Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Wed, 06/05/2013 - 12:10 -- ydnar

အမေရိကန်စီးပွားရေးကြံ့ခိုင်မှု တိုးတက်လာတဲ့လက္ခဏာတွေပြလာရင် စီးပွားရေးတွန်းအားပေးအစီအစဉ်တွေ ကို လျှော့ရတော့မှာဖြစ်ကြောင်း အမေ ရိကန်ဗဟိုဘဏ်ကပြောကြားခဲ့ပြီးနောက် ပိုင်း ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေ က ဒေသမှ စာချုပ်စာတမ်းတွေကို ဝယ်ယူထားတဲ့ ငွေတွေကို ပြန်ပြီးအနုတ်အသိမ်းလုပ် လာတာတွေ့ရပါတယ်။ ဒါကြောင့် အာ ရှငွေကြေးတွေရဲ့ တန်ဖိုးတွေကလည်း ယခုနှစ်အတွင်းမှာ အနိမ့်ဆုံးအနေအ ထားထိကျဆင်း လာတာကို တွေ့ရပါ တယ်။

 
တရုတ်ကုန်ထုတ်လုပ်မှုလုပ်ငန်း တွေ မေလအတွင်းမှာကျဆင်းခဲ့တာကို အစီရင်ခံစာတွေအရ သိလာရပြီး တဲ့ နောက်ပိုင်းယခုရက်သတ္တပတ်ပတ် အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ က အင်ဒိုနီးရှား၊ တရုတ် (တိုင်ပေ)၊ ထိုင်းနဲ့ဖိလစ်ပိုင်နိုင်ငံတွေရဲ့ စတော့ ဈေးကွက်တွေမှာ သူတို့စတော့ရှယ်ယာ တွေကိုပြန်ထုတ်ရောင်းတာ ပိုများလာ ပါတယ်။ ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတွေက မေ ၂၉ ရက်မှာ ကုန်ဆုံးတဲ့ရက်သတ္တ ပတ်အတွင်းထွန်းသစ် စဈေးကွက်တွေ ထဲက ဘွန်းစာချုပ်တွေပြန်ရောင်းတာ ဒေါ်လာ ၂၂၄ သန်းဖိုအထိရှိလာ ကြောင်း EPFR Global  ကထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ကိုး ကားပြီး မေ ၃၀ ရက်ကထုတ်ပြန်တဲ့ မော်ဂန်စတန်လေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်ယွမ် တရုတ်ဗဟိုဘဏ်က ဗဟိုဘဏ် ငွေလဲနှုန်းကိုစံချိန်တင်သတ်မှတ်ခဲ့ပေမဲ့ တရုတ်ယွမ်ငွေကြေးရဲ့တန်ဖိုးက ဒေါ် လာနဲ့ဖလှယ်ရာမှာ မေ ၃၁ ရက်က အနည်းငယ်ကျဆင်းခဲ့ပါတယ်။ တရုတ်ဗဟိုဘဏ်က ယွမ်ငွေကြေး နဲ့ဒေါ်လာဖလှယ်နှုန်းကို ၆ ဒသမ ၁၇၉၆ ယွမ်နှုန်းသတ်မှတ်ခဲ့ရာ မေ ၃၀ ရက်ကဖလှယ်နှုန်းဖြစ်တဲ့ ၆ ဒသမ ၁၈၂၀ ယွမ်နှုန်းထက်ပိုမိုမြင့်မားခဲ့ပါ တယ်။ ဒါပေမဲ့ လက်ငင်းဈေးကွက် မှာ နေ့လည်ဘက်ကတရုတ်ယွမ်ငွေကြေး တန်ဖိုးက ၆ ဒသမ ၁၃၆၈ ယွမ်နှုန်းရှိခဲ့ ပြီး မေ ၃၀ ရက်ဈေးဖြစ်တဲ့ ၆ ဒသမ ၁၃၀၉ ယွမ်နှုန်းအောက်ကျဆင်းခဲ့ပါ တယ်။ ဒီလိုအခြေအနေကို အခွင့် ကောင်း ယူပြီးဈေးကွက်ထဲ ကို ငွေပူတွေ စီးဝင်လာခဲ့ပါတယ်။
