Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Tue, 05/28/2013 - 13:46 -- ydnar

အာဆီယံ၏ ငွေကြေး တန်ဖိုးသည် ဇန်နဝါရီလကတည်းမှစ၍ ကျဆင်းခဲ့ပြီး ယခုအပတ်တွင် အာရှဒေသ အတွင်းရှိ ဗဟိုဘဏ်များမှ ၎င်း တို့၏ ငွေကြေးလဲ လှယ်မှုနှုန်းထားများကို လျှော့ချပြီးကမ္ဘာ့ ငွေကြေးဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် အတွက်လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။ အမေရိကန်နိုင်ငံ၏ လက်လီ ရောင်းချမှုများမှာလည်း စီးပွားရေး ပညာရှင်များခန့်မှန်းထားသည်ထက်ကျော် လွန်ကာကောင်းမွန်ခဲ့သည့်အတွက် အာရှ နိုင်ငံများ ၏ငွေကြေးတန်ဖိုးများမှာလည်း အမေရိကန်ဒေါ်လာနှင့်လဲလှယ်ရာတွင် ကျဆင်းမှုများ ရှိခဲ့သည်။ ကမ္ဘာ့ နိုင်ငံများ ရှိ ဥပဒေ ပြဌာန်းသူများမှာလည်း ဂျပန် ယန်းငွေ တန်ဖိုးလျှော့ချမှုကို အထူးပင် အာရုံစိုက်နေပြီး ဈေးကွက်တွင် ဂျပန် အား ပိုမိုယှဉ်ပြိုင်လာရန်အတွက် ငွေ ကြေး တန်ဖိုးလျှော့ချမှုနှင့်ပတ်သက်၍ ကြားဝင်စွက်ဖက်သည့်ကိစ္စရပ် များလည်း ရှိ သည်။ အမေရိကန်နိုင်ငံ၏စီးပွားရေးပြန်လည် ကောင်းမွန်လာမှု ကလည်း အမေရိကန်ဒေါ်လာ၏ တန်ဖိုးကိုပြန် လည်မြင့်တက်လာစေသည်။

 
တရုတ်ယွမ် တရုတ်နိုင်ငံအနေဖြင့် လွန်ခဲ့သော မေလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ပျမ်းမျှ အမေရိကန် တစ်ဒေါ်လာလျှင် ၆ ဒသမ ၁၄၉၂ ယွမ် ရှိခဲ့ရာ ယခု လဲလှယ်နှုန်း ၆ ဒသမ ၁၄၁၉ ယွမ် ဖြင့် နှိုင်းယှဉ်ပါကအနည်းငယ်သာ တိုးတက် နှုန်းရှိခဲ့သည်။ တရုတ်နိုင်ငံ၏ မတည် ငွေစီးဝင်မှုများ အင်အား ကောင်းမွန် သောကြောင့် ယွမ်တန်ဖိုးကျဆင်းခြင်း အခြေအနေကို ဆက်လက် ထိန်းထား နိုင်မည်ဟု မျှော်လင့်ပါကြောင်း ဗဟို ဘဏ်မှ ထုတ်ပြန်ချက်များအရ သိရှိရ ပါသည်။
အိန္ဒိယရူပီး အိန္ဒိယရူပီး ငွေကြေးလှဲလှယ်မှုနှုန်း မှာလည်း ပြည်တွင်းရှယ်ယာဈေးကွက် တွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီး ပွားရေး တည်ငြိမ်မှု မရှိခြင်းကြောင့် ယခင်အပတ်ဖြင့် နှိုင်းယှဉ်လျှင် သုည ဒသမ၂ ရာခိုင်နှုန်းခန့် ထပ်မံကျဆင်း ခဲ့ပြီး လွန်ခဲ့သော မေလ ၁၆ ရက် နေ့ လဲလှယ်မှုနှုန်းမှာ အမေရိကန်၁ ဒေါ် လာလျှင် ၅၉ ဒသမ ၈၅ ရူပီးရှိခဲ့ရာ ယခုအချိန်တွင် ၅၉ ဒသမ ၈၈၅ ရူပီးသို့ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
ဂျပန်ယန်း ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Shinzo Abe ၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင် ရန် ငွေကြေး လျှော့ချမှု ပေါ်လစီ လမ်းစဉ်များ ချမှတ်ခဲ့သော ကြောင့် ဂျပန်ငွေကြေးတန်ဖိုးမှာ ကျ ဆင်းခဲ့ပြီး ယခုအခါ အမေရိကန် တစ် ဒေါ်လာလျှင် ဂျပန်ယန်းငွေ ၁၀၃ ဒသမ ၃၁ ရှိနေပြီး ၂၀၀၈ ခုနှစ်အောက်တိုဘာ လထဲမှစ၍ အနိမ့်ဆုံးနှုန်းထား တစ်ရပ် ဖြစ်ကြောင်းသိရသည်။ယခုနှစ်တွင်ဂျပန် ယန်းငွေမှာ ဆက်လက်တန်ဖိုး ကျမှုများ ဖြစ်နိုင်ကြောင်း ထိုင်ဝမ်ဘဏ်မှ ငွေကြေး ဆိုင်ရာ ကုန်သွယ်သူတစ်ဦး ဖြစ်သည့် Tarsicio Tongu ပြောကြားခဲ့သည်။
