Main menu

Background

အာရှ၏ နောက်ဆုံးနယ်မြေအဖွင့် သို့မဟုတ် ၂၀၁၁ အလွန် မြန်မာ

Mon, 07/01/2013 - 10:50 -- ydnar

ယှဉ်တွဲနေသော   အခွင့်အလမ်းနှင့် စိန်ခေါ်ချက်
 
ရင်းနှီးမြှုပ်နှံသူများက ၎င်းတို့ အတွက်နောက်ဆုံး နယ်မြေသစ်ဟုဆို သည့်နေရာ အမှန်တကယ်တွင်လည်း အခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ် ကြည့်ပါက ရင်းနှီးမြှုပ်နှံနိုင်စရာ နယ်ပယ်များစွာရှိနေသေးသည့်အာရှ၏ တစ်ခုတည်းသော နယ်မြေ။ ဤ နေရာသည် မည်သည့်နေရာဟုထင် သနည်းဟု ပဟေဋ္ဌိမေးခွန်း ထုတ်စရာ မလိုသည့် အခြေအနေတွင် ရှိနေပြီဖြစ် ၏။ ညွှန်းဆိုနေသည့် အခြေအနေ အချိန်အခါနှင့် နေရာအခင်းအကျင်းမှာ ၂၀၁၁ ခုနှစ်အလွန်ကာလ မြန်မာနိုင်ငံ ၏ အနေအထားပင်။

မျက်မြင်အခြေ အနေများအရ မြန်မာနိုင်ငံသည် တဖြည်းဖြည်းနှင့် ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်လာနေသဖြင့် အနာဂတ် တွင် ကြီးထွားလာနိုင်သည့် အာရှ စီးပွား ရေးတစ်ခုလည်းဖြစ်လာနိုင်သည်ဟု မှန်း ဆရသည်။ နေထိုင်သူ လူဦးရေ အားဖြင့် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့၏ ပမာဏ ခန့်ရှိပြီး(မှန်းဆချက်)သဘာဝသယံဇာတ ပိုင်ဆိုင်မှုအား ကောင်းသည့်  မြန်မာ နိုင်ငံသည် ၎င်း၏တံခါးများကို ကမ္ဘာသို့ ဖွင့်ဟနေပြီ ဖြစ်သည်။  ထိုသို့သော အကြောင်းများကြောင့် နိုင်ငံတကာ လှည့်၍ ကမ္ဘာလုံး ပတ်လည် အလုပ် လုပ်နေကြသော နိုင်ငံတကာ ကုမ္ပဏီ ကြီးငယ်များ မြန်မာနိုင်ငံနှင့် အဆက် အစပ် ရရှိနိုင်ရေးအတွက် အာသာဆန္ဒ ပြင်းပြစွာ ကြိုးစား အားထုတ်နေကြ သည့်မှာ အံ့သြစရာတော့ မဟုတ်ပေ။ သို့သော်လည်း မြန်မာနိုင်ငံတွင်း၌ အား သာချက်များ ရှိသကဲ့သို့ အားနည်းချက် များကလည်း တစ်သီတစ်တန်းကြီး ရှိနေသည်ကို သတိပြုမိကြလိမ့်မည်။ စီးပွားရေးလုပ်ငန်း လုပ်ရာတွင် အရေး ပါသည့် ငွေးပေးငွေယူ ကိစ္စရပ်များ လွယ်ကူ ချောမွေ့စေရေးအတွက် ပြည် တွင်း ဘဏ်လုပ် ငန်းများမှာ တိုးတက်မှု များ ရှိလာနေသကဲ့သို့ နိုင်ငံခြားဘဏ် များလည်း အလျှိုလျှို ဝင်ရောက် လာ နေခဲ့ကြသည်မှာ မျက်မြင်ပင်ဖြစ်၏။  ပြင်ပကမ္ဘာနှင့် ပြန်လည် ချိတ်ဆက် နိုင်ခဲ့သည့် လွန်ခဲ့သော ၂ နှစ်ခန့် ကာလကတည်းကစ၍ ဆိုရလျှင် နိုင်ငံ ခြား ဘဏ် ၂၈ ဘဏ်မှ ကိုယ်စားလှယ် ရုံးများလာရောက် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် နိုင်ငံလူဦးရေ စုစု ပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်သာ ဘဏ် ငွေ စာရင်း ရှိကြသည်ဟု သိရသည်။ တယ်လီဖုန်း ဆက်သွယ်ရေး  ဝန် ဆောင်မှု အသုံးပြုနိုင်သည့် အခြေ အနေကို ကြည့်ပါကလူဦးရေ၏ ၆ ရာ ခိုင်နှုန်းမျှသာ မိုဘိုင်းဖုန်း ဝန်ဆောင်မှုကို အသုံးပြုနိုင်သေး၏။  ယခုအချိန်တွင်မူ မိုဘိုင်းဖုန်း သုံးစွဲမှု မြင့်မား လာရေး အတွက် အစိုးရ ကိုယ်တိုင်အားထုတ် လျက်ရှိပြီး ၂၀၁၆ ခုနှစ် အရောက်တွင် ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေ ရေးအတွက် ပြည်တွင်း ပြည်ပ ပုဂ္ဂလိက လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်များ ပေး နိုင်ရန် လုပ်ဆောင်နေပြီဖြစ်သည်။   ၃နှစ်တာကာလ အတွင်းဆွဲဆောင်လာ နိုင်သော ရင်းနှီးမြှုပ်နှံမှုများတွင် ကမ္ဘာ့ ဘီလျံနာ သူဌေးကြီး ဂျော့ဆိုးရော့၏ ရင်းနှီးမြှုပ်နှံမှုများလည်း ပါဝင်သည်။ ဤကဲ့သို့ အလားအလာများဖြင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများက ဈေးကွက် နယ်ပယ်သစ်ဟု ခေါ်နေ သည့်တိုင် အနာဂတ်တွင် ဖြစ်နိုင်ခြေရှိ သည့် ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့မြင် နေရပါလျက် ပညာရှင်များနှင့် သုတေ သီများ၏ သုံးသပ်ချက်အချို့တွင် မြန်မာနိုင်ငံကို စီးပွားရေးလုပ်ငန်းများ အတွက် ပိုစွန့်စားလုပ်ဆောင် ရမည့် နေရာတစ်ခုအဖြစ်လည်း ယူဆနေကြ ပြန်သေးသည်။ ထို့ကြောင့် လတ် တလောကြားလိုက်ရ သည့်သတင်းမှာ  ကမ္ဘာ့အကြီးဆုံးမိုဘိုင်းဖုန်းကုမ္ပဏီကြီး နှစ်ခု Vodafone နှင့် China Mobile တို့ လုပ်ငန်းလုပ်ခွင့် တင်ဒါလျှောက် ထားခဲ့ကြပြီးနောက် ဆန်ခါတင်ရွေး ချယ်စာရင်းတွင် ပါဝင်ပြီးမှပြန်လည် ရုပ်သိမ်းသွားကြသည့် အခြေအနေကို သိရသောအခါ အံ့သြစရာအဖြစ် မ ခံစားရပေ။ စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ကိုင်ရေးစဉ်းစား ရာတွင်  အားနည်း ချက် အားသာချက် အခွင့်အလမ်း စိန်ခေါ်ချက်များ စသဖြင့် လုပ်ငန်း၏ ပစ္စုပ္ပန်၊ အနာဂတ်တို့ အတွက် ကြိုတင် ဆန်းစစ်ကြရစမြဲဖြစ်သည်။ ဘက်စုံ ထောင့်စုံရှုထောင့်အမျိုးမျိုးမှ တွက်ချက် ပြီးသည့်အခါ ဤသို့အဖြေမျိုးလည်း တစ်ခါတစ်ရံ ထွက်လာတတ်သည်မှာ ဓမ္မတာသာဖြစ်သည်။
 
 
