Main menu

Background

ဖုန်းထုတ်လုပ်မှု မြေနေရာနှင့် လျှပ်စစ်အခက်အခဲရှိနိုင်ဟု နော်ဝေကုမ္ပဏီဆို

Tue, 04/30/2013 - 12:51 -- ydnar

ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင် ခွင့် လိုင်စင်ရရှိခဲ့ပါက မြေနေရာနှင့် လျှပ်စစ်အခက်အခဲကြောင့် အချိန် တစ်နှစ်ခန့် ကြာမှသာ ဖုန်းရောင်းချ ပေးနိုင်မည်ဟု ဆက်သွယ်ရေးဝန် ဆောင်မှုုလုပ်ငန်းလိုင်စင်အတွက် ပဏာမ အဆင့်ရွေးချယ် ခံထားရသည့် နော်ဝေအခြေစိုက် Telenor ဆက်သွယ် ရေး ကုမ္ပဏီမှ ဒုတိယအမှုဆောင် ဒါရိုက်တာ Mr. Sigve Brekke က ဧပြီ လ ၂၆ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

"အော်ပရေတာအောင်ခဲ့ရင်တောင် ကျွန်တော်တို့မှာ အခက်အခဲတွေရှိ နေပါတယ်။ မြေနေရာကအစ လျှပ်စစ် မီးအဆုံးပေါ့။ အခုဆိုရင် မြန်မာနိုင်ငံ မှာက  မြေကွက်တွေက ဈေးအဆ မတန်ကြီးနေတယ် ။ အဲဒါက ဘယ်လို မှ ရှောင်လွှဲလို့ မရဘူး။ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းရရှိရင်လည်း ဖုန်းလိုင်းတွေအတွက် မြန်မာ့ဆက် သွယ်ရေးကွန်ရက်ကို အသုံးပြုမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က  ကိုယ် ပိုင်ကွန်ရက်နဲ့ပဲ အသုံးပြုမှာပါ "ဟု ၎င်း က ပြောကြားခဲ့သည်။တာဝါတိုင်များတည်ဆောက်ရာ တွင် အနည်းဆုံး ၆ လ ခန့်ကြာမြင့်မည် ဖြစ်သည့်အပြင် ဖုန်း SIM ကတ်များ ထုတ်လုပ်မှုတွင်လည်း ခုနစ်လ နီးပါး ကြာနိုင်မည်ဖြစ်၍ ဖုန်းများရောင်း ချမှုမှာ တစ်နှစ်ခန့်ကြာမြင့်နိုင် ရခြင်း ဖြစ်ကြောင်း သိရသည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ အတွက် အော်ပရေတာနှစ်ခုကို ပုဂ္ဂလိက လုပ်ကိုင်ခွင့် တင်ဒါခေါ်ယူခဲ့ ရာတွင် ယခုနော်ဝေကုမ္ပဏီအပါအဝင် ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၁၂ ခု ပဏာမအဖြစ် ရွေးချယ်ခံခဲ့ရသည်။မယ်သီတာ