Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Tue, 04/09/2013 - 14:05 -- ydnar

အမေရိကန် ပြည်ထောင်စု  စီးပွား ရေးနာလန်ထူလာတာက အာရှဒေသရဲ့ ပို့ကုန်အတွက်ဝယ်လို အားတိုးမြှင့်လာလိမ့် မယ်လို့ တွက်ဆကြပါတယ်။ဒါကြောင့် မလေးရှား ရင်းဂစ်က ဦးဆောင်ပြီး အာရှ ငွေကြေးတွေ ကနှစ်လအတွင်းရက်သတ္တ ပတ်အလိုက် တိုးတက်မှု ရှိခဲ့ပါတယ်။

 
အမေရိကန်နိုင်ငံရဲ့ စတုတ္ထ သုံးလ ပတ် စီးပွားတိုးတက်နှုန်းက မူလခန့်မှန်း ထားတာထက် ပိုမိုတိုးတက်ခဲ့ပါ တယ်။ ထို့အတူ ကြာရှည်ခံ ကုန်စည်တွေရဲ့ အမှာစာက ဖေဖော်ဝါရီလမှာ ခန့်မှန်း ထားတာထက်မြင့်တက်ခဲ့တာ ကိုယခုရက် သတ္တပတ်အတွင်း ထွက်ရှိလာတဲ့ အစီ ရင်ခံစာတွေမှာ တွေ့ရပါတယ်။ယန်းငွေ မှအပ အာရှမှထိပ်တန်းငွေကြေး ၁၀ ခုရဲ့ အခြေအနေက မတ် ၂၂ ရက် နောက်ပိုင်း သုည ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ယခုလတစ်ခုလုံးကိုကြည့် ရင် ဥရောပကြွေးမြီအကျပ်အတည်း ပိုဆိုးလာဦးမဲ့အခြေအနေကြောင့် ကမ္ဘာ့ ရင်းနှီးမြှုပ်နှံသူတွေက တောင်ကိုရီးယား နဲ့ တရုတ်(တိုင်ပေ)စတော့ဈေးကွက်က ဒေါ်လာ ၃ ဘီလီယံ ထုတ်ယူသွားတဲ့ အတွက် Asia Dollar Index   က သုည  ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပါတယ်။
တရုတ်ယွမ် တရုတ် ဗဟိုဘဏ်က ဗဟိုဘဏ် ရဲ့ရည်ညွှန်းငွေလဲနှုန်းကို  ၁၀ လကျော် အတွင်းအမြင့်ဆုံးသို့ တိုးမြှင့်လိုက်တဲ့ အတွက် ယွမ်တန်ဖိုးက ၁၉ နှစ်အတွင်း အမြင့်ဆုံး အနေအထားကိုရောက်ခဲ့ပါ တယ်။တရုတ်ဗဟိုဘဏ် က နေ့စဉ် သတ် မှတ်ပေးနေကျငွေလဲနှုန်းကို သုညဒသမ ၀၈ ရာခိုင်နှုန်းတိုးမြှင့်ပြီးတစ်ဒေါ်လာကို  ၆ ဒသမ ၂၆၈၉ ယွမ်နှုန်းသတ်မှတ်ခဲ့ ပါတယ်။ ယွမ်ငွေကြေးကို ဖလှယ်တဲ့ အခါသတ်မှတ်နှုန်းရဲ့ အထက်အောက် ၁ ရာခိုင်နှုန်းအတက်အကျလုပ်ဖို့ခွင့်ပြု ထားပါတယ်။မတ် ၂၉ ရက်ကအမြင့် ဆုံးရောက်ခဲ့သော နှုန်းမှာ တစ်ဒေါ်လာ ကို၆ဒသမ ၂၀၉၅ ယွမ်နှုန်းဖြစ်ပါတယ်။
အိန္ဒိယရူပီး ပြည်တွင်းရှယ်ယာတွေဈေးတက် လာခြင်းနဲ့အတူ ပို့ကုန်လုပ်ငန်းရှင်တွေ က ဒေါ်လာကို ထုတ်ရောင်းလာကြတဲ့ အတွက် ယခုဘဏ္ဍာနှစ်ရဲ့ နောက်ဆုံး နေ့ဖြစ်တဲ့ မတ် ၂၉ ရက်မှာရူပီးငွေကြေး ရဲ့တန်ဖိုးကျဆင်းမှုရပ်တန့်ပြီး အနည်း ငယ်မြင့်တက်လာပါတယ်။နိုင်ငံခြားငွေ စီးဝင်မှုတွေမြင့်တက်လာတာနဲ့ မတ်လ အကုန်သုံးလပတ်နဲ့ ဒီကာလအလွန်မှာ အိန္ဒိယရဲ့ငွေပေးငွေယူရှင်းတမ်း လိုငွေ တိုးတက်ကောင်းမွန်လာမယ်လို့ တွက် ဆကြတဲ့အတွက်လည်းရူပီးတန်ဖိုးကို အထောက်အပံ့ဖြစ်စေပါတယ်။ ရူပီးတန်ဖိုးက မတ် ၂၆ ရက်က တစ်ဒေါ်လာ ၅၄ ဒသမ ၃၆၅ ရူပီးနှုန်း ရှိခဲ့ရာမှ မတ် ၂၉ ရက်နေ့မှာ တစ်ဒေါ် လာကို၅၄ဒသမ၂၈ရူပီးနှုန်းရှိခဲ့ပါတယ်။
