Main menu

Background

တော် . . .ပျော် . . .သင့်

Tue, 05/07/2013 - 10:50 -- ydnar

ရောင်းဝယ်မှု သဘောတရားအရ သီးနှံထွက်ပေါ်ချိန် ဈေး ကောင်းရလို့ကတော့ ထွက်ရှိထားကြတဲ့ သီးနှံတွေ ဈေးကွက်ကို လှိုင် လှိုင်ဝင်ကြတာ ဓမ္မတာပါ။ ကြက်သွန်နီပေါ်ချိန် ဈေးကောင်းလေးရ နေတော့ စိုက်ပျိုး ထုတ်လုပ်ကြတဲ့ ကြက်သွန်စိုက်တောင်သူတွေ ပျော်ကြတာတော့အမှန်ပါ။ ယခင်အပတ်ကတစ်ပိဿာ ထိပ်စ ၃၄၀ ကျပ်၊ အလတ်စ ၃၀၀ ကျပ်၊ အောက်စ ၂၀၀ ကျပ်၊ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ကြက်သွန်နီဟာ ယခုအပတ်မှာတော့ ထိပ်စ ၄၂၅ ကျပ်၊ လတ်စ ၄၀၀ ကျပ်၊ အောက်စ ၃၅၀ ကျပ်အထိ ဈေးမြောက်ခဲ့ပါ တယ်။ အဝင်တွေအနေနဲ့ တစ်နေ့ကို ပိဿာချိန် ၁၀၀၀၀ မှ ၅၀၀၀၀ ထိဝင်တဲ့နေ့တွေရှိတာကို လေ့လာရပါတယ်။ ဒီဈေးအနေအထားနဲ့ဆို ကြက်သွန်နီများ ဆက်တိုက်ဝင်လာနိုင်တယ်လို့ ကြက်သွန်ရောင်း ဝယ်သူ အသိုင်းအဝန်းက ခန့်မှန်းပြောကြားပါ တယ်။

