Main menu

Background

စားသုံးသူ ကာကွယ်ရေးဥပဒေအပေါ် စားသုံးသူများ၏ သဘောထားများ

Mon, 05/13/2013 - 12:41 -- ydnar

ရေနစ်သူတစ်ဦး အတွက်ကောက်ရိုးတစ်မျှင်ဟာ အသက်ရှင် သန်မှုအတွက်အားအကိုးရ ဆုံးမျှော်လင့်ချက်ကြီးဖြစ်ပါတယ်။ ထိုနည်း တူစွာပဲ ကျွန်တော်တို့စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ် ကနေ ကယ်တင်ပေးနိုင်မဲ့ မျှော်လင့်ချက်ရောင်ခြည်ဟာ စားသုံးသူ ကာကွယ်ရေးဥပဒေပဲဖြစ်ပါတယ်။ ကျွန်တော် တို့ မြန်မာနိုင်ငံမှာ မရှိသေးတဲ့ဥပဒေထဲမှာ စားသုံးသူကာကွယ်ရေး ဥပဒေလည်းတစ်ခု အပါအဝင်ဖြစ်နေပါတယ်။ ယခုခေတ်ကြီးမှာ စားသောက်ကုန်ပစ္စည်း များနဲ့ လူသုံးကုန်ပစ္စည်းတွေမှာ အတုအပမှစပြီး အန္တရာယ်ရှိကုန် ပစ္စည်းတွေပြည့်နှက်နေခဲ့ပါတယ်။

 
 
ကျွန်တော်တို့စားသုံးသူများက လည်းမဖြစ်လို့သာဝယ်ယူစားသုံးတဲ့သဘောဖြစ်နေပါတယ်။ထုတ် လုပ်ရောင်းချ သူများနဲ့စားသုံးသူတွေအကြားတရားသဖြင့် ပေါင်းကူး ဆက်သွယ်ပေးမယ့် စားသုံးသူ ကာကွယ်ရေး ဥပဒေကိုသိစိတ်ရော မသိစိတ်ပါတမ်းတမ်းတတဖြစ်နေခဲ့ကြပါတယ်။ ဒါ့ကြောင့် စားသုံးသူ များရဲ့စိတ်ချလုံခြုံမှု အတွက် မျှော်လင့်ချက်ရောင်ခြည်ဟာ စားသုံး သူကာကွယ်ရေး ဥပဒေသက်ဝင်နိုင်ရေးပင်ဖြစ်ပါတယ်။ စားသုံးသူ ကိုကာကွယ်ပေးမည့် ဥပဒေတစ်ခုခုရဲ့ အကာအကွယ်ရယူလိုခြင်းပင် ဖြစ်ပါ တယ်။ ယနေ့ဈေးေ တွမှာ မြင်တွေ့နေကျကုန်ပစ္စည်းအချို့ဟာ လူကို တိုက်ရိုက်အသက်အန္တရာယ်ပေးနိုင်တယ်ဆိုတာကို အလွယ် တကူ သိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အပါအဝင်လူအတော် များများ ဟာ လက်ညှိုးထိုးပြီး အများမြင် သာအောင်မပြောပြနိုင်ခဲ့ ဘူး။ အရေးမယူနိုင်ခဲ့ဘူး။ မျက်စိစုံမှိတ်ပြီးပြန်ထွက် လာတာ ချည်းပဲမဟုတ်ပါလား။
မြန်မာနိုင်ငံ၏စားသုံးသူပြည်သူများ မြန်မာနိုင်ငံရဲ့ခန့်မှန်းခြေလူဦးရေဟာ ၂၀၁၃ ခုနှစ် ဧပြီလအထိ သန်းပေါင်း ၆၀ ခန့်ရှိနေပြီဖြစ်ပါတယ်။ အဲဒီထဲမှာအမျိုးသားဦးရေ ဟာ ၂၉ ဒသမ ၀၃ သန်းကျော်နဲ့ အမျိုးသမီးဦးရေဟာ ၂၉ ဒသမ ၃၅ သန်း ကျော်ရှိတယ်လို့ ပညာရှင်များက ခန့်မှန်းတွက်ချက်ထား ကြပါတယ်။ အသက်အရွယ်အလိုက်အုပ်စုနဲ့ ကြည့်မယ်ဆိုလျှင် အသက် (၄) နှစ်အထိ ကလေးငယ်ပေါင်း ၆ ဒသမ ၈ သန်း၊ (လူဦး ရေအားလုံးရဲ့ ၁၂ ရာခိုင်နှုန်း) ရှိတယ်လို့ဆိုပါတယ်။ အသက် (၅ မှ ၉) နှစ်အထိ ၆ ဒသမ ၂ သန်း၊ (၁၁ ရာခိုင်နှုန်း)၊ အသက် (၁၀ မှ ၁၉) နှစ်အထိ ၁၁ သန်း၊ (၁၉ ရာခိုင်နှုန်း)၊ အသက် (၂၀ မှ ၂၉) နှစ်အထိ ၉ ဒသမ ၅ သန်း၊ (၁၆ ရာခိုင်နှုန်း)၊ အသက် (၃၀ မှ ၃၉) နှစ်အထိ ၈ ဒသမ ၂ သန်း၊ (၁၄ ရာခိုင်နှုန်း)၊ အသက် (၄၀ မှ ၄၉) နှစ်အထိ ၆ ဒသမ ၅ သန်း၊ (၁၁ ရာခိုင်နှုန်း)၊ အသက် (၅၀ မှ ၆၀) နှစ်အထိ ၆ ဒသမ ၂ သန်း၊ (၁၁ ရာခိုင်နှုန်း )နဲ့ အသက် (၆၀) နှစ်အထက် ၃ ဒသမ ၄၃ သန်း၊ (၆ ရာခိုင်နှုန်း) အသီးသီးရှိကြောင်း တွက်ချက်ထားကြ ပါတယ်။ မြန်မာနိုင်ငံ ရဲ့ လူဦးရေဟာအမျိုးသား နဲ့အမျိုးသမီးအချိုးညီမျှ နေတာမြင်တွေ့ရပါတယ်။ အသက်အရွယ် အလိုက်လူဦးရေ ရာခိုင်နှုန်း အချိုးဟာ အသက် ၆၀ နှစ်အထိ အချိုး ကွာခြားမှုမများပေမယ့် အသက် ၆၀ အထက်အချိုးဟာ (၆ ရာခိုင် နှုန်း)သာရှိတဲ့အတွက် အင်မတန်နည်းတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာနိုင်ငံမှာ သက်ကြီးဝါကြီးပုဂ္ဂိုလ်တွေ အသက် မရှည်ဘူးဆိုတဲ့ အဖြေဖြစ်ပါတယ်။ ဒါနဲ့ဆက်စပ်ပြီး စဉ်းစား ကြည့်တဲ့အခါမှာ မြန်မာနိုင်ငံမှာအသက်ကြီးလာလျှင်ရောဂါအမျိုးမျိုး ခံစားနေကြရပြီး အဲဒီရောဂါတွေ နဲ့အသက်ဆုံးပါးနေကြ ရတယ် ဆိုတဲ့ နောက်ထပ်အဖြေတစ်ခုရရှိမှာဖြစ်ပါတယ်။ နောက်တစ်ဆင့် တက် ပြီးစဉ်းစားလိုက်တဲ့အခါမှာ အသက် ၆၀ ကျော်အရွယ်ဟာ ပင်စင်ယူပြီးတဲ့အရွယ် အစစအရာရာမှာ စိတ်ရောလူရော တစ်ထစ် လျှော့ချတဲ့ အချိန်မှာတစ်ချိန်က  စားခဲ့တဲ့အစားအသောက် ကနေရ လာတဲ့ ရောဂါက အနိုင်ယူလေ့ ရှိလို့အသက်တို နေရခြင်းဖြစ်ပါတယ် လို့ဆိုချင်ပါတယ်။ ဒါ့ကြောင့်သန်တုန်းမြန်တုန်းက စားခဲ့တဲ့အစား အစာများဟာ စိတ်ဓာတ် လျှော့ချတဲ့အချိန်မှာ ရောဂါအဖြစ်ပိုမိုစေပြီး လူကိုနှိပ်ကွပ် အနိုင်ယူလေ့ ရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ဒီ ရောဂါကနေ ကာကွယ်ရေးအတွက် ဥပဒေတစ်ခုခုနဲ့ကာကွယ်ပေး ဖို့ဆိုတာ မရှိရင်မဖြစ်တော့တဲ့အခြေအနေကို ဆိုက်ရောက်စေပါ တော့တယ်။
စားသုံးသူပြည်သူများရဲ့သဘောထားများ မြန်မာနိုင်ငံရှိစားသုံးသူပြည်သူများထဲမှ အလွှာအသီးသီးကို လေ့လာဆန်းစစ်ထားတဲ့ စားသုံးသူကာကွယ်ရေး ဥပဒေနဲ့ ပတ်သက် တဲ့တွေ့ရှိချက်များကိုခေါင်းစဉ်တစ်ခုချင်းအနေနဲ့ဆက်လက် ဆွေးနွေး တင်ပြ သွားမှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူအားလုံးကိုမေး မြန်းဆန်းစစ်ခြင်းမဟုတ်ပေမဲ့ အနီးစပ်ဆုံးဖြစ်အောင် သုတေသီများ ကဆန်းစစ်ခဲ့ပါတယ်။
