဖြစ်စေရန် ဘေးတစ်ခုခုပြုခြင်းတို့ကိုလည်း အရေးယူ အပြစ်ပေးခြင်း"လို့ပါရှိပါတယ်။
အမျိုးသား အစားအသောက်ဥပဒေ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းမှာ အားကိုးအားထား ပြုရမဲ့ ဥပဒေဟာ " အမျိုးသားအစား အသောက်ဥပဒေ" ပဲဖြစ်ပါ တယ်။ လက်ရှိအမှီသဟဲပြုနေတာလည်း ဒီဥပဒေပဲဖြစ်ပါတယ် - ဒီဥပဒေရဲ့ ပုဒ်မ (၃)မှာ အစားအသောက်နှင့် ဆေးဝါး အာဏာ ပိုင်ဖွဲ့စည်းခြင်းကိုပြဌာန်းခဲ့ပါတယ်။ အစားအသောက်နဲ့ ဆေးဝါးစစ် ဆေးဖို့ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့တွေ သိထားသင့်တဲ့ပုဒ်မ ဖြစ် ပါတယ်။ ပုဒ်မ(၁၅)မှာကျတော့ မှတ်ပုံတင်ခြင်းမရှိတဲ့ဆေးဝါးများနဲ့ စံချိန် မမီတဲ့ဆေးဝါးများထုတ်လုပ် တာ၊ ရောင်းချတာ၊ ရောနှောတာ၊ ပြည် တွင်းသို့ တင်သွင်းတာ၊ သိုလှောင်ဖြန့်ဖြူးတာ စတာတွေကို တားမြစ် ထားတာ တွေ့ရပါတယ်။ အမျိုးသားအစားအသောက်ဥပဒေရဲ့ပုဒ်မ (၁၈) မှာ - " အစား အသောက်ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်း ချ ခြင်း ပြုလုပ်သူသည် အစားအသောက်အရည်အသွေး အာမခံ ခြင်း၊ အမှတ်တံဆိပ်တပ်ခြင်း၊ ကြော်ငြာခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းက ဖြစ်စေ အာဏာပိုင်ကဖြစ်စေ ထုတ်ပြန်သော အမိန့်၊ ညွှန်ကြားချက်နှင့် စည်းကမ်းချက်များကို တိကျစွာလိုက်နာရန် " လို့ပါရှိခဲ့ပါတယ်။ ပုဒ်မ(၂၂)မှာက အစားအသောက်ကို အများပြည်သူ အန္တရာယ် ဖြစ်စေနိုင်တဲ့ ထုတ်လုပ်မှုတွေ၊ ဖြည့််စွက်တာတွေ၊ ပြုပြင်တာတွေ၊ ပုပ်သိုးလွယ်တာတွေနဲ့ စားသုံးရန်မသင့်တဲ့ပစ္စည်း မသင့်လျော်ပါ ရှိတဲ့ ကိစ္စတွေ၊ ခွင့်မပြုတဲ့ စားသောက်ကုန်ပစ္စည်းတွေ၊ စံမညီတဲ့အစား အစာတွေ၊ အမှတ်တံဆိပ် လွဲမှားစွာ ဖော်ပြတာတွေ၊ သတ်မှတ်ပေး ထားတဲ့အချက်အလက်မဖော်ပြတာတွေအတွက် ဒီပုဒ်မကကူညီသွား မှာ ဖြစ်ပါတယ်။
တိုင်းရင်းဆေးဝါးဥပဒေ အများပြည်သူတစ်ဦးအနေနဲ့ မိမိကြိုးစားပြီးဖော်စပ်တွေ့ရှိတဲ့ တိုင်းရင်းဆေးကိုဥပဒေပုဒ်မ (၁၁) အရ မှတ်ပုံတင်ခြင်းကိစ္စ အ၀၀ လုပ်နိုင်ပြီး သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်းလိုက်နာပေးဖို့လည်း ထုတ်လုပ်သူမှာ တာဝန်ရှိတယ်လို့ဆိုထားပါတယ်။ ပုဒ်မ (၁၈) အရ လိုင်စင်လျှောက်ထားတာကို ထုတ်ပေးခွင့်ရှိပေ မယ့် ပုဒ်မ (၂၇) အရ စံနှုန်းထားနဲ့မကိုက် တဲ့ တိုင်းရင်းဆေးတွေကို တော့ ထုတ်လုပ်ခွင့်မရှိတာကို လေ့လာတွေ့ရှိနိုင်ပါတယ်။ ပုဒ်မ (၂၈) မှာ မှတ်ပုံတင်မထားတာ၊ သုံးစွဲဖို့မသင့်တာတွေကို မရောင်းချဖို့တားမြစ်ထားပါတယ်။
