Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Mon, 05/13/2013 - 10:17 -- ydnar

မလေးရှားရင်းဂစ်လိုထွန်းသစ်စ  အာရှဈေးကွက်ကငွေကြေးတွေက ပြန် လည် ဦးမော့  လာပါတယ်။ ဒါပေမဲ့  အပြတ်အသတ် မြင့်တက် လာတာကို မတွေ့ရသေးပါဘူး။ မကြာသေးမီက ကျင်းပခဲ့တဲ့အမျိုးသားရွေးကောက်ပွဲ မှာ ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ဦးဆောင်တဲ့ အာဏာရညွှန့်ပေါင်းအစိုးရ ပြန်လည် အာဏာ ရလာပြီးနောက် မလေးရှား ရင်းဂစ်က ဒီလထဲမှာ ယခုချိန်ထိ ၂ ရာခိုင်နှုန်းသာ မြင့်တက်လာပါသေး တယ်။ မြောက်ကိုရီးယားနဲ့ တင်းမာ မှုတွေလျော့ကျပြီးနောက် ရင်းနှီးမြှုပ်နှံ သူတွေက ဝမ်ငွေကြေးကို ပြန်လည်ဝယ် ယူလာတဲ့အတွက် ဝမ်ငွေ ကြေးတန်ဖိုး က ဒီသုံးလပတ်အတွင်းမှာ ၁ ဒသမ ၅  ရာခိုင်နှုန်းကျော်  တန်ဖိုးတက်ခဲ့ပါ တယ်။

 
ယခု ဒုတိယသုံးလပတ် ကာလ အတွင်းမှာ အာရှငွေကြေး တချို့ ပြန် လည် အားယူလာတာ တွေ့ရကြောင်း ကမ္ဘာတစ်ဝန်းလုံးမှာ ဒေါ်လာ ၃၂၂ ဘီလီယံကို စီမံခန့်ခွဲနေတဲ့ Aberdeen Asset Management ရဲ့ မန်နေဂျာ အက်ဒဝင်ရူတီယာရက်က ပြောပါ တယ်။
ယန်းငွေကြေးရဲ့အခြေအနေက မေ ၉ ရက်ကတစ်ဒေါ်လာကို ယန်း ၁၀၀ အထိဖြစ်လာတဲ့အတွက် ယန်းငွေ ကြေး ကနားလည်ရ ခက်နေပါတယ်။ ကိုရီးယားနဲ့ ဂျပန်တို့က ပို့ကုန်ပြိုင်ဖက် တွေဖြစ်တဲ့အတွက် ယန်းငွေကြေးတန် ဖိုးကျရင် ဝမ်တန်ဖိုးကိုပါဆွဲချသွားတတ် တာကို တွေ့ရပါတယ်။
တရုတ်ယွမ် ယခင် ဈေးကွက်မှာ မကြုံဖူး အောင် မြင့်တက်ခဲ့ပြီးနောက် တရုတ် ယွမ်ငွေ တန်ဖိုး က မေ ၁၀ ရက်နေ့ မှာ ပြန်လည်ကျဆင်းခဲ့ပါတယ်။ဒေါ်လာ အညွှန်းကိန်းက တစ်ညတာအတွင်း မြင့်တက်လာတဲ့ အပေါ်မှာ မူတည်ပြီး ဗဟိုဘဏ်ကသူရဲ့ တရားဝင်လဲနှုန်းကို တန်ဖိုးချလိုက်လို့ ယခုလိုဖြစ်ရကြောင်း ကုန်သည်တွေက ပြောပါတယ်။ ငွေလက်ငင်းဈေးကွက်မှာ ယွမ်ငွေ ကြေးတန်ဖိုးက မေ ၉ ရက် နောက်ဆုံး ရှိခဲ့တဲ့ တစ်ဒေါ်လာ ၆ ဒသမ ၁၃၀၉ ယွမ်ကနေတန်ဖိုးကျဆင်းပြီး တစ်ဒေါ် လာကို ၆ ဒသမ ၁၄၀၅ ယွမ်နှုန်းရှိခဲ့ပါ တယ်။ ဗဟိုဘဏ်ကသူရဲ့ ဗဟိုဘဏ် လဲနှုန်းကို မေ ၉ ရက်က တစ်ဒေါ်လာ ၆ ဒသမ ၁၉၂၅ ယွမ် သတ်မှတ်ရာမှာ ၆ ဒသမ ၂၀၁၆ ယွမ်နှုန်း သတ်မှတ်ခဲ့ပါ တယ်။
အိန္ဒိယရူးပီး အိန္ဒိယထဲကို ပြည်ပငွေကြေးစီးဝင် မှုတွေကောင်းနေပေမဲ့ ဒေါ်လာတန်ဖိုး ပြည်ပမှာကောင်းနေချိန်မှာ ဘဏ်တွေ နဲ့ သွင်းကုန်လုပ်ငန်းရှင်တွေက ဒေါ် လာဝယ်လိုအား အဆမတန် များပြား လာတဲ့အတွက် ရူးပီးတန်ဖိုးက မေ ၁၀ ရက်မှ သုည ဒသမ ၂၂ ရူးပီးနှုန်းမြင့် တက်ပြီးတစ်ဒေါ်လာကို ၅၄ ဒသမ ၄၇ ရူးပီးနှုန်းရှိခဲ့ ပါတယ်။စောစောပိုင်းက ရူပီး တန်ဖိုးက ၅၄ ဒသမ ၅၇ နှုန်းထိ ရောက် ခဲ့ရာမှ ပို့ကုန်သမား တို့က ပြန်ထုတ် ရောင်းတဲ့အတွက် တစ်ဒေါ်လာကို ၅၄ ဒသမ ၄၇ ကို ပြန်ရောက်ခဲ့တာ ဖြစ်ပါ တယ်။