ထိုင်းဘတ် ယခုနှစ်အတွင်းအမေရိကန်နိုင်ငံ ၏ လက်လီရောင်းချမှုနှုန်း ကောင်းမွန် လာခြင်းကြောင့် အာရှနိုင်ငံများ အနေ ဖြင့်အမေရိကန်ဒေါ်လာနှင့် ၎င်းတို့ငွေ ကြေး တန်ဖိုးကွာဟမှုနှုန်း မြင့်မားလာခဲ့ သော်လည်း ထိုင်းနိုင်ငံသည် လွန်ခဲ့ သော မေလ ၁၆ ရက်နေ့ ငွေကြေး လဲ လှယ်မှုနှုန်းအရ ၆ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။ စီးပွားရေးကျွမ်းကျင်သူများက ထိုင်းငွေ ကြေးအနေဖြင့် ထပ်မံ မြင့်တက်လာ ဖွယ်ရှိကြောင်း သုံးသပ်ခဲ့သော်လည်း လက်ရှိစစ်ဆေးတွေ့ရှိမှုများအရ ယနေ့ ထိုင်းငွေကြေးလှဲလှယ်နှုန်းသည် အမေရိ ကန် တစ်ဒေါ်လာလျှင် ၂၉ ဒသမ ၈၆ ဘတ်သို့ ကျဆင်းသွားပြီး ယခင်အပတ် နှင့် နှိုင်းယှဉ်လျှင် သုည ဒသမ ၃ ရာခိုင် နှုန်းခန့် ပြန်လည် ကျဆင်းသွားကြောင်း သိရှိရပါသည်။
မလေးရှားရင်းဂစ် မလေးရှား ရင်းဂစ် တန်ဖိုးမှာ တဖြည်းဖြည်းပြန်လည်မြင့်တက်လာခဲ့ပြီး မေလ ၁၆ ရက်နေ့ဈေးကွက်အပိတ်တွင် ၃ ဒသမ ၀၁၃၀ ရင်းဂစ်နှုန်း ရှိခဲ့သော် လည်းယခုလဲလှယ်မှုနှုန်းအရအမေရိကန် တစ်ဒေါ်လာလျှင် ၃ ဒသမ ၀၃၄၅ သို့ ထပ်မံကျဆင်းခဲ့ကြောင်း  သိရှိရသည်။ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၏ ငွေကြေး ရူပီး တန်ဖိုးမှာလည်း သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စစ်တမ်း များ အရသိ ရှိရပါသည်။
တောင်ကိုရီးယားဝမ် အမေရိကန်နိုင်ငံသည် လက်လီ ရောင်းချမှုများမှာ လွန်စွာမြင့်တက်လာ ခဲ့သည့်အပြင် စားသုံးသူများ ၏ဈေးကွက် ယုံကြည်မှု  ညွှန်းကိန်းများမှာလည်း ပညာရှင်များ  မျှော်မှန်းထားသည်ထက် သာလွန်ကောင်းမွန်ခဲ့ သည့်အတွက် ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်လာ ခဲ့သည်။ ထို့ကြောင့် ဂျပန်နိုင်ငံအပါ အဝင်အာရှနိုင်ငံများ ၏ ငွေကြေးတန်ဖိုး မှာ အနိမ့်ဆုံးအမှတ်သို့ ကျဆင်းလာခဲ့ ရပြီး တောင်ကိုရီးယား၏ ဝမ်ငွေကြေး မှာလည်း  ထပ်မံကျဆင်းသွား နိုင် ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။လွန်ခဲ့သော မေလ၁၅ ရက်တွင် ဝမ်ငွေ တန်ဖိုးမှာ သုည ဒသမ ၉ ရာခိုင် နှုန်း ကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာ လျှင် ၁၁၁၆ ဒသမ ၆ ဝမ်နှုန်းရှိခဲ့ပြီး ယခု အခါတွင် ၁၁၃၀ ဒသမ ၁၄ ဝမ်သို့ ထပ်မံ ကျဆင်းသွားခဲ့သည်။ တောင်ကို ရီးယား ကုမ္ပဏီများအနေဖြင့် ဈေးကွက် တွင် ဂျပန်နိုင်ငံနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုလုပ်ဆောင်သင့်ကြောင်း တောင်ကို ရီးယားနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး  Hyun Oh-seok က တိုက်တွန်းပြော ကြားခဲ့သည်။