ဆေးလိပ်ဆေးရွက်ကြီးအတွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ စားသုံးသူအတွက် အမှန်တကယ်လိုအပ်တဲ့ဥပဒေတစ်ခု ဖြစ်ပါ တယ်။ အများပြည်သူနဲ့ဆိုင် တဲ့နေရာတွေမှာ ဆေးလိပ်သောက်တာ ဟာ မသောက်တတ်တဲ့လူများအတွက် အမှန်တကယ်ပဲအနှောင့် အယှက် ဖြစ်စေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဆေးလိပ်မသောက်ရမဲ့ နေရာတွေကို ဒီဥပဒေ ပုဒ်မ(၆)အရ နေရာ(၁၄)ခု တိတိကျကျ သတ် မှတ်ပေးထားတာတွေ့ရှိရပါတယ်။ ပုဒ်မ(၇)မှာကျတော့ ဆေးလိပ်သောက်လို့ရတဲ့နေရာ သတ်မှတ် ပေးထားတာတွေ့ရှိရပါတယ်။ ဒီပုဒ်မမှာတော့ နေရာ (၇) ခုလို့ပြဌာန်း ထားပေမယ့် အဲဒီနေရာရဲ့သီးခြားသတ်မှတ်ပေးထား တဲ့ နေရာ ဖြစ်ဖို့များ ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ရုံးအဆောက်အဦ မှာ ဆေးလိပ်သောက်လို့ရတယ် ဆိုပေမယ့် လူအများနေတဲ့အခန်း တွေမှာ သောက်လို့မရနိုင်ပါဘူး။ ဥပဒေတွေ ဒေသန္တရအမိန့်တွေ မထုတ်ပြန်ပေမဲ့ လူမှုရေးစည်းကမ်းအရမသောက် သင့်တာအမှန် ဖြစ်ပါတယ်။ အချို့လူဂွစာ၊ လူကပ်လို့ ခေါ်လို့ရတဲ့ သူတွေက ဥပဒေ ထဲမှာ လမ်းလျှောက်ရင်း ဆေးလိပ်မသောက်ရဆိုတာမပါဘူးကွလို့ ဆိုပြီး စည်းမဲ့ကမ်းမဲ့သောက် တတ်ကြပါတယ်။ ဒီအတွက်ကြောင့် လည်း ရှေးလူကြီးသူမတွေက ပြည်သူ့နီတိဆိုတာတို့၊ လူမှုရေးစည်း ကမ်း တို့ ထားပေးကြတာထင်ပါတယ်။
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ ဒီဥပဒေရဲ့ ပုဒ်မ (၇) မှာ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းခွင့်ပြုတဲ့ အမျိုးအစားများများကို ပြဌာန်းထားပါတယ်။ လုပ်ငန်းလုပ်ကိုင် လျှောက်ထားလိုတဲ့ အများပြည်သူများအတွက် သိရှိနိုင်တဲ့ အခွင့် အရေးတစ်ခုဖြစ်ပါတယ်။ ပုဒ်မ (၂၅) မှာတော့လုပ်ငန်းရှင်ရဲ့ တာဝန် သတ်မှတ်ချက်တွေဖော်ပြထားပါတယ်။ ပုဒ်မ (၂၇) က ဒီလုပ်ငန်းကို လုပ်ကိုင်တဲ့လူ ပြဌာန်းချက်တစ်ခုခုကိုကျူးလွန်ဖောက်ဖျက်ပါက ပြစ်ဒဏ်ကျခံရမယ်ဆိုတာကိုဖော်ပြထားပါတယ်။ ပုဒ်မ (၃၉) အရ နစ်နာသူက ပေါ့ဆမှုနဲ့ ဖြစ်လာတဲ့ကိစ္စတွေအတွက် တရားစွဲခွင့် ရှိ ကြောင်း ပြဌာန်းချက်ဖြစ်ပါတယ်။
