Main menu

Background

သမ္မတဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို လေ့လာသုံးသပ်ခြင်း

Tue, 05/07/2013 - 13:45 -- ydnar

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်က          ကျင်းပသည့် နိုင်ငံ့ စွမ်းဆောင်ရည်ဆုချီး မြှင့်ပွဲအခမ်းအနား၌ အစိုးရ ၏ ပြုပြင် ပြောင်းလဲရေး စတုတ္ထအဆင့် လုပ် ငန်းစဉ် အဖြစ် ပုဂ္ဂလိက ကဏ္ဍပြောင်း လဲတိုးတက်ဖွံ့ဖြိုးရေး ကြိုးပမ်း ဆောင် ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ က ကြေညာခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရ၏ သက် တမ်း ( ၂ ) နှစ်အတွင်း ပထမအဆင့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အဖြစ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ဒုတိယ အဆင့်ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အဖြစ် စီးပွားေ ရးပြုပြင် ပြောင်းလဲမှု၊ တတိယအဆင့် ပြုပြင်ပြောင်းလဲမှုလုပ် ငန်းစဉ်အဖြစ်ကောင်းမွန်သော အုပ်ချုပ် မှုစနစ် ဖြစ်ေ ပါ်ရေးနှင့် ယခုတစ်ခါ ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုး ရေးလုပ်ငန်းစဉ်ကိုစတုတ္ထ အဆင့်ပြုပြင် ပြောင်းလဲ မှုလုပ်ငန်းစဉ်အဖြစ်သတ်မှတ် ဆောင်ရွက်မှုအပေါ် မိတ်ဆွေများက စိတ်ဝင်စားကြသဖြင့် မြန်မာနှင့်ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို သုံးသပ်လေ့လာနေသော ကျွန်တော့် အား မိတ်ဆွေများက - "စတုတ္ထ အဆင့်ပြီးလျှင် နောက် ထပ်အဆင့်တွေ ရှိနိုင်သေးသလား၊ ဒီအစိုးရ ပြုပြင်ပြောင်းလဲမှု စီစဉ်ရင်း နဲ့အချိန်ကုန်သွားနိုင်တယ်။ လက်တွေ့ အောင်မြင်အောင် အကောင်အထည် ဖော်ဖို့ လုပ်ငန်းတွေ ဦးစားပေးသင့် တယ် '' "( ၂ ) နှစ်အတွင်း ပြုပြင်ပြောင်း လဲမှု( ၄ )ခုကို ရှေ့ဆင့်နောက်ဆင့် တစ်ပြိုင်တည်း လုပ်သွားတော့ နိုင်ပါ့မ လား၊ တစ်ခုပြီး တစ်ခုလုပ်ရင် ပိုမထိ ရောက်ဖူးလား '' "ဒီပြုပြင်ပြောင်းလဲမှု အဆင့်တွေ ကို ဘယ်လို စဉ်းစားချမှတ်တာလဲ'' စသည်ဖြင့် သိလို၍ မေးကြသည်။ သမ္မတကြီး ဦးသိန်းစိန်၏ စိတ် ထဲတွင် ရည်မှန်းဆောင်ရွက်နေမှု များကိုတော့ ကျွန်တော်မသိနိုင်သော် လည်း အတိတ်နှင့် ပစ္စုပ္ပန် နိုင်ငံရေး  စီးပွားရေး အခင်းအကျင်းများကို အခြေခံ၍ ကျွန်တော်၏ သုံးသပ်လေ့ လာချက်များ ကို