Main menu

Background

မကြာမီ ပေါ်ထွန်းလာတော့မည့် ယှဉ်ပြိုင်မှုဥပဒေ

Wed, 06/05/2013 - 11:25 -- ydnar

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် စီးပွားရေးအဖွဲ့ အစည်းအချင်း ချင်း တရားမျှတသော ယှဉ်ပြိုင်မှုများ ဆောင်ရွက်နိုင်စေရန်အတွက် စီးပွား ရေးနှင့်ကူး သန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာနအောက်တွင်ယှဉ်ပြိုင်မှု မူဝါဒဌာနခွဲ ကို အသစ်တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ယှဉ်ပြိုင်မှု ဥပဒေမူကြမ်း ကို ပြင်ဆင်ရေးဆွဲလျက် ရှိပါသည်။ အသွင်ကူးပြောင်းလျက် ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ပြိုင် ဆိုင်မှုမူဝါဒကို စတင်ကျင့်သုံးခြင်းနှင့် အတူ ယှဉ်ပြိုင်မှုဥပဒေအတွက် စွမ်း ရည်တည်ဆောက်ရေး လွန်စွာအရေး ကြီးပါသည်။စွမ်းရည်တည်ဆောက်ရေး (သို့မ ဟုတ်) စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးဆို သည်မှာ ပြည်သူလူထုများ၊ အစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ၎င်း တို့၏ ဖွံ့ဖြိုးတိုး တက်ရေး ရည်မှန်းချက် ပန်းတိုင်များ အား ကာဆီးနေသည့် အတားအဆီး များကိုနားလည်စေရန် အဓိက ရည်ရွယ် သည့် ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်း တစ်ခုဖြစ်ပါသည်။

 
ယှဉ်ပြိုင်မှုဥပဒေအတွက်စွမ်း ရည် တည်ဆောက်ရာတွင် ဌာန/ အဖွဲ့အ စည်းများအားစွမ်းရည် တည်ဆောက် ပေးခြင်း၊ဆက်စပ်သူများအတွက်စွမ်း ရည်တည်ဆောက်ခြင်း၊ အသိုက်အဝန်း အား စွမ်းရည်တည်ေ ဆာက်ခြင်း ဟူ၍ နည်းလမ်း(၃)မျိုး ရှိပါသည်။ ဌာန/အဖွဲ့အစည်းများအတွက် ၎င်းင်းတို့၏ လိုအပ်ချက်များ၊ အရင်း အမြစ်များနှင့်ကိုက်ညီမှုရှိသည့်စွမ်း ရည် မြှင့်တင်မှုအစီအစဉ်များကို စဉ်ဆက် မပြတ် ဆောင်ရွက်ပေးရန် အရေးကြီးပါ သည်။ယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်း များအတွက် စွမ်းရည် မြှင့်တင်ခြင်း ရည်ရွယ်ချက်၌၎င်းင်းတို့၏ယှဉ်ပြိုင်မှု ဆိုင်ရာအကောင် အထည်ဖော်ခြင်း၊ အသိပညာပေးခြင်း လုပ်ဆောင်ချက် များနှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေး မြှင့် တင်ခြင်းများတွင် မည် သည့် လုပ်ဆောင်မှုမဆို ပါဝင်သည်။ အသုံးပြုသော