မုံရွာကုန်စည်ဒိုင် ဇွန်လတတိယပတ် ပဲဈေးကွက်ဟာ မိုးလေဝသကြေညာချက်ထဲက " နေရာကွက်ကျား မိုးကြီးမည် " ဆိုသလို ငုံနီနဲ့စိမ်းကြီး ၂မျိုးသာ Export ဝယ်လက်ကြောင့် အရောင်းအဝယ် သွက်ခဲ့တာ တွေ့ရပါတယ်။
ကုလားပဲ အုပ်စုကတော့ ယခင် ပုံမှန်ဝယ်လက်ဖြစ်တဲ့ အိန္ဒိယ ဈေးကွက် မဆွဲတော့ ဒေသတွင်း လုပ်ငန်းသုံးသမား အဝယ်တစ်မျိုးသာအားထားနေရတဲ့အတွက် ဝယ်သူဈေး ကွက် ဖြစ်နေရာ ယခုတစ်ပတ်မှာ ကျဈေးအသီး သီး ဖြစ် ပေါ်ခဲ့ပါတယ်။
ထိုင်ဝမ်တစ်တင်း ၁၇၇၀၀ ကျပ်၊ 929 တစ် တင်း ၁၇၇၀၀ ကျပ်နဲ့၊ V2 တစ်တင်း ၁၇၈၀၀ ကျပ် အသီးသီး အနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် တက်ရက်မှာ ကုလားပဲမျိုးစုံ အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားသာ အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ငုံနီဈေးကွက်မှာ ရန်ကုန်ဝယ်လက်နဲ့ ဒေသခံကုန်သည် တွေဈေးအလျော့အတင်း ကစားရင်း တစ်တင်း ၂၀၁၀၀ ကျပ် - ၁၉၉၀၀ ကျပ် - ၁၉၇၀၀ ကျပ်အသီးသီးနေ့စဉ်ပေါက်ဈေး ပြောင်းလဲနေကာ ဈေးအလိုက်တစ်ရက် အိတ် ၁၅၀၀ ခန့်က နေ၂၅၀၀ ခန့် အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ ကုန် သည် ရပ်ကွက်က ဆိုပါတယ်။ ယခုရက်ပတ်အတွင်း ရန်ကုန် ကို ငုံနီတင်ပို့မှုအနေနဲ့ အိတ် ၁၀၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ခန့်မှန်းသိရှိရပါတယ်။ ယခုတစ်ပတ်ထဲမှာ ပဲတီစိမ်းကြီး နယ် အဝင်စုံခဲ့ပြီး တရုတ်အတွက် မန်းဝယ်လက် အဝယ်သွက်ခဲ့ကာ ဈေးလည်း တစ်တင်း အနိမ့်ဆုံး ၂၆၂၀၀ ကျပ်ကနေ ၂၈၀၀၀ ကျပ်ထိ မြောက်လာခဲ့ပြီး၊ အရောင်းအဝယ်အားဖြင့် တစ်ရက် ကို အိတ် ၂၅၀၀ ခန့်ထိ ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ ယခုနှစ်မိုးကြို ပဲတီတောင်သူတွေအနေနဲ့ ရေသွင်း အား ပိုခဲ့သလို အထွက်လည်းသင့် ဈေးလည်းကောင်းနေတဲ့ အတွက် အကျိုးဖြစ်ထွန်းမှုရှိကြတယ်လို့ တောင်သူနဲ့ ပွဲရုံ ရပ်ကွက်က သိရပါတယ်။
ပဲနီအုပ်စုဖြစ်တဲ့ စွန်တာနီနဲ့ ကသည်းပဲတွေလည်း ယခုတစ်ပတ်မှာ တက်ဈေးနဲ့ အရောင်းအဝယ်သွက်ခဲ့ရာ စွန် တာနီ တစ်တင်း ၁၈၀၀၀ ကျပ်၊ ကသည်းပဲတစ်တင်း ၁၈၁၀၀ ကျပ်ဈေးများနဲ့ တစ်ရက်ကို အိတ် ၅၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကာ ရန်ကုန်ဝယ်လက်များခဲ့တယ်လို့ဆို ပါတယ်။ မတ်ပဲဈေးကွက်မှာတော့ နယ်အဝယ် မရှိပေမယ့် ရောင်းလက်ရှိခဲ့ကာ ဒေသစက်သမားအဝယ်ကြောင့် တစ် ရက်အိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်း အဝယ် ဖြစ်ခဲ့ပြီး၊ တစ်တင်း ၁၆၀၀၀ ကျပ် ဈေးမှာငြိမ်နေတာတွေ့ရပါတယ်။ ဒီရက်ပတ်ထဲ မုံရွာနယ်တစ်ချို့မှာ မိုးရွာခဲ့လို့ တောင်သူတွေ ပဲစင်းငုံစိုက်ပျိုးခဲ့ကြရာ စုစုပေါင်း ဧက ၁၀၀၀၀ ကျော်ရှိပြီလို့ စာရင်းဇယားများ သတင်းစကားနဲ့ ကွင်းဆင်းသွားချက်အရ သိရှိရပါတယ်။ ထွန်းလှိုင် - မုံရွာ