ကိုယ်ပိုင်အရည်အချင်း အလွန်တွင်  မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုနောက်ကျပြီး အာရှတွင် ဆင်းရဲသော တိုင်းပြည်တစ်ပြည် ဖြစ်ခဲ့သည်မှာ မည်သူမှ မငြင်းနိုင်ပေ။ သို့သော် ယခုလက်ရှိအခြေအနေတွင်  ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင် ပြောင်း လဲမှုများနှင့် ဖြတ်သန်းနေသည့်တိုင် ဖွံ့ဖြိုးတိုးတက်မှုရှိ နိုင်သည့်သိသာသော အလားအလာများကိုမူ ထင်ထင်ရှား ရှား မြင်နေရပြီ ဖြစ်သည်။ အာရှရှိ အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံငယ်များနှင့် မတူဘဲ မြန်မာနိုင်ငံသည် သင့်တော် သည့် ဧရိယာအရွယ် အစားရှိခြင်း ကြောင့် ကိုယ်ပိုင်ပြည်တွင်း ဈေးကွက် ကို အားထားနိုင်သကဲ့သို့ အစဉ်အလာ ရှိသည့် ပို့ကုန်တင်ပို့နိုင်စွမ်းတွင်လည်း  မှီခိုလျက် ရပ်တည် နိုင်စွမ်းရှိနေသေး သည်။ ဤအချက်က မာတီ နေရှင်နယ် ကော်ပိုရေးရှင်းကြီးများ၏ စိတ်ဝင်စား မှုကို ရရှိစေပြီး ရေနံ၊ သဘာ၀ ဓာတ် ငွေ့နှင့် တွင်းထွက်ကဲ့သို့ သဘာ၀ သယံ ဇာတပစ္စည်းများ ထုတ်ယူသုံးစွဲနိုင်ခြင်း မရှိသေးဘဲများစွာကျန်ရှိနေသေးသည် ကလည်း ၎င်း တို့အတွက် ပြင်းထန် သော စေ့ဆော်မှုများ ဖြစ်လာစေခဲ့ သည်။ ထို့သို့ သဘာဝသယံဇာတများ ပိုင်ဆိုင်မှုအားကောင်းနေခြင်း၊ စီးပွား ရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်ရာ တွင် စရိတ်စက သက်သာနေခြင်းနှင့် အားထားနိုင်သော ဈေးကွက်များတည် ရှိနေခြင်းတို့ သည် မြန်မာနိုင်ငံ ကို  နိုင်ငံ တကာ ကုမ္ပဏီကြီးများ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ လာရောက်နိုင်ရေး အတွက် ထူးထူးခြားခြား ဆွဲဆောင်နိုင် သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေ တော့ သည်။ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်မှာ လယ်ယာ စိုက်ပျိုးရေး အပါအဝင် သဘာဝသယံဇာတ အခြေခံထုတ်လုပ် မှုကဏ္ဍတွင် လုပ်ကိုင်နေကြသည့် အချက်ကလည်း  အလျင် အမြန်ဖွံ့ဖြိုး တိုးတက်စေနိုင်သည့် အခြေအနေကို ပံ့ပိုးနေနိုင်သည်ဟုဆိုသူများလည်းရှိ သည်။ ထိုအချက်မှာ စိုက်ပျိုးရေး ထွက် ကုန်များကို အခြေခံသည့် စက်မှုနိုင်ငံ ဖြစ်ထွန်းစေနိုင်ရေးကိုမျှော်လင့်သော သူများထံမှယူဆ ချက်ဖြစ်သည်။  အရှေ့ အာရှ အံ့ဖွယ်စီးပွားရေးများ ဖြစ်ခဲ့ ကြသည့် တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်္ကာပူနှင့် ဟောင်ကောင်တို့သည် လည်း အတိတ်က ဤသို့ပြုမူခဲ့ကြဖူး သည်။ ဒေသတွင်း ထုတ်လုပ်ေ ရးနှင့် ရောင်းလိုအား ကွင်းဆက် ချိတ်ဆက် မိအောင်ဆောင်ရွက်နိုင်ခဲ့ကြပြီး ၎င်းတို့ မျှော်မှန်း ထားသော ပြုပြင်ပြောင်းလဲ မှုများကို လုပ်ခဲ့ကြသည်။ ထိုမှတစ်ဆင့် တစ်ကမ္ဘာလုံးတင်ပို့ရောင်းချနိုင်သည့် စက်မှု ထုတ်လုပ်ရေးမှတစ်ဆင့် စက်မှု ထူထောင်မှုကို