ဆွေးနွေးတင်ပြခြင်း သာဖြစ်ပါသည်။ အစိုးရနှင့် နီးစပ်သော အသိုင်း အဝိုင်းမှ ကြားသိရသည်မှာ သမ္မတကြီး အနေဖြင့် အစိုးရ သက်တမ်း (၂) နှစ် အတွင်း အစိုးရဌာနအားလုံး၏ ကဏ္ဍ အလိုက် မူဝါဒ လုပ်ငန်းစဉ်များရေး ဆွဲပြီးနောက် ကျန် (၃)နှစ်တာကာလ ကို ချမှတ်ထားပြီးခဲ့သော လုပ်ငန်းစဉ် များအားလက်တွေ့ အကောင်အထည် ဖော်သည့် ကာလဟု သတ်မှတ်၍ ဆောင်ရွက်သွားမည်ဟု ကြားသိရပါ သည်။ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ် ငန်းစဉ်(၄)ရပ်ကို ရိုးစင်းစွာဖြင့် ခွဲခြမ်း စိတ်ဖြာစဉ်းစားကြည့်မိပါသည်။ နိုင်ငံ တစ်နိုင်ငံ၏အရေးကြီးဆုံးနယ်ပယ်ကြီး (၃)ရပ်မှာ နိုင်ငံရေးနယ်ပယ်၊ စီးပွား ရေးနယ်ပယ်၊ လူမှုရေးနယ်ပယ် ဟုဆို လျှင် ခြုံငုံမိနိုင်ပါသည်။  ဒီ နယ်ပယ်ကြီး (၃)ရပ် အနက် နိုင်ငံရေးနယ်ပယ်ကိုလေ့လာလျှင်ယခင် တစ်ပါတီ စနစ်ဖြင့် စစ်အစိုးရ အုပ်ချုပ် သည့် နိုင်ငံရေးကို တွေ့ရှိရမည်။ ယခင် အစိုးရက ပြည်သူတွေ တောင်းဆိုနေ သော ပါတီစုံ ဒီမိုကရေစီ စနစ် ပေါ် ပေါက်လာအောင် အခြေခံ ဥပဒေ ရေး ဆွဲပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့် အညီ "နိုင်ငံရေး ပြုပြ င်ပြောင်းလဲမှု တာဝန်ကြီး'' ကို သမ္မတ ဦးသိန်းစိန် အစိုးရထံ လွှဲပေးခဲ့ပါသည်။ သမ္မတကြီး ၏ မိန့်ခွန်းထဲမှာ ပါသကဲ့သို့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး တာဝန်ကြီးကို ပြည်သူများနဲ့အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်ခဲ့ သဖြင့် ကမ္ဘာ့ နိုင်ငံများ က မြန်မာကိုအသိအမှတ်ပြု လေးစား ဆက်ဆံလာကြပြီး ကမ္ဘာ့ မျက်နှာစာ မှာ မြန်မာတို့ရဲ့ ဂုဏ်သိက္ခာ မြှင့်တင်  နိုင်ပြီ ဖြစ်ပါသည်။ ဒုတိယအဆင့် ပြုပြင် ပြောင်းလဲ ရေးဖြစ်သည့်စီးပွားရေးပြုပြင်ပြောင်း လဲမှုဟု ဆိုသော် လည်း ခေတ်သစ် တွင် ပြည်သူတို့၏ လူမှုစီးပွား ဘ၀ အလုံးစုံ ပါဝင်လာသည့်အတွက် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု ဟု ဆိုပါမှ ပြည့်စုံပါသည်။ ထို့ကြောင့်လဲ အစိုးရ က "စီးပွားရေး နှင့် လူမှုရေး ပြောင်းလဲမှု အတွက်အခြေခံ မူဘောင်''ကို ရေးဆွဲ ချမှတ် အကောင်အထည်ဖော်ခြင်း ဖြစ် ပေသည်။ စီးပွားရေးနှင့်လူမှုရေးတွင် လက်ရှိ အခြေအနေမှနိုင်ငံတကာနှင့်ရင်ဘောင် တန်းနိုင်အောင် ပြုပြင်ပြောင်းလဲ တိုး တက်အောင် ဆောင်ရွက်ရမည်ဆိုပါက