အိန္ဒိယရူပီး အိန္ဒိယရူပီးငွေကြေးတန်ဖိုးက မေ ၃၁ ရက်က စတုတ္ထမြောက်နေ့အဖြစ် ဆက်တိုက်ကျဆင်းခဲ့ပြီး ၁၁ လအတွင်း အနိမ့်ဆုံးနှုန်းကိုရောက်ရှိခဲ့ပါတယ်။ အဓိကအကြောင်းအရင်းက အိန္ဒိယ ဗဟိုဘဏ်အုပ်ချုပ်ရေး မှူးရဲ့ မေ ၃၀ ရက်ကဝေဖန်ပြောကြားချက်အရအတိုး နှုန်းတွေလျှော့ချတော့မဲ့ အခြေအနေ ကြောင့် ဖြစ်ပါတယ်။ ရူပီးတန်ဖိုးမေ ၃၀ ရက်မှာ ဈေးအဖွင့်မှာ ၅၆ ဒသမ ၆၀ ရူပီးနှုန်းနဲ့ ဇွန် ၂၉ ရက်နောက်ပိုင်း အနိမ့်ဆုံးကိုရောက်ခဲ့ပြီး နောက်ပိုင်း မေ ၃၁ ရက်မှာ တစ်ဒေါ်လာကို ၅၆ ဒသမ ၄၇ ရူပီးနှုန်းရှိခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်မှာ ဒေါ်လာ ဝယ်လိုအားမြင့်တက်လာတဲ့အတွက် ဒေါ်လာနဲ့ဖလှယ်ရာမှာ ရူပီးတန်ဖိုး ဆက်တိုက်ကျဆင်းခဲ့ကြောင်း  India Forex သတင်းဌာနရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ဂျပန်ယန်း အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်တဲ့ စီးပွားရေးကိန်းဂဏန်းတွေ အားနည်းနေတာကိုတွေ့ရ ပြီးနောက် ဒေါ်လာဝယ်လိုအားကျတဲ့ အတွက်မေ ၃၀ ရက်က နယူးယောက် ဈေးကွက်မှာ အဓိကငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးကျဆင်း ခဲ့ပါတယ်။ ယူရို/ဒေါ်လာဖလှယ်နှုန်းက မေ ၂၉ ရက်မှာ တစ်ယူရိုကို ၁ ဒသမ ၂၉၃၈ ဒေါ်လာနှုန်းရှိရာမှ မေ ၃၀ ရက်ဂရင်း နစ်စံတော်ချိန် ၂၁ နာရီမှာ တစ်ယူရို ကို ၁ ဒသမ ၃၀၄၃ ဒေါ်လာနှုန်းရှိခဲ့ ပါတယ်။    အမေရိကန်ဒေါ်လာတန်ဖိုးက ဂျပန်ယန်းငွေနဲ့ဖလှယ်ရာမှာ မေ ၂၉ ရက်ကတစ်ဒေါ်လာကို ၁၀၁ ဒသမ ၀၆ ယန်းရှိရာမှ ၁၀၀ ဒသမ ၇၄ ယန်းထိ ကျဆင်းခဲ့ပါတယ်။ ယူရိုတန်ဖိုးက တစ် ယူရိုကို ၁၃၀ ဒသမ ၇၅ ယန်းမှ ၁၃၁ ဒသမ ၃၉ ယန်းထိမြင့်တက်ခဲ့ပါတယ်။ ယခုရက်သတ္တပတ်အတွင်းမှာ အမေရိ ကန်ပြည်ထောင်စုမှာ အလုပ်လက်မဲ့ အကျိုးခံစားခွင့်တောင်းခံမှုတွေမြင့်တက် ခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပမှာတော့ စီးပွားရေးအပေါ်ယုံကြည်မှု ပိုလာတာ တွေက ယူရိုတန်ဖိုးကို အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။