ကုန်ဈေးနှုန်းရဲ့ သဘောတရားအရ တက်တိုင်းမကောင်းသလို ကျတိုင်းလည်းမကောင်းပါဘူး။ ဆိုလိုတာ က ဖြစ်သင့်ဖြစ်ထိုက်၊ တက် သင့် တက်ထိုက်တာထက် ဈေးနှုန်းပိုတက်လာရင် နောက်ဆုံးပိတ် စားသုံးသူမှာ အခက်တွေ့ရပါတယ်။ ဈေးနှုန်းကျတိုင်းလည်း မကောင်း ပါ။ စိုက်ပျိုးထုတ်လုပ်ထားတဲ့ အသီးအနှံဈေးနှုန်း ကျနေလို့ စိုက်ပျိုး ထုတ်လုပ်သူ အရှုံးပေါ်ရင် နောက်နောင်ဆက်လက်စိုက်ပျိုး ထုတ် လုပ်နိုင်ပါ့မလားဆိုတာ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ယခုဖြစ် ပေါ်နေတဲ့ ကြက်သွန်နီဈေးနှုန်းဟာ စိုက်ပျိုးထုတ်လုပ်ကြတဲ့ တောင် သူ တွေ အနေအထားအရ စိုက်သူတော်တယ်လို့ သတ်မှတ်ရမှာပါ။ လေ့လာမှတ်တမ်းထားရသမျှတော့ ကြက်သွန် နီတစ်ပိဿာရဲ့ စိုက် ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ ၂၅၀ ကျပ် - ၂၇၅ ကျပ် တစ်ပတ် လည်မှာရှိ ပါတယ်။ သွင်းအားစု ကောင်းကောင်း ထည့်ရင် အထွက် လည်းကောင်း တတ်ပါတယ်။ သွင်းအားစု ကုန်ကျစရိတ်ကို အထွက် က ကာမိအောင်ထွက် ပါတယ်။ သွင်းအားစု ကောင်းကောင်းမထည့် သွင်းနိုင်တဲ့ တောင်သူအဖို့ သွင်းအားစုဖိုး၊ မကုန်သလိုအထွက်လည်း နည်းပါတယ်။ ဘယ်လိုပဲပြောပြော တစ်ပိဿာ ၂၅၀ ကျပ် - ၂၇၅ ကျပ် တစ်ပတ်လည် ကုန်ကျထားတော့ အခုဈေးဟာ စိုက်သူအဖို့ တော်ပါတယ်။ ရောင်းသူ ဝယ်သူကုန်သည်ပွဲစားများအနေနဲ့လည်း ရောင်းပျော်ဝယ်ပျော်ပါတယ်။ ပခုက္ကူမှာ ဖြစ်ပေါ်နေတဲ့ဈေး၊ ရန်ကုန် အမှာနဲ့ ဝယ်မယ် သင့်တော်တဲ့ ပွဲခယူမယ်။ ရန်ကုန်ဆက် ပို့မယ် လှောင်တာခိုင်ရင်လှောင်မယ်။ ကိုယ်ပိုင်ငွေနဲ့ ဝယ်လှောင်ကြရင် ရှုံးမှု မြတ်မှုဆိုတာတွေတော့ရှိပါတယ်။ ဘာပဲ ဖြစ်ဖြစ်နှစ်စဉ်ဖြစ်ပေါ်နေ တဲ့ ဈေးနဲ့ရောင်းကြဝယ်ကြတဲ့ ကုန်သည်ပွဲစားများအနေနဲ့ ရောင်း ပျော်ဝယ်ပျော်လို့ ဆိုရမှာပါ။ နောက်ဆုံးအဆင့် စားသုံးသူ လက်ထဲ ရောက်ပါတယ်။ ပခုက္ကူဈေးတစ်ပတ်လည် မှာတော့ တော်တော် သင့် သင့် ကောင်းရင် တစ်ပိဿာ ၅၀၀ ကျပ်ပါ။ စင်းနေအောင်ကောင်းတဲ့ လုံးကြီး ကြက်သွန်မှ တစ်ပိဿာ ၆၀၀ ကျပ်ပါ။ ဝေးကွာတဲ့ နေရာမှာ တော့ သယ်ယူစရိတ် လုပ်သားခဆိုတာတွေပါ ထပ်ထည့်ရင်တော့ ဈေးကြီးနိုင် ပါတယ်။ မိသားစုတစ်စု ဘယ်လောက်ပဲမိသားစုဝင် များပါစေ တစ်နေ့ကြက်သွန်နီ တစ်ပိဿာ ကုန်အောင်သုံးတဲ့ မိသားစု မရှိလောက်ဘူးလို့ သုံးသပ်ရပါတယ်။ ဟင်းအနှစ်အဖြစ် အသုံးပြုတာရယ်။အသုတ်ထဲမှာ ထည့်တာရယ်။ အချဉ်အဖြစ် အသုံး ပြုတာရယ်ပဲ အသုံးပြုတဲ့ အဓိကပင်မဟင်းရဲ့ ဇာတ်ရန် ကြက်သွန်နီ တစ်ပိဿာ ၅၀၀ ကျပ် - ၆၀၀ ကျပ် ဝယ်သုံးရတဲ့ စားသုံးသူ အဖို့လည်း သင့်တယ်လို့ သုံးသပ်ရမှာပါ။ ခြုံငုံသုံးသပ်ရရင် ယခုဖြစ်ပေါ်နေတဲ့ ကြက်သွန်နီဈေးနှုန်းအနေ နဲ့ စိုက်သူတော်လို့ ရောင်းသူ ဝယ်သူပျော်ကာ စားသုံးကြသူများ လည်း သင့်တယ်လို့ ဆိုရမှာဖြစ်ကြောင်းပါ။မြင့်ဦး - ပခုက္ကူ