Main menu

Background

ဆင်းရဲနွမ်းပါးမှု ပထဝီဝင် အပြောင်းအရွေ့

Thu, 06/27/2013 - 11:02 -- ydnar

ဝါရှင်တန်ဒီစီရှိ ဘရွတ်ကင်းအင်စတီကျူးရှင်း ပညာရှင်အဖွဲ့မှ လောရင့်ချန်ဒီနှင့်အဖွဲ့သည် ဖွံ့ဖြိုး ဆဲနိုင်ငံများ၏ စားသုံးမှုဖြန့်ခွဲပုံ (Distribution of consumption) ကို လေ့လာခဲ့ကြသည်။(တစ်နေ့အတွက်ရရှိသော တစ်ဒေါ်လာ သို့မဟုတ် နှစ်ဒေါ်လာစသည့်ဝင်ငွေကိုလူဦးရေမည်မျှ ခွဲေ၀ စားသုံးကြရသလဲဆိုသည်ကို သုတေသန လုပ်ခြင်း ဖြစ်သည်။) စားသုံးမှုဖြန့်ခွဲပုံသည် အချိန်နှင့် အမျှပြောင်းလဲခဲ့ပြီး၊ နောင်တွင်မည်သို့ ပြောင်းလဲ သွားနိုင် သည်ကိုပုံပြဇယား(Chart)ဖြင့် ဖော်ထုတ် ပြသခဲ့သည်။နိုင်ငံများချမ်းသာကြွယ်ဝလာသည် နှင့်အမျှ အိမ်ထောင်စုစားသုံးမှုလည်းတိုးတက်လာ သည်။ချမ်းသာကြွယ်ဝမှုမြန်ဆန်လာ သဖြင့်၂၀၀၀ ပြည့်နှစ်နောက်ပိုင်း တွင် နှစ်စဉ်စားသုံးမှုသည်လည်း သိသိသာသာမြင့်တက်လာကြောင်းထောက်ပြသည်။ စားသုံးမှုအဆင့် အမြင့်ဆုံး သို့ ရောက်ရှိခဲ့သည့် ၁၉၉၀ မှ ၂၀၁၀ပြည့်နှစ်ကာလအတွင်း ဆင်းရဲ တွင်းမှအစုအပြုံလိုက်လွတ်မြောက်သူ ဦးရေများပြား ခဲ့ကြောင်းကိုလည်း ရှင်းပြခဲ့ကြသည်။

