Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Mon, 05/20/2013 - 12:18 -- ydnar

အမေရိကန်စီးပွားရေးပြန်လည် နာလန်ထူလာတဲ့အတွက် ရင်းနှီးမြှုပ်နံှ သူတွေက ဒေါ်လာကို ရင်းနှီးမြှုပ်နှံမှု အတွက် လုံခြုံစိတ်ချစွာခိုလှုံရာ (Safe haven)  အဖြစ် ဆက်လက်ယူဆလျက် ရှိကြပါတယ်။ ဒါကြောင့် ယူရို၊ ယန်းနဲ့ အာရှဒေသရှိ အဓိကငွေကြေးများက ယခု ရက်သတ္တပတ်အတွင်းမှာ ရက် သတ္တများစွာ ရှိခဲ့တဲ့နှုန်းများ အနက် အနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။

 
ငွေကြေးမူဝါဒ အပြောင်းအလဲ များကြောင့် ဖြစ်ပေါ်လာတဲ့ စွန့်စားမှု အန္တရာယ်တွေက သူတို့ရဲ့ဆုံးဖြတ် ချက် တွေကို ေ၀ဝါးစေတဲ့အတွက် စီးပွားရေး လျင်မြန်စွာ ကြီးထွားနေတဲ့ အရှေ့ တောင် အာရှနိုင်ငံတွေက ဘွန်းစာချုပ် တွေနဲ့ရှယ်ယာတွေကို ဝယ်ယူဖို့ရွေး ချယ်ရာမှာ ရင်းနှီးမြှုပ်နှံသူတွေ အတွက် ရွေး ချယ်ရ ပိုမိုခက်လာပါတယ်။ ငွေကြေးမန်နေဂျာများနဲ့ လက်လီ ရင်းနှီးမြှုပ်နှံသူတို့ထံက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့မလေးရှားဈေးကွက် ထဲကို ငွေကြေးစီးဝင်မှုက အားနည်းနေ ပါတယ်။ နိုင်ငံအလိုက် ကွဲပြားမှုလည်း ရှိနေပါတယ်။ ယခင် ရက်သတ္တပတ် အတွင်းက ဂျပန်မှအပ အာရှဒေသကို ငွေကြေးအဝင်က ဒေါ်လာ ၃၈၆ သန်း ရှိပါတယ်။ ဒါပေမဲ့ တရုတ်ပြည်မမှ အထွက်က ဒေါ်လာ ၃၀၂ သန်းရှိပါ တယ်။ ANZ  ဘဏ်မှစာရင်းအရ မေ ၈ ရက်မှ ကုန်ဆုံးတဲ့ ရက်သတ္တပတ်မှာ မလေးရှားကို ဒေါ်လာ ၁၄၄ သန်း၊ အင်ဒိုနီးရှားကို ဒေါ်လာ ၁၆ သန်းနဲ့ ထိုင်းနိုင်ငံကို ဒေါ် လာ ၁၃၂ သန်းနဲ့ ဖိလစ်ပိုင်ကို ဒေါ် လာ ၁၀၂ သန်း ငွေ ကြေး စီးဝင်မှုရှိခဲ့ပါတယ်။
တရုတ်ယွမ် ကမ္ဘာ့ဈေးကွက်တွေမှာ ဒေါ်လာ တန်ဖိုးကနေ့ချင်းမြင့်တက်လာတဲ့အတွက် တရုတ်ယွမ်ငွေတန်ဖိုးက မေ ၁၆ ရက် က ဒုတိယနေ့အဖြစ်အနည်းငယ်ကျ ဆင်းခဲ့ပါတယ်။ဒါပေမဲ့ဗဟိုဘဏ် ထုတ် ပြန်ချက်အရ မတည်ရင်းနှီးငွေ စီးဝင်မှု ကအများအပြားရှိနိုင်တဲ့အတွက် ဈေး နှုန်းကို ထိန်းထားနိုင်မဲ့ အခြေအနေရှိပါ တယ်။ လက်ငင်းဈေးကွက်မှာ ယွမ်ငွေ တန်ဖိုးက မေ ၁၅ ရက်မှာ တစ်ဒေါ် လာ ၆ ဒသမ ၁၄၅၉ ယွမ်ရှိရာမှ မေ ၁၆ ရက်မှာ တစ်ဒေါ်လာကို ၆ ဒသမ ၁၄၉၂ ယွမ်နှုန်းထိ ယွမ်တန်ဖိုးကျခဲ့ပါ တယ်။
အိန္ဒိယရူပီး ဒေါ်လာနဲ့ ဖလှယ်ရာမှာ ယူရိုတန် ဖိုးကျဆင်းလာတာနဲ့ ပြည်တွင်းရှယ် ယာဈေးကွက်အတက်အကျ မငြိမ်တာ တွေကြောင့် အိန္ဒိယရူပီး တန်ဖိုးက မေ ၁၅ ရက်ဈေးအပိတ်မှာ တစ်ဒေါ်လာ ၅၄ ဒသမ ၇၈ ရူပီးနှုန်း ကနေ ၁၆ ရက် မှာ ၅၄ ဒသမ ၈၅ ရူပီးနှုန်းထိ တန်ဖိုး ကျဆင်းခဲ့ပါတယ်။ ဒေါ်လာ တန်ဖိုးက ယန်းငွေနဲ့ဖလှယ်ရာမှာလည်း ၄ နှစ် ခွဲ ကာလအတွင်း အမြင့်ဆုံးနှုန်း ရှိခဲ့ပါ တယ်။ အလားတူ ယူရိုတန်ဖိုးကလည်း ရက်သတ္တပတ် ခြောက်ပတ် အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။