လုပ်ဆောင်နိုင်ခဲ့ကြ သည်။ အစိုးရ ဦးဆောင်၍စီ စဉ်နေ သော ချေးငွေများကလည်း မူလကဏ္ဍ ထုတ်ကုန်ထုတ်လုပ်မှုကဲ့သို့ အစိုးရမှ ဆန္ဒအာသီသနည်းသော နယ်ပယ်များ ကိုရှောင်၍ စက်မှုကဏ္ဍကိုများစွာ     အထောက်အကူ ပေးခဲ့သည်။ မြန်မာ နိုင်ငံအနေဖြင့် ရှေ့က အာရှကျားတို့၏ အတွေ့အကြုံများကို ကိုယ်ပိုင်အရည် အချင်းနှင့် ပေါင်းစပ်နိုင်ရေး များစွာ စဉ်းစားဖို့လိုသည်။
အရေးကြီး၊ အရေးပါ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုး တက်လာစေရေးနှင့်ပတ်သက်၍ စဉ်း စားစရာအလွန်များသည်။ ကမ္ဘာပေါ် တွင် သုံးစွဲမှု အလွန်များလာနေသော အီလက်ထရွန်းနစ် ထုတ်ကုန်ထုတ် လုပ်ရေးလမ်းကြောင်းမှတစ်ဆင့် ဒေသ တွင်း ကုန်ထုတ်လုပ်မှုကွင်းဆက်သို့ ဝင် ရောက် ချိတ်ဆက်နိုင်မှ သည်လည်း သော့ချက်ကျသည့် အနေအထား တွင် ရှိသည်။ ကမ္ဘာ့ပေါ်တွင် သုံးစွဲနေသော အီလက်ထရွန်းနစ်ပစ္စည်း ထက်ဝက် ခန့်ကို အာရှဒေသတွင် ထုတ်လုပ်သည့် ဖြစ်ရာ အာရှဒေသတွင် တည်ရှိသည် မြန်မာနိုင်ငံသည်လည်း ထိုအခွင့်အရေး ကို မှန်ကန်စွာ အသုံးချနိုင်စွမ်း ရှိခဲ့ပါက အလားအလာကောင်းများ ဖြစ်ထွန်း လာနိုင်သည်ဟုလည်း သုံးသပ် ကြ သည်။ စက်မှုနိုင်ငံအဖြစ် အောင် အောင်မြင်မြင် ထူထောင်နိုင်ခဲ့လျှင် နယ်ပယ်စုံ၌ ဖြစ်ထွန်းနိုင်ခြေ အား ကောင်းေ သာ မြန်မာနိုင်ငံအနေဖြင့် အခြား နိုင်ငံငယ်များ ဖြတ်သန်းခဲ့ရ သကဲ့သို့ အချိန်များစွာ ယူစရာမလိုဘဲ လျင်လျင်မြန်မြန်ပင် ဖွံ့ထွားလာနိုင်စရာ ရှိသည်။ သို့သော် အိမ်နီးချင်း အာရှ နိုင်ငံအချို့ဖြတ်သန်း ခဲ့သည့် ခလုတ်ကန် သင်းများသည့် ဖွံ့ဖြိုးရေးလမ်းကြောင်း အတွေ့အကြုံများကို ကြည့်၍  ကာလ ရှည် အောင်မြင်မှု အတွက်ကိုမူ အာမခံ နိုင်စွမ်း ရှိနိုင်သေးမည် မဟုတ်ပေ။ သဘာ၀ သယံဇာတ အခြေခံသည့် ထုတ်ကုန်ကဏ္ဍ များကိုသာ အလေးပေး ပါကလည်း ယှဉ်ပြိုင်နိုင် စွမ်းအား ကောင်းသော နိုင်ငံရပ်ခြားလုပ်ငန်း များ စုပြုံဝင်ရောက် လာမှုကို ကြုံလာ ရနိုင်ပြီး စွန့်စားခန်းများနှင့်ရင်ဆိုင်ရ မည်မှာ အသေအချာပင်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးမှုအတွက်  ကမ္ဘာ သို့ တံခါးဖွင့်လှစ်ခြင်း အပါအဝင် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေစဉ်မှာပင်  လူမှုရေး တည်ငြိမ်မှုသည်လည်း  အရေးကြီးသော နယ်ပယ်ဖြစ်သည်ကို သတိပြု မိလာကြသည်။ လူမှုရေး တည်ငြိမ်မှုရရှိစေရန်မှာမူ အစိုးရကျင့် သုံးသော ပေါ်လစီအားလုံးတို့၏ လူမှု ရေးသဟဇာတ ဖြစ်မှုအပေါ် သက် ရောက်နိုင်သည့် အနေအထားများ ပေါ် တွင် များစွာ မူတည်လျက် ရှိနေသည်။ စိုက်ပျိုးရေး တိုင်းပြည်တစ်ပြည်အနေဖြင့် လူမှုရေးတည်ငြိမ်မှုနှင့်ပတ်သက်လာ ပါက မြေယာနှင့်သက်ဆိုင်သည့်  ကိစ္စ ရပ်များကိုပါ အဓိကအကြောင်းတရား များအဖြစ် ထည့်သွင်းစဉ်းစားကြရ သည်။ အောင်မြင်မှု ရရှိခဲ့ပြီးသော အာရှ ကျားနိုင်ငံများကမူ  စီးပွားရေး အဆောက်အဦတစ်ခုလုံးပိုမို ညီမျှစွာ ဖြစ်ပေါ်လာမည့် ဖွံ့ဖြိုးမှုကို ဦးတည် သည့် မြေယာပြုပြင်ပြောင်းလဲမှုများနှင့် အခြားသော ခွဲဝေဖြန့်ဖြူးမှု ပုံသဏ္ဍန် များကို ခိုင်မာသည့် ဥပဒေများ အဖြစ် ပြဌာန်းပေးခဲ့ကြသည့် အတွေ့အကြုံ များရှိသည်။ စီးပွားရေး အင်အားကြီး ဖြစ်လာနေသော မြန်မာ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာမူ ထိုလုပ်ဆောင်ချက် များအပိုင်း၌ များစွာအားနည်းခဲ့သဖြင့် စီးပွားရေး ဖွံ့ဖြိုးမှု အားကောင်းလာ သည်နှင့်အမျှ မညီမျှမှု အခြေအနေ ကြီးမားလာသည်ကိုရင် ဆိုင်နေရသည် ကို သင်ခန်းစာယူနိုင်သည်။ ထိုအခြေ အနေများမှ တစ်ဆင့်  ဖြစ်ပေါ်လာ သည့်လူမှု မကျေနပ်ချက်များမှာ စိုးရိမ် ပူပန်ရသည့်အဆင့်အထိ ရောက်နေ သည်ဟုသတင်းများတွင် ဖော်ပြရသည့် အနေအထားမျိုးပင် ရှိနေသည်။ သို့ သော်တရုတ်နိုင်ငံသည် သူ့စခန်းနှင့်သူ့ လမ်းတွင် ပြုလိုက်ပြင်လိုက် ရှောင်လိုက် တိမ်းလိုက်ဖြင့် ဆက်လက်အလုပ်ဖြစ် နေသည်။ အနာဂတ် မြန်မာ့စီးပွားရေး အလားအလာများအတွက် ရှေ့က နိုင်ငံ များ၏ အတွေ့အကြုံများကို စာတွေ့ ဖတ်ရှု ရုံသာမက ချိန်ဆလုပ်ဆောင်၍ ငါတွေ့ဖြစ်အောင် အားထုတ် လုပ်ရန် လိုသည်။  ကမ္ဘာ့အနှံ့ ဆက်စပ်ဖြစ် ပေါ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံခန့်ခွဲမှုများကို  လူမှုရေး ရှုထောင့် များကိုပါထည့်သွင်း စဉ်းစားလုပ်ဆောင် ခြင်းအပါအဝင်ဖြစ်ထွန်းလာမည့် ရလဒ် များကိုနိုင်ငံသားများ ထိထိရောက်ရောက် ခံစား ရနိုင်သည့် ပြုပြင်ပြောင်းလဲ လုပ်ဆောင်မှုများ လုပ်ဆောင်နိုင်မှသာ မျှော်လင့်ထားသကဲ့ သို့ ဖြစ်လာနိုင်လိမ့် မည်။ တစ်ချိန်တစ်ခါက အရှေ့တောင် အာရှတွင် တောက်ပခဲ့သော စီးပွားရေး အဆောက်အ ဦးတစ်ခုအနေဖြင့် လျင် မြန်စွာ ဖွံ့ထွားနေသော ယနေ့ကမ္ဘာ့ စီး ပွားရေး အခင်းအကျင်းတွင် နေရာပြန် လည် ရယူနိုင်ရန်အတွက် စာတွေ့၊ ငါတွေ့များကို မျှတစွာ ပေါင်းစပ် အသုံး ပြုနိုင်မှသာလျှင်...။   ။Ref: “Burma: Asia’s Last Frontier is opening up”  by   Linda Yueh