နည်းလမ်းများတွင် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများကို လုံးလုံးအားထားသော ပုံမှန်နည်းလမ်း များသာမက လုပ်ငန်းကျွမ်းကျင်စေရန် ရည်ရွယ်သည့် ပညာပေးအစီအစဉ်များ လည်းပါဝင်ပါသည်။ ဌာန/ အဖွဲ့ အစည်းများအားစွမ်းရည် တည်ဆောက် ပေးရာ၌ ကျွမ်းကျင်သူများ အားလေ့ ကျင့်မွေးထုတ်ပေးခြင်း၊ အလုပ်ရုံဆွေး နွေးပွဲများ ကျင်းပပြုလုပ် ခြင်း၊ ညီလာခံ၊ ကွန်ယက်ချိတ်ဆက်ခြင်းနှင့်သတင်း အချက်အလက်မျှဝေခြင်းတို့ ပါဝင် ပါ သည်။ အဆိုပါ နည်းလမ်းများမှာ ဌာန/အဖွဲ့အစည်းများ အားစွမ်းရည် တည်ဆောက်ပေးရာ၌အများဆုံး အသုံး ပြုသော နည်းလမ်းများ ဖြစ်ပါသည်။ ကျွမ်းကျင်သူများအား လေ့ကျင့် မွေးထုတ်ပေးသည့် အစီအစဉ်မှာ နည်း ပြ များကို အခြားဝန်ထမ်းများနှင့် ယှဉ် ပြိုင်မှုဆိုင်ရာ ဆက်စပ်သူများကို ပြန် လည်လေ့ကျင့် ပေးနိုင်ရန်အတွက် နည်း ပြများ အဖြစ် လေ့ကျင့်တည်ဆောက် ပေးခြင်းဖြစ်သည်။ဤလေ့ကျင့်မှုအစီ အစဉ်အား ယှဉ်ပြိုင်မှု မူဝါဒနှင့် ဥပ ဒေဆိုင်ရာ အနာဂတ်လေ့ကျင့် ပေးမည့် နည်းပြများအတွက် အခြေခံ ရည်ညွှန်း ကိုးကားချက်များနှင့် လမ်းညွှန်ချက် များအဖြစ်အသုံးပြုမည့် လေ့ကျင့်ရေး လက်စွဲ စာအုပ်စာတမ်းများအတွက် အခြေခံအချက်အလက်များကိုယှဉ် ပြိုင်မှုမူဝါဒနှင့် ဥပဒေအတွက် အာဆီယံ ဒေသဆိုင်ရာ လမ်း ညွှန်ချက်၊ ယှဉ်ပြိုင်မှု ဥပဒေဆိုင်ရာ UNCTAD စံပြ ပုံစံတို့ ပါဝင်သည့် အရင်းအမြစ်များစွာမှ ရရှိနိုင်ပါ သည်။ အဆိုပါ အရင်းအမြစ် အချက်အလက် များကို ယှဉ်ပြိုင်မှု ဥပဒေတစ်ခုစီ၏ အခြေအနေလိုအပ် ချက်နှင့်ကိုက်ညီအောင်အသုံး ပြုရမည် ဖြစ်ပါသည်။ နည်းပြလေ့ကျင့်ရေး အစီ အစဉ်အတွက် လက်စွဲစာအုပ် စာတမ်း များကို နောက်ဆုံးအတည် မပြုမီ ဆွေး နွေးဆုံးဖြတ် အတည်ပြုရမည် ဖြစ်ပါ သည်။ နောက်ဆုံး ရရှိလာသည့် လက်စွဲ စာအုပ်စာတမ်းများကို လမ်းညွှန် ချက်နှင့် လေ့ကျင့်ရေး ထောက်ကူပြု ပစ္စည်းများ အဖြစ် (၂) ပိုင်းခွဲခြားရမည် ဖြစ်ပါ သည်။ လက်စွဲအားနောက်ဆုံးအတည် ပြုပြီးပါက နောက်တစ်ဆင့် အနေဖြင့် လေ့ကျင့်သည့် နည်းပြများကို သတ်မှတ် စစ်ဆေးရမည် ဖြစ်ပါသည်။ ယေဘုယျ အနေဖြင့် အဖွဲ့အစည်းသည် နည်းပြ သင်တန်းအတွက်သင်တန်းသားများ ကို အဆင့်မြင့်အရာထမ်းများနှင့် အဆင့် မြင့်ပညာရေး ဝန်ထမ်းများကို ရွေးချယ် ရမည်ဖြစ်ပါသည်။ စာတွေ့ပိုင်းကို လေ့ ကျင့်သင်ကြားပေးရန်အရေးကြီး သည့် အတွက် သင်ကြားမှု နည်းစနစ်များ ကို ချမှတ်ရမည် ဖြစ်ပါသည်။ နည်းပြ သင်တန်းသားများသည် သင်ထောက် ကူပစ္စည်းများကို ရှင်းလင်းစွာ သင်ကြား ပြသနိုင်သည်အထိ သင်တန်းစဉ်များ ကိုအောင်မြင်ရမည် ဖြစ်သည်။ အဆိုပါ နည်းပြသင်တန်း သားများကို တရားဝင် လက်မှတ် ပေးအပ်ရမည် ဖြစ်ပါသည်။ အဆိုပါ လက်မှတ်မှာ နိုင်ငံတကာမှ အသိအမှတ် ပြုရမည် ဖြစ်ပြီး အဆိုပါ လက်မှတ်မှာ ယှဉ်ပြိုင်မှု ဆိုင်ရာ ကိစ္စ ရပ်များကို သင်ကြားပေးသောနည်းပြ များအတွက်သာ ဖြစ်ရပါမည်။ အလုပ်ရုံ ဆွေးနွေးပွဲများသည် လည်းယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်း များအတွက် စွမ်းဆောင်ရည် မြှင့်တင် ရန် အမှန်တကယ်လိုအပ်သော နည်း လမ်းတစ်ခု ဖြစ်ပါသည်။ယှဉ်ပြိုင်မှု ဆိုင် ရာ အဖွဲ့အစည်းများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ခေါင်းစဉ်များကို ရွေးချယ်ရမည် ဖြစ်ပါ သည်။ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန် ကျင်းပမည့်သူသည် ၎င်းတို့၏ ဦးစား ပေးအခြေအနေကိုသိရှိရမည်ဖြစ်သည်။ သို့မှသာ အဆိုပါ ဦးစားပေး နယ်ပယ် များကို အထောက်အပံ့ ပေးနိုင်မည် ဖြစ်ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့်နည်း စနစ်များသည် ရှင်းလင်းတင်ပြသည်မှ ကိုယ်တိုင်ပါဝင် ဆွေးနွေးသည်အထိ အဆင့်များစွာကွာ ခြားနိုင်ပါသည်။ အလုပ်ရုံ ဆွေးနွေး ပွဲများတွင် ထည့်သွင်းထားသည့် လေ့ ကျင့်ခန်းများသည် အလုပ်ရုံဆွေးနွေးပွဲ နှင့် ကိုက်ညီစေရန်လည်း အရေးကြီး ပါသည်။ ယှဉ်ပြိုင်မှုဆိုင်ရာ ညီလာခံသည် ယှဉ်ပြိုင်မှုဆိုင်ရာအဖွဲ့အစည်းများအား နည်းလမ်း (၂)မျိုးဖြင့် အထောက်အပံ့ ပေးပါသည်။ ၎င်းတို့မှာ အဖွဲ့အစည်း အတွက်နှင့် ၎င်း အဖွဲ့အစည်း ပတ်ဝန်း ကျင်အတွက်ဖြစ်ပါသည်။ ကွန်ဖရင့်များ တွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်လာခြင်းဖြင့် ပိုမိုထိရောက်အောင် မြင်ပြီး မဟာဗျူဟာရည်မှန်းချက်များကို ချမှတ်ဆောင်ရွက်နိုင် မည် ဖြစ်ပါ သည်။ မျှော်မှန်းထားသည့် ရည်ရွယ်ချက်များ ကိုကွန်ဖရင့်တွင် ကောင်းစွာ အကောင် အထည်ဖော်နိုင်ရ မည် ဖြစ်ပါသည်။ ထို့ နောက် နောက်ဆက်တွဲ အကောင် အထည်ဖော် ရမည့် ကိစ္စများ ကို ဆက် လက်အကောင်အထည်ဖော် ဆောင် ရွက်ရမည် ဖြစ်ပါသည်။ အင်တာနက် ကွန်ရက်သည် လည်း စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိတ်အပိုင်း တစ်ရပ်အနေဖြင့် လိုအပ် လျက်ရှိပါသည်။ အင်တာနက် ကွန် ရက်သည် ကုန်သည်လုပ်ငန်းရှင်များ နှင့် ကုန်ရောင်းဝယ်မှု ဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုများတွင် ဝင်ရောက်ပြောဆို နိုင်ပြီး တစ်ဦးနှင့်တစ်ဦး ထောက်ပံ့ ပေးနိုင်သည့် ကွန်ရက်တစ်ခုကို တည် ဆောက်နိုင်ပါသည်။ ထို့အပြင် ယှဉ်ပြိုင် မှုဆိုင်ရာနယ်ပယ်၌ ဖွံ့ဖြိုးတိုးတက်မှု အသစ်များကို သင်ယူနိုင်ပါသည်။ ယှဉ် ပြိုင်မှုနယ်ပယ်၌ ရင်ဆိုင်တွေ့ကြုံနေ ရသည့် ပြဿနာတစ်ရပ်ကိုဖြေရှင်းနိုင် မည့်နည်းလမ်းကို  ရှာဖွေတွေ့ရှိနိုင်ပြီး  ကွန်ယက်အတွင်းရှိ အခြားသူများ၏  ပြဿနာရပ်များ အတွက်လည်း မိမိ တတ်နိုင်သည့် အချက်အလက်များကို ပေးပို့နိုင်ပါသည်။ သတင်းအချက်အလက် ဖလှယ် ခြင်းသည် စွမ်းရည်တည်ဆောက်ရေး အတွက်တစ်ခုသော ရည်ရွယ်ချက် ဖြစ်ပါသည်။ ထိုကဲ့သို့ သတင်းအချက် အလက် ဖလှယ်ရာတွင် ပြည်တွင်းမှ ပြည်ပ (သို့မဟုတ်) ပြည်ပမှပြည် တွင်း သို့သတင်းအချက်အလက်များ ဖလှယ် ခြင်းတို့အပေါ်အဓိကရည်ရွယ်ပါသည်။ သတင်း အချက်အလက်များ ဖလှယ် ရာတွင် ပုံနှိပ်ခြင်းနှင့် အင်တာနက်မှ တစ်ဆင့် ကုန်သည် လုပ်ငန်းရှင်များ အားလုံးသို့ သတင်းအချက်အလက် ဖလှယ်ခြင်းတို့ ပါဝင်ပါသည်။ ဥပမာ- တရားဝင် ဝက်ဘ်ဆိုဒ်များ၊ ဘလော့ဂ်၊ လူမှုသတင်း ကွန်ယက်၊ သတင်းစာ၊ မဂ္ဂဇင်း၊ နှစ်စဉ်အစီရင်ခံစာ၊လက်ကမ်း ကြေငြာစာတို့ ဖြစ်ပါသည်။ ဝန်ထမ်းများ အပြန်အလှန် စေ လွှတ်ခြင်းဆိုသည်မှာ ယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းများ အကြားဝန်ထမ်းများ အပြန်အလှန် စေလွှတ် တာဝန်ထမ်း ဆောင်စေခြင်းနှင့် အခြားလိုအပ်သော အဖွဲ့အစည်းအတွက် ဝန်ထမ်းရွေးချယ် သတ်မှတ် စေလွှတ်ပေးခြင်းတို့ဖြစ်ပြီး နှစ်ဖက်အဖွဲ့အစည်းများ အတွက် အကျိုးရှိစေပါသည်။ သတ်မှတ်စေလွှတ် ပေးသည့် ဝန်ထမ်းအတွက် သတင်း အချက် အလက် တင်ပြမှုစွမ်းရည်ကဲ့သို့ အရည်အသွေးများတိုးတက် လာမည် ဖြစ်ပြီး လက်ခံရရှိသည့် အဖွဲ့အစည်း အနေဖြင့်လည်း အဆိုပါ ဝန်ထမ်းထံမှ လျင်မြန်ထိရောက်သည့် အကြံဉာဏ် များ လက်ခံရရှိမည် ဖြစ်ပါသည်။ ယှဉ် ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်း (၂)ခုအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံဖြတ် ကျော် ဖြေရှင်းရမည့် ကိစ္စရပ်များကို အချိန်များစွာ မယူဘဲ ဖြေရှင်းဆောင် ရွက်ပေးနိုင်မည် ဖြစ်ပါသည်။ လေ့လာ ဆန်းစစ်ချက်အရ ဝန်ထမ်း အပြန် အလှန် စေလွှတ်တာဝန် ထမ်းဆောင် စေခြင်းနှင့် ပြည်ပမှ အကြံပေးဝန်ထမ်း ထားရှိခြင်းတို့မှာ ယှဉ်ပြိုင်မှုဆိုင်ရာ စွမ်း ရည် တည်ဆောက်မှုအတွက် အရေး ကြီးသော နည်းလမ်းများ ဖြစ်ကြောင်း ဖော်ပြလျက်ရှိပါသည်။ ယှဉ်ပြိုင်မှု မူဝါဒမှာတစ်ခုတည်း ရပ်တည်နေသော မူဝါဒမဟုတ်ပါ။ ၎င်း သည် အစိုးရ၏ အခြားမူဝါဒများနှင့် ဆက်စပ်လျက် ရှိပါသည်။ ယှဉ်ပြိုင်မှု မူဝါဒကို အကောင်အထည်ဖော်ခြင်း သည် ကုန်သည်လုပ်ငန်းရှင်များ၊ ကုန် သွယ်ရေးလုပ်ငန်းများ၊ ဥပဒေဆိုင်ရာ ပုဂ္ဂိုလ်များ၊ ပညာရေးဆိုင်ရာ ပုဂ္ဂိုလ် များ အပေါ် သက်ရောက်မှု ရှိလာမည် ဖြစ်ပါသည်။ ဥပဒေဆိုင်ရာ လူပုဂ္ဂိုလ် များကလည်း ယှဉ်ပြိုင်မှုမူဝါဒကို နိုင်ငံတော်မူဝါဒ အနေဖြင့် ယှဉ်ပြိုင်မှု ဥပဒေချမှတ်ခြင်း(သို့) သုတေသနပြု လုပ်ခြင်းများဖြင့် ယှဉ်ပြိုင်မှုမူဝါဒကို အထောက်အပံ့ပေး ရမည် ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါ ကုန်သည်လုပ်ငန်း ရှင်များ၊ ကုန်သွယ်ရေးလုပ်ငန်းများ၊ ဥပဒေဆိုင်ရာ ပုဂ္ဂိုလ်များ၊ ပညာရေးဆိုင် ရာလူပုဂ္ဂိုလ် များသည် စဉ်ဆက်မပြတ် ဆက်သွယ်၊ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် ယှဉ်ပြိုင်မှု အာဏာပိုင်အဖွဲ့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ ဆက်စပ်သူများအတွက် စွမ်းရည် တည်ဆောက်ရန် အတွက် နည်းလမ်းများစွာရှိသည့်အနက် ထိ ရောက်မှု အရှိဆုံး နည်းလမ်း အချို့မှာ လမ်းညွှန်/လက်စွဲစာအုပ်၊ ပုံမှန်အစည်း အဝေး၊ သီးခြားအဖွဲ့ငယ်အစည်းအဝေး၊ သတင်းအချက် အလက်ဖလှယ် ခြင်း၊ ပြည်သူလူထုနှင့် ညှိနှိုင်းတိုင်ပင်ခြင်း/ ကြားနာခြင်း နှင့် အလုပ်ရုံဆွေးနွေးပွဲ တို့ ဖြစ်ပါသည်။    လမ်းညွှန်/လက်စွဲစာအုပ်အား ယှဉ်ပြိုင်မှု အာဏာပိုင်အဖွဲ့အစည်းမှ စီးပွားရေးလုပ် ငန်းရှင်များ အပါအဝင် ဆက်စပ်အဖွဲ့အစည်း/ပုဂ္ဂိုလ်များအားလုံး လွယ်ကူရှင်းလင်းစွာနားလည် အသုံး ပြုနိုင်ရေးအတွက် ပြုစုထုတ်ဝေရမည် ဖြစ်ပါသည်။ သက်ဆိုင်ရာ အဖွဲ့အစည်း များသည် ယှဉ်ပြိုင်မှုလမ်းညွှန်၊ လက်စွဲ စာအုပ်အတွက် ၎င်းတို့၏ဥပဒေများပါ အချက်များနှင့် ကိုက်ညီသော လမ်း ညွှန်ချက်များဖြစ်စေရန် ညှိနှိုင်းခွင့် ရှိရ ပါမည်။ လမ်းညွှန်စာအုပ်အား အသုံး များသော ဘာသာ (သို့) ရင်းနှီး ကျွမ်း ဝင်မှုရှိသည့်ဘာသာဖြင့် အလွယ်တကူ ဖတ်ရှုနိုင်အောင် ပြုစုရေးသားရပါ မည်။ ယှဉ်ပြိုင်မှုဆိုင်ရာလမ်းညွှန် စာအုပ်တွင် အချို့သော ဥပဒေအခန်းများကို ရှင်း လင်းချက် ပုံစံဖြင့် ဖော်ပြရမည် (သို့မ ဟုတ်) အချို့သော ကိစ္စရပ်များကို ရှင်းလင်းဖော်ပြရပါမည်။ လမ်းညွှန် စာအုပ်၏ အဓိကရည်ရွယ်ချက်မှာ လိုက်လျောညီထွေ လိုက်ပါ ဆောင်ရွက် နိုင်ရေး ဖြစ်ပါသည်။ ထို့ကြောင့် ဥပဒေ နှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရန် စီးပွားရေး လုပ်ငန်းများအတွက်အ လွယ်ကူဆုံးနည်းလမ်းဖြင့်ရေးဆွဲ ပြုစု ရပါမည်။ ပုံမှန် အစည်းအဝေး ဆိုသည်မှာ အဖွဲ့အစည်းနှစ်ခု (ယှဉ်ပြိုင်မှု အာဏာ ပိုင်အဖွဲ့နှင့်အစိုးရ) မှ လက်ရှိအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော မူဝါဒများအပေါ် အတွေ့အကြုံ ဗဟုသုတဖြန့်ဝေပေး ရန်အတွက် အစိုးရမှ ကျင်းပပေးသော အစည်း အဝေးကို ဆိုလိုပါသည်။ ပုံမှန် အစည်း အဝေးများကျင်း ပပြုလုပ်ခြင်းဖြင့် ယှဉ် ပြိုင်မှု အာဏာပိုင်အဖွဲ့သည် မျှတ သော ယှဉ်ပြိုင်မှုအတွက် အစိုးရ၏ လုပ်ထုံးလုပ်နည်း များကို ရှင်းပြနိုင်ပါ သည်။ ထိရောက်သော ပုံမှန် အစည်း အဝေးများကို ကျင်းပနိုင်ရေး ကြိုးပမ်း ရာတွင် ပိုမိုကောင်းမွန်သော ပြုပြင် ပြောင်းလဲမှုများအတွက် မိမိတို့၏ အတ္တ များကိုလျော့ချ၍တူညီသောအမြင်တစ် မျိုးတည်းဖြင့်သွားရန်လိုအပ်ပါသည်။ ပြည်သူ့အသံနားထောင်ခြင်း (သို့) ပြည်သူနှင့်ဆွေးနွေးညှိနှိုင်း ခြင်းဆိုသည်မှာ အမျိုးမျိုးသော စီးပွား ရေးလုပ်ငန်းရှင်များကို စုစည်းပြီး လက်ရှိဆောင်ရွက်လျက်ရှိသော ယှဉ်ပြိုင်မှု ဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးညှိနှိုင်းသည့် လူသိများသော နည်းလမ်းဖြစ်ပါသည်။ ပြည်သူလူထု နှင့် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်သည့် ယှဉ်ပြိုင်မှုအာဏာပိုင်သည့် ကြားဝင် စေ့စပ်ပြန်ဖြေပေးသူအနေဖြင့် ပါဝင် သင့်ပါသည်။ ဥပမာအနေဖြင့် ၂၀၀၁ ခုနှစ်တွင်အင်ဒိုနီးရှားယှဉ်ပြိုင်မှု ကော်မရှင်ကအင်ဒိုနီးရှား လေ ကြောင်းထုတ်လုပ်မှုတွင် ဈေးနှုန်းညှိ နှိုင်းသတ်မှတ်မှုနှင့် ပတ်သက်ပြီး ပြည်သူလူထုနှင့်ညှိနှိုင်း ဆွေးနွေး အကြံÓဏ်ရယူခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲမှာအခြား ဆက်စပ်နေသည့် အဖွဲ့အစည်း^ ပုဂ္ဂိုလ်များကို ယှဉ်ပြိုင်မှုဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ေ၀ ပေးရန်အတွက် အကောင်းဆုံး နည်း လမ်းဖြစ်ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသည် လုပ်ငန်းရှင်များအား ယှဉ်ပြိုင်မှု မူဝါဒအပေါ်လက်ရှိဖြစ် ပေါ်နေသည့်ကိစ္စရပ်များနှင့် ၎င်းတို့ အပေါ် ဆက်စပ်အဖွဲ့အစည်း/ ပုဂ္ဂိုလ် များ၏ အမြင်များကိုသိရှိနား လည်စေ ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ သည် ယှဉ်ပြိုင်မှု အာဏာပိုင်အဖွဲ့ကို ၎င်းတို့ ၏ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိစေ ရေးအတွက် ယှဉ်ပြိုင်မှု အာဏာပိုင် အဖွဲ့၏ ဦးစားပေးနယ် ပယ်များနှင့် ကိုက်ညီအောင်ကျင်းပရမည်ဖြစ်ပါသည်။ ယှဉ်ပြိုင်မှုဝန်းကျင်အတွက် စွမ်း ရည်တည်ဆောက်ခြင်းမှာ အဓိကအား ဖြင့် သတင်းအချက်အလက်များကို ယှဉ်ပြိုင်မှုဆိုင်ရာအသိုက်အဝန်းဆီသို့ ထိထိရောက်ရောက်ပေးပို့ခြင်းဖြစ် သည်။ တရားဝင်ထုတ်ပြန်ကြေငြာ ချက်များမှာ ယှဉ်ပြိုင်မှုဥပဒေနှင့် စပ် လျည်းသည့် လုပ်ထုံးလုပ်နည်း များကို ရှင်းလင်းဖော်ပြသော ပုံနှိပ်ထားသည့် မှတ်တမ်းအထောက်အထားများဖြစ်ပြီး ပေးပို့လိုသည့် သတင်းအချက်အလက်၊ အကြောင်း အရာများကို အလွယ်တကူ နားလည်စေရန် ဖန်တီးထားပါသည်။ ပုံနှိပ်ထုတ်ဝေမှုများ၌ နှစ်စဉ်အစီရင်ခံ စာ၊ ကုမ္ပဏီ ရာဇဝင်အချက်အလက်၊ ဥပဒေ၊ လမ်းညွှန်ချက်၊ သုတေသန/ လေ့လာချက်ရလဒ်များ၊ အမှုတွဲဖိုင်နှင့် အခြားအရာများ ပါဝင်ပါသည်။ ပုံနှိပ် ထုတ်ဝေခြင်းတွင် မည်သည့်ပုံစံက အကောင်းဆုံးဖြစ်သည် ဟု ပြောရခက် သော်လည်း တူညီသည့် အရေးကြီးဆုံး အချက်မှာ လက်ခံရရှိမည့်သူများနှင့် ရင်းနှီးကျွမ်းဝင်သည့် ဘာသာဖြင့် ပုံနှိပ် ထုတ်ဝေရန် လိုအပ်ပါသည်။ Website ကိုယှဉ်ပြိုင်မှု အာဏာ ပိုင်အဖွဲ့၏ ရှေ့တံခါးဟုပင်ဆိုကြသည်။အကြောင်းမှာ အဆိုပါ Website မှာ အာဏာပိုင်အဖွဲ့၏ ပုံရိပ်ကိုဖော်ပြနေ သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် Website အား အကြောင်းအရာ စုံ လင်စွာနှင့် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင် Update ပြုလုပ်ပေး သင့်ပါသည်။ Website တွင်အကြောင်း အရာတိုင်းကို ဖော်ပြခြင်းမပြုဘဲဝင် ရောက်ဖတ်ရှုသူများစိတ်ဝင်စား အကျိုး ရှိမည့် အကြောင်းအရာများကို ဦးစား ပေးထည့်သွင်းသင့်ပါသည်။ ၂၀၁၅  ခုနှစ်သည် အာဆီယံ တစ်ခုတည်းသော စီးပွားရေးအသိုက် အဝန်းအကောင်အထည်ဖော်ရ မည့်နှစ် ဖြစ်သောကြောင့် အာဆီယံနိုင်ငံများ အကြား ယှဉ်ပြိုင်မှုမူဝါဒ ကွာဟချက် ကျဉ်းမြောင်းအောင်လုပ်ဆောင် ရမည့် နှစ်လည်း ဖြစ်ပါသည်။ ထို့ကြောင့် ဦးစားပေး ကဏ္ဍရွေးချယ်သတ်မှတ်ခြင်း မှာအရေးကြီးပါသည်။ အာဆီယံအဖွဲ့ ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေပြင်ဆင်ရာတွင် ဦးစားပေးကဏ္ဍ မှာရွေးချယ်သတ်မှတ်ရန် လိုအပ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရင်းအနှီး နှင့် ကျွမ်းကျင်လုပ်သားအားနည်းလေ့ ရှိသောကြောင့်၎င်း တို့၏ အကောင်းဆုံး အကျိုးကျေးဇူးအတွက် မည်သို့မည်ပုံ သုံးစွဲရမည်ကို ဂရုတစိုက်ရွေးချယ်ရ ပါသည်။ တိုင်းပြည်၏ အရေးကြီးသော ကဏ္ဍများတွင် ဖြစ်ပေါ်လျက်ရှိသော ပြိုင်ဆိုင်မှုအဟန့်အတားများကို အထူး ပြုလေ့လာရ မည်ဖြစ်ပါသည်။ ဒေသ ဆိုင်ရာပြိုင်ဆိုင်မှု ဥပဒေက မိမိနိုင်ငံ၏ ပြည်တွင်းပြိုင်ဆိုင်မှု ဥပဒေကိုပိုမို အား ကောင်းစေနိုင်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံ များနှင့်အသိပညာ၊ သတင်းအချက် အလက်ဖလှယ်ခြင်း အားဖြင့် ပူးပေါင်း ဆောင်ရွက်သည့် အစီအစဉ်များက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြိုင်ဆိုင်မှု ဥပဒေနှင့်ပတ်သက်သော အကူအညီ များရရှိနိုင်ပါသည်။ ယှဉ်ပြိုင်မှုမူဝါဒနှင့် ပတ်သက်၍ အထူးတတ်ကျွမ်းသော ဝန်ထမ်းရှိနေစေရေး အတွက် ပြည်တွင်း / ပြည်ပ၌သင်တန်းများပေးခြင်း၊ အသိ ပညာဖြန့်ဝေပေးခြင်း၊ ယှဉ်ပြိုင်မှု နယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များအချင်း ချင်း (သို့မဟုတ်) ကုန်သည်လုပ်ငန်း ရှင်များနှင့် စဉ်ဆက်မပြတ်ဆွေးနွေး ညှိနှိုင်းမှုများေ ဆာင်ရွက်သွားရမည် ဖြစ် ကြောင်းရေးသားတင်ပြအပ်ပါသည်။