မိမိပေးရတဲ့ငွေနဲ့ထိုက်တန်တဲ့ပမာဏအရည်အသွေးကိုရယူလိုခြင်း ကျွန်တော်တို့ဈေးဝယ်တဲ့အခါမှာများသောအားဖြင့် ထုတ်လုပ် ရောင်းချတဲ့သူတွေရဲ့ သတ်မှတ်ပေးလိုက်တဲ့ အလေးချိန်၊ အတိုင်း အတာ၊ ပုံစံ၊ အရည်အသွေးအတိုင်းဝယ်ယူကြရပါတယ်။ ဝယ်သူရဲ့ ချိန်ခွင်၊ အတိုင်း ကိရိယာတွေနဲ့ဝယ်ယူရတာမဟုတ်ဘူး၊ ထုတ်လုပ် ရောင်းချသူကမသမာတဲ့နည်းလမ်းနဲ့လှည့်ဖျားပြီးရောင်းမယ် ဆိုရင် စားသုံးသူဘက် ကခံရတာချည်းပဲဖြစ်ပါတယ်။တစ်ခါတလေဈေး ကဝယ်လာတဲ့ကုန်ပစ္စည်းအိမ်ရောက်လို့ ကိုယ့်ချိန်ခွင်နဲ့ ချိန်ကြည့် လိုက်တဲ့အခါ အတော်လေးလျော့နည်းတာ ကြုံဖူးကြမယ် ထင်ပါ တယ်။ အဲဒီလိုကြုံတွေ့ တဲ့ သူတိုင်း ဘယ်သူမှစိတ်မချမ်းသာတတ် ကြဘူး။ အားလုံးရဲ့တူညီတဲ့အသံက ယုံကြည်စိတ်ချရမဲ့ အလေးချိန်၊ အတိုင်းအတာနဲ့ဝယ်ယူနိုင်ရေးဆိုတဲ့ စားသုံးသူများ ရဲ့အခြေခံအခွင့် အရေး အပြည့်အဝရရှိရေးပင်ဖြစ်ပါတယ်။ ဒီထက်အရေးကြီးတဲ့ အချက်က မိမိဝယ်ယူတဲ့ကုန်ပစ္စည်း အရည်အသွေးအဆင့်မီရေးဟာ စားသုံးသူပြည်သူများရဲ့ အပြင်းပြဆုံးဆန္ဒတစ်ခုပဲ ဖြစ်ပါတယ်။ ဈေးတွေမှာရောင်းတဲ့စားသောက်ကုန်ပစ္စည်းတွေမှာ အရောင်ဆိုး ဆေးတွေ ကြာရှည်ခံထားနိုင်ရေး ဆေးစိမ်ပြီးရောင်းချခဲ့တာ တွေအ တွက် အရေးယူဆောင်ရွက်ပေးစေလိုကြပါတယ်။ ဒါတွေ ဟာ ထိုက် သင့်တဲ့ပမာဏနဲ့ အရည်အသွေးပိုင်းဆိုင်ရာကို ဖော်ညွှန်းတဲ့အ ချက်တွေ ဖြစ်ပါတယ်။
ပေးထားတဲ့အာမခံအတိုင်းရယူလိုခြင်း ရွှေဆိုင်တွေမှာရွှေထည်ပစ္စည်းသွားဝယ်တဲ့အခါမှာ ရွှေရဲ့အရည် အသွေးပေါ်မူတည်ပြီး ၁၅ ပဲရည်၊ ၁၆ ပဲရည်စသဖြင့် အာမခံပြီး ရောင်းပေးကြပါတယ်။ ဝယ်သူအနေနဲ့လည်းသူ့ရဲ့ ငွေကြေးပေါ်မူ တည်ပြီးပြေစာနဲ့ တကွဝယ်ယူတတ်ကြပါတယ်။ ဒီရွှေကိုပဲနောက် ဆိုင်တစ်ဆိုင် မှာမှတ်ကျောက်တင်တဲ့ အခါမှာစောစောက ဝယ်ယူတဲ့ ပဲရည်အဆင့်မရှိတော့တဲ့အဖြစ်မျိုးမကြာခဏကြားဖူးပါတယ်။ ဒီလိုပြဿနာမျိုးကိုပြတ်ပြတ်သား သား ဖြေရှင်းပေးနိုင်မဲ့ စားသုံးသူ ကာကွယ် ရေးဥပဒေကသာ ငြိမ်းချမ်းလျင်မြန်စွာနဲ့ ဖြေရှင်းပေးနိုင် မှာ ဖြစ်ပါ တယ်။ စားသုံးသူတွေရဲ့အမြင်သဘောထားမှာလည်း ဥပဒေ နဲ့သာဖြေရှင်းစေလိုမှာ အမှန်ပဲဖြစ်ပါလိမ့် မယ်။ ယဉ်ကျေးတဲ့လူ့ အသိုက်အဝန်းမှာလည်း အာမခံတာ၊ ကတိပေးတာ၊ သဘောတူညီ တာတွေဖောက်ဖျက်လေ့ မရှိကြဘူး။ ကိုယ်ပြောတဲ့အတိုင်း အဆုံးတိုင် တာဝန်ယူကြပါတယ်။ ကျွန်တော်တို့မြန်မာ့သမိုင်းမှာလည်း ကတိတွေမတည်တာ၊ အာမခံချက်ပေးပြီး ဆောင်ရွက်မပေးခဲ့တာ တွေ ခေတ်အဆက်ဆက်မှာမြင်တွေ့နိုင်ပါတယ်။ ဖက်ဆစ်ဂျပန် တွေ ကဗြိတိသျှတပ်ကို တွန်းလှန်တိုက်ထုတ်နိုင်ဖို့ မြန်မာ့မျိုးချစ်ခေါင်း ဆောင်တွေကို အာမခံ ချက်တွေ၊ ကတိတွေပေးပြီး အသုံးပြုခဲ့ပါ တယ်။ နောက်ဆုံးဗြိတိသျှတပ်တွေလည်းဆုတ်ရော ကတိက ဝတ် တွေကို ပြောင်ပြောင်တင်းတင်း ပဲချိုးဖောက်ခဲ့ကြပါတယ်။နောက် ဆုံးမြန်မာတိုင်းရင်းသားတွေ ပဲအသက် အိုးအိမ်စည်းစိမ် တွေဆုံးရှုံးခဲ့ရ ပါတယ်။ ယခုလည်း မည်သည့်လူမျိုးနဲ့မဆိုအရောင်းအဝယ် လုပ်တဲ့ အခါမှာ မူလသဘောတူ ညီချက်အတိုင်းတိတိကျကျ ရယူလိုတဲ့ဆန္ဒ ဟာ စားသုံးသူပြည်သူများရဲ့ ရင်ထဲအသဲထဲ ကနေထွက် ပေါ်လာခဲ့ရ ပါတယ်။
မိမိတို့အား ဘေးဥပဒ်မပေးတဲ့ အရာများကိုသာ ရယူလိုခြင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၂ နဲ့ ၂၇၃ တို့မှာ " ရောင်းရန် ကြံရွယ်သော စားသောက်ဖွယ်ရာပစ္စည်းတွင် ယုတ်ညံ့သောအရာနှင့် ရောနှောခြင်း၊ အန္တရာယ်ဖြစ်စေသောစားသောက်ဖွယ်ကို ရောင်းချ ပါက'' လို့ပါရှိပြီး ပြစ်မှုအနည်းအများအလိုက် စီရင်နိုင်ပါတယ်။ စားသုံးသူပြည်သူများအနေနဲ့လည်း ဒီဥပဒေကိုသဘော ကျမှာ အမှန် ဖြစ်ပါတယ်။ယခုတလောသတင်းထွက်တဲ့ငါးပိရည်ကျိုပြုလုပ်ဖို့ ဓာတ်မြေသြဇာကိုအသုံးပြုတာေ တွ၊မျှစ်ကိုဓာတုဗေဒဆေးဆိုးထားတာ တွေ၊ ကြာရှည်အထားခံဖို့ လူသေများမပုတ်မသိုးဖို့ သုံးတဲ့ဆေးကို အသုံးပြုခဲ့တာတွေဟာ ဒီဥပဒေနဲ့တရားစွဲရမှာဖြစ်ပါတယ်။ စားသုံး သူများ အနေနဲ့ဘေးဥပဒ်မရှိတဲ့ ကုန်ပစ္စည်း များကိုသာ အသုံးပြု လိုကြပါတယ်။ တချို့ ပြည်သူများအနေနဲ့ အန္တရာယ်ရှိမှန်း သိသိ ကြီးနဲ့ဇွတ်စားခဲ့တဲ့ သတင်းများလည်း ကြားနေရပါတယ်။ ထုတ်လုပ် ရောင်းချသူများ အနေနဲ့ အများပြည်သူ အတွက် ဘေးဥပဒ်ေ ပးနိုင် တဲ့ ကုန်ပစ္စည်းများ ရှောင်ကြဉ်ထုတ်လုပ်သင့်ပါတယ်။ စားသုံးသူများ အနေနဲ့အန္တရာယ်ရှိတဲ့ကုန်ပစ္စည်း များရှောင်ရှားလိုကြတာအမှန်ပဲဖြစ် ပါတယ်။