မလေးရှားရင်းဂစ် ရက်သတ္တပတ်အကုန်ရက်တွေ မှာ ရင်းနှီးမြှုပ်နှံသူတွေက လက်ရှောင်နေ ကြတဲ့အတွက် မေ ၃၁ ရက်မနက်ပိုင်း ဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာရင်းဂစ်တန်ဖိုးကအပြောင်း အလဲမရှိ ဖြစ်နေခဲ့ပါ တယ်။ မေ ၃၁ ရက်မနက် ၉ နာရီခွဲမှာ ရင်းဂစ်တန်ဖိုး က ဒေါ်လာနဲ့ဖလှယ်ရာမှာ မနေ့က ဈေးပိတ်ချိန်ဈေး အတိုင်း တစ်ဒေါ်လာ ကို ၃ ဒသမ ၀၇၀၀ ရင်းဂစ်နှုန်းရှိခဲ့ပါ တယ်။ ဒါပေမဲ့ ရင်းဂစ်တန်ဖိုးက အဓိက ငွေကြေးအများစုနဲ့ဖလှယ်ရာမှာ တန်ဖိုး ကျဆင်းခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် အမေရိကန်ဗဟိုဘဏ်က ငွေ ကြေးတွန်းအားပေးအစီအစဉ်ကိုလျှော့ ချတော့မဲ့အလားအ လာတွေ တွေ့ရပြီး နောက်ပိုင်းဒေါ်လာငွေကြေးအတွက် ဖိစီးမှုတွေရှိလာတဲ့အတွက် မေ ၃၀ ရက်ကတောင် ကိုရီးယားဝမ်တန်ဖိုး ခိုင် မာလာတာတွေ့ရ ပါတယ်။ မေ ၃၀ ရက်မှာ ပြည်တွင်းအရောင်းအဝယ်တွေ ပိတ်သိမ်းချိန်မှာ ဝမ်တန်ဖိုးက တစ်ဒေါ် လာကို ၁၁၂၇ ဒသမ ၄ ဝမ်နှုန်းရှိခဲ့ပါ တယ်။ မေ ၂၉ ရက်ကရှိခဲ့တဲ့ ၁၁၃၂ ဒသမ ၉ ဝမ်နှုန်းနဲ့နှိုင်းယှဉ်ရင် မြင့်တက် ခဲ့ပါတယ်။ ဒါပေမဲ့ မေ ၃၁ ရက်မှာ ဝမ်တန် ဖိုးက ၂ ဒသမ ၄ ရာခိုင်နှုန်းကျဆင်း ပြီး တစ်ဒေါ်လာကို ၁၁၂၈ ဒသမ ၂၀ ဝမ်နှုန်းရှိခဲ့ပါတယ်။
ထိုင်းဘတ် ထိုင်းနိုင်ငံအတွင်းစီးဝင်၊ ထိုင်း နိုင်ငံပြင်ပစီးထွက်တဲ့ငွေကြေးတွေ အတွက် အခွန်ကောက်ခံခွင့်ကို ဗဟို ဘဏ်အား Royal Gazatte  ထုတ်ပြန် ချက်အရခွင့်ပြုထားကြောင်း မေ ၂၉ ရက်ကဘဏ္ဍာရေးဝန်ကြီး ကစ်တီရပ် နာရနောင်းက ပြောခဲ့ပါတယ်။ ကမ္ဘာ့ ရင်းနှီးမြှုပ်နှံသူတွေက မေလအတွင်း မှာ ဘွန်းစာချုပ်တွေအများဆုံး ထုတ် ရောင်းလာပါတယ်။ ၂၀၁၁ ခုနှစ် အများဆုံးရောင်းတာပထမဆုံးဖြစ်ပါတယ်။ ဘတ်ငွေကြေးတန်ဖိုးက ဘန် ကောက်မှာ မေ ၃၁ ရက်မနက် ၈ နာရီ ၈ မိနစ်ကတစ်ဒေါ်လာကို ၃၀ ဒသမ ၁၃ ဘတ်နှုန်းရှိခဲ့ပါတယ်။ ဒီ ဖလှယ်နှုန်းအရ ဘတ်တန်ဖိုးကတစ်လ အတွင်း ၂ ဒသမ ၇ ရာခိုင်နှုန်းနဲ့ရက် သတ္တပတ်တစ်ပတ်အတွင်း သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။