Main menu

Background

လူ့ဘဝကိုပြည့်စုံစေတဲ့ မိုဘိုင်းဖုန်း

Tue, 05/07/2013 - 15:00 -- ydnar

လူတစ်ဦးနဲ့တစ်ဦး ဆက်သွယ်ရေးက အစ အသိပညာတိုးပွားရေး ကနေကမ္ဘာ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး အထိ မိုဘိုင်းဖုန်းတွေရဲ့ ပါဝါ (စွမ်းအား) ဟာသိသာထင်ရှားစွာအလျင် အမြန်ဖွံ့  ဖြိုး ကြီးထွားလာနေတာ ကို တွေ့ရပါတယ်။သမိုင်း မှာ မိုဘိုင်းဖုန်းတွေလောက်လူတွေနဲ့ အမြန်ဆုံး နီးစပ် ရင်းနှီးပြီးအ သုံးဝင်ခဲ့တဲ့ ကိရိယာ ပစ္စည်းမျိုး မရှိသလောက်ရှားပါးခဲ့ပါတယ်။ လက်နဲ့ကိုင်ပြီး အသုံးပြုရတဲ့ ဓားသို့မဟုတ် မီးခြစ်၊ ခဲတံဘောပင် သို့မဟုတ် စာရွက်တွေ လည်း လူနဲ့နီးစပ်လာခဲ့ပေမဲ့ မိုဘိုင်းဖုန်း လောက် သိပ်မြန်မြန်ကြီး  နီးစပ်မှုမရှိခဲ့ တာကိုေ တွ့နိုင်ပါတယ်။ပိုက်ဆံ ငွေကြေးပဲအိမ်က ထွက်ရင်မပါမဖြစ်တဲ့မိုဘိုင်းဖုန်းနဲ့ နည်းနည်း နီးစပ်ပါတယ်။ငွေရှိမှ ဂုဏ်တင့်တယ်တယ် ဆိုပေမဲ့ ညအိပ်ရင်မို ဘိုင်း ဖုန်း တွေလို ပိုက်ဆံ အိတ်တွေ ကို အိပ်ရာထဲမှာ မထားကြပါဘူး။ ခဏခဏ ကောက်ကိုင်ပြီး စစ်ဆေး ကြည့်ရှုတာလည်း မလုပ် ကြပါဘူး။ယခုအခါပိုက်ဆံအိတ်တွေအစား မိုဘိုင်း ဖုန်းတွေကတောင် တာဝန်ယူပေးလာနိုင်တာ တွေ့ ရပါတယ်။