ဂျပန်ယန်း မေ ၉ ရက်ဒေါ်လာ တန်ဖိုးက တခြားအဓိကငွေကြေးတွေနဲ့ဖလှယ်ရာ မှာတန်ဖိုးမြင့်တက်ပြီး တစ်ဒေါ်လာကို  ယန်း ၁၀၀ အဆင့်ထိဒေါ်လာတန်ဖိုး တက်ပြီး ယန်းတန်ဖိုးကျခဲ့ပါတယ်။အမေ ရိကန်ဒေါ်လာက မေ ၈ ရက်မှာတစ် ဒေါ်လာကို ၉၉ ဒသမ ၀၁ ယန်း ရှိခဲ့ ရာမှ မေ ၉ ရက်ဂရင်းနစ်စံတော်ချိန် ၂၁ နာရီမှာ တစ်ဒေါ်လာကို ၁၀၀ ဒသမ ၅၅ ယန်းထိဖြစ်ခဲ့ပါတယ်။ ဒေါ်လာ တန်ဖိုးက ယခင်နှစ်စက်တင်ဘာက တစ် ဒေါ်လာကို ၇၇ ယန်းထိကျခဲ့ပါ တယ်။ ယူရိုတန်ဖိုးက မေ ၈ ရက်မှာ တစ်ယူရိုကို ၁ ဒသမ ၃၁၅၆ ဒေါ်လာ နှုန်းကနေ မေ ၉ ရက်မှာတစ်ယူရိုကို ၁ ဒသမ ၃၀၄၄ ဒေါ်လာထိကျဆင်းခဲ့ ပါတယ်။
မလေးရှားရင်းဂစ် အမေရိကန်ဒေါ်လာတန်ဖိုးမာ နေ ချိန်မှာ ရင်းဂစ်ငွေကြေးရဲ့ ဝယ်လိုအား ကျဆင်းနေတဲ့အတွက် မေ ၁၀ ရက် မနက်ဈေးကွက်မှာ ရင်းဂစ်တန်ဖိုးကျ ခဲ့ကြောင်း  ဝယ်ရောင်းသမားတွေ  က ပြောပါတယ်။ မနက် ၉ နာရီမှာရင်းဂစ် တန်ဖိုးကဒေါ်လာနဲ့ ဖလှယ်တဲ့အခါ မေ ၈ ရက်က တစ်ဒေါ်လာ၂ဒသမ၉၇၂၀ ရင်းဂစ်ကနေ မေ ၉ ရက်မှာ ၂ ဒသမ ၉၈၆၀ ရင်းဂစ်နှုန်းထိ ဖြစ်ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် လေးနှစ်တာကာလအတွင်း ယန်း ငွေတန်ဖိုးကတစ်ဒေါ်လာကို ၁၀၁ ယန်း နှုန်းထိကျခဲ့သလို ဂျာမနီရဲ့ပို့ ကုန်မြင့် တက်လာပြီးနောက်ပိုင်းဥရောပရှယ်ယာ တန်ဖိုးတွေလည်း မြင့်တက်ခဲ့ ပါတယ်။ တောင်ကိုရီးယား ဝမ်နဲ့ ထိုင်းဘတ် တန်ဖိုးကလည်းကျဆင်းခဲ့ပါတယ်။ဝမ်ငွေ ကြေးတန်ဖိုးက ၁ ဒသမ ၄ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါတယ်။
ထိုင်းဘတ် မေ ၁၃ ရက်မှာ ဗဟိုဘဏ်ငွေ ကြေးမူဝါဒကော်မတီနဲ့တွေ့ဆုံမယ်လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီး ကစ်တီရတ်နာ ရနောင်းကပြောပြီးနောက် အတိုးနှုန်း တွေလျှော့ချမဲ့လက္ခဏာကိုတွေ့ရတဲ့ အတွက် ဘတ်ငွေတန်ဖိုးက ယခုရက် သတ္တပတ်အတွင်းတန်ဖိုးအများဆုံးကျ ဆင်းခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုးက ဘန် ကောက်မှာ မေ ၁၀ ရက်မနက် ၈ နာရီ ၄၃ မိနစ်က သုည ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်ဒေါ်လာကို၂၉ ဒသမ ၆၃ ဘတ်နှုန်း ရှိခဲ့ပါတယ်။ မေ ၃ ရက် နောက်ပိုင်း အနိမ့်ဆုံးထိ ကျခဲ့တာ ဖြစ် ပါတယ်။