Main menu

Background

ကလေးမြို့နယ်ဒေသထွက် ချင်းရိုးရာလုံချည်များနဲ့ ကုန်သွယ်မှုမြှင့်တင်

Mon, 05/20/2013 - 12:53 -- ydnar

ကလေးမြို့နယ်ဟာ လူဦးရေ ၃ သိန်း ကျော်ရှိပြီး၊ မြန်မာတိုင်းရင်းသား ၅၀ ရာခိုင်နှုန်း၊ ချင်းတိုင်းရင်းသား ၅၀ ရာခိုင်နှုန်းခန့် နေထိုင်တဲ့ မြို့တစ်မြို့ ဖြစ် ပါတယ်။ ချင်းရိုးရာလုံချည်ရက်လုပ် ခြင်းကို ရပ်ကွက် ၃ ရပ်ကွက်ကျေးရွာ ၃ ရွာမှ ရက်ကန်းလုပ်ငန်းရှင် ၂၄၆ ဦးကရက်ကန်းစင် ၁၅၀၀ ကျော်နဲ့လုံ ချည်များရက်လုပ်ပြီး၊ ရန်ကုန် - မန္တလေး ချင်းပြည်နယ်နဲ့ကလေးမြို့ ဒေသတွင်းဈေးကွက်များကို ရောင်းချ လျက် ရှိပါတယ်။ ချင်းရိုးရာအဆင် ဒီဇိုင်းမှာ ချင်းလူမျိုးတို့ရဲ့ ဒေသအလိုက် မြို့နယ်အလိုက် အမျိုးအစားပေါင်း ၅၀ ကျော်ရှိပြီး၊ လုံချည်ဈေးနှုန်းများ သုံးစွဲတဲ့ ချည်အမျိုးအစား၊ ချည်ပိုးထည်များရဲ့ တန်ဖိုးအလိုက် ၈၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်ကျော်အထိဈေးအသီးသီးရှိပါတယ်။ ၂၀၁၂-၁၃ဘဏ္ဍာနှစ်က တိုင်း ဒေသကြီးရန်ပုံငွေမှ လုပ်ငန်းရှင်၆ ဦး အား တစ်ဦးကို ၅ သိန်းနှုန်းနဲ့ သိန်း ၃၀ ချေးပေးခဲ့ပြီး၊ ကျေးလက်အသေး စားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေဖို့ ကူညီဆောင်ရွက် ခဲ့ရာ ချေးငွေ ကြောင့်တစ်ဦးကို ရက်ကန်း ၃ စင်အ တွက်ချည်ခင်၊ချည်ထည်အတွက် ရင်းနှီး မြှုပ်နှံနိုင်ပြီး၊ တစ်စင် လုပ်သားတစ်ဦး၊  အလုပ်အကိုင်အခွင့်အလမ်းများရရှိခဲ့တာ ကြောင့်ဒေသခံတို့အတွက်အလုပ်အ ကိုင်အခွင့် အလမ်း ရှာဖွေပေးနိုင်ခဲ့ပါ တယ်။ အလုပ်သမားများ အလုပ်အကိုင် ရရှိသလိုချေးငွေရရှိတဲ့ ရက်ကန်းလုပ် ငန်းရှင်များလည်း တစ်စင်တစ်နှစ် လုံ ချည်၂၀၀ ခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ တာကြောင့်၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မှာ စစ်ကိုင်း တိုင်းဒေသကြီး၊ ရန်ပုံငွေမှ ယခင်နှစ် ချေးငွေရဲ့ ၁၀ ဆ ကျပ်သိန်း ၃၀၀ ချေးပေးတော့မယ်လို့သိရပါတယ်။အောင်မင်း - ကလေး