လက်ဖျားလေးနဲ့နှိပ်ရုံ၊ တို့ရုံနဲ့ သိလိုတဲ့ အကြောင်းအရာမျိုးစုံကို သိရှိလာနိုင်ပါတယ်။မျက်မှောက်ခေတ် စမတ်ဖုန်းတစ်လုံးမှာ ပါရှိတဲ့ ကွန်ပျူတာ စွမ်းရည်ဟာ လကမ္ဘာကိုဆင်းသက်တဲ့ အပိုလို ၁၁ အာကာသယာဉ်မှာ အသုံး ပြုတဲ့ ကွန်ပျူတာစွမ်းရည်ထက်ပိုကောင်းပါတယ်။Time မဂ္ဂဇင်းကြီးနဲ့ Qualcomm  နည်းပညာကုမ္ပဏီတို့ ပူး ပေါင်းပြီးမိုဘိုင်းဖုန်းစစ်တမ်းတစ်ခုကို ကောက်ယူ ခဲ့ပါတယ်။အဲဒီစစ်တမ်းကို အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ တောင် အာဖရိက၊ အင်ဒိုနီးရှား နဲ့ ဘရာဇီးနိုင်ငံ တွေမှာရှိတဲ့လူပေါင်း ၅၀၀၀ နီးပါးကိုမေးမြန်းပြီး ပြုစုခဲ့တယ်လို့ သိရပါတယ်။အဲဒီစစ်တမ်းအရလူ လေးဦးမှာတစ်ဦးဟာ မိနစ် ၃၀ အတွင်း ဖုန်းတစ် ကြိမ်ခေါ်ယူ အသုံးပြုပြီး လူငါး ဦးမှာတစ်ဦးဟာ ၁၀ မိနစ်အတွင်းတစ် ကြိမ်အသုံးပြုနေကြပါတယ် ။မေးမြန်းတဲ့ လူဦးရေသုံးပုံတစ်ပုံက သူတို့ရဲ့မိုဘိုင်း ဖုန်းတွေကို နည်းနည်းလေးကြာကြာ ကိုင်ခွင့် မရရင်စိတ်ထဲမှာ အလိုမကျဖြစ် နေကြတယ် လို့ဆိုပါတယ်။ အမေရိကန် လူမျိုး အတော်များများက မိုဘိုင်းဖုန်းနဲ့ လွယ်လွယ်ကူကူ ဆက်သွယ်ပြီး ဈေးနှုန်းချိုသာတဲ့ ကုန်ပစ္စည်းတွေကို ရှာဖွေ ဝယ်ယူခွင့်ရလို့၊ ကိုယ်စိတ်ဝင်စားတဲ့ မြို့ရွာ ဒေသ တွေကို ရှာဖွေနိုင်လို့၊ မိမိထုတ် လုပ် ရောင်းချတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူ အသုံးပြုမယ့် သူတွေနဲ့ ဆက်သွယ်နိုင်လို့၊ မိမိတို့ရဲ့ကျန်းမာရေး အခြေ အနေကိုစုံစမ်းမေးမြန်းနိုင်လို့၊ မိမိတို့ရဲ့ ငွေရေး ကြေးရေးအခြေ အနေတွေကို သိရှိနိုင်ပြီး တခြား ဒေသမှာ နေထိုင်ကြတဲ့ မိသားစု ဝင်ဆွေမျိုးတွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို အမြဲမပြတ် ဆက် သွယ်နိုင်လို့ ကျေးဇူးတင်ကြောင်း ပြောကြပါ တယ်။ ချမ်းသာတဲ့ သူတွေကလည်း သူတို့ဟာ တခြား သူတွေထက်အချိန် နာရီများစွာပို အလုပ် လုပ်ရပြီး စဉ်းစား ဆုံးဖြတ်ချိန်သိပ်မရပေမဲ့ မိုဘိုင်း ဖုန်းတွေ ကြောင့်သူတို့ရဲ့လုပ်ငန်းတွေကို ပိုပြီး ထိထိ ရောက်ရောက်စီမံ ခန့်ခွဲနိုင်ကြောင်း၊ ရုံးမသွား နိုင်ရင်တောင်အဝေးကနေသတင်းအချက် အလက် တွေကိုဆက်သွယ်ရယူပြီး ကွပ်ကဲနိုင်ကြောင်းပြော ပါတယ်။အမေရိကန်လူမျိုး ဆယ်ဦး မှာ လေးဦးက မိုဘိုင်းဖုန်းတွေဟာ သူတို့ရဲ့ လုပ်ငန်းကို ကောင်း