သတင်းအချက်အလက်များကိုအမှန်အတိုင်းအသိပေးစေချင်တယ် ကမ္ဘာ့နိုင်ငံအတော်များများရဲ့ စားသုံးသူဥပဒေမှာ စားသုံးသူ များဟာ သတင်းအချက်အလက်များ အမှန်အတိုင်းရယူနိုင်ခွင့်ကို ပြဌာန်းပြီး လိုက်နာကျင့်သုံးနေကြပါတယ်။ စားသုံးသူများ ရဲ့ အခွင့် အရေးတစ်ရပ်အနေနဲ့ ပေးအပ်ထားတာမြင်တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်းပြဌာန်းနိုင်ဖို့ရေးဆွဲ တင်ပြထားဆဲ ဖြစ်ပါတယ်။  ပြင်သစ်နိုင်ငံရှိ စားသောက်ကုန်ပစ္စည်းတင်သွင်းတဲ့ ကုမ္ပဏီတစ်ခုကအမဲသား တင်သွင်းရာမှာ အမဲသားမဟုတ်ဘဲ မြင်း သားတွေ ဖြစ်နေတဲ့အတွက် စားသုံးသူတွေကိုသတင်းအမှန်ချပြရှင်း လင်းနေရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်းယနေ့ ဆိုးဆေးတွေ သုံးပါတယ်လို့ သတင်းထွက်တဲ့ စားသောက် ကုန်ပစ္စည်းတွေရဲ့ အသေးစိတ်အကြောင်းအရာတွေသိလိုတဲ့အကြောင်း အသံတွေကြား နေရပါတယ်။ ကျွန်တော့် မိတ်ဆွေ တစ်ယောက်က ခင်ဗျားတို့ဂျာနယ် တွေ၊ သတင်းစာတွေမှာအန္တရာယ်ရှိတဲ့ အစားအသောက်ေ တွ၊ အဲဒီ အထဲမှာဘာတွေကိုထည့်သွင်းအသုံးပြုထားတယ်ဆိုတာတွေကို အမြဲ တမ်းရေးပေးပါလို့တောင်းဆိုဖူးပါ တယ်။နောက်တစ်ယောက်က လည်း ကုန်ပစ္စည်းရောင်းချတဲ့သူတွေဟာသူတို့ရောင်းတဲ့ ကုန်ပစ္စည်း တွေရဲ့ သတင်းအချက်အလက်ကိုဖော်ပြပြီး အာမခံပါပေးနိုင်တဲ့ အစီအစဉ်တွေလုပ်ပေးပါလို့တောင်းဆိုခဲ့ဖူးပါတယ်။ ခြုံပြီး လေ့လာ တဲ့အခါမှာ စားသုံးသူများဟာ ကုန်ပစ္စည်းများရဲ့ သတင်းအချက် အလက်တွေကို သိလိုကြေ ကြာင်း ကောက်ချက်ချနိုင်ပါတယ်။
မိမိတို့အား ထိရောက်စွာကာကွယ်စောင့်ရှောက်မှုပေးစေချင်တယ် ကျွန်တော်ရဲ့  ငယ်သူငယ်ချင်းတစ်ယောက်  အရက်သေစာစွဲပြီး နောက်ဆုံးအသည်းခြောက်ပြီး အသည်းကင် ဆာရောဂါနဲ့ဆုံးပါးတဲ့အချိန် မှာ သူ့အမေကဒီအရည်ကို တစ်နိုင်ငံလုံး မထုတ်လုပ်ဖို့၊ မရောင်းချဖို့ တားဆီးပေးကြပါ လားလို့အော်ငိုရင်းညည်းညူပြောဆိုသံကို ကြားခဲ့ဖူး ပါတယ်။တောအရက်က အလွယ်တကူရတဲ့ ကုန်ကြမ်းတွေ စုစည်းပြီး အန္တရာယ်ရှိတဲ့ရော်ဘာတွေကို တဆေးအဖြစ်သုံးလာကြပါတယ်။ဒါ့ကြောင့် လည်းတောအရက်နဲ့ အသက်ဆုံးပါးသွားကြပါတယ်။ အခြား စားသောက်ကုန် ပစ္စည်းတွေမှာလည်း အန္တရာယ်ရှိပစ္စည်းနဲ့ရောနှော ပြီး ရောင်းချတတ်ကြပါတယ်။အခြားလူသုံးကုန်ပစ္စည်းတွေမှာလည်း လူကိုဘေးဥပဒ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ရော ပါလာတာကိုကြား နေရပါတယ်။ နိုင်ငံခြားကလာတဲ့ ကုန်ပစ္စည်းအချို့လည်းလူကို သေ စေနိုင်တဲ့ အထိအန္တရာယ်တွေ ပါရှိလာတတ်တာကို ကျွန်တော်တို့ရဲ့ စားသုံးသူများ အတော်အတန် သိရှိထားကြပါတယ်။ ဥပမာ တစ်ဖက် နိုင်ငံကလာတဲ့ပြောင်းဆီဆိုလျှင်အရောင်လှတယ်။ ဈေးနှုန်းချိုသာမှုရှိ တယ်၊ကြာရှည်အကြော် အလှော်ခံတယ်။ ဒါပေမဲ့ လူကိုအသည်း ရောဂါနဲ့ ကင်ဆာရောဂါတွေ ရရှိစေပါတယ်။ ယခုအခါ တောရောမြို့ ပါဒီဆီကိုအတော်များများက မစားရဲကြတော့ဘူး။ အဲဒါကြောင့်ကျွန် တော်တို့ စားသုံးသူပြည်သူများဟာ အန္တရာယ်ပေးနိုင်တဲ့ ကုန်ပစ္စည်း များ ထုတ်လုပ်တာ၊ ပြည်ပကနေ ကုန်ကူးတာတွေကို ပပျောက်စေလို ကြပါတယ်။ ထိရောက်စွာအကာအကွယ်ပေးစေလိုကြပါတယ်။ ဒီ အချက်ဟာလည်း စားသုံးသူများရဲ့ သဘောထား ပင်ဖြစ်ပါတယ်။
လိုအပ်တဲ့ သတင်းအချက်အလက်များကို လုံလောက်စွာရရှိနိုင်မဲ့ အခွင့်အလမ်းများရရှိစေရေး ကျွန်တော်တို့နိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အတော်ကလေး ရရှိနေချိန် စားသုံးသူများအကျိုး အတွက် ရေးသားတင်ပြတာ အလွန် နည်းလှပါတယ်။ တစ်ခါတလေ မြဝတီရုပ်မြင်သံကြားအစီအစဉ်မှာ စားသုံးဆီများ အကြောင်း ပညာပေးကဏ္ဍတွေ ထုတ်လွှင့်တတ်ပေမယ့် အများပြည်သူ ကြည့်ဖို့ အခြေအနေ မပေးတဲ့ အချိန် ဖြစ်နေပါတယ်။ ကြည့်မဲ့ပရိသတ် အလွန်နည်းပါလိမ့်မယ်။ ဒီလို တန်ဖိုးရှိတဲ့ ပညာပေးအစီအစဉ်တွေကို အများကြည့်ရှု့နိုင်မဲ့ အချိန်ကိုရွေးပြီး ထုတ်လွှင့်သင့်တာပေါ့ဗျာ။ တစ်ခုခုတော့လွဲချော်နေတာကို မြင်တွေ့ ရပါတယ်။အဲဒီလိုပဲနေ့စဉ် ထုတ်သတင်းစာတွေ မှာလည်း ဖော်ပြတာအလွန်နည်းပါသေးတယ်။ ဂျာနယ်တွေမှာလည်း မကြာမကြာရေးသား ဖော်ပြ သင့်ပါ တယ်။ နေ့စဉ်ထုတ် သတင်းစာကြီး တစ်စောင်မှာ အချစ်ဝတ္တုကို နေ့စဉ်ရက်ဆက် စာမျက်နှာ အများကြီး အကုန် ကျခံမဲ့အစား စားသုံးသူများအတွက် ပညာဗဟုသုတ ရရှိစေ နိုင်တဲ့ အကြောင်းအရာများ အသားပေး ပြီး ဖော်ပြသင့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ စားသုံးသူ ကာကွယ်ရေးဥပေ ဒပေါ်ထွက်မလာသေး တဲ့အတွက် သတင်း အချက်အလက်များ ရယူနိုင်ရေး အခွင့်အလမ်းမှာ နစ်နာခဲ့ရပါတယ်။ စားသုံး သူများရဲ့သဘောထားကတော့ သတင်းအချက်အလက်များအချိန်မီ လက်ဝယ်ကို ရောက်ရှိနိုင်ရေးပဲဖြစ်ပါတယ်။
နည်းဥပဒေများကို လွယ်ကူရှင်းလင်းစွာ သိရှိနားလည်နိုင်ဖို့ သာမန်အားဖြင့် ဥပဒေဝေါဟာရများ ဖတ်ရတာ အဆင်မပြေလှဘူး။ဝါကျ အရှည်ကြီးတွေ၊စကားဆက်တွေ ထပ်ကာထပ်ကာ အသုံးပြုခဲ့တာတွေကြောင့် ဖတ်ရခက်ပါတယ်။ မှတ်ရလည်းခက်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ စားသုံး သူပြည်သူများဟာအထက်တန်းရှေ့နေ စာမေးပွဲ ဖြေဆိုတာမဟုတ်တဲ့အတွက် ဥပဒေရဲ့ ကျောရိုးက ဘာလဲ၊ ပုဒ်မဘယ်လောက်လဲ၊ ပြစ်ဒဏ်ကဘယ်လောက်လဲ ဆိုတာလောက်ကို မှတ်သားထားကြမယ်ဆိုရင် အလုပ်ဖြစ်နိုင်ပါတယ်။ ကျွန်တော် တို့ ဥပဒေဆရာတွေပို့ချခဲ့ဘူးသလိုပဲ "လက်ရောက်မှု ဆိုတာ လက် မရောက် သေးတဲ့အမှုတွေကိုခေါ်တာ'' လို့မှတ်ရတာ လွယ်ကူတတ်ပါတယ်။ အခုလည်း စားသုံးသူတွေအတွက် အန္တရာယ်ရှိနိုင်တဲ့ ကုန်ပစ္စည်းအားလုံးကို ဥပဒေနဲ့ လွတ် ကင်းလို့မရနိုင်ဖူးဆိုတဲ့ စကားက မှတ်ရ လွယ်ကူပါလိမ့်မယ်။နောက်မှဥပဒေ ပုဒ်မနဲ့ပြစ်ဒဏ်ကို ရှာတတ်ရင် ရှင်းလင်းလွယ်ကူသွားမှာဖြစ်ပါတယ်။
မိမိမှာကြုံတွေ့လာရတဲ့နစ်နာမှုကို တိုင်ကြားနိုင်ဖို့ ခက်ခဲမှုမရှိ စေချင်ကြပါ ဈေးတွေမှာ မြင်တွေ့ရတတ်တဲ့ ရောင်းသူနဲ့ဝယ်သူ စကား များကြတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဘယ်သူပဲ နစ်နာနစ်နာ ခုံရုံးနဲ့ ဥပဒေသာ အလွယ်တကူအသုံးပြုနိုင် မယ်ဆိုရင် တုတ်ဆွဲ၊ ဓားဆွဲပြဿနာတွေ လျော့နည်း သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာက အားနာတတ်တာ၊ မရှုပ်ချင်တာ၊ ဘယ်ကိုတိုင်ရမှန်း မသိတာနဲ့ဘဲ ကိုယ့်ရဲ့နစ်နာမှုများရှိတဲ့တိုင် မကျေမနပ်မျိုသိပ်ပြီးကြိတ်ခံစား ကြပါ တယ်။ ယခုတိုင်အောင်လည်း အလေ့အကျင့် က တချို့နေရာ ဌာနတွေမှာရှိနေ ဆဲပဲ ဖြစ်ပါတယ်။ တချို့သောနေရာ/လုပ်ငန်းတွေမှာလဲ နစ်နာချက်ကို သတင်း ပေးပို့တဲ့သူဟာ  စောင့်ကြည့်ခံရတာတွေ  လုပ်ခံရတတ်ပါတယ်။ ဒါဟာနိုင်ငံတော် တိုးတက်ရေးကိုပါ ထိခိုက်စေပါတယ်။ ဒါ့အပြင် စားသုံးသူရေးရာကဲ့သို့သော ကိစ္စ ရပ်များမှာလည်း နည်းလမ်းတကျ တိုင်ကြားနိုင်ဖို့ကို အကြောက်တရားနဲ့ ဖိထား သလို ဖြစ်နေပါတယ်။ဒါ့ကြောင့် ပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးမှာ ကိုယ်လည်း မှန်မှန်ကန်ကန်နေ၊ ကိုယ့်နစ်နာချက်ကိုလည်း နည်းလမ်းတကျ တိုင်တန်းနိုင်ဖို့ အလေ့အကျင့်ကောင်းများရှိဖို့  စားသုံးသူများဖက်မှလည်း လိုက်နာတတ်ဖို့ လွန် စွာမှအရေးကြီးလှပါတယ်။ အားတိုင်း တိုင်ကြားစာရေးပြီးနေမယ် ဆိုပြန်ရင်လည်း တာဝန်ရှိသူရဲ့ အလုပ်ဟာရှေ့ကို မရွေ့ဘဲ ဖြေရှင်းနေရတာနဲ့ နောက်မှာ တန့်နေ မှာဖြစ်ပါတယ်။ လူတိုင်း တောင့်တလိုချင်တာက ဘာပြဿနာမှမတက်ပဲ အေး ချမ်းစွာနဲ့ နေထိုင်လိုကြပါတယ်။ ဒါပေမဲ့ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို ပဲ လူတိုင်းတော့ မဖြူစင်နိုင်ဘူးပေါ့။ ပြဿနာဆိုတာတော့ အနည်းနဲ့ အများရှိ တော့ရှိကြမှာပဲ။  ပြဿနာအကြီးကနေအသေး၊  အသေးကနေ ပျောက်ကင်းသွားဖို့ လိုအပ်မှာဖြစ် ပါတယ်။  ဒီပြဿနာတွေကို တစ်ဆင့်ပြီးတစ်ဆင့် ထုခွဲချေဖျက် ပေးမယ့် စားသုံးသူ ခုံသမာဓိရှိ ဖို့ တော့လိုအပ်နေ ပါတယ်။ဒီခုံသမာဓိထံ အလွယ် တကူသွားရောက်ဖြေ ရှင်းနိုင်ဖို့ စားသုံးသူများ ရဲ့လိုလားချက်တစ်ခုဖြစ်တယ် ဆိုတာ ထင်ရှားလှပါတယ်။
စားသုံးသူကာကွယ်ရေးဥပဒေသာ လူ့ဘောင်လောကမှာ ဝိရောဓိသဘောရှိတဲ့ ဖြစ်ပျက်မှုတွေဒွန်တွဲနေ လေ့ရှိပါတယ်။ ဥပမာအပူရှိရင် အအေးရှိတာမျိုးလို၊ ကောင်းတာပြီးရင် သိပ်ဆိုး တာ ရောက်လာတတ်တာတွေဟာ လောကနိယာမ တစ်ခုပ င်ဖြစ်နေပါတယ်။ ဘယ်အရာမှပုံသေကောင်းတယ်၊ ဆိုးတယ်လို့ အပြတ်ပြောလို့မရဘူး။ အရာရာကို နည်းလမ်း တကျနဲ့မျှမျှတတ ခံယူတတ်မှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိ ပြီးအရာရာအောင်မြင်မှု ရရှိနိုင်မှာ ဖြစ်ပါ တယ်။ စားသုံးသူပြည်သူများရဲ့ အရေးမှာလည်း မြင့်မြတ်တဲ့အမြင်နဲ့ မျှတတဲ့ အမြင် မျိုးရှိဖို့ လိုအပ်ပါတယ်။ ဘာကြောင့်ပြဿနာတွေ ဖြစ်ကြရတယ်၊ ဘယ်လို ဖြေရှင်း ကြရင်ကောင်းမယ်၊ ဘယ်သူတွေက ဘယ်အရာတွေ လိုအပ်နေတယ်ဆိုတာ တွေ သိရှိပြီး ကြည်လင်မှုရှိတဲ့ သဘောထားတွေကို ခံယူတတ်ဖို့လိုအပ်လိမ့်မယ်လို့ ထင်မြင်ပါတယ်။ စားသုံးသူများဖက်မှ လိုက်နာသင့်တဲ့ နည်းနာများကိုလည်း သိရှိ လိုက်နာဖို့ လိုအပ်နေ မှာ ဖြစ်ပါတယ်။ နောက်မှ စားသုံးသူအခွင့် အရေးဆိုတာကို တောင်းဆိုဖို့လိုမှာဖြစ်ပါတယ်။ စားသုံးသူများအနေနဲ့ ထုတ်လုပ် ရောင်းချသူနဲ့ မျှမျှတတ၊ မှန်မှန် ကန် ကန် ဆက်ဆံတတ်ဖို့၊ ကုန်ပစ္စည်းတွေရဲ့ သတင်းအချက် အလက် သိရှိနိုင်ဖို့၊ မတော်တဆအငြင်းပွားစရာ ဖြစ်လာ ပါက ဖြေရှင်းရင် လွယ်ကူရှင်းလင်းစွာ နဲ့ ဖြေရှင်းသွားနိုင်ဖို့ဆိုတာ လိုလားတဲ့ သဘောထား ရှိကြပါတယ်။ ဒါ့ကြောင့် စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေတစ်ရပ် အမြန် ဆုံး ပေါ်ပေါက်လာရေးဟာ အလွန် အရေးကြီးတယ်ဆိုတာ ဒီနေရာမှာ ပိုမို ထင်ရှားလာပါတယ်။ ဒီဥပဒေ ပေါ် ပေါက်လာတဲ့အခါ နစ်နာမှုတွေကို နည်းလမ်းတကျ ဖြေရှင်းနိုင်ပြီး စားသုံး သူများရဲ့ အခွင့်အရေးတွေကိုလည်း အပြည့်အ၀ အကာ အကွယ် ပေးနိုင် တော့မယ်ဆိုတာ စားသုံးသူများရဲ့ သဘောထား အမှန်ဖြစ်လိမ့်မယ်လို့ သုံး သပ် တင်ပြလိုက် ပါတယ်။