ဂျပန်ယန်း ဆိုက်ပရပ် နိုင်ငံက အပ်နှံငွေနဲ့ မတည်ငွေရင်းထိန်းချုပ်မှုတွေရှိနေပေမဲ့ ထိတ်လန့်တုန်လှုပ်မှုတွေ မရှိခဲ့ဘဲ အနည်းငယ်တည်ငြိမ်မှုရှိချိန်မှာ ဆိုက် ပရပ်ဘဏ်က ဘဏ်တွေကိုပြန်ဖွင့်ခွင့်ပြု ခဲ့ ပါတယ်။ ဒါကြောင့် မတ် ၂၈ ရက်မှာ ယူရိုတန်ဖိုးပြန်လည်ဦးမော့လာခဲ့ပါတယ်။ မတ် ၂၇ ရက်ကယူရိုတန်ဖိုးက တစ်ယူရိုကို ၁ ဒသမ ၂၇၇၆ ဒေါ်လာ ရှိခဲ့ရာမှ သုည ဒသမ ၃ ရာခိုင်နှုန်း မြင့် တက်ပြီး မတ် ၂၈ ရက်ဂရင်းနစ်စံတော် ချိန် ၂၁ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၂၈၁၄ ဒေါ်လာနှုန်းရှိခဲ့ ပါတယ်။ယန်းငွေ တန်ဖိုးက ဂျပန် ဗဟိုဘဏ် အကြီးအကဲ က ဂျပန်ေ<ကးမြီ ထူပြောမှုက ပုံမှန် မဟုတ်ဘူး လို့ပြောကြားပြီး ဂျပန်အစိုးရ က ဘွန်းစာချုပ် ကိုင်ဆောင်သူတွေ အယုံအကြည်ကျဆင်းမှာ ကို ရှောင်ရှား နိုင်အောင်ဆောင်ရွက်မယ်လို့ သတိပေး လိုက်ပြီးနောက်ပိုင်း ယန်းတန်ဖိုး ခိုင်မာ လာပါတယ်။ ယန်းငွေကြေးက ယူရိုနဲ့ ဖလှယ်ရာမှာ ၁၂၀ ဒသမ ၆၄ သန်းနှုန်းနဲ့ မှန်တန်းရှိနေပြီးဒေါ်လာနဲ့ဖလှယ်ရာမှာ ၉၄ ဒသမ ၄၂ ယန်းကနေ ၉၄ ဒသမ ၁၂ ယန်းထိ မြင့်တက်လာပါတယ်။
မလေးရှားရင်းဂစ် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးနှုန်းအ   တွက် မတ် ၂၉ ရက်မနက်ပိုင်းဈေးကွက် မှာ ရင်းဂစ်တန်ဖိုးကဒေါ်လာနဲ့ဖလှယ် ရာမှာ မြင့်တက်လာခဲ့ပါတယ်။ မတ် ၂၈ ရက်ဈေးပိတ်ချိန်မှာ တစ်ဒေါ်လာ ကို ၃ ဒသမ ၀၉၅၀ ရင်းဂစ်နှုန်းမှ  မတ် ၂၉ ရက် မနက် ၉ နာရီမှာ တစ်ဒေါ် လာကို ၃ ဒသမ ၀၈၇၀ ရင်းဂစ်နှုန်းရှိ ခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုးက  စင်ကာပူဒေါ် လာနဲ့ ဂျပန်ယန်းတို့နဲ့ ဖလှယ်ရာမှာ တန်ဖိုးမြင့်တက်ပြီး ဗြိတိသျှပေါင်နဲ့ ယူရိုတို့နဲ့ ဖလှယ်ရာမှာ တန်ဖိုးကျဆင်း ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် တောင်ကိုရီးယားဝမ်ရဲ့ နိုင်ငံခြား ကုန်သွယ်မှုရှင်းတမ်းပိုငွေက ဖေဖေါ်ဝါ ရီမှာ ပိုမိုခဲ့ပြီး နောက်ပိုင်း တစ်လအတွင်း မှာ ပထမဆုံးအကြိမ်အဖြစ် ဝမ်တန်ဖိုး မြင့်တက်မဲ့ အလားအလာကို တွေ့ရပါ တယ်။ ပိုငွေပြမှုက ဇန်နဝါရီလမှာ ဒေါ် လာ ၂ ဒသမ ၃၃ ဘီလီယံမှ ဖေဖော် ဝါရီမှာ ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ထိ တိုးတက်ခဲ့ပါတယ်။မတ် ၂၉ ရက်မှာ ဝမ် တန်ဖိုး က ဒေါ်လာနဲ့ဖလှယ်ရာမှာ သုညဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို၁၁၁၃ဒသမ ၂၃ ဝမ် နှုန်း ရှိခဲ့ပါတယ်။
ထိုင်းဘတ် ထိုင်းဘတ်ငွေတန်ဖိုးက တစ်ဒေါ် လာကို ၂၇ ဘတ်အထိတန်ဖိုးမြင့်တက် လာနိုင်စရာမရှိဘူး။မြင့်တက်လာရင် လည်း ထိုင်းနိုင်ငံကကုန်သွယ်မှု လိုငွေ ပြလာနိုင်တဲ့အပြင် ပို့ကုန်လုပ်ငန်းတွေ  အခက်အခဲနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့ဘဏ္ဍာရေးဝန်ကြီး ကစ်တီရပ်နာရနောင်းကပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေး အခြေခံ တွေခိုင်မာလာတာက ထိုင်းရှယ်ယာနဲ့ ဘွန်းဈေးကွက်ထဲကို နိုင်ငံခြားငွေတွေ လှိမ့်ဝင်လာစေခဲ့ပါတယ်။ မတ် ၂၉ ရက်ကဘတ်ငွေနဲ့ဖ လှယ်ရာမှာ ဒေါ်လာတန်ဖိုးက သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ် ဒေါ်လာကို ၂၉ ဒသမ ၂၅ ဘတ် နှုန်းရှိ ခဲ့ပါတယ်။