မွန်အောင် အထောက်အကူပြုနေတယ် လို့ယူဆ ကြပါတယ်။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်နဲ့ တောင်အာဖရိကလူမျိုးသုံးပုံတစ်ပုံကျော် ကတော့  မိုဘိုင်းဖုန်းတွေဟာ သူတို့ရဲ့ လုပ်ငန်းတွေကို အကျိုးပြုနေတယ်လို့ ယူဆကြပါတယ်။ ယခုအခါ ငွေပေးချေတဲ့ လုပ်ငန်းတွေကို မိုဘိုင်းဖုန်းတွေနဲ့ ဆောင်ရွက်လာနိုင်ပါတယ်။ငွေစက္ကူတွေ၊ ပလတ်စတစ်ကတ်တွေထက် ပိုမို လျင်မြန်၊ပိုမိုလုံခြုံမှုလည်းရှိပါတယ်။ဥပမာဂူဂဲလ် ငွေအိတ်(Google Wallet)အစီ အစဉ်အရ မိုဘိုင်း ဖုန်းထဲကို အထူးချစ်(ပ်)ပြား(Special chip )ထည့် က ခရက်ဒစ်ကတ်ဖတ်တဲ့ ခလုတ်ကိုနှိပ်ပြီး ငွေပေး ချေနိုင်ပါတယ်။ စီလီကွန် တောင်ကြားက နည်း ပညာရှင်တွေ ကတော့ ငွေစက္ကူေ တွနဲ့ ငွေပေးချေ တဲ့ စနစ်ဟာ တဖြည်းဖြည်း လျော့နည်းလာနိုင်ပြီး အနာဂတ် မှာ ပျောက်ကွယ်သွားနိုင်တယ်လို့ ဆို ထားပါတယ်။ လွန်ခဲ့တဲ့လေးနှစ်၊ သမ္မတအိုဘားမား ရွေး ကောက်ပွဲ ဝင်စဉ်တုန်းက အမေရိကန်နိုင်ငံမှာ Facebook ဆိုရှယ် ဝက်ဘ်ဆိုက်ကို အသုံးပြုသူ ပေါင်းဟာ သန်း ၄၀ ရှိခဲ့ပြီး သူရဲ့ မဲဆွယ်ရေးလုပ် ငန်းတွေကိုများစွာ အထောက်အကူပေး ခဲ့ပါတယ်။ဒါပေမဲ့ ယခုအခါ Facebook ကိုအသုံးပြုသူ ဦးရေဟာ သန်း ၁၆၀ အထိရှိလာ ပါတယ်။ အမေရိ ကန်လူမျိုးမဲဆန္ဒပေးနိုင်သူတိုင်း ဟာ မိုဘိုင်း ဖုန်းတစ်လုံး စီရှိကြတဲ့အပြင် အင်တာနက်ကို လည်း အသုံးပြုလာ ကြပါတယ်။ဒါကြောင့် အင် တာနက် ကနေနိုင်ငံရေးမဲဆွယ်မှုတွေဟာ ပိုပြီး အရေးပါလာပါတယ်။ တရုတ်လူမျိုး ၇၉ ရာခိုင် နှုန်းက မိုဘိုင်းဖုန်း ကနေနောက်ဆုံးသတင်းတွေကို သိရှိခွင့်ရတယ် လို့ပြောပါတယ်။ အိန္ဒိယလူမျိုး ၇၃ ရာခိုင်နှုန်း ကတော့ မိုဘိုင်း ဖုန်းတွေကြောင့် သူတို့ ရဲ့ရပ်ဝေး မှာရှိတဲ့ မိသားစုဝင်တွေနဲ့အမြဲ အဆက်အသွယ် ရရှိစေတယ်လို့ဆိုပါတယ်။ ဘရာဇီးလူမျိုး ၆၂ ရာခိုင်နှုန်းကတော့ မိုဘိုင်းဖုန်းကြောင့် သူတို့ရဲ့ မိတ်ဆွေတွေနဲ့ အမြဲတမ်း ထိတွေ့ ဆက်ဆံနိုင် တယ်လို့ပြောပါတယ်။ တောင်ကိုရီးယားလူမျိုး ၄၈ ရာခိုင်နှုန်း ကတော့ သူတို့ရဲ့ ကိုယ်ပိုင်အချိန် အတော်များများ ဟာ မိုဘိုင်းဖုန်းတွေ က ဖြေဖျော် ရေးအစီအစဉ်တွေကို ကြည့်ရှုရင်း ကုန်ဆုံး နေတဲ့ အတွက် တခြားကမ္ဘာအရေး အခင်းသတင်း တွေ ကို မလေ့လာဖြစ် ဘူးလို့ဆိုကြကြောင်းပါ ခင်ဗျား။Ref:Time (Youre Life is Fully Moblie)