ထိုစဉ်ကာလသည်ကမ္ဘာကြီးတွင် နေချင်စရာ အကောင်းဆုံးအချိန်ဖြစ်ခဲ့သည်။မည်သည့် စားသုံး မှုအဆင့်အတန်းမှာမဆိုတစ်နေ့ဝင်ငွေတစ်ဒေါ်လာ ၂၅ ဆင့်ဖြင့် အသက်မွေးဝမ်းနိုင်သူပိုများခဲ့သည်။ စီးပွားဖွံ့ဖြိုး လာခြင်းကြောင့် မည်သည့်စားသုံးမှု အဆင့်ထက်မဆိုနိုင်ငံတကာဆင်းရဲနွမ်းပါးမှု ရေချိန် မျဉ်းကိုကျော်ဖြတ်နိုင် သူဦးရေပိုမိုများပြားခဲ့သည်ဟု ဆိုလိုသည်။ ယင်းအချက်သည်ပင်  ဆင်းရဲနွမ်းပါးမှု အကြီး အကျယ် လျော့ ကျအောင် စီးပွားဖွံ့ဖြိုးမှုက ဆောင်ကြဉ်းပေးနိုင်ခြင်း၏ပဓာနအကြောင်းတစ် ရပ် ဖြစ်နေ သည်။ သို့သော်လည်းနိုင်ငံများတွင်ဖွံ့ဖြိုးမှုဆက် လက်တိုးတက်လာသည့်အခါဆင်းရဲနွမ်းပါးမှုလျော့ ကျနှုန်းတန့်စပြုလာသည်။ သုတေသီမစ္စတာချန်ဒီ ၏ရှင်းပြချက်အရ၂၀၁၀ပြည့်နှစ်တွင်တစ်နေ့ ဝင်ငွေတစ်ဒေါ်လာ ၂၀ဆင့်မှတစ်ဒေါ်လာ၂၅ဆင့် အကြား စားသုံးမှုအဆင့်တွင် ဆင်းရဲနွမ်းပါးမှု ရေချိန်မျဉ်းတွင်ဖြစ်စေ၊ ထိုမျဉ်းအောက်တွင်ဖြစ်စေ ရောက်ရှိနေသူဦးရေ၈၅သန်းရှိခဲ့သည်။ဆင်းရဲ နွမ်းပါးမှု လျော့ကျသည့်နှုန်းမူလအတိုင်း ပုံမှန် ဆက်လက်လျော့ကျမည်ဆိုလျှင် တစ်နေ့ဝင်ငွေ တစ်ဒေါ်လာ၂၀ဆင့်နှင့် တစ်ဒေါ်လာ ၂၅ဆင့် အကြားအသက်မွေးဝမ်းနေရသူ ဦးရေသည် ၂၀၂၀ ပြည့်နှစ်တွင် ၅၆ သန်းသို့လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ၂၈ သန်းသို့လည်းကောင်း ကျဆင်း သွားမည်ဖြစ်သည်။ သို့ဆိုလျှင် ဆင်းရဲနွမ်းပါးသူဦးရေ အနည်း ငယ်သာရှိတော့မည်ဖြစ်၍ဝမ်းသာရဖွယ်ဖြစ်သည်။ တစ်နည်းပြောရလျှင်စားသုံးမှုမြန်မြန်ဆန်ဆန် တိုးတက်လာသည့်တိုင် ဆင်းရဲနွမ်းပါးမှုလျော့ကျ သည့်နှုန်း မှာ နှေးကွေးသွားမည်ဖြစ်သည်။"စီးပွား ဖွံ့ဖြိုးမှုနှုန်း ခေါင်မိုးဖောက်ထွက်တဲ့အထိ ထောင် မတက်ဘဲနဲ့ (ဆင်းရဲနွမ်းပါးမှုရေချိန်မျဉ်းကိုကျော်တက် မည့်သူအလွန်နည်းပါးနေသဖြင့်) ဆင်းရဲနွမ်းပါးမှု လျော့ကျသည့်နှုန်း ကိုပုံမှန်အတိုင်းဆက်လက်လျော့ကျ အောင်လုပ်ဖို့ မဖြစ်နိုင်ပါ"ဟု မစ္စတာချန်ဒီက ရှင်းပြသည်။ သို့ဆိုလျှင် ပြန်ရမှု အချိုးလျော့ကျလာခြင်း(Diminishing returns) တွင် လက်တွေ့အားဖြင့် မည်သည့် သက်ရောက်မှုရှိနိုင်သလဲ စူးစမ်းဖွယ် ဖြစ်သည်။ ဘရွတ်ကင်းသုတေသီ၊ မစ္စတာချန်ဒီနှင့် ကမ္ဘာ့ဘဏ် သုတေသီ၊ ရေဗယ်လီယန်တို့က ယင်း