ဂျပန်ယန်း ယူရိုဇုန်မှာ ငွေကြေးမူဝါဒ ပိုမို လျှော့ချမဲ့အလားအလာတွေနဲ့ အမေရိ ကန်ပြည်ထောင်စုမှာ အက်ဆက်ဝယ် တာတွေကို ကိုယ်ရှိန်သတ်လာတဲ့အ တွက် မေ ၁၆ ရက်က ယန်းငွေနဲ့ဖလှယ် ရာမှာဒေါ်လာတန်ဖိုးက ၄ နှစ်ခွဲအတွင်း အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။ မေ ၁၆ ရက်က ယန်းငွေနဲ့ဖလှယ် ရာမှာ ဒေါ်လာတန်ဖိုးက သုည ဒသမ ၁၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာ ကို ၁၀၂ ဒသမ ၄၁ ယန်းထိရှိခဲ့ပါတယ်။ မေ ၁၅ ရက်က ၁၀၂ ဒသမ ၇၇ ယန်း ထိပင်ရောက်ခဲ့ပြီး ၂၀၀၈ ခုနှစ်နောက် ပိုင်းဒေါ်လာတန်ဖိုး အမြင့်ဆုံးဖြစ်ခဲ့ပါ တယ်။ ယူရိုတန်ဖိုးက သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်ယူရိုကို ၁ ဒသမ ၂၈၄၆ နှုန်းရှိခဲ့ပါတယ်။
မလေးရှားရင်းဂစ် ရင်းနှီးမြှုပ်နှံသူတွေက လုံခြုံစိတ် ရတဲ့ငွေကြေးတွေဘက်ကို လှည့်နေတဲ့ အတွက် ဒေါ်လာနဲ့ဖလှယ်ရာမှာ ရင်း ဂစ်တန်ဖိုးကျရတယ်လို့ ဝယ်ရောင်း သမားတွေက ပြောပါတယ်။ မေ ၁၅ ရက်ဈေးအပိတ်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၀၀၀၅ ရင်းဂစ်နှုန်းကနေ မေ ၁၆ ရက်ဈေးအပိတ်မှာ ၃ ဒသမ ၀၁၃၀ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ ရင်းဂစ်ငွေကြေးက တခြားငွေ ကြေးတွေနဲ့ဖလှယ်ရာမှာလည်းတန်ဖိုး ကျဆင်းခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် ယန်းငွေတန်ဖိုးက လေးနှစ်အ တွင်းအနိမ့်ဆုံးသို့ကျဆင်းခဲ့ပြီးနောက် တောင်ကိုရီးယား အာဏာပိုင်တွေ က တောင်ကိုရီးယားပို့ကုန်လုပ်ငန်းရှင် တွေကို အကာကွယ်ပေးနိုင်အောင် ဝမ် တန်ဖိုးလျှော့ချတော့ မှာ ဖြစ်တဲ့အတွက် တောင်ကိုရီးယားဝမ်တန်ဖိုးက တစ်လ အတွင်းအနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါ တယ်။ ဆိုးလ်မြို့မှာ ဝမ်ငွေတန်ဖိုးကမေ ၁၅ ရက်မှာ သုည ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၁၁၁၆ ဒသမ ၆ ဝမ်နှုန်းရှိခဲ့ကြောင်း ဘလွမ်း ဘတ်စာရင်းများအရ သိရပါတယ်။
ထိုင်းဘတ် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ထိုင်း နဲ့ အာရှနိုင်ငံတွေ သူတို့ငွေကြေးတွေ တန်ဖိုးချပြီး ပို့ကုန်လုပ်ငန်းတွေမြှင့်တင် ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးအောင်လုပ်ခဲ့ ပါတယ်။ ယနေ့အချိန်မှာ ထိုင်းငွေတန် ဖိုးက အဆက်မပြတ်မြင့်တက်နေပါ တယ်။ ထိုင်းဘတ်တန်ဖိုးက ယခုနှစ် အတွင်းဒေါ်လာနဲ့ ဖလှယ်ရာမှာ ၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ စီးပွားရေးပညာရှင်တွေက ထပ်ပြီးတက် ဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ထိုင်း ဘတ်ငွေတန်ဖိုး မေ ၁၆ ရက်မှာ တစ် ဒေါ်လာကို ၂၉ ဒသမ ၇၀ ဘတ်နှုန်း ထိရှိခဲ့ပါတယ်။