လူမှုစီးပွားရေး နယ်ပယ်ကို တွန်းတင် စွမ်းဆောင်မည့်သူ များစွာ လိုသည်။ငွေကြေးအရင်းအနှီးများစွာ ထည့်သွင်း ရင်းနှီးမြှုပ်နှံရန် လိုသည်။ နည်းပညာ လိုသည်။ မိမိနိုင်ငံ ကုန်စည်များဈေး ကွက်ဝင်နိုင်ရန်လိုသည်။Input   သွင်း အားစုတွေ များများထည့်မှ  Out put  များများပြန်ရမည်။ တိုးတက်ဖွံ့ဖြိုးမည်။ တတိယ အဆင့် ဖြစ်သည့် ကောင်းမွန်သော အုပ်ချုပ်မှု စနစ် အတွက် အစိုးရ  အုပ်ချုပ်မှု ယန္တရား ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် တွင် အရာထမ်း ဝန်ထမ်းများ၏ စိတ်ဓာတ်၊ စိတ်ထား(Mind Set) ပြောင်းရေး၊ စီမံ ခန့်ခွဲမှုကောင်းရေး၊ ဥပဒေစည်းမျဉ်းများ ကို ခေတ်နှင့်အညီ ပြင်ဆင် ရေးဆွဲပြီး စည်းမျဉ်းဥပဒေနှင့်အညီ အုပ်ချုပ်ရေး (Rule of law) ပြည်သူ့အသံ၊ ပြည်သူ့ ဆန္ဒသိအောင် ဆောင်ရွက်၍ တာဝန် သိမှု၊ တာဝန်ယူမှုဖြင့် ပွင့်လင်းမြင်သာ အောင် ဆောင်ရွက်ရေး၊ လာဘ်ပေး လာဘ်ယူနှင့် အဂတိလိုက်စားမှု လျော့ နည်းပပျောက်ရေးတွေ ဆောင်ရွက် ကြ ရမည်ဖြစ်သည်။ အစိုးရယန္တရားသည် နိုင်ငံရေးနယ်ပယ်၊ စီးပွားရေး နယ်ပယ်၊ လူမှုရေးနယ်ပယ် ပြောင်းလဲ တိုးတက် ကောင်းမွန်ရေး ကိုင်တွယ် စီမံရသည့် အချက် အချာ ဖြစ်သည်။     ထို့ကြောင့်အရည်အချင်းရှိပြီး စိတ် ဓာတ်ကောင်းသော ပြည်သူ့အကျိုး သယ်ပိုးလိုသော ပုဂ္ဂိုလ်များ၊ လူ့စွမ်း အား အရင်းအမြစ်များ ဖြစ်ရန် လေ့ ကျင့်ပျိုးထောင်ပြောင်းလဲရန်လိုသည်။ ယခု စတုတ္ထအဆင့် ဖြစ်သော ပုဂ္ဂလိက ကဏ္ဍပြောင်းလဲ တိုးတက်ဖွံ့ ဖြိုးရေးသည် နိုင်ငံအတွက် ပိုအရေး ကြီးသည်။နိုင်ငံ၏စီးပွားရေးယန္တရား ကြီးတွင် ပုဂ္ဂလိက အခန်းက ၉၁ ဒသမ ၇ ရာခိုင်နှုန်းပါဝင်သဖြင့် ဤ စီးပွားရေးယန္တရားကိုအစိုးရကဏ္ဍက မောင်းနှင် တွန်းပို့နိုင်မည်မဟုတ်၊ ပုဂ္ဂလိက ကဏ္ဍကသာနိုင်ငံ့စီးပွားရေး တိုး တက်အောင် တွန်းတင်နိုင်မည် ဖြစ်သည်။ ပုဂ္ဂလိက ကဏ္ဍ တွန်းတင် နိုင်အောင် အစိုးရက အားပေးကူညီရ မည် ဖြစ်ပေသည်။ ကျွန်တော့်ကို မေးမြန်းဆွေးနွေး သော မိတ်ဆွေများကို စာရွက်တစ် ရွက် ပေါ်တွင်တစ်ဖက်ပါ Model  ပုံစံ (၂)ခု ကို ဆွဲပြခဲ့သည်- နိဂုံးချုပ်ရသော် စီးပွားရေးလုပ် ငန်းရှင်တစ်ဦးသည် စက်ရုံကုန်ထုတ် လုပ်မှုလုပ်ငန်းတစ်ခု ထူထောင်သည် ဆိုပါစို့။ လုပ်ငန်းရှင် ကိုယ်တိုင်၏ အောင်မြင်အောင် ဆောင်ရွက်မည်ဟူ သောဆန္ဒနှင့်စိတ်ဓာတ်ပြင်းပြမှု(Political Will  ) ရှိရသလို၊ ငွေကြေးအရင်း အနှီး၊ စက်ကိရိယာများ ရင်းနှီးမြှုပ်နှံစွန့် စားရသည်။ စက်ရုံအတွက် စီမံခန့်ခွဲ အုပ်ချုပ်သူ  မန်နေဂျာကောင်း ရရန်၊ စက်ရုံလုပ်သားများ ကျွမ်းကျင်ရန် စီမံ ရသည်။ အားလုံးကို တစ်ပြိုင်တည်း တွက်ချက်စီမံလုပ်ကိုင်ရသည်။ တစ်ခု ပြီးမှ တစ်ခုလုပ်၍မရ။ ထိုသို့ လုပ် ဆောင် အကောင်အထည်ဖော်သော် လည်း တစ်နှစ်၊ နှစ်နှစ်အတွင်း အကျိုး အမြတ်ရမည်မှာ မသေချာ၊ ကိုယ်က ကြိုးစား လုပ်သော်လည်း ဈေးကွက် အခြေအနေကို ကိုယ်မဖန်တီးနိုင်သေး။     စီးပွားရေးပိတ်ဆို့မှုခံထားရလျှင်ခက်သည်။စီးပွားရေးပိတ်ဆို့မှုဖွင့်လျှင် ထုတ်လုပ် မှုစရိတ်သက်သာပြီး အရည်အသွေး ကောင်းသည့်ပစ္စည်းများသာဈေးကွက်ဝင် နိုင်မည်ဖြစ်၍ ထုတ်လုပ် မှုနည်းစဉ် ခေတ်မီအောင် ပြုပြင်ပြောင်းလဲလုပ် ရဦးမည်။ အလားတူ သမ္မတကြီး ဦးသိန်းစိန် အစိုးရသည် ပြုပြင် ပြောင်းလဲမှုကို တစ်ခုပြီးမှတစ်ခု လုပ်၍မရ၊ နိုင်ငံနှင့် ပြည်သူတို့၏ လိုအပ်ချက်တွေက များ ပြားလှသည်။ နိုင်ငံရေးနယ်ပယ်၊ စီး ပွားရေးနယ်ပယ်၊ လူမှုရေး နယ်ပယ် တို့ တစ်ပြိုင်တည်း ပြုပြင်ပြောင်းလဲ တိုးတက်အောင် စီမံလုပ်ကိုင်ရသည်။ ဒီနယ်ပယ်တွေ တိုးတက်အောင် တွန်း တင်မည့် လူ့စွမ်းအား အရင်းအမြစ် များမှာ အစိုးရဌာနနှင့် ပုဂ္ဂလိက ကဏ္ဍက ပြည်သူ အားလုံးပင် ဖြစ် သည်။ အစိုးရဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ လူ့စွမ်းအား အရင်းအမြစ် ၏စွမ်းဆောင် ရည်မြင့်မားလာအောင် ပြုပြင်ပြောင်းလဲ တိုးတက်အောင် စီမံ ရသည်။ Input သွင်းအားစုများ အဖြစ် ဘတ်ဂျတ်ငွေကြေး၊ နိုင်ငံခြားအကူ အညီ ထောက်ပံ့ငွေ၊ ချေးငွေ များ နှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ကို ရရှိအောင် ကြိုးစား၍ ရလာလျှင် နယ် ပယ်အားလုံး၌ထိ ထိရောက်ရောက် အသုံး ပြုပြီးနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရေး အတွက်အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း၍ ပြည်သူ အားလုံးပါဝင်သော ပြည်သူ့ စွမ်းအားဖြင့် နိုင်ငံတိုးတက်အောင် တည်ဆောက်သွားနိုင်မည်ဟု သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြုပြင် ပြောင်းလဲ မှု လုပ်ငန်းစဉ်များကို လေ့လာသုံးသပ်မိ ပါသည်။