ရန်ကုန်/ မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေများ လုပ်ငန်းကျယ်ပြန့်တဲ့မြို့တော်စည်ပင်သာယာရေး တွေမှာလည်း ဥပဒေနဲ့ နည်းဥပဒေတွေပြဌာန်း ထားကြပါတယ်။ အဲဒီမှာတွေ့ရတာ က စားသုံးသူများ ကျန်းမာရေးနဲ့ညီညွတ်ပြီးတော့အဆိပ်အတောက် ကင်းစင်တဲ့ အစားအသောက်၊ ဆေးဝါးနဲ့အသုံးအဆောင်တွေ သုံးစွဲ နိုင်ပြီး သာယာဝပြောတဲ့ လူ့ဘောင် အတွင်း နေထိုင်နိုင်ဖို့ ဆိုပြီးတော့ ရည်ရွယ်ချက်ထားခဲ့ပါတယ်။ စားသုံးသူများအတွက် အကောင်းဆုံး ကာကွယ် ပြဌာန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးနည်းဥပဒေ ဤဥပဒေဟာ အီလက်ထရောနစ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အားပေးအားမြှောက်ပြု တာ ဖြစ်ပါတယ်။ အခွင့်အလမ်းများ ရရှိစေဖို့အတွက်နဲ့အီလက်ထရောနစ်အသုံးပြုသူများ အကာအကွယ် ပေးထား တဲ့ ဥပဒေတစ်ရပ်ဖြစ်ပါတယ်။
The Bar Council Act & The Legal Practitioners Act ၁၈၈၀ ပြည့်နှစ်နဲ့ ၁၉၂၉ ခုနှစ် ကျွန်တော်တို့နိုင်ငံလွတ်လပ်ရေး မရသေးခင်ကတည်းကပြဌာန်းခဲ့တဲ့တည်ဆဲ ဥပဒေနှစ်ရပ်ဖြစ်ပါတယ်။ နစ်နာသူများတရားသဖြင့် ကာကွယ်ခုခံပိုင်ခွင့်၊ ဥပဒေပညာရှင်များ၊ ရှေ့နေများရဲ့ အကူအညီ ရယူပိုင်ခွင့်များအတွက် ပြဌာန်းထားတဲ့ ဥပဒေများ ဖြစ်ပါတယ်။ နစ်နာသူများဘက်က ဥပဒေလမ်းကြောင်း အရ မှန်ကန်စွာ တရားစီရင်နိုင်ဖို့နဲ့သက်သာမှုအတွက်ပြဌာန်းထား တာကို တွေ့ရှိ ရမှာဖြစ်ပါတယ်။
စုစုစည်းစည်း ပြုစုထားခဲ့မယ်ဆိုရင် ကမ္ဘာ့နိုင်ငံအတော်များများမှာ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းပြီးဖြစ်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ အခြေအနေ အရပ်ရပ်ကြောင့်မပြဌာန်းရသေးပေမဲ့ တည်ဆဲဥပဒေများဟာ စားသုံး သူများအတွက် အကာအကွယ်ပေးရေးကိုထိရောက်စွာ အကူအညီ ပေးနိုင်တာတွေ့ရှိရပါတယ်။ အကြောင်းရင်း ကတော့ တစ်နေရာ တည်းမှာ စုစုစည်းစည်းမရှိတဲ့အတွက် စားသုံးသူပြည်သူများအနေနဲ့ အားကိုးအားထားပြုဖို့ သတိ မထားမိတတ်ကြသေးတာဖြစ်ပါတယ်။ သာဓကတစ်ခုအနေနဲ့ ၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်နေ့နံနက်ပိုင်း မိတ္ထီလာမြို့မှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကိုခြုံငုံပြီးတော့သုံးသပ်လိုပါတယ်။ နေ့စဉ်သတင်းစာပါ ဖော်ပြချက်အရ   ရွှေဆံကုတ်ရောင်းတဲ့သူ (၃) ဦးဟာ ရွှေဆိုင်မှာတန်ဖိုးတစ်ခုနဲ့ရောင်းဝယ်ဖို့သဘောတူကြပါတယ်။ ပြီးနောက်မှာ မှတ်ကျောက်တင်ဖို့ တစ်နေရာသွားပြီးအပြန်ကျတော့ ရွှေဆံကုတ်ပဲ့နေတဲ့အတွက် မူလပေးမယ်ဆိုတဲ့ဈေးနှုန်းနဲ့ မပေးတော့ ဘူး စကားများထိုးကြိတ်ရိုက်နှက်ကြရာကနေ အမှိုက်ကစ ပြဿဒ် မီးလောင်တဲ့အထိ အခြေအနေကို တွန်းပို့ပေးခဲ့ပါတယ်။ ဒီနေရာမှာ ရွှေရောင်းသူရော ဝယ်ယူသူပါ စားသုံးသူတွေရဲ့ အခွင့်အရေးနဲ့ စားသုံးသူများလိုက်နာရမဲ့ နည်းဥပဒေသများကို သိရှိနားလည်ကြမယ်ဆိုရင် ရုန်းရင်းဆန်ခတ်တဲ့ဖြစ်စဉ်ဖြစ်စရာ မရှိ တော့ဘူး။ သက်ဆိုင်ရာ စားသုံးသူရေးရာမှာပဲ ဖြစ်ဖြစ်၊ တရားရုံးကို ဦးတိုက်လျှောက်ထားတာပဲဖြစ်ဖြစ်နည်းလမ်းတကျဆောင် ရွက်မိကြမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်စားသုံးသူဥပဒေဆိုပြီး သီးခြားပေါ်ထွက် လာဖို့ရယ်၊ စားသုံးသူတွေရဲ့ အခွင့်အရေးတွေနဲ့ စားသုံးသူတွေလိုက် နာရမဲ့ နည်းဥပဒေသတွေ ပြည်သူလူထုလက်ထဲကို ကျယ်ကျယ် ပြန့် ပြန့် ရောက်ရှိသွားဖို့ လွန်စွာမှအရေးကြီးပါတယ်။ ဖြစ်နိုင်ရင် စားသုံးသူကာကွယ်ရေးဥပဒေ ထွက်ပေါ်မလာမီ တည်ဆဲဥပဒေထဲက အသုံးအများဆုံး ဥပဒေတွေကို စုစည်းပြီးလက်ထဲကိုင်ထားမယ် ဆိုရင် ပြဿနာအတော်များများဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
စားသုံးသူ ကာကွယ်ရေးဥပဒေနဲ့ပဲ စကားပြောကြမယ် ကမ္ဘာပေါ်မှာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းမှစပြီးတော့ စားသုံးသူ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးမူဝါဒ  Consumerism ထွန်း ကားလာတယ်လို့ပညာရှင်များကဆိုပါတယ်။ကျင့်ဝတ်နဲ့ မကိုက်ညီ တဲ့ စီးပွားရေး လုပ်ငန်းများကို ဥပဒေနဲ့အကာအကွယ်ပေးဖို့ တောင်း ဆိုလာကြတယ်လို့ဆိုပါတယ်။ စားသုံးသူများရဲ့ အခွင့်အရေး ကာ ကွယ်တာဟာ စားသုံးသူကာကွယ်ရေးဥပဒေရဲ့ အခြေခံရည်ရွယ် ချက်ပဲဖြစ်ပါတယ်။ နိုင်ငံတကာ မှကျွမ်းကျင်သူများရဲ့အဆိုအရ ခိုင်မာ တဲ့စားသုံးသူ ကာကွယ်ရေးဥပဒေဟာ ဒီမိုကရေစီ နိုင်ငံတော်ရဲ့ပြယုဂ် တစ်ခုလို့တောင်တင်စားတာကြားဖူးပါတယ်။ သူတို့ရဲ့အဆိုအရ စား သုံးသူကာကွယ်ရေးဥပဒေဆိုတာဟာ ကျင့်ဝတ်နဲ့မညီတဲ့ပြုမှု ဆောင် ရွက်ချက်ကနေ ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကုန် စည်နဲ့ဝန်ဆောင်မှုတို့ရဲ့ အခြေခံအရည်အသွေးကို တိုးတက်စေနိုင် တယ်လို့လည်းဆိုပါတယ်။ နောက်တစ်ချက်က ဒီဥပဒေဟာ စီးပွား ရေး လုပ်ငန်းအချင်းချင်းတရားသဖြင့်ပြိုင်ဆိုင်မှုကို ဖြစ်ပေါ်လာစေ တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုထားရှိကြပါတယ်။ စားသုံးသူ ကာကွယ်ရေးဆိုတာက ကုန်စည်နဲ့ဝန်ဆောင်မှု တွေမှာ ၎င်း တို့ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရရှိနိုင်ဖို့ ကာကွယ် ပေးထားခြင်းကိုခေါ်ဆိုတာဖြစ်ပါတယ်။ အဲဒီလိုကာကွယ်ပေးထားတဲ့ အတွက်လူမှုဘဝနဲ့ စီးပွားရေးတိုးတက်ဖို့မှာ များစွာ အထောက်အကူ ပြုတယ်လို့ဆိုပါတယ်။ တိုင်းပြည်တစ်ခုရဲ့ ယဉ်ကျေးမှုနဲ့လူမှု ဘ၀ ဘယ်လောက်တိုးတက်တယ်ဆိုတာ အကဲဖြတ်ပေးတာက ဒီစား သုံးသူ ကာကွယ်ရေးဥပဒေပဲဖြစ်တယ်လို့ ပညာရှင်တွေက မှတ်ချက် ပြုကြပါတယ်။ တည်ဆဲဥပဒေ (၃၃) ခု အနေနဲ့ လက်ရှိစားသုံးသူကာကွယ် ရေး ဥပဒေအတွက် မားမားမတ်မတ်ရပ်တည် နိုင်စွမ်းရှိကြောင်းမြင် တွေ့နိုင်ပါတယ်။ မကြာမီမှာထွက်ပေါ်လာတော့မယ့် စားသုံးသူ ကာကွယ်ရေးဥပဒေအတွက်တည်ဆဲဥပဒေထဲက အရေးကြီးတဲ့ဥပဒေ များ ထည့်သွင်းရေးဆွဲ ထားတာကို လည်း လေ့လာမိပါတယ်။ အမြန်ထွက်ပေါ်လာရေးဟာ နိုင်ငံတော်အတွက် လိုအပ်ချက် တစ်ခု ဖြစ်နေပါ တယ်။ မပြည့်စုံသေးတဲ့ အချက်အလက်တွေလည်း ပြင်ဆင် ဖြည့်စွက်တဲ့ဥပဒေနဲ့ နောက်ပိုင်းမှာ ထပ်ဖြည့်ကြလေ့ ရှိပါတယ်။ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံကြီးများပင်လျှင် ယနေ့အချိန်အထိ ပါလီမန်မှာတည်ဆဲဥပဒေတွေ ကို ပြင်ဆင်နေကြဆဲ၊ ဖြည့်စွက်နေကြ ဆဲပဲဆိုတာကို သတင်းအနေနဲ့ကြားနေရပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ စားသုံးသူ ကာကွယ်ရေးဥပဒေသာ ထွက်ပေါ် လာရေးဟာ ပဓါနလို့ထင်မြင်ယူဆပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေများလာပြီ၊ နိုင်ငံတကာက ကုန်သည် လုပ်ငန်းရှင်တွေလည်း အလုံးအရင်းနဲ့ဝင်လာနေပြီ။ အဲဒီ အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနဲ့ ကျွန်တော်တို့ ပြည် သူ တွေကို စားသုံးသူ ကာကွယ်ရေး ဥပဒေနဲ့ပဲ အကာအကွယ်ပေးရ မှာ ဖြစ်တယ်။ ဒီဥပဒေနဲ့ပဲစ ကားပြောကြရတော့မှာဖြစ်တယ်။ ဒါ့ကြောင့် ယနေ့ကျွန်တော်တို့ပြည်သူတွေရဲ့ လုပ်ငန်းဆောင်ရွက်မှု အ၀၀ မှာ ကာကွယ်ပေးမဲ့ဥပဒေတစ်ရပ် ရှိကိုရှိမှ ဖြစ်မဲ့ အခြေအနေ အချိန်အခါကို ရောက်ရှိနေပြီဆိုတဲ့အကြောင်း ရေးသား တင်ပြ လိုက်ပါတယ်။        (ကိုးကား- ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း မွန်ပြည်နယ်၊ မော်လမြိုင် ၌ ပြုလုပ်သည့် စားသုံးသူအကာ အကွယ် ပေးရေးအလုပ်ရုံဆွေးနွေးပွဲ တွင် ဒေါ်တင်ရီဝင်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏  " မြန်မာနိုင်ငံတည်ဆဲဥပဒေများနှင့် စားသုံးသူ အကာအကွယ်ပေးရေးအခန်းကဏ္ဍ" နှင့် ဒေါ်ရီရီသန်း၊ ပါမောက္ခ၊ ဝါဏိဇ္ဇဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၏  "ကျင့်ဝတ်နှင့်မညီသော ပြုမှုဆောင်ရွက်ချက်များမှစားသုံးသူအကာ အကွယ်ပေးရေး" စာတမ်း များကို ကိုးကား အသုံးပြုထားခြင်းဖြစ်ပါသည်။)