အချက်ကိုရှာဖွေခဲ့ကြသည်။ ဆင်းရဲနွမ်းပါးမှု လျှော့ ချရေးအတွက်မတူညီသောအိမ်ထောင်စု စားသုံးမှု နှုန်းများအနက်မည်သည့်နှုန်းကမည်သို့ သက်ရောက် စေနိုင်သ လဲနှင့် အလွန်အမင်းဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်နိုင်ရန် အိမ်ထောင်စုဝင်ငွေမည်မျှ တိုး တက်ဖို့ လိုအပ်သလဲဆိုသည့် အချက်များကို  သုတေသီတို့က တွက်ချက်ကြည့်သည်။ နောက်ဆုံး ပေါ်ထွက်လာသည့် အဖြေမှာ စီးပွားဖွံ့ဖြိုးမှုမြှင့် တင်ရုံဖြင့်လည်းကောင်း၊ ဝင်ငွေမမျှမတဖြစ်မှုကို ပိုမိုညီမျှလာစေ ရန် ပြုပြင်ရုံဖြင့် လည်းကောင်း ဆင်းရဲနွမ်းပါးမှုပပျောက်အောင် လုပ်နိုင်မှာမဟုတ် ချေ။ စီးပွားဖွံ့ဖြိုးမှုနှင့်ဝင်ငွေမျှတစေ မှုနှစ်မျိုးစလုံး တိုးတက်အောင်ဆောင်ရွက်ဖို့လိုအပ်သည်ဟုဆို ပါသည်။ ဒုတိယအချက်မှာ ဆင်းရဲနွမ်းပါးမှုပထဝီဝင် ပြောင်းလဲသွားမည့်ကိစ္စဖြစ်သည်။ ၂၀၂၀ပြည့် နှစ် ရောက်လျှင် တရုတ်နိုင်ငံတွင် တစ်နေ့ဝင်ငွေ တစ် ဒေါ်လာ၂၅ဆင့် အောက်သာရရှိသူ မရှိတော့ သလောက်ဖြစ်သွားနိုင်သည်။ လူတိုင်းဆင်းရဲတွင်း မှ လွတ်မြောက်သွားကြလိမ့်မည်။ ဖွံ့ဖြိုးဆဲနိုင်ငံ များကို ကိုယ်စားပြုထင်ဟပ်နေသည့် အိန္ဒိယနိုင်ငံ တွင်မူ လာမည့်ဆယ်စုနှစ်များအတွင်း တစ်နေ့ ဝင်ငွေတစ်ဒေါ်လာ၂၅ဆင့်အတားအဆီးကို အလုံး အရင်းနှင့် ကျော်ဖြတ်ဖို့  ကြိုးပမ်းရမည်ဖြစ်သည်။ ထိုဆယ်စုနှစ်များတွင်မှဆင်းရဲနွမ်းပါးမှု လျှော့ချရေး တွင် ဦးရေအများဆုံးလွတ်မြောက်နိုင် ကြမည် ဖြစ်သည်။ နောက်ဆုံးတွင် ဆာဟာရသဲကန္တာရ တစ်ပိုင်း အာဖရိကဒေသတွင်သာ ဆင်းရဲနွမ်းပါးမှု ရေချိန်မျဉ်းအောက်ကျန်ရစ်နေသူဦးရေအများ ဆုံး ရှိနေပါလိမ့်မည်။ အာဖရိကမှ အဆင်းရဲဆုံးနိုင်ငံ များတွင် တစ်နေ့ဝင်ငွေဆင့် ၇၀ ခန့်ဖြင့်သာ ရှင်သန်နေကြရသည်။ အဆင်းရဲဆုံး ၆ နိုင်ငံတွင်မူ တစ်နေ့ဝင်ငွေဆင့် ၅၀ အထိ နိမ့်ကျလျက်ရှိသည်။ လက်ရှိစီးပွားဖွံ့ဖြိုးမှု နှုန်းများအတိုင်းဆိုလျှင် အာဖရိကလူဦးရေ လေးပုံတစ်ပုံသည် ၂၀၃၀ ပြည့်နှစ်ရောက်သည့်တိုင်တစ်နေ့ဝင်ငွေတစ် ဒေါ်လာ၂၅ ဆင့်အောက်ဖြင့်သာ ရှင်သန်စား သုံးနေကြရဦးမည်ဖြစ်သည်။ ထိုကာလကျော်လွန် လာသည့်တိုင် ဆင်းရဲနွမ်းပါးမှု လျော့ကျသည့် နှုန်းမှာ အာဖရိကတွင် ကြီးကြီးမားမား ပြောင်းလဲ နိုင်ဦးမှာ မဟုတ်ဟုဆိုပါသည်။